- Than Min Htike
ကန္တာရမှ ကတိတော် ဆီသို့(၃)
“သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သောစိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး တော၌ပို့ဆောင်တော်မူသော လမ်းခရီးတစ်လျှောက်လုံးကို အောက်မေ့ရမည်။ ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော်မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေးမသိဖူးသောမန္နနှင့်ကျွေးမွေးတော်မူသဖြင့်၊ လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။”(တရားဟော ၈:၂-၃)
ကန္တာရမှ သင်ခန်းစာ
Bကတိတော် မြေကိုခေါ်သွင်းဖို့အတွက် ဘုရားက လိုအပ်တဲ့ အရာတွေကို ကန္တာရမှာသင်ကြားပေးပါတယ်။ ကန္တာရကိုဖြတ်သန်းနေတဲ့အချိန်မှာ ဘုရားသိစေချင်တဲ့ တိကျတဲ့ အရာတွေရှိတယ်။ ဒါကို မသိရင်၊ သဘောမပေါက်ရင် ကတိတော်မြေနယ်စပ်ကနေလှည့်ပြန်ပြီးတော့ကန္တာရတောထဲမှာပဲကျင်လည် နေရလိမ့်မယ်။ ကန္တာရကဝေးလို့မဟုတ်ဘူး ကျွန်တော်တို့နှလုံးသားက သေးနေလို့ပါ။ ဒါကြောင့်ဘုရား သင်ပေးတဲ့၊ သိစေချင်တဲ့အရာတွေကို သိတဲ့သူကတော့ အလျှင်အမြန်ကို ကတိတော်မြေကိုဝင်စားရမှာသေချာတယ်။ လူတွေ အမေးအများဆုံးမေး ခွန်းတွေထဲကတစ်ခုက သူကအခုမှပြောင်းလဲတဲ့နောက် ပေါက်ဖြစ်ပြီး ဘာလို့ ငါတို့ကိုကျော်ပြီး ကောင်းကြီးခံစားရတာလဲ။ ဘုရားဆီမှာ အမှတ်စဉ်လိုက်၊ နှစ်အလိုက်ကောင်းကြီးပေးတာမရှိဘူးဆိုတာ လူတွေကမေ့နေကြတယ်။ ပြောင်းလဲတာဘယ်လောက်ကြာရင် ဘယ်လိုကောင်းကြီးရမယ်ဆိုတာ ဘယ်ကျမ်းစာမှာမှ မှတ်တမ်းမတင်ထားဘူး။ ဒါကြောင့် ဝိညာဉ်ရေးရာ ပိုသဘောပေါက်လေလေ ကတိတော် မြေကိုဝင်စားဖို့ပိုနီးစပ်လေပဲ။
နှိမ့်ချခြင်း
ဘုရားစစ်ဆေးခြင်းထဲမှာ နှိမ့်ချခြင်းက ထိပ်ဆုံးကပါတယ်။ ဘာလို့ကန္တာရကိုဖြတ်သန်းသွားရသလည်းဆိုရင် ကျွန် ဘ၀ကနေ ကတိတော်ကို ဘာစစ်ဆေးတာမှ မရှိပဲတန်းရောက်သွားရင် အောက်ခြေလွတ်သွားနိုင်တယ်။ ဆင်းရဲတာကနေချက်ခြင်းချမ်းသာသွားတဲ့လူတချို့မှာမြင်ရလေ့ရှိတဲ့ အကျင့်တချို့ကို ဘုရားကမမြင်ချင်ဘူး။ ဘုရားကအမြဲတမ်းနှိမ့်ချတဲ့သူတွေကိုချီးမြှောက်တဲ့သူပါ။ ဒါကြောင့် ကန္တာရရဲ့သင်ခန်းစာထဲကတစ်ခုကတော့ နှိမ့်ချခြင်းပါပဲ။ ဘုရားပို့ဆောင်တဲ့ အသက်တာမှာ ဘာတွေကြုံကြုံနှိမ့်ချဖို့ဆုံးဖြတ်တဲ့သူကတော့ဘယ်တော့မှ မမှားဘူး။ ဘုရားက ကတိတော်နယ်မြေမှာ ချီးမြှောက်ဖို့ ပေးတွေ့ကြုံတာပါ။
ဘုရားစကားကိုနားထောင်ချင်တဲ့စိတ်
နောက်တစ်ခု ဘုရားကန္တာရကို ပို့ပြီးစစ်ဆေးရတဲ့အရာက ဘုရားစကားကိုနားထောင်ဖို့ ပြင်းပြတဲ့ဆန္ဒရှိ၊ မရှိကိုပါ။ တချို့က အဆင်ပြေတဲ့အချိန်မှာတော့ တအားကို တက်ကြွနေတတ်ပေမယ့်၊ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့တွေ့ကြုံတဲ့အခါမှာတော့ အရမ်းကို စိတ်ဓါတ်ကျသွားတတ်ကြပြီးတော့ ဘုရားစကားကိုဆက်လက်နား ထောင်ဖို့ ဆန္ဒမရှိတတ်ကြတော့ဘူး။ ဘုရားစကားကိုနားမထောင်ချင်တဲ့ စိတ်ရှိနေတဲ့သူအတွက် ကတိတော်နယ် မြေမှာ နေရာမရှိဘူး။ ဒါကြောင့် ဘယ်လိုအခြေအနေ မဆို ဘုရားစကားအတိုင်း ဆက်သွားမယ်၊ ဆက်ပြီးချီတက်ဖို့ဆန္ဒရှိတဲ့သူတစ်ယောက် အမြဲဖြစ်နေဖို့လိုတယ်။
ဆာငတ်ခြင်း
လိုအပ်ချက်တွေနဲ့ပြည့်ပြီး ဘာမှမရှိ၊ ဘာမှ အဆင်မပြေတဲ့အရပ်ဖြစ်ပေမယ့် ဘုရားနဲ့ပတ်သက်ပြီးတော့ ဆာငတ်မှုကို တိုးမြှင့်ဖို့လိုအပ်တယ်။ လောကအရာတွေ၊ နေ့စဉ်ရှင်သန်ဖို့အတွက် လိုအပ်ချက်တွေ မပြည့်စုံတဲ့အခါမှာ စိတ်ဓါတ်ကျဖို့မဟုတ်ဘူး။ ဘုရားကိုပိုပြီး စိတ်ဝင်စားဖို့ဆာငတ်ဖို့လိုတယ်။ အဲ့ဒီအရာက တကယ့်ကို ကန္တာရမှာရှိသင့်တဲ့နှလုံးသားဖြစ်တယ်။ လူတွေက ဘုရားကိုဆာငတ်တဲ့အရာကဒီလိုအချိန်မျိုးမှာ အကောင်းဆုံးလို့ကျွန်တော်တော့မြင်တယ်။ အပြင်လိုအပ်ချက်တွေနဲ့ဝိုင်းရံနေပေမယ့် အတွင်းနှလုံးသားဆာငတ်မှုတွေကိုပဲအာရုံစိုက်ရမယ့်အချိန်ကာလတစ်ခု ဘုရားပြင်ဆင်ပေးတာပါ။ ဒီလိုအချိန်မှ လူတစ်ယောက်က ဘုရားကိုစိတ်မဝင်စားဘူး၊ မဆာငတ်ဘူးဆိုရင် ဘယ်အချိန်မှာမှ စိတ် ဝင်စားမှာမဟုတ်တော့ဘူး။ ဒါကြောင့် ကန္တာရဟာ လူတစ်ယောက်ရဲ့ဘုရားနဲ့ပတ်သက်ပြီးတော့ ပြင်းပြတဲ့ဆာငတ်မှုကိုမြင်တွေ့ရမယ့်နေရာတစ်ခုပါပဲ။
မိန့်တော်မူသမျှအားဖြင့်အသက်မွေးခြင်း
ကန္တာရတောထဲမှာ လိုအပ်တဲ့အရာတွေရဲ့အဖြေက ဘုရားစကားပဲမဟုတ်လား။ ဘာမှမရှိပေမယ့် ဘုရားမိန့်တော်မူတဲ့အတိုင်းပဲ နာခံရင် အားလုံးက ရှိလာတာပဲ။ ရေမရှိတဲ့နေရာမှာလည်း ဘုရားစကားအတိုင်း ကျောက်ကိုရိုက်လိုက်တဲ့အခါမှာ ရေထွက်လာသလို၊ လမ်းမရှိတဲ့အခါ ဘုရားစကားအတိုင်း တောင်ဝှေးကိုမြှောက်လိုက်တဲ့အခါမှာ ပင်လယ်ကြီးကွဲပြီးတော့ လမ်းပေါ်လာတာပဲ။ သောက်တဲ့ရေခါးတဲ့အခါ ဘုရားပြတဲ့ အပင်ကိုထည့်လိုက်တော့ ချိုသွားပြန်ရော။ ကန္တာရတောထဲမှာ ဘုရားသိစေချင်တဲ့အရာကတော့ ကျန်တာဘာမှမရှိချင်နေ ဘုရားစကားရှိရင် သင်ဟာရှင်သန်လို့ရတယ် ဆက်လက် ရပ်တည် နိုင်တယ်ဆိုတာပါပဲ။ လောကရဲ့ လိုအပ်ချက်တွေထက် ဘုရားစကားကိုပိုလိုတယ် ဆိုတာကို သိစေချင်၊ သဘောပေါက်စေချင်တယ်။ ဒါကြောင့် ကန္တာရမှာ သင်ယူရမယ့် သင်ခန်းစာတွေကိုသဘောမပေါက်ရင် ကတိတော်မြေမှာ ရပ်တည်နိုင်ဖို့ လုံး၀ကိုမလွယ်ဘူး။

Zawgyi
ကႏၲာရမွ ကတိေတာ္ ဆီသို႔(၃)
“သင္၏ဘုရားသခင္ ထာဝရဘုရားသည္ သင့္ကိုႏွိမ့္ခ်စုံစမ္း၍၊ ပညတ္ေတာ္တို႔ကို က်င့္ခ်င္ေသာစိတ္႐ွိသည္ မ႐ွိသည္ကို သိမည္အေၾကာင္း၊ လြန္ခဲ့ၿပီးေသာ အႏွစ္ေလးဆယ္ပတ္လုံး ေတာ၌ပို႔ေဆာင္ေတာ္မူေသာ လမ္းခရီးတစ္ေလွ်ာက္လုံးကို ေအာက္ေမ့ရမည္။ ထိုသို႔ သင့္ကိုႏွိမ့္ခ်၍ အငတ္အမြတ္ခံေစေတာ္မူေသာအခါ၊ သင္သည္ ကိုယ္တိုင္မသိ၊ သင္၏ဘိုးေဘးမသိဖူးေသာမႏၷႏွင့္ေကြၽးေမြးေတာ္မူသျဖင့္၊ လူသည္မုန္႔အားျဖင့္သာအသက္ကိုေမြးရသည္မဟုတ္။ ဘုရားသခင္မိန္႔ေတာ္မူသမွ်အားျဖင့္ အသက္ေမြးရသည္ကို သိေစေတာ္မူ၏။”(တရားေဟာ ၈:၂-၃)
ကႏၲာရမွ သင္ခန္းစာ
Bကတိေတာ္ ေျမကိုေခၚသြင္းဖို႔အတြက္ ဘုရားက လိုအပ္တဲ့ အရာေတြကို ကႏၲာရမွာသင္ၾကားေပးပါတယ္။ ကႏၲာရကိုျဖတ္သန္းေနတဲ့အခ်ိန္မွာ ဘုရားသိေစခ်င္တဲ့ တိက်တဲ့ အရာေတြ႐ွိတယ္။ ဒါကို မသိရင္၊ သေဘာမေပါက္ရင္ ကတိေတာ္ေျမနယ္စပ္ကေနလွည့္ျပန္ၿပီးေတာ့ကႏၲာရေတာထဲမွာပဲက်င္လည္ ေနရလိမ့္မယ္။ ကႏၲာရကေဝးလို႔မဟုတ္ဘူး ကြၽန္ေတာ္တို႔ႏွလုံးသားက ေသးေနလို႔ပါ။ ဒါေၾကာင့္ဘုရား သင္ေပးတဲ့၊ သိေစခ်င္တဲ့အရာေတြကို သိတဲ့သူကေတာ့ အလွ်င္အျမန္ကို ကတိေတာ္ေျမကိုဝင္စားရမွာေသခ်ာတယ္။ လူေတြ အေမးအမ်ားဆုံးေမး ခြန္းေတြထဲကတစ္ခုက သူကအခုမွေျပာင္းလဲတဲ့ေနာက္ ေပါက္ျဖစ္ၿပီး ဘာလို႔ ငါတို႔ကိုေက်ာ္ၿပီး ေကာင္းႀကီးခံစားရတာလဲ။ ဘုရားဆီမွာ အမွတ္စဥ္လိုက္၊ ႏွစ္အလိုက္ေကာင္းႀကီးေပးတာမ႐ွိဘူးဆိုတာ လူေတြကေမ့ေနၾကတယ္။ ေျပာင္းလဲတာဘယ္ေလာက္ၾကာရင္ ဘယ္လိုေကာင္းႀကီးရမယ္ဆိုတာ ဘယ္က်မ္းစာမွာမွ မွတ္တမ္းမတင္ထားဘူး။ ဒါေၾကာင့္ ဝိညာဥ္ေရးရာ ပိုသေဘာေပါက္ေလေလ ကတိေတာ္ ေျမကိုဝင္စားဖို႔ပိုနီးစပ္ေလပဲ။
ႏွိမ့္ခ်ျခင္း
ဘုရားစစ္ေဆးျခင္းထဲမွာ ႏွိမ့္ခ်ျခင္းက ထိပ္ဆုံးကပါတယ္။ ဘာလို႔ကႏၲာရကိုျဖတ္သန္းသြားရသလည္းဆိုရင္ ကြၽန္ ဘ၀ကေန ကတိေတာ္ကို ဘာစစ္ေဆးတာမွ မ႐ွိပဲတန္းေရာက္သြားရင္ ေအာက္ေျခလြတ္သြားႏိုင္တယ္။ ဆင္းရဲတာကေနခ်က္ျခင္းခ်မ္းသာသြားတဲ့လူတခ်ိဳ႕မွာျမင္ရေလ့႐ွိတဲ့ အက်င့္တခ်ိဳ႕ကို ဘုရားကမျမင္ခ်င္ဘူး။ ဘုရားကအၿမဲတမ္းႏွိမ့္ခ်တဲ့သူေတြကိုခ်ီးေျမႇာက္တဲ့သူပါ။ ဒါေၾကာင့္ ကႏၲာရရဲ႕သင္ခန္းစာထဲကတစ္ခုကေတာ့ ႏွိမ့္ခ်ျခင္းပါပဲ။ ဘုရားပို႔ေဆာင္တဲ့ အသက္တာမွာ ဘာေတြၾကဳံၾကဳံႏွိမ့္ခ်ဖို႔ဆုံးျဖတ္တဲ့သူကေတာ့ဘယ္ေတာ့မွ မမွားဘူး။ ဘုရားက ကတိေတာ္နယ္ေျမမွာ ခ်ီးေျမႇာက္ဖို႔ ေပးေတြ႕ၾကဳံတာပါ။
ဘုရားစကားကိုနားေထာင္ခ်င္တဲ့စိတ္
ေနာက္တစ္ခု ဘုရားကႏၲာရကို ပို႔ၿပီးစစ္ေဆးရတဲ့အရာက ဘုရားစကားကိုနားေထာင္ဖို႔ ျပင္းျပတဲ့ဆႏၵ႐ွိ၊ မ႐ွိကိုပါ။ တခ်ိဳ႕က အဆင္ေျပတဲ့အခ်ိန္မွာေတာ့ တအားကို တက္ႂကြေနတတ္ေပမယ့္၊ အခက္အခဲေတြ စိန္ေခၚမႈေတြနဲ႔ေတြ႕ၾကဳံတဲ့အခါမွာေတာ့ အရမ္းကို စိတ္ဓါတ္က်သြားတတ္ၾကၿပီးေတာ့ ဘုရားစကားကိုဆက္လက္နား ေထာင္ဖို႔ ဆႏၵမ႐ွိတတ္ၾကေတာ့ဘူး။ ဘုရားစကားကိုနားမေထာင္ခ်င္တဲ့ စိတ္႐ွိေနတဲ့သူအတြက္ ကတိေတာ္နယ္ ေျမမွာ ေနရာမ႐ွိဘူး။ ဒါေၾကာင့္ ဘယ္လိုအေျခအေန မဆို ဘုရားစကားအတိုင္း ဆက္သြားမယ္၊ ဆက္ၿပီးခ်ီတက္ဖို႔ဆႏၵ႐ွိတဲ့သူတစ္ေယာက္ အၿမဲျဖစ္ေနဖို႔လိုတယ္။
ဆာငတ္ျခင္း
လိုအပ္ခ်က္ေတြနဲ႔ျပည့္ၿပီး ဘာမွမ႐ွိ၊ ဘာမွ အဆင္မေျပတဲ့အရပ္ျဖစ္ေပမယ့္ ဘုရားနဲ႔ပတ္သက္ၿပီးေတာ့ ဆာငတ္မႈကို တိုးျမႇင့္ဖို႔လိုအပ္တယ္။ ေလာကအရာေတြ၊ ေန႔စဥ္႐ွင္သန္ဖို႔အတြက္ လိုအပ္ခ်က္ေတြ မျပည့္စုံတဲ့အခါမွာ စိတ္ဓါတ္က်ဖို႔မဟုတ္ဘူး။ ဘုရားကိုပိုၿပီး စိတ္ဝင္စားဖို႔ဆာငတ္ဖို႔လိုတယ္။ အဲ့ဒီအရာက တကယ့္ကို ကႏၲာရမွာ႐ွိသင့္တဲ့ႏွလုံးသားျဖစ္တယ္။ လူေတြက ဘုရားကိုဆာငတ္တဲ့အရာကဒီလိုအခ်ိန္မ်ိဳးမွာ အေကာင္းဆုံးလို႔ကြၽန္ေတာ္ေတာ့ျမင္တယ္။ အျပင္လိုအပ္ခ်က္ေတြနဲ႔ဝိုင္းရံေနေပမယ့္ အတြင္းႏွလုံးသားဆာငတ္မႈေတြကိုပဲအာ႐ုံစိုက္ရမယ့္အခ်ိန္ကာလတစ္ခု ဘုရားျပင္ဆင္ေပးတာပါ။ ဒီလိုအခ်ိန္မွ လူတစ္ေယာက္က ဘုရားကိုစိတ္မဝင္စားဘူး၊ မဆာငတ္ဘူးဆိုရင္ ဘယ္အခ်ိန္မွာမွ စိတ္ ဝင္စားမွာမဟုတ္ေတာ့ဘူး။ ဒါေၾကာင့္ ကႏၲာရဟာ လူတစ္ေယာက္ရဲ႕ဘုရားနဲ႔ပတ္သက္ၿပီးေတာ့ ျပင္းျပတဲ့ဆာငတ္မႈကိုျမင္ေတြ႕ရမယ့္ေနရာတစ္ခုပါပဲ။
မိန္႔ေတာ္မူသမွ်အားျဖင့္အသက္ေမြးျခင္း
ကႏၲာရေတာထဲမွာ လိုအပ္တဲ့အရာေတြရဲ႕အေျဖက ဘုရားစကားပဲမဟုတ္လား။ ဘာမွမ႐ွိေပမယ့္ ဘုရားမိန္႔ေတာ္မူတဲ့အတိုင္းပဲ နာခံရင္ အားလုံးက ႐ွိလာတာပဲ။ ေရမ႐ွိတဲ့ေနရာမွာလည္း ဘုရားစကားအတိုင္း ေက်ာက္ကို႐ိုက္လိုက္တဲ့အခါမွာ ေရထြက္လာသလို၊ လမ္းမ႐ွိတဲ့အခါ ဘုရားစကားအတိုင္း ေတာင္ေဝွးကိုေျမႇာက္လိုက္တဲ့အခါမွာ ပင္လယ္ႀကီးကြဲၿပီးေတာ့ လမ္းေပၚလာတာပဲ။ ေသာက္တဲ့ေရခါးတဲ့အခါ ဘုရားျပတဲ့ အပင္ကိုထည့္လိုက္ေတာ့ ခ်ိဳသြားျပန္ေရာ။ ကႏၲာရေတာထဲမွာ ဘုရားသိေစခ်င္တဲ့အရာကေတာ့ က်န္တာဘာမွမ႐ွိခ်င္ေန ဘုရားစကား႐ွိရင္ သင္ဟာ႐ွင္သန္လို႔ရတယ္ ဆက္လက္ ရပ္တည္ ႏိုင္တယ္ဆိုတာပါပဲ။ ေလာကရဲ႕ လိုအပ္ခ်က္ေတြထက္ ဘုရားစကားကိုပိုလိုတယ္ ဆိုတာကို သိေစခ်င္၊ သေဘာေပါက္ေစခ်င္တယ္။ ဒါေၾကာင့္ ကႏၲာရမွာ သင္ယူရမယ့္ သင္ခန္းစာေတြကိုသေဘာမေပါက္ရင္ ကတိေတာ္ေျမမွာ ရပ္တည္ႏိုင္ဖို႔ လုံး၀ကိုမလြယ္ဘူး။