Search
  • Than Min Htike

ကန္တာရမှ ကတိတော် ဆီသို့


“ကာ​လ​အ​ချိန်​တို့​ကို နား​လည်၍ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​ဘယ်​သို့​ပြု​သင့်​သည်​ကို သိ​တတ်​သော ဣ​သ​ခါ​အ​မျိုး​သား သူ​ကြီး​နှစ်​ရာ၊ သူ​တို့​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည် အ​သင့်​ရှိ​ကြ၏။” (၁‭‭ရာ ၁၂:၃၂)


ကာလအချိန်ကိုနားလည်ခြင်း

မရှိတာထက် မသိတာပိုခက်တယ်လို့ စကားပုံကဆိုတယ်။ တကယ်လည်းဟုတ်တယ် ဘ၀မှာကြုံတွေ့နေရတဲ့ အခြေအနေ တွေ၊ အရွေ့အပြောင်းတွေထဲမှာ ဘုရားအလိုတော်နဲ့အကြံစည်ကိုသိဖို့လိုသလို၊ ဘုရားက ကိုယ့်အသက်တာမှာ ဘာတွေလုပ်နေသလည်းဆိုတာကိုလည်းသေချာ ပိုင်းခြားနားလည်ဖို့လိုတယ်။ လူတစ်ယောက်ရဲ့အသက်ရှင်မှုဟာ မြေပုံတစ်ခုနဲ့တူတယ်။ တစ်နေရာမှ တစ်နေရာကို ရွေ့လျားသွားလာနေတဲ့ ပုံစံမျိုးဖြစ်တယ်။ ဣသရေလလူမျိုးတွေ အဲဂုတ္တုကနေ ခါနန်ပြည်ကိုသွားသလိုမျိုးပေါ့။ အဆင်မပြေမှုတွေ၊ ခက်ခဲပင်ပန်းဆင်းရဲခံ‌နေရတဲ့ဘ၀ကနေ အရာခပ်သိမ်းပြည့်စုံတဲ့ ဘုရားကတိတော်ရှိတဲ့နေရာကို ဦးတည်ချီတက်နေရသလိုပါပဲ။ ဒါကြောင့်လည်းတမန်တော်ကြီးပေါလုက ဒီလိုဆိုတယ်၊- “ထိုအကြောင်းအရာရှိသမျှတို့သည် ပုံ​သက်​သေဖြစ်​အံ့​သော​ငှာ ထို​သူ​တို့၌ ရောက်​ကြ၏။ ကပ်​ကာ​လ အ​ဆုံး​တွင် ဖြစ်​သော​ငါ​တို့​ကို ဆုံး​မ​စ​ရာ​ဖို့ ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။-” (၁ကော ၁၀:၁၁)

ဣသရေလ လူမျိုးတွေမှာ ဖြစ်ပျက်ခဲ့တာက အလကားမဟုတ်ပါဘူး။ ဒီနောက်ဆုံးအချိန်ကာလမှာ အသက်ရှင်မယ့်ကျွန်တော်တို့ ဝိညာဉ်ရေးရာကို သိမြင်နားလည်ဖို့အတွက် နမူနာအနေနဲ့ တွေ့ကြုံရခြင်းပါ။ ဒါကြောင့်လက်ရှိ ရင်ဆိုင်နေရတဲ့ အရာတွေကို ပိုင်ခြားနား လည်နိုင်တဲ့ ဘုရားဆီကလာတဲ့ အချိန်နဲ့ အလိုက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့ ပညာရှိဖို့လိုတယ်။ လူတော် တော်များများက ဆုံးဖြတ်ကို ခံစားချက်နဲ့အခြေအနေပေါ်မှာပဲ မူတည်ပြီးချလေ့ရှိတယ်။ ဘုရားပေးတဲ့ ပညာကိုရတဲ့သူကတော့ဘယ်တော့မှ အဲ့ဒီအပေါ်မှာ မရပ်တည် ဘူး။ ကာလအချိန်ကိုနားလည်ပြီးတော့ ဘယ်လိုပြုမူရမလည်းဆိုတာကို ဘုရား ကိုအမှီပြုပြီးပဲပြုမူတယ်။ ဘုရားက ဣသရေလ လူမျိုးတွေကို အဲဂုတ္တုကနေ ခါနန်ကိုခေါ်တဲ့အခါမှာ ကန္တာရကြီးကို လမ်းခရီးအဖြစ် အသုံးပြုခဲ့တယ်။ အဲ့ဒီကန္တာရထဲမှာ သွားလာတဲ့အခါမှာ ကာလအချိန်ကိုနားလည်ပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့လည်း ဥာဏ်ပညာပေးခဲ့တယ်။ ဒီနေ့ ကျွန်တော်တို့အသက်တာမှာလည်း ကန္တာရထဲမှာဖြတ်သန်းရသလို ကြုံတွေ့နေတဲ့အခါမှာ အရေးကြီးဆုံးက စိတ်ဓါတ်ကျဖို့၊စိတ်ပျက်ဖို့မဟုတ်ပဲ ကတိတော်နယ်မြေကိုဦးတည်သွား လာနေတယ်ဆိုတာကိုသိပါ။ နောက်ပြီးတော့ ကာလအချိန်တွေကိုပိုင်းခြားနားလည်ပြီးတော့ ဘယ်လိုပြုမူရမလည်းဆိုတာကို သိနိုင်တဲ့ ဘုရားဆီက ပညာကိုရဖို့ အသက်တာကိုဆက်ကပ်ဖို့လိုတယ်။


ကန္တာရမှ

ကန္တာရကိုရောက်တိုင်း မကောင်းတာတော့မဟုတ်ဘူး။ လူတွေက ခြောက်သွေ့ပူပြင်းတဲ့ ကန္တာရလို ဝိညာဉ်ရေးရာမျိုးကို ရံဖန်ရံခါ ကြုံတတ်ကြတယ်။ ပြဿနာက ဘာလို့လဲဆိုတော့ အဲ့ဒီလိုကြုံတဲ့အခါမှာ အရင်ဆုံးစိတ် ပျက်ကြတယ်၊ နောက်ပြီးတော့ အပြစ်တင်တာတွေကို လုပ်တတ်ကြတာပါ။ ဣသရေလ လူမျိုးတွေလည်း ဒါမျိုးတွေကို လုပ်ပြီးတော့ တောထဲမှာ ပျက်ဆီးသွားတယ်မဟုတ်လား။ သေချာတာက ကျွန်တော်တို့လည်း အဲ့ဒီလိုတွေလုပ်လို့ပိုထူးသွားမှာမဟုတ်ဘူးဆိုတာပါပဲ။ လူတိုင်း ဝိညာဉ်ရေးရာမှာတိုးတက်ကြီးထွားချင်ရင်၊ ဘုရားအလိုတော်ရှိတဲ့အသက်တာမှာ ကျင်လည်ချင်ရင် ကန္တာရတော့ဖြတ်ကိုဖြတ်ရမှာပဲ။ အဲ့လိုဖြတ်တဲ့အခါမှာ နားလည်ထားဖို့က ဘုရားသင့်ကို မုန်းလို့လည်းမဟုတ်သလို၊ စီရင်ခြင်းခံရတာလည်းမဟုတ်ဘူး။ ယေရှုကိုယ်တိုင် အမှုတော်မြတ်အစမှာ သန့်ရှင်းသောဝိညာဉ်တော်က ကန္တာရတောကိုပို့ဆောင်တယ်ဆိုတာမမေ့စေချင်ဘူး။ ရေနှစ်ခြင်းခံပြီးတဲ့အခါမှာ ကောင်းကင်ကအသံက ငါနှစ်သက်မြတ်နိုးရာ ငါ့ချစ်သားလို့ ဆိုတယ်။ နောက်သန့်ရှင်းသောဝိညာဉ်တော်က ချိုးငှက်လိုပဲ ဆင်းသက်လာတယ်။ ဒီလို အချိန်ပြီးတာနဲ့ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို ကန္တာရတောကို ဦးဆောင်ပြီး စုံစမ်းခြင်းတွေနဲ့ပေးတွေ့တော့တာပဲ။ ဒါက ကတိတော်ဆီကိုသွားတဲ့ လူတိုင်းဖြတ်သန်းရတဲ့အရာဆိုတာကိုသက်သေပြတာဖြစ်တယ်။ ဒါကြောင့်အသက်တာမှာ ပူပြင်းခြောက်သွေ့ပြီးတော့ စုံစမ်းခြင်းတွေကြုံတွေ့တဲ့ ကန္တာရထဲကိုရောက်နေတဲ့အခါမှာ ဒါဟာ ကတိတော် ပြည်ကိုသွား နေတဲ့လမ်းဆိုတာသိပါ။ အဲ့ဒီအထဲမှာ မကျန်ခဲ့ချင်ဘူးဆိုရင် ကာလအချိန်ကို နားလည်ပြီး၊ ဘုရားအလိုတော်အတိုင်းပြုမူဆောင်ရွက်တတ်သူဖြစ်ဖို့တော့လိုမယ်။



Zawgyi

ကႏၲာရမွ ကတိေတာ္ ဆီသို႔

“ကာ​လ​အ​ခ်ိန္​တို႔​ကို နား​လည္၍ ဣ​သ​ေရ​လ​အ​မ်ိဳး​သည္ အ​ဘယ္​သို႔​ျပဳ​သင့္​သည္​ကို သိ​တတ္​ေသာ ဣ​သ​ခါ​အ​မ်ိဳး​သား သူ​ႀကီး​ႏွစ္​ရာ၊ သူ​တို႔​အ​မ်ိဳး​သား​ခ်င္း​အ​ေပါင္း​တို႔​သည္ အ​သင့္​႐ွိ​ၾက၏။” (၁‭‭ရာ ၁၂:၃၂)


ကာလအခ်ိန္ကိုနားလည္ျခင္း

မ႐ွိတာထက္ မသိတာပိုခက္တယ္လို႔ စကားပုံကဆိုတယ္။ တကယ္လည္းဟုတ္တယ္ ဘ၀မွာၾကဳံေတြ႕ေနရတဲ့ အေျခအေန ေတြ၊ အေ႐ြ႕အေျပာင္းေတြထဲမွာ ဘုရားအလိုေတာ္နဲ႔အၾကံစည္ကိုသိဖို႔လိုသလို၊ ဘုရားက ကိုယ့္အသက္တာမွာ ဘာေတြလုပ္ေနသလည္းဆိုတာကိုလည္းေသခ်ာ ပိုင္းျခားနားလည္ဖို႔လိုတယ္။ လူတစ္ေယာက္ရဲ႕အသက္႐ွင္မႈဟာ ေျမပုံတစ္ခုနဲ႔တူတယ္။ တစ္ေနရာမွ တစ္ေနရာကို ေ႐ြ႕လ်ားသြားလာေနတဲ့ ပုံစံမ်ိဳးျဖစ္တယ္။ ဣသေရလလူမ်ိဳးေတြ အဲဂုတၱဳကေန ခါနန္ျပည္ကိုသြားသလိုမ်ိဳးေပါ့။ အဆင္မေျပမႈေတြ၊ ခက္ခဲပင္ပန္းဆင္းရဲခံ‌ေနရတဲ့ဘ၀ကေန အရာခပ္သိမ္းျပည့္စုံတဲ့ ဘုရားကတိေတာ္႐ွိတဲ့ေနရာကို ဦးတည္ခ်ီတက္ေနရသလိုပါပဲ။ ဒါေၾကာင့္လည္းတမန္ေတာ္ႀကီးေပါလုက ဒီလိုဆိုတယ္၊- “ထိုအေၾကာင္းအရာ႐ွိသမွ်တို႔သည္ ပုံ​သက္​ေသျဖစ္​အံ့​ေသာ​ငွာ ထို​သူ​တို႔၌ ေရာက္​ၾက၏။ ကပ္​ကာ​လ အ​ဆုံး​တြင္ ျဖစ္​ေသာ​ငါ​တို႔​ကို ဆုံး​မ​စ​ရာ​ဖို႔ က်မ္း​စာ၌ ေရး​ထား​လ်က္​႐ွိ​သ​တည္း။-” (၁ေကာ ၁၀:၁၁)

ဣသေရလ လူမ်ိဳးေတြမွာ ျဖစ္ပ်က္ခဲ့တာက အလကားမဟုတ္ပါဘူး။ ဒီေနာက္ဆုံးအခ်ိန္ကာလမွာ အသက္႐ွင္မယ့္ကြၽန္ေတာ္တို႔ ဝိညာဥ္ေရးရာကို သိျမင္နားလည္ဖို႔အတြက္ နမူနာအေနနဲ႔ ေတြ႕ၾကဳံရျခင္းပါ။ ဒါေၾကာင့္လက္႐ွိ ရင္ဆိုင္ေနရတဲ့ အရာေတြကို ပိုင္ျခားနား လည္ႏိုင္တဲ့ ဘုရားဆီကလာတဲ့ အခ်ိန္နဲ႔ အလိုက္ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ခ်ႏိုင္တဲ့ ပညာ႐ွိဖို႔လိုတယ္။ လူေတာ္ ေတာ္မ်ားမ်ားက ဆုံးျဖတ္ကို ခံစားခ်က္နဲ႔အေျခအေနေပၚမွာပဲ မူတည္ၿပီးခ်ေလ့႐ွိတယ္။ ဘုရားေပးတဲ့ ပညာကိုရတဲ့သူကေတာ့ဘယ္ေတာ့မွ အဲ့ဒီအေပၚမွာ မရပ္တည္ ဘူး။ ကာလအခ်ိန္ကိုနားလည္ၿပီးေတာ့ ဘယ္လိုျပဳမူရမလည္းဆိုတာကို ဘုရား ကိုအမွီျပဳၿပီးပဲျပဳမူတယ္။ ဘုရားက ဣသေရလ လူမ်ိဳးေတြကို အဲဂုတၱဳကေန ခါနန္ကိုေခၚတဲ့အခါမွာ ကႏၲာရႀကီးကို လမ္းခရီးအျဖစ္ အသုံးျပဳခဲ့တယ္။ အဲ့ဒီကႏၲာရထဲမွာ သြားလာတဲ့အခါမွာ ကာလအခ်ိန္ကိုနားလည္ၿပီးေတာ့ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြခ်ႏိုင္ဖို႔လည္း ဥာဏ္ပညာေပးခဲ့တယ္။ ဒီေန႔ ကြၽန္ေတာ္တို႔အသက္တာမွာလည္း ကႏၲာရထဲမွာျဖတ္သန္းရသလို ၾကဳံေတြ႕ေနတဲ့အခါမွာ အေရးႀကီးဆုံးက စိတ္ဓါတ္က်ဖို႔၊စိတ္ပ်က္ဖို႔မဟုတ္ပဲ ကတိေတာ္နယ္ေျမကိုဦးတည္သြား လာေနတယ္ဆိုတာကိုသိပါ။ ေနာက္ၿပီးေတာ့ ကာလအခ်ိန္ေတြကိုပိုင္းျခားနားလည္ၿပီးေတာ့ ဘယ္လိုျပဳမူရမလည္းဆိုတာကို သိႏိုင္တဲ့ ဘုရားဆီက ပညာကိုရဖို႔ အသက္တာကိုဆက္ကပ္ဖို႔လိုတယ္။


ကႏၲာရမွ

ကႏၲာရကိုေရာက္တိုင္း မေကာင္းတာေတာ့မဟုတ္ဘူး။ လူေတြက ေျခာက္ေသြ႕ပူျပင္းတဲ့ ကႏၲာရလို ဝိညာဥ္ေရးရာမ်ိဳးကို ရံဖန္ရံခါ ၾကဳံတတ္ၾကတယ္။ ျပႆနာက ဘာလို႔လဲဆိုေတာ့ အဲ့ဒီလိုၾကဳံတဲ့အခါမွာ အရင္ဆုံးစိတ္ ပ်က္ၾကတယ္၊ ေနာက္ၿပီးေတာ့ အျပစ္တင္တာေတြကို လုပ္တတ္ၾကတာပါ။ ဣသေရလ လူမ်ိဳးေတြလည္း ဒါမ်ိဳးေတြကို လုပ္ၿပီးေတာ့ ေတာထဲမွာ ပ်က္ဆီးသြားတယ္မဟုတ္လား။ ေသခ်ာတာက ကြၽန္ေတာ္တို႔လည္း အဲ့ဒီလိုေတြလုပ္လို႔ပိုထူးသြားမွာမဟုတ္ဘူးဆိုတာပါပဲ။ လူတိုင္း ဝိညာဥ္ေရးရာမွာတိုးတက္ႀကီးထြားခ်င္ရင္၊ ဘုရားအလိုေတာ္႐ွိတဲ့အသက္တာမွာ က်င္လည္ခ်င္ရင္ ကႏၲာရေတာ့ျဖတ္ကိုျဖတ္ရမွာပဲ။ အဲ့လိုျဖတ္တဲ့အခါမွာ နားလည္ထားဖို႔က ဘုရားသင့္ကို မုန္းလို႔လည္းမဟုတ္သလို၊ စီရင္ျခင္းခံရတာလည္းမဟုတ္ဘူး။ ေယ႐ႈကိုယ္တိုင္ အမႈေတာ္ျမတ္အစမွာ သန္႔႐ွင္းေသာဝိညာဥ္ေတာ္က ကႏၲာရေတာကိုပို႔ေဆာင္တယ္ဆိုတာမေမ့ေစခ်င္ဘူး။ ေရႏွစ္ျခင္းခံၿပီးတဲ့အခါမွာ ေကာင္းကင္ကအသံက ငါႏွစ္သက္ျမတ္ႏိုးရာ ငါ့ခ်စ္သားလို႔ ဆိုတယ္။ ေနာက္သန္႔႐ွင္းေသာဝိညာဥ္ေတာ္က ခ်ိဳးငွက္လိုပဲ ဆင္းသက္လာတယ္။ ဒီလို အခ်ိန္ၿပီးတာနဲ႔ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္က သူ႕ကို ကႏၲာရေတာကို ဦးေဆာင္ၿပီး စုံစမ္းျခင္းေတြနဲ႔ေပးေတြ႕ေတာ့တာပဲ။ ဒါက ကတိေတာ္ဆီကိုသြားတဲ့ လူတိုင္းျဖတ္သန္းရတဲ့အရာဆိုတာကိုသက္ေသျပတာျဖစ္တယ္။ ဒါေၾကာင့္အသက္တာမွာ ပူျပင္းေျခာက္ေသြ႕ၿပီးေတာ့ စုံစမ္းျခင္းေတြၾကဳံေတြ႕တဲ့ ကႏၲာရထဲကိုေရာက္ေနတဲ့အခါမွာ ဒါဟာ ကတိေတာ္ ျပည္ကိုသြား ေနတဲ့လမ္းဆိုတာသိပါ။ အဲ့ဒီအထဲမွာ မက်န္ခဲ့ခ်င္ဘူးဆိုရင္ ကာလအခ်ိန္ကို နားလည္ၿပီး၊ ဘုရားအလိုေတာ္အတိုင္းျပဳမူေဆာင္႐ြက္တတ္သူျဖစ္ဖို႔ေတာ့လိုမယ္။

3 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube