Search
  • Than Min Htike

ကောင်းကြီးပေးရာပုံဥပမာ

“တစ်​ဖန်​ဘု​ရား​သ​ခင်​သည် သင့်​ကို​ဧ​ဖ​ရိမ်​ကဲ့​သို့​လည်း ကောင်း၊ မ​နာ​ရှေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​ပါ​စေ​သော​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင်​အား​ဖြင့် ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်​ဟု ထို​နေ့၌ သူ​တို့​ကို​ကောင်း​ချီး​ပေး​လေ၏။ ထို​သို့​မ​နာ​ရှေ​ရှေ့​မှာ ဧ​ဖ​ရိမ်​ကို နေ​ရာ​ချချ တည်း။”(ကမ္ဘာဦး ၄၈:၂၀)


စံထားရတဲ့သူ

လူတိုင်းမှာ စံထားပြီး အတုယူ အားကျရတဲ့သူရှိစမြဲပါ။ အားကစားသမားတွေလည်းသူတို့ အားကျပြီးစံထားရတဲ့သူရှိသလို၊ နိုင်ငံရေးသမားလည်း နိုင်ငံရေးသမားအလျောက်ရှိပါတယ်။ ကဏ္ဍတိုင်းမှာ လူတွေ အတုယူအားကျစရာ၊ သင်ယူစရာလူတွေရှိတတ်တယ်မဟုတ်လား။ ဘုရားကကောင်းကြီးပေးတဲ့အခါမှာလည်း သင်ဟာအခြားသူတွေစံထားရတဲ့ ကောင်းကြီးခံစားရတဲ့သူမျိုး ဖြစ်စေမယ်။ စားရုံသောက်ရုံ ကောင်းကြီးခံစားရတာပဲမဟုတ်ဘူး။ လူတိုင်းအတွက်စံထားပြီးတော့ ကောင်းကြီးပေးရတဲ့လူမျိုးဖြစ်စေမှာပါ။ အဲ့ဒီလိုလူမျိုး တစ်ယောက်ဖြစ်အောင်ဘယ်လိုအသက်ရှင်ရမလည်းဆိုတာ သင်မေးခွန်းထုတ်ချင်လိမ့်မယ်။ ယာကုပ်က ဒီကောင်းကြီးကို ယောသပ်ရဲ့သားနှစ်ယောက်ဖြစ်တဲ့ ဧဖရိမ်နဲ့ မနာရှေ အပေါ်မှာ ပေးခဲ့တယ်။ မနာရှေရဲ့ အဓိပ္ပါယ်က ခံရတဲ့ပင်ပန်းခြင်းနှင့် အဘအိမ်သူအိမ်သားအပေါင်းကို မေ့စေခြင်းငှာ ဘုရားသခင်ပြုပြီလို့အဓိပ္ပါယ်ရတယ်။ ဘာကြောင့် ယောသပ်က ဒီနာမည်ပေးသလည်းဆိုရင် ငယ်ငယ်ရွယ်နဲ့သူရင်ဆိုင်ခဲ့ရတဲ့ အရာတွေကနည်းတာမဟုတ်ဘူး။ အဲ့ဒီအရာတွေ ကြုံတဲ့အခါမှာ လွယ်လွယ်လေးနဲ့တော့ဖြတ်ကျော်ခဲ့ရတာမဟုတ်ဘူး။ အကိုတွေရဲ့ရောင်းစားခံရတဲ့ဘ၀၊ အကောင်းဆုံးလုပ်ပေမယ့် အလုပ်ရှင်ရဲ့ အဆိုးဆုံးတုန့်ပြန်မှုတွေ၊ ဂတိမတည်ပဲ မေ့လျော့ခံရတဲ့ အဖြစ်ပျက်တွေ၊ စတဲ့ ၁၃နှစ်ကျော်ရင်ဆိုင်ရတဲ့ ရုန်းကန်ခဲ့ရတဲ့ ဘ၀နှင့် အဘ အိမ်ကို သတိရခြင်းကို ဘုရားက ဒီသားအားဖြင့်လွတ်မြောက်စေခဲ့တယ်။ အမှတ်ရပေမယ့် နှလုံးသားထဲမှာ ဒဏ်ရာမရှိတော့ဘူး။ ခွင့်လွှတ်နိုင်တဲ့ အခြေအနေတွေကို ဘုရားရဲ့အကြံအစည် အဖြစ်လက်ခံ နိုင်ခဲ့တယ်ဆိုပါတော့။ အဲ့ဒီ အိမ်မက်ဆိုးကြီးကနေ ထလာပြီးတဲ့နောက်မှာတော့ နောက်သားတစ်ယောက်ကိုဘုရားက ထပ်ပေးတယ်။ အဲ့ဒါက ဧဖရိမ်။ အဓိပ္ပါယ်ကတော့ ဆင်းရဲခံရတဲ့ ပြည်မှာ ဘုရားကပွားများစေတယ်။ ဘုရားပွားများစေတာ ကိုယ့်အမျိုးသားချင်းတွေရှိတဲ့နေရာမှာမဟုတ်သလို၊ သူတို့အရမ်းကောင်း၊အရမ်းကူညီလို့လည်းမဟုတ်ဘူး။ ဘယ်သူမှ မကူညီ၊ ဘယ်သူမှ ကိုယ့်အပေါ်မှာ မကောင်းပေမယ့်လည်း ဘုရားနဲ့အတူသွားလာတဲ့အခါမှာ ဘုရားက ပင်ပန်းမှုတွေကို ချွေးသိပ်ပေးရုံတင်မဟုတ်ပဲ အဆမတန်တိုးပွားကောင်းစားစေခဲ့တယ်။

ဒီလောက်နဲ့တင်မရပ်သွားပဲနဲ့ ဧဖရိမ်နဲ့ မနာရှေလိုမျိုး ဘုရားက စံထားပြီးတော့ အခြားသူတွေကို ကောင်းကြီးပေးဖို့အတွက် ဖြစ်စေမယ်လို့ဆိုတယ်။ ဆိုလိုတာကတော့ သင့်အသက်တာမှာ ဘယ်လောက်ပဲအမှောင်လွှမ်းတဲ့နေ့ရက်တွေ ကြုံကြုံ၊ နာကြည်းစရာတွေနဲ့ပြည့်နှက်နေတဲ့ ဘ၀ပိုင်ဆိုင်ထားလည်း ဘုရားက ယောသပ်လိုပဲ မနာရှေနဲ့ ဧဖရိမ်ကို မွေးဖွားခွင့်ပေးမယ်ဆိုတာကို စိတ်ချစေချင်တယ်။ ဒီဆင်းရဲခြင်းနဲ့ ပင်ပန်းမှုတွေအကျော်မှာ အခြားသူတွေကိုလည်း သင်ခံစားရတဲ့ကောင်းကြီးတွေကိုအားကျအတုယူပြီးတော့စံထားလောက် ရအောင်ကိုဖြစ်စေဦးမယ်ဆိုတာ ယုံပါ။



Zawgyi

ေကာင္းႀကီးေပးရာပုံဥပမာ

“တစ္​ဖန္​ဘု​ရား​သ​ခင္​သည္ သင့္​ကို​ဧ​ဖ​ရိမ္​ကဲ့​သို႔​လည္း ေကာင္း၊ မ​နာ​ေ႐ွ​ကဲ့​သို႔​လည္း​ေကာင္း ျဖစ္​ေစ​ေတာ္​မူ​ပါ​ေစ​ေသာ​ဟူ၍ ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​သည္ သင္​အား​ျဖင့္ ေကာင္း​ခ်ီး​ေပး​ၾက​လိမ့္​မည္​ဟု ထို​ေန႔၌ သူ​တို႔​ကို​ေကာင္း​ခ်ီး​ေပး​ေလ၏။ ထို​သို႔​မ​နာ​ေ႐ွ​ေ႐ွ႕​မွာ ဧ​ဖ​ရိမ္​ကို ေန​ရာ​ခ်ခ် တည္း။”(ကမ႓ာဦး ၄၈:၂၀)


စံထားရတဲ့သူ

လူတိုင္းမွာ စံထားၿပီး အတုယူ အားက်ရတဲ့သူ႐ွိစၿမဲပါ။ အားကစားသမားေတြလည္းသူတို႔ အားက်ၿပီးစံထားရတဲ့သူ႐ွိသလို၊ ႏိုင္ငံေရးသမားလည္း ႏိုင္ငံေရးသမားအေလ်ာက္႐ွိပါတယ္။ က႑တိုင္းမွာ လူေတြ အတုယူအားက်စရာ၊ သင္ယူစရာလူေတြ႐ွိတတ္တယ္မဟုတ္လား။ ဘုရားကေကာင္းႀကီးေပးတဲ့အခါမွာလည္း သင္ဟာအျခားသူေတြစံထားရတဲ့ ေကာင္းႀကီးခံစားရတဲ့သူမ်ိဳး ျဖစ္ေစမယ္။ စား႐ုံေသာက္႐ုံ ေကာင္းႀကီးခံစားရတာပဲမဟုတ္ဘူး။ လူတိုင္းအတြက္စံထားၿပီးေတာ့ ေကာင္းႀကီးေပးရတဲ့လူမ်ိဳးျဖစ္ေစမွာပါ။ အဲ့ဒီလိုလူမ်ိဳး တစ္ေယာက္ျဖစ္ေအာင္ဘယ္လိုအသက္႐ွင္ရမလည္းဆိုတာ သင္ေမးခြန္းထုတ္ခ်င္လိမ့္မယ္။ ယာကုပ္က ဒီေကာင္းႀကီးကို ေယာသပ္ရဲ႕သားႏွစ္ေယာက္ျဖစ္တဲ့ ဧဖရိမ္နဲ႔ မနာေ႐ွ အေပၚမွာ ေပးခဲ့တယ္။ မနာေ႐ွရဲ႕ အဓိပၸါယ္က ခံရတဲ့ပင္ပန္းျခင္းႏွင့္ အဘအိမ္သူအိမ္သားအေပါင္းကို ေမ့ေစျခင္းငွာ ဘုရားသခင္ျပဳၿပီလို႔အဓိပၸါယ္ရတယ္။ ဘာေၾကာင့္ ေယာသပ္က ဒီနာမည္ေပးသလည္းဆိုရင္ ငယ္ငယ္႐ြယ္နဲ႔သူရင္ဆိုင္ခဲ့ရတဲ့ အရာေတြကနည္းတာမဟုတ္ဘူး။ အဲ့ဒီအရာေတြ ၾကဳံတဲ့အခါမွာ လြယ္လြယ္ေလးနဲ႔ေတာ့ျဖတ္ေက်ာ္ခဲ့ရတာမဟုတ္ဘူး။ အကိုေတြရဲ႕ေရာင္းစားခံရတဲ့ဘ၀၊ အေကာင္းဆုံးလုပ္ေပမယ့္ အလုပ္႐ွင္ရဲ႕ အဆိုးဆုံးတုန္႔ျပန္မႈေတြ၊ ဂတိမတည္ပဲ ေမ့ေလ်ာ့ခံရတဲ့ အျဖစ္ပ်က္ေတြ၊ စတဲ့ ၁၃ႏွစ္ေက်ာ္ရင္ဆိုင္ရတဲ့ ႐ုန္းကန္ခဲ့ရတဲ့ ဘ၀ႏွင့္ အဘ အိမ္ကို သတိရျခင္းကို ဘုရားက ဒီသားအားျဖင့္လြတ္ေျမာက္ေစခဲ့တယ္။ အမွတ္ရေပမယ့္ ႏွလုံးသားထဲမွာ ဒဏ္ရာမ႐ွိေတာ့ဘူး။ ခြင့္လႊတ္ႏိုင္တဲ့ အေျခအေနေတြကို ဘုရားရဲ႕အၾကံအစည္ အျဖစ္လက္ခံ ႏိုင္ခဲ့တယ္ဆိုပါေတာ့။ အဲ့ဒီ အိမ္မက္ဆိုးႀကီးကေန ထလာၿပီးတဲ့ေနာက္မွာေတာ့ ေနာက္သားတစ္ေယာက္ကိုဘုရားက ထပ္ေပးတယ္။ အဲ့ဒါက ဧဖရိမ္။ အဓိပၸါယ္ကေတာ့ ဆင္းရဲခံရတဲ့ ျပည္မွာ ဘုရားကပြားမ်ားေစတယ္။ ဘုရားပြားမ်ားေစတာ ကိုယ့္အမ်ိဳးသားခ်င္းေတြ႐ွိတဲ့ေနရာမွာမဟုတ္သလို၊ သူတို႔အရမ္းေကာင္း၊အရမ္းကူညီလို႔လည္းမဟုတ္ဘူး။ ဘယ္သူမွ မကူညီ၊ ဘယ္သူမွ ကိုယ့္အေပၚမွာ မေကာင္းေပမယ့္လည္း ဘုရားနဲ႔အတူသြားလာတဲ့အခါမွာ ဘုရားက ပင္ပန္းမႈေတြကို ေခြၽးသိပ္ေပး႐ုံတင္မဟုတ္ပဲ အဆမတန္တိုးပြားေကာင္းစားေစခဲ့တယ္။

ဒီေလာက္နဲ႔တင္မရပ္သြားပဲနဲ႔ ဧဖရိမ္နဲ႔ မနာေ႐ွလိုမ်ိဳး ဘုရားက စံထားၿပီးေတာ့ အျခားသူေတြကို ေကာင္းႀကီးေပးဖို႔အတြက္ ျဖစ္ေစမယ္လို႔ဆိုတယ္။ ဆိုလိုတာကေတာ့ သင့္အသက္တာမွာ ဘယ္ေလာက္ပဲအေမွာင္လႊမ္းတဲ့ေန႔ရက္ေတြ ၾကဳံၾကဳံ၊ နာၾကည္းစရာေတြနဲ႔ျပည့္ႏွက္ေနတဲ့ ဘ၀ပိုင္ဆိုင္ထားလည္း ဘုရားက ေယာသပ္လိုပဲ မနာေ႐ွနဲ႔ ဧဖရိမ္ကို ေမြးဖြားခြင့္ေပးမယ္ဆိုတာကို စိတ္ခ်ေစခ်င္တယ္။ ဒီဆင္းရဲျခင္းနဲ႔ ပင္ပန္းမႈေတြအေက်ာ္မွာ အျခားသူေတြကိုလည္း သင္ခံစားရတဲ့ေကာင္းႀကီးေတြကိုအားက်အတုယူၿပီးေတာ့စံထားေလာက္ ရေအာင္ကိုျဖစ္ေစဦးမယ္ဆိုတာ ယုံပါ။

2 views0 comments