Search
  • Than Min Htike

ကန္တာရမှ ကတိတော် ဆီသို့(၄)

“ထို​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပုံ​သက်​သေ ဖြစ်​အံ့​သော​ငှာ ထို​သူ​တို့၌ ရောက်​ကြ၏။ ကပ်​ကာ​လ အ​ဆုံး​တွင် ဖြစ်​သော​ငါ​တို့​ကို ဆုံး​မ​စ​ရာ​ဖို့ ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။-” (၁ကော ၁၀:၁၁)


ပုံသက်သေဖြစ်ဖို့ရန်

တနှစ်မှာ နွေ၊မိုး၊ဆောင်းဆိုတဲ့ ရာသီဥတု သုံးမျိုးရှိတယ်။ အဲ့ဒီရာသီဥတု သုံးခု ဖြတ်သန်းပြီးမှ တနှစ်လွန် မြောက်မယ်။ ရာသီဥတု သုံးခုထဲမှာ သုံးခုလုံးတော့သင်ကြိုက်မှာမဟုတ်ဘူး။ သင်မကြိုက်တာ အနည်းဆုံးတော့ တစ်ခုရှိလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါကိုမဖြတ်သန်းပဲနဲ့တော့တနှစ်ကို ဘယ်လိုမှ လွန်မြောက်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သင် မကြိုက်ရင်လည်း ကြုံကိုကြုံရမယ်။ ဝိညာဉ်ရေးရာမှာလည်းအဲ့ဒီအတိုင်းပဲ အခြေအနေတိုင်းကို သင်ကြိုက်မှာမဟုတ်ဘူး။ သင်ကြိုက်တဲ့ အခြေအနေတွေကို သင်ကြုံတွေ့ရမှာဖြစ်သလို၊ သင်မကြိုက်တဲ့ခံစားချက်နဲ့ အခြေအနေတွေကိုလည်း သင်ကြုံတွေ့ကိုတွေ့ရမယ်။ ဒါပေမယ့် အဲ့ဒီအရာက သင့်ကိုပြိုလဲသွားဖို့ဆိုတာထက် သင့်ကို ပိုမိုကြီးထွားသန်မာဖို့ဆိုတာ ပိုမှန်တယ်။ ငယ်ငယ်က ရာသီဥတု ပြောင်းတိုင်းမှာ ဖျားတတ်တယ်။ ကိုယ်ခန္ဓာက နောက်ရာသီအတွက် သိပ်ပြီးတော့ အဆင် သင့်မဖြစ်ဘူး။ နည်းနည်းလေးကြာမှပုံမှန်ဖြစ်သွားတယ်။ ဝိညာဉ်ရေးရာမှာလည်း အဲ့ဒီအတိုင်းပဲသိပ်မထူးခြားပါဘူး။ အပြောင်းလဲတွေ ကြုံတဲ့အခါမှာ အဆင်သင့်မဖြစ်တဲ့အတွက် မလန်းဆန်းတာ၊ ငြိုးငယ်တာတွေ အားနည်းတာတွေရှိနိုင်တယ်။ ရင်ဆိုင်ကြုံတွေ့ပြီး ကြာရင်တော့ခံနိုင်ရည်ရှိသွားတာပါပဲ။ ကန္တာရဆိုတဲ့အခြေအနေက ပူပြင်းခြောက်သွေ့ပြီးတော့ အဆိပ်ပြင်းတဲ့ အကောင်တွေရှိနေတဲ့နေရာပဲ။ ဒီလိုအခြေအနေနဲ့နေရာကို ဘယ်သူကများရောက်ချင်မှာလဲ။ ဒါပေမယ့် ဒီလိုအခြေအနေမျိုး မှာနေ့အချိန်မှာ မိုးတိမ်၊ ညအချိန်မှာ မီးတိုင်းအားဖြင့် ဘုရားကအတူရှိပြီးတော့၊ နေ့စဉ်စားဖို့အတွက်လည်း မုန့်မိုးရွာချစေတယ်။ နေတောင်မထွက်သေးဘူး စားဖို့က ရောက်နေပြီ။ နေ့စဉ်လိုအပ်တဲ့အရာတွေကို ဘုရားက တာဝန်ယူတယ်ဆိုတာကို တွေ့မြင်ရတယ်။ သူတို့ အသားစားချင်တဲ့အခါမှာလည်း အသား၊ ရေလိုအပ်တဲ့အခါမှာလည်း ကျောက်ထဲကရေ ဘုရားက ထွက်စေတယ်။ ဒီလို နေရာမှာ လိုတရ အသက်တာမျိုးနဲ့ဖြတ် သန်းနေသလားတောင်အောက်မေ့တယ်။ ဒီလို ဣသရေလ လူမျိုးတွေကြုံတွေ့ရတဲ့အရာတိုင်းက အလကား ကြုံရတာမဟုတ်ဘူး။ ဘုရားက နောက်လာမယ့် မျိုးဆက်တွေအတွက် ပုံသက်သေအဖြစ်နဲ့ သွန်သင်ဆုံးမချင်လို့ သူတို့ကိုကြုံခိုင်းတာပါ။ ဒီနေ့ကျွန်တော်တို့ကြုံနေရတဲ့ ကန္တာရလိုအခြေနေမျိုးကလည်း အလကားကြုံတာလုံး၀မဟုတ်ဘူး။ နောက်မျိုးဆက်အတွက် ဘုရားပြောချင်တဲ့သတင်းစကားဖြစ်သလို၊ တနေ့သင့်ကြုံတွေ့ဖြတ် သန်းမှုအားဖြင့် လူတွေအတွက် ခွန်အားဖြစ်စေမယ့်သက် သေခံချက်တွေဖြစ်လာအုံးမှာပါ။ ဒါကြောင့်ကြုံတွေ့ခွင့်ရနေတဲ့အခြေအနေတိုင်းကို အကောင်းဆုံးဖြတ်သန်းပါ။


အားရခြင်းမရှိ

“သို့​သော်​လည်း ထို​သူ​တို့​တွင် များ​စွာ​သော သူ​တို့​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မ​မူ။ သူ​တို့​သည် တော၌​သေ​ကြေ​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။”(၁ကော ၁၀:၅)

ဒီလောက် ဘုရားရဲ့ကောင်းမြတ်ခြင်းတွေအပြည့်နဲ့ကြုံရတဲ့ ကန္တာရတောမှာ ဣသရေလလူတွေဟာ ပိုကောင်းလာဖို့နေနေသာသာ ပိုဆိုးလာတယ်လို့တောင်ပြောလို့ရတယ်။ ဘုရားကောင်းမြတ်ခြင်းတွေအပြည့် နဲ့ ဝိုင်းရံထားပေမယ့် သူတို့အသက်တာဟာ ဘုရားမနှစ်သက်၊ သဘောမကျတဲ့ အရာတွေနဲ့ပဲပြည့်နေတယ်။ သူတို့က အတိတ်မှာရှိတဲ့ အဲဂုတ္တုကို အရှေ့မှာရှိတဲ့ ခါနန်ထက် သဘောကျနေတယ်။ အဲဂုတ္တုမှာ စားခဲ့ရတဲ့ ကျွန်စာကို ခါနန်မှာစားရမယ့် သခင်စာထက် ပိုကောင်းတယ်လို့ပဲမြင်နေတယ်။ ဒါကြောင့် အကြိမ်ကြိမ် ဘုရားအမျက် တော်ကိုနိူးဆော်ခဲ့ပြီးတော့ ဖေါက်ပြန်ခဲ့ကြတယ်။ သူတို့ဆီကနေ ကောင်းတဲ့သက်သေခံချက်တွေ၊ ပုံသက်သေတွေထက် မကောင်းတဲ့ပုံသက်သေတွေပဲ ထွက်လာခဲ့တယ်။ ဒါကြောင့် သူတို့ယုံတဲ့အတိုင်း ကန္တာရတောဟာ သူတို့ရဲ့ အဆုံးသတ်နေရာတစ်ခု ဖြစ်ခဲ့တယ်။ တကယ်တော့ ကန္တာရတောဟာ သူတို့အတွက် အဆုံးအသတ်နေရာမဟုတ်ဘူး။ တိုးတက်ဖို့ နေရာအဖြစ်ဘုရားပြင်ဆင်ထားတာပါ။ ဒါပေမယ့် ဘုရားရဲ့သွန်သင်ပေးမှုတွေကိုနားမလည်ပဲ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ့်ဆန္ဒကိုပဲရှေ့တန်းတင်လွန်းတဲ့အတွက် တိုးတက်မှုထက် ကျဆင်းမှုတွေကသာနေရာယူခဲ့တယ်။ ဒါကြောင့်ကောင်းတဲ့ပုံသက်သေထက် မကောင်းတဲ့ ပုံဥပမာတစ်ခုပဲ ဖြစ်ခဲ့တယ်။ ဒီနေ့ ဘုရားသင့်ကိုကန္တာရထဲကိုခေါ်သွားတယ်ဆိုရင် တိုးတက်ဖို့ပဲ ဆိုတာသိပါ။ အဆုံးသတ်ဖို့လုံး၀မဟုတ်ဘူး။



Zawgyi

ကႏၲာရမွ ကတိေတာ္ ဆီသို႔(၄)

“ထို​အ​ေၾကာင္း​အ​ရာ​႐ွိ​သ​မွ်​တို႔​သည္ ပုံ​သက္​ေသ ျဖစ္​အံ့​ေသာ​ငွာ ထို​သူ​တို႔၌ ေရာက္​ၾက၏။ ကပ္​ကာ​လ အ​ဆုံး​တြင္ ျဖစ္​ေသာ​ငါ​တို႔​ကို ဆုံး​မ​စ​ရာ​ဖို႔ က်မ္း​စာ၌ ေရး​ထား​လ်က္​႐ွိ​သ​တည္း။-” (၁ေကာ ၁၀:၁၁)


ပုံသက္ေသျဖစ္ဖို႔ရန္

တႏွစ္မွာ ေႏြ၊မိုး၊ေဆာင္းဆိုတဲ့ ရာသီဥတု သုံးမ်ိဳး႐ွိတယ္။ အဲ့ဒီရာသီဥတု သုံးခု ျဖတ္သန္းၿပီးမွ တႏွစ္လြန္ ေျမာက္မယ္။ ရာသီဥတု သုံးခုထဲမွာ သုံးခုလုံးေတာ့သင္ႀကိဳက္မွာမဟုတ္ဘူး။ သင္မႀကိဳက္တာ အနည္းဆုံးေတာ့ တစ္ခု႐ွိလိမ့္မယ္။ ဒါေပမယ့္ အဲ့ဒါကိုမျဖတ္သန္းပဲနဲ႔ေတာ့တႏွစ္ကို ဘယ္လိုမွ လြန္ေျမာက္ႏိုင္မွာမဟုတ္ဘူး။ ဒါေၾကာင့္ သင္ မႀကိဳက္ရင္လည္း ၾကဳံကိုၾကဳံရမယ္။ ဝိညာဥ္ေရးရာမွာလည္းအဲ့ဒီအတိုင္းပဲ အေျခအေနတိုင္းကို သင္ႀကိဳက္မွာမဟုတ္ဘူး။ သင္ႀကိဳက္တဲ့ အေျခအေနေတြကို သင္ၾကဳံေတြ႕ရမွာျဖစ္သလို၊ သင္မႀကိဳက္တဲ့ခံစားခ်က္နဲ႔ အေျခအေနေတြကိုလည္း သင္ၾကဳံေတြ႕ကိုေတြ႕ရမယ္။ ဒါေပမယ့္ အဲ့ဒီအရာက သင့္ကိုၿပိဳလဲသြားဖို႔ဆိုတာထက္ သင့္ကို ပိုမိုႀကီးထြားသန္မာဖို႔ဆိုတာ ပိုမွန္တယ္။ ငယ္ငယ္က ရာသီဥတု ေျပာင္းတိုင္းမွာ ဖ်ားတတ္တယ္။ ကိုယ္ခႏၶာက ေနာက္ရာသီအတြက္ သိပ္ၿပီးေတာ့ အဆင္ သင့္မျဖစ္ဘူး။ နည္းနည္းေလးၾကာမွပုံမွန္ျဖစ္သြားတယ္။ ဝိညာဥ္ေရးရာမွာလည္း အဲ့ဒီအတိုင္းပဲသိပ္မထူးျခားပါဘူး။ အေျပာင္းလဲေတြ ၾကဳံတဲ့အခါမွာ အဆင္သင့္မျဖစ္တဲ့အတြက္ မလန္းဆန္းတာ၊ ၿငိဳးငယ္တာေတြ အားနည္းတာေတြ႐ွိႏိုင္တယ္။ ရင္ဆိုင္ၾကဳံေတြ႕ၿပီး ၾကာရင္ေတာ့ခံႏိုင္ရည္႐ွိသြားတာပါပဲ။ ကႏၲာရဆိုတဲ့အေျခအေနက ပူျပင္းေျခာက္ေသြ႕ၿပီးေတာ့ အဆိပ္ျပင္းတဲ့ အေကာင္ေတြ႐ွိေနတဲ့ေနရာပဲ။ ဒီလိုအေျခအေနနဲ႔ေနရာကို ဘယ္သူကမ်ားေရာက္ခ်င္မွာလဲ။ ဒါေပမယ့္ ဒီလိုအေျခအေနမ်ိဳး မွာေန႔အခ်ိန္မွာ မိုးတိမ္၊ ညအခ်ိန္မွာ မီးတိုင္းအားျဖင့္ ဘုရားကအတူ႐ွိၿပီးေတာ့၊ ေန႔စဥ္စားဖို႔အတြက္လည္း မုန္႔မိုး႐ြာခ်ေစတယ္။ ေနေတာင္မထြက္ေသးဘူး စားဖို႔က ေရာက္ေနၿပီ။ ေန႔စဥ္လိုအပ္တဲ့အရာေတြကို ဘုရားက တာဝန္ယူတယ္ဆိုတာကို ေတြ႕ျမင္ရတယ္။ သူတို႔ အသားစားခ်င္တဲ့အခါမွာလည္း အသား၊ ေရလိုအပ္တဲ့အခါမွာလည္း ေက်ာက္ထဲကေရ ဘုရားက ထြက္ေစတယ္။ ဒီလို ေနရာမွာ လိုတရ အသက္တာမ်ိဳးနဲ႔ျဖတ္ သန္းေနသလားေတာင္ေအာက္ေမ့တယ္။ ဒီလို ဣသေရလ လူမ်ိဳးေတြၾကဳံေတြ႕ရတဲ့အရာတိုင္းက အလကား ၾကဳံရတာမဟုတ္ဘူး။ ဘုရားက ေနာက္လာမယ့္ မ်ိဳးဆက္ေတြအတြက္ ပုံသက္ေသအျဖစ္နဲ႔ သြန္သင္ဆုံးမခ်င္လို႔ သူတို႔ကိုၾကဳံခိုင္းတာပါ။ ဒီေန႔ကြၽန္ေတာ္တို႔ၾကဳံေနရတဲ့ ကႏၲာရလိုအေျခေနမ်ိဳးကလည္း အလကားၾကဳံတာလုံး၀မဟုတ္ဘူး။ ေနာက္မ်ိဳးဆက္အတြက္ ဘုရားေျပာခ်င္တဲ့သတင္းစကားျဖစ္သလို၊ တေန႔သင့္ၾကဳံေတြ႕ျဖတ္ သန္းမႈအားျဖင့္ လူေတြအတြက္ ခြန္အားျဖစ္ေစမယ့္သက္ ေသခံခ်က္ေတြျဖစ္လာအုံးမွာပါ။ ဒါေၾကာင့္ၾကဳံေတြ႕ခြင့္ရေနတဲ့အေျခအေနတိုင္းကို အေကာင္းဆုံးျဖတ္သန္းပါ။


အားရျခင္းမ႐ွိ

“သို႔​ေသာ္​လည္း ထို​သူ​တို႔​တြင္ မ်ား​စြာ​ေသာ သူ​တို႔​ကို ဘု​ရား​သ​ခင္​သည္ အား​ရ​ႏွစ္​သက္​ေတာ္​မ​မူ။ သူ​တို႔​သည္ ေတာ၌​ေသ​ေၾက​ပ်က္​စီး​ျခင္း​သို႔ ေရာက္​ၾက၏။”(၁ေကာ ၁၀:၅)

ဒီေလာက္ ဘုရားရဲ႕ေကာင္းျမတ္ျခင္းေတြအျပည့္နဲ႔ၾကဳံရတဲ့ ကႏၲာရေတာမွာ ဣသေရလလူေတြဟာ ပိုေကာင္းလာဖို႔ေနေနသာသာ ပိုဆိုးလာတယ္လို႔ေတာင္ေျပာလို႔ရတယ္။ ဘုရားေကာင္းျမတ္ျခင္းေတြအျပည့္ နဲ႔ ဝိုင္းရံထားေပမယ့္ သူတို႔အသက္တာဟာ ဘုရားမႏွစ္သက္၊ သေဘာမက်တဲ့ အရာေတြနဲ႔ပဲျပည့္ေနတယ္။ သူတို႔က အတိတ္မွာ႐ွိတဲ့ အဲဂုတၱဳကို အေ႐ွ႕မွာ႐ွိတဲ့ ခါနန္ထက္ သေဘာက်ေနတယ္။ အဲဂုတၱဳမွာ စားခဲ့ရတဲ့ ကြၽန္စာကို ခါနန္မွာစားရမယ့္ သခင္စာထက္ ပိုေကာင္းတယ္လို႔ပဲျမင္ေနတယ္။ ဒါေၾကာင့္ အႀကိမ္ႀကိမ္ ဘုရားအမ်က္ ေတာ္ကိုႏိူးေဆာ္ခဲ့ၿပီးေတာ့ ေဖါက္ျပန္ခဲ့ၾကတယ္။ သူတို႔ဆီကေန ေကာင္းတဲ့သက္ေသခံခ်က္ေတြ၊ ပုံသက္ေသေတြထက္ မေကာင္းတဲ့ပုံသက္ေသေတြပဲ ထြက္လာခဲ့တယ္။ ဒါေၾကာင့္ သူတို႔ယုံတဲ့အတိုင္း ကႏၲာရေတာဟာ သူတို႔ရဲ႕ အဆုံးသတ္ေနရာတစ္ခု ျဖစ္ခဲ့တယ္။ တကယ္ေတာ့ ကႏၲာရေတာဟာ သူတို႔အတြက္ အဆုံးအသတ္ေနရာမဟုတ္ဘူး။ တိုးတက္ဖို႔ ေနရာအျဖစ္ဘုရားျပင္ဆင္ထားတာပါ။ ဒါေပမယ့္ ဘုရားရဲ႕သြန္သင္ေပးမႈေတြကိုနားမလည္ပဲ ကိုယ္ျဖစ္ခ်င္တာနဲ႔ ကိုယ့္ဆႏၵကိုပဲေ႐ွ႕တန္းတင္လြန္းတဲ့အတြက္ တိုးတက္မႈထက္ က်ဆင္းမႈေတြကသာေနရာယူခဲ့တယ္။ ဒါေၾကာင့္ေကာင္းတဲ့ပုံသက္ေသထက္ မေကာင္းတဲ့ ပုံဥပမာတစ္ခုပဲ ျဖစ္ခဲ့တယ္။ ဒီေန႔ ဘုရားသင့္ကိုကႏၲာရထဲကိုေခၚသြားတယ္ဆိုရင္ တိုးတက္ဖို႔ပဲ ဆိုတာသိပါ။ အဆုံးသတ္ဖို႔လုံး၀မဟုတ္ဘူး။

4 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube