Search
  • Than Min Htike

ကန္တာရမှ ကတိတော် ဆီသို့(၅)

“ထို့ကြောင့်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် မိန့်​တော်​မူ​သည်​ကား၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊-ခိုင်မာသော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်။ သင်​တို့​အ​ဘ​များ​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​ကို အ​နည်း​နည်း​စုံ​စမ်း၍၊ ငါ၏​အ​မှု​တို့​ကို မြင်​ရ​သော​တော​တွင် ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု၍ စုံ​စမ်း​ရာ​ကာ​လ၌ ရှိ​သ​ကဲ့​သို့ မ​ရှိ​စေ​ကြ​နှင့်။-”(ဟေ ၃:၇-၉)


ခိုင်မာတဲ့စိတ်နှလုံး

အတိတ်ကိုပြန်ကြည့်လိုက်ရင်လည်း ဘုရား ပြုတဲ့ နိမိတ်လက္ခဏာများစွာကို မြင်တွေ့ရမှာဖြစ်သလို၊ အခုလက်ရှိမှာလည်း ဘုရားက သူ့ရဲ့ကြီးမားတဲ့ တန်ခိုးနိမိတ်လက္ခဏာပေါင်းမြောက်မြားစွာနဲ့ပို့ဆောင်နေဆဲပါ။ အနာဂတ်မှာလည်း ဘယ်လိုအခြေအနေကြုံကြုံ ဘုရားပါရင် ဘယ်လိုအရာမျိုးကိုမဆိုကျော်လွှားအောင်မြင်မယ်ဆိုတာ သေချာပါတယ်။ ဒီလိုကောင်းမြတ်တဲ့ ဘုရားကို ကိုးကွယ်နေပေမယ့် ဘာကြောင့်များ အသက်တာမှာ အကောင်းမြင်တတ်တဲ့စိတ်၊ အရာရာကို ကောင်းတဲ့ ဘက်က နေကြည့်တတ်တဲ့စိတ်လေး မရှိတာလည်းဆိုတာက တကယ့်ကိုမေးခွန်းထုတ်စရာ ပါပဲ။ ခိုင်မာတဲ့စိတ်က ဘယ်လို အရာတွေကို တွေ့ကြုံခံစားနေရပေမယ့် ဘယ်တော့မှ ပျော့ပြောင်းမလာတတ်ဘူး။ ဣသရေလ လူမျိုးတွေ အဲဂုတ္တုကနေ ဘုရားက တန်ခိုးနိမိတ်လက္ခဏာနဲ့ ထုတ်ဆောင်ခဲ့သလို တောထဲမှာ လည်းအံ့ဩဖွယ်ရာအမှုပေါင်းများစွာနဲ့ မစ ထောက်ပံ့ခဲ့တယ်။ သူတို့လိုအပ်တဲ့အရာများကို မဖြစ်နိုင်တဲ့နည်းလမ်းပေါင်းများစွာနဲ့ မစ ပို့ဆောင်ပေးခဲ့တယ်။ ဒီလိုအရာတွေ တွေ့ကြုံခံစားရပေမယ့် သူတို့အသက်တာမပြောင်းလဲခဲ့ဘူး။ အဓိကအရာကတော့ သူတို့ နှလုံးသားတွေကြောင့်လို့ပြောရင်ပိုမှန်လိမ့်မယ်။ ဒီလောက်ဘုရားက ကြီးမားတဲ့အရာတွေကို သူတို့အတွက်ပြုပေးပေမယ့် သူတို့ကတော့ဘုရားကိုစုံစမ်းပြီးတော့ ဆန့်ကျင်ဘက်ပြုမြဲပြုနေတုန်းပဲ။ ဘုရားကိုအထပ်ထပ်စုံစမ်းတယ်။ ဘုရားလုပ်တဲ့ အရာကိုဘယ်တော့မှ အယုံအကြည်မရှိခဲ့ဘူး။ ဒါက ဘာရဲ့လက္ခဏာလည်းဆိုရင် နှလုံးသားခိုင်မာခြင်းရဲ့ လက္ခဏာပါ။ ဘုရားကိုစုံစမ်းတယ်ဆိုတာ မာရ်နတ်ရဲ့လုပ်ရပ် ဖြစ်တယ်။ ယေရှုကိုတောင် တောထဲမှာစာတန်က စုံစမ်းတယ်မဟုတ်လား။ ဒါကို ဘုရားရဲ့ပို့ဆောင်ခြင်းခံရတဲ့ သူ့သားသမီးတွေက လုပ်ဆောင်တယ်ဆိုတော့ တော်တော်လေးစိတ်မကောင်းဖြစ်စရာပါပဲ။ လူတစ်ယောက်ကို ကောင်းတဲ့အရာတွေထဲကို ခြေချခွင့်မပြုတာက တခြားအရာမဟုတ်ဘူး သူတို့ရဲ့စိတ်နှလုံးသားပဲ။ ဒါကြောင့် စိတ်နှလုံးကောင်းစားမှ အရာရာမှာ ကောင်းစားခြင်းနှင့်ကျန်းမာခြင်းရှိမယ်လို့ဆိုတယ်မဟုတ်လား။ စိတ်နှလုံးသားမကောင်းစားရင်တော့ ဘယ်တော့မှ ဘုရားပေးတဲ့ကတိတော်ထဲမှာ ကောင်းစားခြင်းနဲ့ရပ်တည်နိုင်မှာမဟုတ်ဘူး။


ဗျာဒိတ်တော် အသံကြားရင်

ဒီနေ့ ကန္တာရတောဟာ ကတိတော်မြေကိုသွားဖို့အတွက် လမ်းဖြစ်သလို၊ ဗျာဒိတ်တော်အသံကြားရနေရာဆိုလည်းမမှားပါဘူး။ ဘုရားအဲဂုတ္တုကနေ ခေါ်ထုတ်ခဲ့တဲ့ရည်ရွယ်ချက် ကလည်း သူ့ကို ကိုးကွယ်ဖို့ဖြစ်ပြီးတော့ ကန္တာရတောထဲမှာ သူ့လူမျိုးတွေနဲ့အတူသူကကျိန်းဝပ်တယ်။ နောက်ပြီးတော့ အထပ်ထပ်ထင်ရှားတယ်။ နည်းလမ်းပေါင်းစုံနဲ့ စကားပြောတယ်။ ဘုရားအသံကြားချင်တယ်ဆိုရင် ဒီနေရာကိုဖြတ်ဖို့တော့လိုတယ်။ တချို့က အဲဂုတ္တုကနေ မထွက်သွားချင်ဘူး ဒါပေမယ့် ဘုရားအသံကြားချင်တယ်။ ဒါလည်းမဖြစ်နိုင်ဘူး။ တချိို့ကျတော့လည်း ဣသရေလ လူမျိုးတွေလိုပဲ ဘုရားအသံကို ကြားတဲ့အခါမှာ ကြောက်တဲ့စိတ်ကြောင့် နောက်တစ်ခါ ဘုရားကိုယ်တော်တိုင်မပြောဖို့ တောင်းဆိုတယ်။ ဘုရားက သူ့လူတွေကို ကန္တာရ ခေါ်ထုတ်တဲ့အခါမှာ သူနဲ့ နီးကပ်စွာနေပြီးတော့ သူရဲ့ကောင်းမြတ်ခြင်းကိုသဘောပေါက်ပြီး သူ့ရဲ့အသံတော်အတိုင်း ပြုမူလှုပ်ရှားသွားလာရန်ပင်ဖြစ်တယ်။ ဒါပေမယ့် ခိုင်မာတဲ့စိတ်နှလုံးသားက ဘုရားအသံကိုကြားဖို့ စိတ်မဝင်စားသလို နားထောင်ဖို့လည်းမဆက်ကပ်နိုင်ခဲ့ဘူး။ ဒါကြောင့်ကန္တာရတောထဲမှာ သူတို့ရဲ့ အဆုံးအသတ် ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့အသက်တာမှာလည်း ခိုင်မာတဲ့စိတ်နှလုံးသားက ဘုရားရဲ့ကတိတော်တွေဆီကို မရောက်အောင်ဆီးတားထားတဲ့ကြီးမားတဲ့အဆီးအတားတစ်ခုပါပဲ။



Zawgyi

ကႏၲာရမွ ကတိေတာ္ ဆီသို႔(၅)

“ထို႔ေၾကာင့္၊ သန္႔​႐ွင္း​ေသာ​ဝိ​ညာဥ္​ေတာ္ မိန္႔​ေတာ္​မူ​သည္​ကား၊ ယ​ေန႔​တြင္ သင္​တို႔​သည္ ဗ်ာ​ဒိတ္​ေတာ္​အ​သံ​ကို ၾကား​လ်က္ ႐ွိ​သည္​ျဖစ္၍၊-ခိုင္မာေသာ စိတ္​ႏွ​လုံး​မ​႐ွိ​ၾက​ႏွင့္။ သင္​တို႔​အ​ဘ​မ်ား​သည္ အ​ႏွစ္​ေလး​ဆယ္​ပတ္​လုံး ငါ့​ကို အ​နည္း​နည္း​စုံ​စမ္း၍၊ ငါ၏​အ​မႈ​တို႔​ကို ျမင္​ရ​ေသာ​ေတာ​တြင္ ငါ့​ကို​ဆန္႔​က်င္​ဘက္​ျပဳ၍ စုံ​စမ္း​ရာ​ကာ​လ၌ ႐ွိ​သ​ကဲ့​သို႔ မ​႐ွိ​ေစ​ၾက​ႏွင့္။-”(ေဟ ၃:၇-၉)


ခိုင္မာတဲ့စိတ္ႏွလုံး

အတိတ္ကိုျပန္ၾကည့္လိုက္ရင္လည္း ဘုရား ျပဳတဲ့ နိမိတ္လကၡဏာမ်ားစြာကို ျမင္ေတြ႕ရမွာျဖစ္သလို၊ အခုလက္႐ွိမွာလည္း ဘုရားက သူ႕ရဲ႕ႀကီးမားတဲ့ တန္ခိုးနိမိတ္လကၡဏာေပါင္းေျမာက္ျမားစြာနဲ႔ပို႔ေဆာင္ေနဆဲပါ။ အနာဂတ္မွာလည္း ဘယ္လိုအေျခအေနၾကဳံၾကဳံ ဘုရားပါရင္ ဘယ္လိုအရာမ်ိဳးကိုမဆိုေက်ာ္လႊားေအာင္ျမင္မယ္ဆိုတာ ေသခ်ာပါတယ္။ ဒီလိုေကာင္းျမတ္တဲ့ ဘုရားကို ကိုးကြယ္ေနေပမယ့္ ဘာေၾကာင့္မ်ား အသက္တာမွာ အေကာင္းျမင္တတ္တဲ့စိတ္၊ အရာရာကို ေကာင္းတဲ့ ဘက္က ေနၾကည့္တတ္တဲ့စိတ္ေလး မ႐ွိတာလည္းဆိုတာက တကယ့္ကိုေမးခြန္းထုတ္စရာ ပါပဲ။ ခိုင္မာတဲ့စိတ္က ဘယ္လို အရာေတြကို ေတြ႕ၾကဳံခံစားေနရေပမယ့္ ဘယ္ေတာ့မွ ေပ်ာ့ေျပာင္းမလာတတ္ဘူး။ ဣသေရလ လူမ်ိဳးေတြ အဲဂုတၱဳကေန ဘုရားက တန္ခိုးနိမိတ္လကၡဏာနဲ႔ ထုတ္ေဆာင္ခဲ့သလို ေတာထဲမွာ လည္းအံ့ဩဖြယ္ရာအမႈေပါင္းမ်ားစြာနဲ႔ မစ ေထာက္ပံ့ခဲ့တယ္။ သူတို႔လိုအပ္တဲ့အရာမ်ားကို မျဖစ္ႏိုင္တဲ့နည္းလမ္းေပါင္းမ်ားစြာနဲ႔ မစ ပို႔ေဆာင္ေပးခဲ့တယ္။ ဒီလိုအရာေတြ ေတြ႕ၾကဳံခံစားရေပမယ့္ သူတို႔အသက္တာမေျပာင္းလဲခဲ့ဘူး။ အဓိကအရာကေတာ့ သူတို႔ ႏွလုံးသားေတြေၾကာင့္လို႔ေျပာရင္ပိုမွန္လိမ့္မယ္။ ဒီေလာက္ဘုရားက ႀကီးမားတဲ့အရာေတြကို သူတို႔အတြက္ျပဳေပးေပမယ့္ သူတို႔ကေတာ့ဘုရားကိုစုံစမ္းၿပီးေတာ့ ဆန္႔က်င္ဘက္ျပဳၿမဲျပဳေနတုန္းပဲ။ ဘုရားကိုအထပ္ထပ္စုံစမ္းတယ္။ ဘုရားလုပ္တဲ့ အရာကိုဘယ္ေတာ့မွ အယုံအၾကည္မ႐ွိခဲ့ဘူး။ ဒါက ဘာရဲ႕လကၡဏာလည္းဆိုရင္ ႏွလုံးသားခိုင္မာျခင္းရဲ႕ လကၡဏာပါ။ ဘုရားကိုစုံစမ္းတယ္ဆိုတာ မာရ္နတ္ရဲ႕လုပ္ရပ္ ျဖစ္တယ္။ ေယ႐ႈကိုေတာင္ ေတာထဲမွာစာတန္က စုံစမ္းတယ္မဟုတ္လား။ ဒါကို ဘုရားရဲ႕ပို႔ေဆာင္ျခင္းခံရတဲ့ သူ႕သားသမီးေတြက လုပ္ေဆာင္တယ္ဆိုေတာ့ ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္စရာပါပဲ။ လူတစ္ေယာက္ကို ေကာင္းတဲ့အရာေတြထဲကို ေျခခ်ခြင့္မျပဳတာက တျခားအရာမဟုတ္ဘူး သူတို႔ရဲ႕စိတ္ႏွလုံးသားပဲ။ ဒါေၾကာင့္ စိတ္ႏွလုံးေကာင္းစားမွ အရာရာမွာ ေကာင္းစားျခင္းႏွင့္က်န္းမာျခင္း႐ွိမယ္လို႔ဆိုတယ္မဟုတ္လား။ စိတ္ႏွလုံးသားမေကာင္းစားရင္ေတာ့ ဘယ္ေတာ့မွ ဘုရားေပးတဲ့ကတိေတာ္ထဲမွာ ေကာင္းစားျခင္းနဲ႔ရပ္တည္ႏိုင္မွာမဟုတ္ဘူး။


ဗ်ာဒိတ္ေတာ္ အသံၾကားရင္

ဒီေန႔ ကႏၲာရေတာဟာ ကတိေတာ္ေျမကိုသြားဖို႔အတြက္ လမ္းျဖစ္သလို၊ ဗ်ာဒိတ္ေတာ္အသံၾကားရေနရာဆိုလည္းမမွားပါဘူး။ ဘုရားအဲဂုတၱဳကေန ေခၚထုတ္ခဲ့တဲ့ရည္႐ြယ္ခ်က္ ကလည္း သူ႕ကို ကိုးကြယ္ဖို႔ျဖစ္ၿပီးေတာ့ ကႏၲာရေတာထဲမွာ သူ႕လူမ်ိဳးေတြနဲ႔အတူသူကက်ိန္းဝပ္တယ္။ ေနာက္ၿပီးေတာ့ အထပ္ထပ္ထင္႐ွားတယ္။ နည္းလမ္းေပါင္းစုံနဲ႔ စကားေျပာတယ္။ ဘုရားအသံၾကားခ်င္တယ္ဆိုရင္ ဒီေနရာကိုျဖတ္ဖို႔ေတာ့လိုတယ္။ တခ်ိဳ႕က အဲဂုတၱဳကေန မထြက္သြားခ်င္ဘူး ဒါေပမယ့္ ဘုရားအသံၾကားခ်င္တယ္။ ဒါလည္းမျဖစ္ႏိုင္ဘူး။ တခ်ိိဳ႕က်ေတာ့လည္း ဣသေရလ လူမ်ိဳးေတြလိုပဲ ဘုရားအသံကို ၾကားတဲ့အခါမွာ ေၾကာက္တဲ့စိတ္ေၾကာင့္ ေနာက္တစ္ခါ ဘုရားကိုယ္ေတာ္တိုင္မေျပာဖို႔ ေတာင္းဆိုတယ္။ ဘုရားက သူ႕လူေတြကို ကႏၲာရ ေခၚထုတ္တဲ့အခါမွာ သူနဲ႔ နီးကပ္စြာေနၿပီးေတာ့ သူရဲ႕ေကာင္းျမတ္ျခင္းကိုသေဘာေပါက္ၿပီး သူ႕ရဲ႕အသံေတာ္အတိုင္း ျပဳမူလႈပ္႐ွားသြားလာရန္ပင္ျဖစ္တယ္။ ဒါေပမယ့္ ခိုင္မာတဲ့စိတ္ႏွလုံးသားက ဘုရားအသံကိုၾကားဖို႔ စိတ္မဝင္စားသလို နားေထာင္ဖို႔လည္းမဆက္ကပ္ႏိုင္ခဲ့ဘူး။ ဒါေၾကာင့္ကႏၲာရေတာထဲမွာ သူတို႔ရဲ႕ အဆုံးအသတ္ ျဖစ္ခဲ့ရတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အသက္တာမွာလည္း ခိုင္မာတဲ့စိတ္ႏွလုံးသားက ဘုရားရဲ႕ကတိေတာ္ေတြဆီကို မေရာက္ေအာင္ဆီးတားထားတဲ့ႀကီးမားတဲ့အဆီးအတားတစ္ခုပါပဲ။

3 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube