- Than Min Htike
ကန္တာရမှ ကတိတော် ဆီသို့(၂)
“သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သောစိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး တော၌ပို့ဆောင်တော်မူသော လမ်းခရီးတစ်လျှောက်လုံးကို အောက်မေ့ရမည်။ ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော်မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေးမသိဖူးသောမန္နနှင့်ကျွေး မွေးတော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။”(တရားဟော ၈:၂-၃)
စစ်ဆေးခြင်း
လူတိုင်းမှာ မြင့်မားပြီးလှပတဲ့အိမ်မက်တွေ ကိုယ်စီရှိကြတယ်။ ဒါပေမယ့် အဲ့ဒီိအိမ်မက်တွေဆီကို အရောက်သွားဖို့အတွက် အဖိုးအခ ပေးချင်တဲဲ့သူကတော့အနည်း ငယ်ပဲရှိတယ်။ ဒါကြောင့် အိမ်မက်တွေရှိပေမယ့်ပန်းတိုင် ဆီမရောက်ခဲ့ရဘူးလို့ပဲဆိုရမယ်။ ဘုရားက အာဗြဟံကနေစပြီးတော့ မျိုးဆက်တိုင်းကို နို့နဲ့ပျားရည်စီးတဲ့ပြည်ကို အပိုင်ပေးဖို့ ကတိတော် ပေးခဲ့တယ်။ ဒါပေမယ့်ချက်ခြင်းကြီး ဝင်စားရတာတော့မဟုတ်ဘူး။ အဲ့ဒီအိမ်မက်ကိုသူတို့ အချိန်ပေါင်းများစွာ မက်ခဲ့ကြတယ်။ တကယ်ပြည့်စုံဖို့အတွက် အစပြုတဲ့အခါမှာတော့ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိိုင်ခဲ့ကြတယ်။ အထူးသဖြင့် ကန္တာရတောထဲမှာ ဖြတ်သန်းတဲ့အချိန်မှာတော့ ဣသရေလ လူမျိုးတွေရဲ့ စိတ်ရင်းမှန်တွေပေါ်လာတယ်။ သူတို့ဘုရားအပေါ်ထားတဲ့ စိတ်နေစိတ်ထားတွေ၊ သူတို့အတွင်းထဲမှာပုန်းအောင်း နေတဲ့ မှားယွင်းတဲ့အတွေးအခေါ်တွေက ဗူးပေါ်သလို အကုန် ပေါ်လာတော့တာပဲ။ ဘုရားကလည်းပြောပါတယ် အလကားသူတို့ကို ဒီကန္တာရထဲကိုခေါ်လာတာမဟုတ်ဘူး။ ဘုရားမှာ တိကျတဲ့ရည်ရွယ်ချက်ရှိတယ်။ ဒီနေ့သင်ကြုံနေရတဲ့ ကန္တာရလိုအခြေအနေမျိုးဟာ အလကားအချည်းအနှီးကြုံရတာမဟုတ်ဘူး။ ဘုရားဆီမှာတိကျတဲ့ ရည်ရွယ်ချက်ရှိတယ်။ ဘုရား ကျွန်တော်တို့ရဲ့နှလုံးသားကိုအမြဲစစ်ဆေးနေတယ်ဆိုတာကို ဘယ်တော့မှ မမေ့နဲ့။ ဗေလရှာဇာမင်းကြီး ကြုံခဲ့ရတဲ့ အဖြစ်ပျက်လိုပေါ့။ ဘုရားက ရှင်ဘုရင်နေရမှာချီးမြှောက်တဲ့အခါမှာ သူရဲ့စိတ်နေစိတ်ထားမှားယွင်းခဲ့တယ်။ ဗိမာန်တော်ထဲက သိမ်းယူခဲ့တဲ့ရွှေဖလားတွေကိုယူပြီး သောက်စားမူးယဇ်ခဲ့ရုံမကပဲ မှားယွင်းတဲ့ ဘုရားတွေကို ချိီမွမ်းခဲ့ကြတယ်။ အဲ့ဒီအချိန်မှာပဲ နံရံမှာ လူလက်ဖျားပေါ်လာပြီးတော့ ဘယ်သူမှ မဖတ်နိုင်တဲ့စာကိုရေးထားခြင်းခံရတယ်။ ဒံယေလရောက်လာတဲ့အခါမှာတော့ ဒီစာရဲ့အနက်ဓိပ္ပါယ်ကို ဖေါ်ပြခဲ့တယ်။- “မေနေ၏ အနက်အဓိပ္ပာယ်ကား၊ ကိုယ်တော်၏နိုင်ငံကို ဘုရားသခင် ရေတွက်၍ ဆုံးစေတော်မူ၏။ တေကလ၏ အနက်အဓိပ္ပာယ်ကား၊ ကိုယ်တော်ကို ချိန်ခွင်နှင့်ချိန်၍ လျော့ကြောင်းကို တွေ့မြင်တော်မူ၏။ ဖေရက်၏ အနက်ဓိပ္ပာယ်ကား၊ နိုင်ငံတော်ကိုခွဲဝေ၍ မေဒိလူ၊ ပေရသိလူတို့အား အပ်ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြားလျှောက်ထား၏။”(ဒံ ၅:၂၆-၂၈)
နှလုံးသားမှာ ချိန်လို့လျော့တာနဲ့ ဘုရားက ပေးထားတဲ့အရာတွေကိုအခြား သူကိုပေးပစ်ခဲ့တယ်။ နှလုံးသားက ဘယ်လောက်တောင် အရေးကြီးသလဲ။ ကန္တာရလို ခြောက်သွေ့တဲ့အရပ်ကို ဖြတ်သန်းနေတဲ့အချိန်မှာ စိတ်နေစိတ်ထား မှန်စွာထားတတ်ဖို့အရေးကြီးသလို ဘုရားအမြင့်ဆုံးချီးမြှောက်တဲ့အချိန်မှာလည်းဆက်လက် မှန်နေဖို့လိုတယ်။ ဘုရားက ဒါဝိဒ်ရဲ့နှလုံးသားကိုကြည့်ပြီးတော့ ရှင်ဘုရင်နေရာမှာ ဘိသိက်ခဲ့သလို၊ဗေလရှာဇာမင်းကြီးကိုလည်းနှလုံးသားကိုကြည့်ပြီးတော့သူရဲ့နေရာကနေ ဖြုတ်ချဖယ်ရှားခဲ့တယ်။ ဒါကြောင့်ကန္တာရဟာ စိတ်နေစိတ်ထားတွေကို အဓိကစစ်ဆေးတဲ့နေရာလို့ပြောရင်မမှားဘူး။ လူတစ်ယောက်နဲ့ခရီးသွားကြည့်တဲ့အခါမှာ သူရဲ့ စိတ်ရင်းမှန်ပေါ်လာသလိုပါပဲ။ အဲ့ဂုတ္တုကနေ ခါနန်ကိုသွားတဲ့ခရီးစဉ်မှာလည်း ကန္တာရကိုဖြတ်တဲ့အချိန်မှာ ဣသရေလလူတွေရဲ့ နှလုံးသားအမှန်က ပေါ်လာတယ်။ အထူးသဖြင့် အဆင်မပြေမှုနဲ့ ပြဿနာတွေကြုံရတဲ့အချိန်ဆို ပိုဆိုးတယ်။ တကယ်တော့အဲဂုတ္တုမှာ ခက်ခဲလွန်းလို့ ဘုရားဆီကိုအော်ခဲ့ပြီးတော့ ဘုရားက မောရှေကိုအဖြေအဖြစ်နဲ့ စေလွှတ်ခဲ့တာပါ။ ဒါပေမယ့် ကန္တာရရောက်တဲ့အခါမှာတော့သူတို့မောရှေကို အမျိုးမျိုးဆန့်ကျင်တိုက်ခိုက်ခဲ့တယ်။ ကျွန်တော်စဉ်းစားမိတယ် တခါတလေ ကိုယ်ဆုတောင်းထားတဲ့အရာတွေရဲ့အဖြေကို ဘုရားကပေးပေမယ့် ကိုယ်တိုင်အဲ့ဒီဆုတောင်းချက်အဖြေကို ဆန့်ကျင်မိတဲ့အချိန်ဘယ်လောက်များရှိမလဲလို့။ “ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာတို့ကို နားမလည်ကြဟု ငါဆိုရ၏။-”(ဟေ ၃:၁၀)
ဘုရားရဲ့အလေ့အလာကို သဘောမပေါက်ပဲ ဘုရားပေးတဲ့ကတိတော် နယ်မြေကို မဝင်ရောက်စေတာက မှားယွင်းတဲ့စိတ်သဘောကြောင့်ပါ။ ဒါကြောင့် ကန္တာရလိုနေရာမျိုးကိုဖြတ်သန်းနေရရင်တောင်မှ မှန်ကန်တဲ့စိတ်နေစိတ်ထားရှိနေဖို့သိပ်ကိုအရေးကြီးပါတယ်။ ဘုရားက အရင်စစ်တယ်ပြီးမှ ကတိတော်ထဲကိုခေါ်သွင်းတယ်ဆိုတာကို သိစေချင်တယ်။ ဒီနေ့စစ်ဆေးခြင်းတွေကို ခံနေရပြီဆိုရင် စိတ်မပျက်နဲ့ ကတိတော် ထဲဝင်စားဖို့အရမ်းကိုနီးကပ်နေပြီဆိုတာကို သိပါ။

Zawgyi
ကႏၲာရမွ ကတိေတာ္ ဆီသို႔(၂)
“သင္၏ဘုရားသခင္ ထာဝရဘုရားသည္ သင့္ကိုႏွိမ့္ခ်စုံစမ္း၍၊ ပညတ္ေတာ္တို႔ကို က်င့္ခ်င္ေသာစိတ္႐ွိသည္ မ႐ွိသည္ကို သိမည္အေၾကာင္း၊ လြန္ခဲ့ၿပီးေသာ အႏွစ္ေလးဆယ္ပတ္လုံး ေတာ၌ပို႔ေဆာင္ေတာ္မူေသာ လမ္းခရီးတစ္ေလွ်ာက္လုံးကို ေအာက္ေမ့ရမည္။ ထိုသို႔ သင့္ကိုႏွိမ့္ခ်၍ အငတ္အမြတ္ခံေစေတာ္မူေသာအခါ၊ သင္သည္ ကိုယ္တိုင္မသိ၊ သင္၏ဘိုးေဘးမသိဖူးေသာမႏၷႏွင့္ေကြၽး ေမြးေတာ္မူသျဖင့္၊ လူသည္ မုန္႔အားျဖင့္သာ အသက္ကိုေမြးရသည္မဟုတ္။ ဘုရားသခင္မိန္႔ေတာ္မူသမွ်အားျဖင့္ အသက္ေမြးရသည္ကို သိေစေတာ္မူ၏။”(တရားေဟာ ၈:၂-၃)
စစ္ေဆးျခင္း
လူတိုင္းမွာ ျမင့္မားၿပီးလွပတဲ့အိမ္မက္ေတြ ကိုယ္စီ႐ွိၾကတယ္။ ဒါေပမယ့္ အဲ့ဒီိအိမ္မက္ေတြဆီကို အေရာက္သြားဖို႔အတြက္ အဖိုးအခ ေပးခ်င္တဲဲ႕သူကေတာ့အနည္း ငယ္ပဲ႐ွိတယ္။ ဒါေၾကာင့္ အိမ္မက္ေတြ႐ွိေပမယ့္ပန္းတိုင္ ဆီမေရာက္ခဲ့ရဘူးလို႔ပဲဆိုရမယ္။ ဘုရားက အာျဗဟံကေနစၿပီးေတာ့ မ်ိဳးဆက္တိုင္းကို ႏို႔နဲ႔ပ်ားရည္စီးတဲ့ျပည္ကို အပိုင္ေပးဖို႔ ကတိေတာ္ ေပးခဲ့တယ္။ ဒါေပမယ့္ခ်က္ျခင္းႀကီး ဝင္စားရတာေတာ့မဟုတ္ဘူး။ အဲ့ဒီအိမ္မက္ကိုသူတို႔ အခ်ိန္ေပါင္းမ်ားစြာ မက္ခဲ့ၾကတယ္။ တကယ္ျပည့္စုံဖို႔အတြက္ အစျပဳတဲ့အခါမွာေတာ့ အခက္အခဲေပါင္းမ်ားစြာနဲ႔ရင္ဆိိဳင္ခဲ့ၾကတယ္။ အထူးသျဖင့္ ကႏၲာရေတာထဲမွာ ျဖတ္သန္းတဲ့အခ်ိန္မွာေတာ့ ဣသေရလ လူမ်ိဳးေတြရဲ႕ စိတ္ရင္းမွန္ေတြေပၚလာတယ္။ သူတို႔ဘုရားအေပၚထားတဲ့ စိတ္ေနစိတ္ထားေတြ၊ သူတို႔အတြင္းထဲမွာပုန္းေအာင္း ေနတဲ့ မွားယြင္းတဲ့အေတြးအေခၚေတြက ဗူးေပၚသလို အကုန္ ေပၚလာေတာ့တာပဲ။ ဘုရားကလည္းေျပာပါတယ္ အလကားသူတို႔ကို ဒီကႏၲာရထဲကိုေခၚလာတာမဟုတ္ဘူး။ ဘုရားမွာ တိက်တဲ့ရည္႐ြယ္ခ်က္႐ွိတယ္။ ဒီေန႔သင္ၾကဳံေနရတဲ့ ကႏၲာရလိုအေျခအေနမ်ိဳးဟာ အလကားအခ်ည္းအႏွီးၾကဳံရတာမဟုတ္ဘူး။ ဘုရားဆီမွာတိက်တဲ့ ရည္႐ြယ္ခ်က္႐ွိတယ္။ ဘုရား ကြၽန္ေတာ္တို႔ရဲ႕ႏွလုံးသားကိုအၿမဲစစ္ေဆးေနတယ္ဆိုတာကို ဘယ္ေတာ့မွ မေမ့နဲ႔။ ေဗလ႐ွာဇာမင္းႀကီး ၾကဳံခဲ့ရတဲ့ အျဖစ္ပ်က္လိုေပါ့။ ဘုရားက ႐ွင္ဘုရင္ေနရမွာခ်ီးေျမႇာက္တဲ့အခါမွာ သူရဲ႕စိတ္ေနစိတ္ထားမွားယြင္းခဲ့တယ္။ ဗိမာန္ေတာ္ထဲက သိမ္းယူခဲ့တဲ့ေ႐ႊဖလားေတြကိုယူၿပီး ေသာက္စားမူးယဇ္ခဲ့႐ုံမကပဲ မွားယြင္းတဲ့ ဘုရားေတြကို ခ်ိီမြမ္းခဲ့ၾကတယ္။ အဲ့ဒီအခ်ိန္မွာပဲ နံရံမွာ လူလက္ဖ်ားေပၚလာၿပီးေတာ့ ဘယ္သူမွ မဖတ္ႏိုင္တဲ့စာကိုေရးထားျခင္းခံရတယ္။ ဒံေယလေရာက္လာတဲ့အခါမွာေတာ့ ဒီစာရဲ႕အနက္ဓိပၸါယ္ကို ေဖၚျပခဲ့တယ္။- “ေမေန၏ အနက္အဓိပၸာယ္ကား၊ ကိုယ္ေတာ္၏ႏိုင္ငံကို ဘုရားသခင္ ေရတြက္၍ ဆုံးေစေတာ္မူ၏။ ေတကလ၏ အနက္အဓိပၸာယ္ကား၊ ကိုယ္ေတာ္ကို ခ်ိန္ခြင္ႏွင့္ခ်ိန္၍ ေလ်ာ့ေၾကာင္းကို ေတြ႕ျမင္ေတာ္မူ၏။ ေဖရက္၏ အနက္ဓိပၸာယ္ကား၊ ႏိုင္ငံေတာ္ကိုခြဲေဝ၍ ေမဒိလူ၊ ေပရသိလူတို႔အား အပ္ေပးေတာ္မူ၏ဟု ဆိုလိုသတည္းဟု ဒံေယလသည္ အထံေတာ္၌ ျပန္ၾကားေလွ်ာက္ထား၏။”(ဒံ ၅:၂၆-၂၈)
ႏွလုံးသားမွာ ခ်ိန္လို႔ေလ်ာ့တာနဲ႔ ဘုရားက ေပးထားတဲ့အရာေတြကိုအျခား သူကိုေပးပစ္ခဲ့တယ္။ ႏွလုံးသားက ဘယ္ေလာက္ေတာင္ အေရးႀကီးသလဲ။ ကႏၲာရလို ေျခာက္ေသြ႕တဲ့အရပ္ကို ျဖတ္သန္းေနတဲ့အခ်ိန္မွာ စိတ္ေနစိတ္ထား မွန္စြာထားတတ္ဖို႔အေရးႀကီးသလို ဘုရားအျမင့္ဆုံးခ်ီးေျမႇာက္တဲ့အခ်ိန္မွာလည္းဆက္လက္ မွန္ေနဖို႔လိုတယ္။ ဘုရားက ဒါဝိဒ္ရဲ႕ႏွလုံးသားကိုၾကည့္ၿပီးေတာ့ ႐ွင္ဘုရင္ေနရာမွာ ဘိသိက္ခဲ့သလို၊ေဗလ႐ွာဇာမင္းႀကီးကိုလည္းႏွလုံးသားကိုၾကည့္ၿပီးေတာ့သူရဲ႕ေနရာကေန ျဖဳတ္ခ်ဖယ္႐ွားခဲ့တယ္။ ဒါေၾကာင့္ကႏၲာရဟာ စိတ္ေနစိတ္ထားေတြကို အဓိကစစ္ေဆးတဲ့ေနရာလို႔ေျပာရင္မမွားဘူး။ လူတစ္ေယာက္နဲ႔ခရီးသြားၾကည့္တဲ့အခါမွာ သူရဲ႕ စိတ္ရင္းမွန္ေပၚလာသလိုပါပဲ။ အဲ့ဂုတၱဳကေန ခါနန္ကိုသြားတဲ့ခရီးစဥ္မွာလည္း ကႏၲာရကိုျဖတ္တဲ့အခ်ိန္မွာ ဣသေရလလူေတြရဲ႕ ႏွလုံးသားအမွန္က ေပၚလာတယ္။ အထူးသျဖင့္ အဆင္မေျပမႈနဲ႔ ျပႆနာေတြၾကဳံရတဲ့အခ်ိန္ဆို ပိုဆိုးတယ္။ တကယ္ေတာ့အဲဂုတၱဳမွာ ခက္ခဲလြန္းလို႔ ဘုရားဆီကိုေအာ္ခဲ့ၿပီးေတာ့ ဘုရားက ေမာေ႐ွကိုအေျဖအျဖစ္နဲ႔ ေစလႊတ္ခဲ့တာပါ။ ဒါေပမယ့္ ကႏၲာရေရာက္တဲ့အခါမွာေတာ့သူတို႔ေမာေ႐ွကို အမ်ိဳးမ်ိဳးဆန္႔က်င္တိုက္ခိုက္ခဲ့တယ္။ ကြၽန္ေတာ္စဥ္းစားမိတယ္ တခါတေလ ကိုယ္ဆုေတာင္းထားတဲ့အရာေတြရဲ႕အေျဖကို ဘုရားကေပးေပမယ့္ ကိုယ္တိုင္အဲ့ဒီဆုေတာင္းခ်က္အေျဖကို ဆန္႔က်င္မိတဲ့အခ်ိန္ဘယ္ေလာက္မ်ား႐ွိမလဲလို႔။ “ထိုလူမ်ိဳးကို ငါ႐ြံသည္ျဖစ္၍၊ သူတို႔သည္ အစဥ္စိတ္သေဘာ မွားယြင္းတတ္ၾက၏။ ငါ၏ အေလ့အလာတို႔ကို နားမလည္ၾကဟု ငါဆိုရ၏။-”(ေဟ ၃:၁၀)
ဘုရားရဲ႕အေလ့အလာကို သေဘာမေပါက္ပဲ ဘုရားေပးတဲ့ကတိေတာ္ နယ္ေျမကို မဝင္ေရာက္ေစတာက မွားယြင္းတဲ့စိတ္သေဘာေၾကာင့္ပါ။ ဒါေၾကာင့္ ကႏၲာရလိုေနရာမ်ိဳးကိုျဖတ္သန္းေနရရင္ေတာင္မွ မွန္ကန္တဲ့စိတ္ေနစိတ္ထား႐ွိေနဖို႔သိပ္ကိုအေရးႀကီးပါတယ္။ ဘုရားက အရင္စစ္တယ္ၿပီးမွ ကတိေတာ္ထဲကိုေခၚသြင္းတယ္ဆိုတာကို သိေစခ်င္တယ္။ ဒီေန႔စစ္ေဆးျခင္းေတြကို ခံေနရၿပီဆိုရင္ စိတ္မပ်က္နဲ႔ ကတိေတာ္ ထဲဝင္စားဖို႔အရမ္းကိုနီးကပ္ေနၿပီဆိုတာကို သိပါ။