Search
  • Than Min Htike

ကန္တာရမှ ကတိတော် ဆီသို့(၆)

“တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ ငါ​တို့ ဘု​ရား​သ​ခင်၏ လမ်း​ခ​ရီး​တော်​ကို လွင်​ပြင်၌ ဖြောင့်​စေ​ကြ​လော့။ ချိုင့်​ဝှမ်း​ရာ ရှိ​သ​မျှ​တို့​ကို ဖို့​ရ​မည်။ တောင်​ကြီး​တောင်​ငယ် ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​စေ​ရ​မည်။ ကြမ်း​တမ်း​သော လမ်း​များ​ကို​လည်း သုတ်​သင်​ပြင်​ဆင်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ပေါ်​ထွန်း၍၊ လူ​အ​ပေါင်း​တို့​သည် အ​တူ​မြင်​ရ​ကြ​လ​တ္တံ့​ဟု ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။”

(ဟေ ၄၀:၃-၅)


ပြင်ဆင်ရာ ကာလ

ကျွန်ခံနေရာ အဲဂုတ္တုကနေ ကတိတော်ထားရာ ခါနန်ပြည်ဆီကို ရောက်ဖို့ ကန္တာရဆိုတဲ့ လူတွေမဖြတ်ချင်တဲ့လမ်းကို ဖြတ်သန်းရတယ်။ ဒီလို ကန္တာရဖြတ်သန်းတာတောင်မှ ဘုရားကအသက်သာဆုံးနဲ့သူ့သားသမီးတွေစိတ်ဓါတ်မကျဖို့အကောင်းဆုံးလမ်းကိုရွေးပေးတယ်။ ကြုံသလိုလမ်းနဲ့ ဘုရားကမစေလွတ်ဘူး။ “ဣ​သ​ရေ​လ​လူ​တို့​ကို ဖာ​ရော​ဘု​ရင်​လွှတ်​သော​နောက်၊ ဖိ​လိ​တ္တိ​ပြည်​ကို လျှောက်​သော​လမ်း​သည်ဖြောင့်​သော်​လည်း၊ ထို​လမ်း​ဖြင့် ဘု​ရား​သ​ခင်​ဆောင်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည်စစ်​မှု​ကို​တွေ့​မြင်​သော​အ​ခါ​စိတ်​ပျက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့ပြန်​ကောင်း​ပြန်​ကြ​လိမ့်​မည်​ဟုသိ​တော်မူ ၏။” (ထွက် ၁၃:၁၇)

ကတိတော်မြေကိုရောက်ရင်ပြီးရောဆိုပြီးတော့ဖြစ်သလိုမလုပ်ဘူးဆိုတာတွေ့ရတယ်။ ဘယ်လောက်တောင် ဘုရားက သူ့လူမျိုးတွေကိုဂရုစိုက်သလဲ။ ဒီနေ့သင်ရင် ဆိုင်ရတာတွေက ကြီးကောင်းကြီးမယ်။ သင်သွားတဲ့လမ်းက အရမ်းကိုခက်ခဲတယ်လို့ထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် ဘုရားက အသက်သာဆုံးလမ်းကို ရွေးပေးထားတယ်ဆိုတာကိုယုံဖို့လိုတယ်။ ဒီလို ကန္တာရမှာ ဖြတ်သန်းနေတဲ့အချိန်မှာ ဘုရားက ကြုံတွေ့ရသမျှဟာ တိကျတဲ့ရည်ချက်ရှိလို့ပါ။ ဘုရားပေးမယ့်ကတိတော်မြေမှာ အသက်ရှင်ဖို့အတွက် အသက်တာကိုပြင်ဆင်ခြင်းပါ။

ကျွန်ဘ၀ကနေချက်ခြင်း သခင်ဘ၀ကိုရောက်သွားတဲ့သူတွေဖြစ်လေ့ရှိတဲ့ အောက်ခြေလွတ်သွားတဲ့အရာတွေကို ဘုရားကမဖြစ်စေချင်ဘူး။ ဒါကြောင့်ကန္တာရဟာအသက် တာကိုပြင်ဆင်ဖို့အတွက် ကြားကာလလို့ဆိုရင်မမှားဘူး။ ဒီကာလမှာဂရုစိုက်ပြီးပြင်ဆင်ရမယ့်အရာတွေရှိတယ်။

ဒီပြင်ဆင်မှုဟာ ဘုရားကိုယ်တိုင် နေရာယူပြီးတော့ အ သက်တာထဲမှာ ကျိန်းဝပ်ဖို့အတွက်နဲ့ဘုရားဘုန်းတော်ကိုမြင်တွေ့ခံစားရဖို့အတွက်ပါသိပ်ကိုအရေးကြီးတယ်။ ဣသရေလလူတွေပဲ ကတိတော်မြေဆီကို ချီတက်နေတာမဟုတ်ဘူး။ သူတို့နဲ့အတူ ဘုရားကပါ ကတိတော်မြေဆီကို ချီတက်နေတယ်ဆိုတာကိုသတိပြုမိဖို့လိုတယ်။ ဒါကြောင့်လည်း တစ်ရက်မှာ မောရှေကို ဘုရားကပြောတယ် ကတိတော်မြေဆီကို ကောင်းကင်တမန်ကိုပဲမင်းတို့ ရှေ့မှာစေလွတ်ပြီးသွားစေမယ်၊ ငါတော့ မလိုက်တော့ဘူး။ ဒါကိုမောရှေက ငြင်းတယ် ကိုယ်တော်မပါရင်ခြေတစ်လှမ်းတောင်မလှမ်းဘူး။ ဘာကြောင့်ဘုရားက ဆက်မသွားတော့တာလဲ။ တောထဲမှာ သူတို့အသက်တာတွေက ဘုရားနဲ့အတူကတိတော်မြေကိုဝင်ဖို့အတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှုမရှိခဲ့ကြလို့ပါပဲ။ ချိုင့်ရှိသမျှကိုဖို့ရမယ်။ လိုအပ်နေတဲ့ ကဏ္ဍတွေမှာ ဒီအတိုင်းထားလို့ မဖြစ်ပါဘူး။ လူပဲအားနည်းချက်ရှိတာပဲ ဆိုပြီးတော့ အဲ့ဒီအရာကို ဒီအတိုင်း ဆက်လက်ခွင့်ပြုထားလို့တော့မဖြစ်ဘူး။ ဘုရားဘုန်းတော်ကိုမြင်ချင်တယ်ဆိုရင် လိုအပ်တဲ့အရာအတွက် ဖြည့်တင်းဖို့တော့လိုတယ်။ ငါကတော့အရင်ကတည်းက ဒီအတိုင်းပဲဆိုပြီး ဆက်အသက်ရှင်လို့တော့မရဘူး။ ဘာတွေလိုနေလည်း အဲ့ဒီကဏ္ဍမှာ အစားထိုးအားဖြည့်ဖို့လိုတယ်။ မို့မောက်နေတဲ့ အရာတွေဘာရှိလဲ။ လိုတာထက်ပိုနေတဲ့အရာကိုဆိုလိုတာပါ။ တချို့က ရှိသင့်တာထက်ပိုနေတယ်။ လူမှုရေး သိပ်ကောင်းပြီးတော့ ဝိညာဉ်ရေးရာလုပ်ဖို့တောင် မရှိတဲ့ လူတချို့လိုပေါ့။ အရမ်းကောင်းတာလွန်နေတယ်။ လူတွေကို လုပ်ပေးရင်းဘုရားနဲ့တောင် အချိန်မယူ လောက်အောင်ကို ဖြစ်နေတယ်ဆိုရင်တော့ လိုတာထက်ပိုတာကိုတော့ လျော့ဖို့လိုတယ်။ ဘာတွေ အရမ်းကိုပိုနေလဲ။ ညီညာသွားအောင် လျော့ဖို့တော့လိုတယ်။ လိုရင်းမရောက်ပဲ ကွေ့ကောက်နေပြီး အချိန်ကုန်စေတဲ့ အရာတွေကိုလည်း တဖြောင့်တည်း ဖြစ်ဖို့လိုတယ်။ တချို့အရာတွေက ကျွန်တော်တို့အသက်တာကို ကွေ့ကောက်တဲ့ လမ်းခရီး တစ်ခုလိုပဲ လိုရာခရီးမရောက်ပဲ ဒီနားမှာပဲ တဝဲဝဲလည်နေစေတယ်။ ဒါတွေကို တည့်မတ်ပစ်ဖိို့လိုတယ်။ ကြမ်းတမ်းတဲ့ လမ်းတွေကိုလည်း ချောမွေ့သွားအောင် နည်းလမ်းရှာရမယ်။ ငါကအရင်ကတည်းက ဒီအတိုင်းပဲဆိုပြီးတော့ မပြင်မဆင်ပဲနဲ့ရှေ့ဆက်ဖို့တော့ မစဉ်းစားနဲ့။ တောထဲမှာ လိုတာထက်ပိုကြာသွားလိမ့်မယ်။ ဘုရားရဲ့ဘုန်းတော်ကိုမြင်တွေ့ပြီးတော့ ကတိတော်မြေထဲမှ ခြေချဖို့ဆိုရင်တော့ ပြင်ဆင်မှုတွေကို ဒီထက်ပိုပြီးလုပ်ဖို့လိုတယ်။




Zawgyi

ကႏၲာရမွ ကတိေတာ္ ဆီသို႔(၆)

“ေတာ၌ ဟစ္​ေၾကာ္​ေသာ​သူ၏​အ​သံ​မွာ၊ ထာ​ဝ​ရ​ဘု​ရား ႂကြ​ေတာ္​မူ​ရာ​လမ္း​ကို ျပင္​ၾက​ေလာ့။ ငါ​တို႔ ဘု​ရား​သ​ခင္၏ လမ္း​ခ​ရီး​ေတာ္​ကို လြင္​ျပင္၌ ေျဖာင့္​ေစ​ၾက​ေလာ့။ ခ်ိဳင့္​ဝွမ္း​ရာ ႐ွိ​သ​မွ်​တို႔​ကို ဖို႔​ရ​မည္။ ေတာင္​ႀကီး​ေတာင္​ငယ္ ႐ွိ​သ​မွ်​တို႔​ကို ၿဖိဳ​ရ​မည္။ ေကာက္​ေသာ​လမ္း​မ်ား​ကို ေျဖာင့္​ေစ​ရ​မည္။ ၾကမ္း​တမ္း​ေသာ လမ္း​မ်ား​ကို​လည္း သုတ္​သင္​ျပင္​ဆင္​ရ​မည္။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန္း​ေတာ္​ေပၚ​ထြန္း၍၊ လူ​အ​ေပါင္း​တို႔​သည္ အ​တူ​ျမင္​ရ​ၾက​လ​တၱံ႕​ဟု ထာ​ဝ​ရ​ဘု​ရား၏ ႏႈတ္​ေတာ္​ထြက္ အ​မိန္႔​ေတာ္​႐ွိ၏။”

(ေဟ ၄၀:၃-၅)


ျပင္ဆင္ရာ ကာလ

ကြၽန္ခံေနရာ အဲဂုတၱဳကေန ကတိေတာ္ထားရာ ခါနန္ျပည္ဆီကို ေရာက္ဖို႔ ကႏၲာရဆိုတဲ့ လူေတြမျဖတ္ခ်င္တဲ့လမ္းကို ျဖတ္သန္းရတယ္။ ဒီလို ကႏၲာရျဖတ္သန္းတာေတာင္မွ ဘုရားကအသက္သာဆုံးနဲ႔သူ႕သားသမီးေတြစိတ္ဓါတ္မက်ဖို႔အေကာင္းဆုံးလမ္းကိုေ႐ြးေပးတယ္။ ၾကဳံသလိုလမ္းနဲ႔ ဘုရားကမေစလြတ္ဘူး။ “ဣ​သ​ေရ​လ​လူ​တို႔​ကို ဖာ​ေရာ​ဘု​ရင္​လႊတ္​ေသာ​ေနာက္၊ ဖိ​လိ​တၱိ​ျပည္​ကို ေလွ်ာက္​ေသာ​လမ္း​သည္ေျဖာင့္​ေသာ္​လည္း၊ ထို​လမ္း​ျဖင့္ ဘု​ရား​သ​ခင္​ေဆာင္​ေတာ္​မ​မူ။ အ​ေၾကာင္း​မူ​ကား၊ သူ​တို႔​သည္စစ္​မႈ​ကို​ေတြ႕​ျမင္​ေသာ​အ​ခါ​စိတ္​ပ်က္၍၊ အဲ​ဂု​တၱဳ​ျပည္​သို႔ျပန္​ေကာင္း​ျပန္​ၾက​လိမ့္​မည္​ဟုသိ​ေတာ္မူ ၏။” (ထြက္ ၁၃:၁၇)

ကတိေတာ္ေျမကိုေရာက္ရင္ၿပီးေရာဆိုၿပီးေတာ့ျဖစ္သလိုမလုပ္ဘူးဆိုတာေတြ႕ရတယ္။ ဘယ္ေလာက္ေတာင္ ဘုရားက သူ႕လူမ်ိဳးေတြကိုဂ႐ုစိုက္သလဲ။ ဒီေန႔သင္ရင္ ဆိုင္ရတာေတြက ႀကီးေကာင္းႀကီးမယ္။ သင္သြားတဲ့လမ္းက အရမ္းကိုခက္ခဲတယ္လို႔ထင္ေကာင္းထင္ႏိုင္တယ္။ ဒါေပမယ့္ ဘုရားက အသက္သာဆုံးလမ္းကို ေ႐ြးေပးထားတယ္ဆိုတာကိုယုံဖို႔လိုတယ္။ ဒီလို ကႏၲာရမွာ ျဖတ္သန္းေနတဲ့အခ်ိန္မွာ ဘုရားက ၾကဳံေတြ႕ရသမွ်ဟာ တိက်တဲ့ရည္ခ်က္႐ွိလို႔ပါ။ ဘုရားေပးမယ့္ကတိေတာ္ေျမမွာ အသက္႐ွင္ဖို႔အတြက္ အသက္တာကိုျပင္ဆင္ျခင္းပါ။

ကြၽန္ဘ၀ကေနခ်က္ျခင္း သခင္ဘ၀ကိုေရာက္သြားတဲ့သူေတြျဖစ္ေလ့႐ွိတဲ့ ေအာက္ေျခလြတ္သြားတဲ့အရာေတြကို ဘုရားကမျဖစ္ေစခ်င္ဘူး။ ဒါေၾကာင့္ကႏၲာရဟာအသက္ တာကိုျပင္ဆင္ဖို႔အတြက္ ၾကားကာလလို႔ဆိုရင္မမွားဘူး။ ဒီကာလမွာဂ႐ုစိုက္ၿပီးျပင္ဆင္ရမယ့္အရာေတြ႐ွိတယ္။

ဒီျပင္ဆင္မႈဟာ ဘုရားကိုယ္တိုင္ ေနရာယူၿပီးေတာ့ အ သက္တာထဲမွာ က်ိန္းဝပ္ဖို႔အတြက္နဲ႔ဘုရားဘုန္းေတာ္ကိုျမင္ေတြ႕ခံစားရဖို႔အတြက္ပါသိပ္ကိုအေရးႀကီးတယ္။ ဣသေရလလူေတြပဲ ကတိေတာ္ေျမဆီကို ခ်ီတက္ေနတာမဟုတ္ဘူး။ သူတို႔နဲ႔အတူ ဘုရားကပါ ကတိေတာ္ေျမဆီကို ခ်ီတက္ေနတယ္ဆိုတာကိုသတိျပဳမိဖို႔လိုတယ္။ ဒါေၾကာင့္လည္း တစ္ရက္မွာ ေမာေ႐ွကို ဘုရားကေျပာတယ္ ကတိေတာ္ေျမဆီကို ေကာင္းကင္တမန္ကိုပဲမင္းတို႔ ေ႐ွ႕မွာေစလြတ္ၿပီးသြားေစမယ္၊ ငါေတာ့ မလိုက္ေတာ့ဘူး။ ဒါကိုေမာေ႐ွက ျငင္းတယ္ ကိုယ္ေတာ္မပါရင္ေျခတစ္လွမ္းေတာင္မလွမ္းဘူး။ ဘာေၾကာင့္ဘုရားက ဆက္မသြားေတာ့တာလဲ။ ေတာထဲမွာ သူတို႔အသက္တာေတြက ဘုရားနဲ႔အတူကတိေတာ္ေျမကိုဝင္ဖို႔အတြက္ ေကာင္းမြန္တဲ့ ျပင္ဆင္မႈမ႐ွိခဲ့ၾကလို႔ပါပဲ။ ခ်ိဳင့္႐ွိသမွ်ကိုဖို႔ရမယ္။ လိုအပ္ေနတဲ့ က႑ေတြမွာ ဒီအတိုင္းထားလို႔ မျဖစ္ပါဘူး။ လူပဲအားနည္းခ်က္႐ွိတာပဲ ဆိုၿပီးေတာ့ အဲ့ဒီအရာကို ဒီအတိုင္း ဆက္လက္ခြင့္ျပဳထားလို႔ေတာ့မျဖစ္ဘူး။ ဘုရားဘုန္းေတာ္ကိုျမင္ခ်င္တယ္ဆိုရင္ လိုအပ္တဲ့အရာအတြက္ ျဖည့္တင္းဖို႔ေတာ့လိုတယ္။ ငါကေတာ့အရင္ကတည္းက ဒီအတိုင္းပဲဆိုၿပီး ဆက္အသက္႐ွင္လို႔ေတာ့မရဘူး။ ဘာေတြလိုေနလည္း အဲ့ဒီက႑မွာ အစားထိုးအားျဖည့္ဖို႔လိုတယ္။ မို႔ေမာက္ေနတဲ့ အရာေတြဘာ႐ွိလဲ။ လိုတာထက္ပိုေနတဲ့အရာကိုဆိုလိုတာပါ။ တခ်ိဳ႕က ႐ွိသင့္တာထက္ပိုေနတယ္။ လူမႈေရး သိပ္ေကာင္းၿပီးေတာ့ ဝိညာဥ္ေရးရာလုပ္ဖို႔ေတာင္ မ႐ွိတဲ့ လူတခ်ိဳ႕လိုေပါ့။ အရမ္းေကာင္းတာလြန္ေနတယ္။ လူေတြကို လုပ္ေပးရင္းဘုရားနဲ႔ေတာင္ အခ်ိန္မယူ ေလာက္ေအာင္ကို ျဖစ္ေနတယ္ဆိုရင္ေတာ့ လိုတာထက္ပိုတာကိုေတာ့ ေလ်ာ့ဖို႔လိုတယ္။ ဘာေတြ အရမ္းကိုပိုေနလဲ။ ညီညာသြားေအာင္ ေလ်ာ့ဖို႔ေတာ့လိုတယ္။ လိုရင္းမေရာက္ပဲ ေကြ႕ေကာက္ေနၿပီး အခ်ိန္ကုန္ေစတဲ့ အရာေတြကိုလည္း တေျဖာင့္တည္း ျဖစ္ဖို႔လိုတယ္။ တခ်ိဳ႕အရာေတြက ကြၽန္ေတာ္တို႔အသက္တာကို ေကြ႕ေကာက္တဲ့ လမ္းခရီး တစ္ခုလိုပဲ လိုရာခရီးမေရာက္ပဲ ဒီနားမွာပဲ တဝဲဝဲလည္ေနေစတယ္။ ဒါေတြကို တည့္မတ္ပစ္ဖိိဳ႕လိုတယ္။ ၾကမ္းတမ္းတဲ့ လမ္းေတြကိုလည္း ေခ်ာေမြ႕သြားေအာင္ နည္းလမ္း႐ွာရမယ္။ ငါကအရင္ကတည္းက ဒီအတိုင္းပဲဆိုၿပီးေတာ့ မျပင္မဆင္ပဲနဲ႔ေ႐ွ႕ဆက္ဖို႔ေတာ့ မစဥ္းစားနဲ႔။ ေတာထဲမွာ လိုတာထက္ပိုၾကာသြားလိမ့္မယ္။ ဘုရားရဲ႕ဘုန္းေတာ္ကိုျမင္ေတြ႕ၿပီးေတာ့ ကတိေတာ္ေျမထဲမွ ေျခခ်ဖို႔ဆိုရင္ေတာ့ ျပင္ဆင္မႈေတြကို ဒီထက္ပိုၿပီးလုပ္ဖို႔လိုတယ္။

3 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube