Search
  • Than Min Htike

ကျန်းမာခြင်း




“အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​စ​ကား​ကို တွေ့​ရ​သော​သူ​တို့​သည် အ​သက်​ရှင်​ခြင်း၊ တစ်​ကိုယ်​လုံး​ကျန်း​မာ​ခြင်း​အ​ကြောင်း​ကို တွေ့​ရ​ပြီ။”(သုတ္တံ ၄:၂၂)


တစ်​ကိုယ်​လုံး​ကျန်း​မာ​ခြင်း​

ဒီနေ့ လူတွေ လိုအပ်နေတဲ့ အရာတွေထဲမှာကိုယ်ခန္ဓာကျန်းမာခြင်းပဲမဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်း၊ ဝိညာဉ်ပိုင်းဆိုင်ရာကျန်းမာခြင်းနှင့် ငွေကြေးပိုင်းဆိုင်ရာကျန်းမာခြင်းတွေလည်းပါတယ်။ ဒါတွေအားလုံးက စပ်ဆက်နေတယ်ဆိုတာလည်းသိထားဖို့လိုတယ်။ ငွေကြေးအဆင်မပြေတဲ့သူတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းကိုထိခိုက်နိုင်သလို၊ ဝိညာဉ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့သူတစ်ယောက်ဟာ ငွေကြေးအဆင်ပြေမှုကိုပါသက်ရောက်မှုရှိတယ်ဆိုတာကို သိထားဖို့လိုတယ်။ တစ်ကိုယ်လုံးကျန်းမာခြင်းလို့ ပြောတဲ့အခါမှာ မြင်ရတဲ့ ကိုယ်ခန္ဓာတစ်ခုထဲကို ရည်ညွှန်းတာလုံး၀မဟုတ်ပဲ လူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံး သူ့နဲ့ဆိုင်တဲ့အရာအားလုံးကိုဆိုလိုချင်တာပါ။ လူတစ်ယောက်ရဲ့ ဘ၀မှာ သူနဲ့ဆိုင်တဲ့ ကဏ္ဍအားလုံး၊ အရာရာမှာ ကျန်းမာခြင်းနှင့် ကောင်းစားခြင်းဖြင့်အသက်ရှင်ဖို့ဆိုတာ ဘုရားရဲ့အလိုတော်တစ်ခုပါပဲ။ ဘုရားဖန်ဆင်းတုန်းက ပြီးပြည့်စုံတဲ့ဘ၀ဖြစ်ခဲ့ပြီး လူတစ်ယောက်ရဲ့ ကဏ္ဍတိုင်းဟာ သိပ်ကို ပြည့်စုံခဲ့တယ်။ ဒီလို ဘ၀မျိုးကို ပြန်ရရှိနိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ တွေးရင်တော့ သိပ်ကိုဖြစ်နိုင်တယ်လို့ပဲဆိုရမယ်။


တွေ့သောသူ

လူတွေက ကောင်းတဲ့အသက်တာကိုတွေ့ချင်ပေမယ့် ကြိုးစားရုန်းကန်လေ မတွေ့လေပါပဲ။ နောက်ဒီလိုအချိန်ကာလကြီးထဲမှာ ပိုဆိုးတာပေါ့။ အဖြေကတော့ရှင်းပါတယ်။ ဘုရားတွေ့စေချင်တဲ့အရာကိုတွေ့မှပဲ ကိုယ်တွေ့ချင်တဲ့အရာကိုတွေ့နိုင်မယ်ဆိုတာပါပဲ။ လူတွေကတွေ့ဖို့ရှာနေတဲ့အရာကလွဲနေသရွေ့တော့ ကိုယ်တွေ့မြင်ချင်တဲ့ဘ၀အသက်တာနဲ့လည်း လွဲနေအုံးမှာပါ။ ဒီနေ့ အသက်ရှင်တဲ့ဘုရားကို အရင်တွေ့ဖို့ လိုပြီးတော့ အဲ့ဒီဘုရားစကားကို ဘ၀အသက်တာအတွက်တွေ့မြင်တဲ့သူတွေအတွက် ဘုရားက ဂတိတော်ရှိပါတယ်။ ကျွန်တော်တို့မျှော်လင့်နေတဲ့ ကဏ္ဍအားလုံးမှာကျန်းမာခြင်းကိုမြင်တွေ့ခံစားရမယ်ဆိုတာပါပဲ။ ကျွန်တော်အသက် ၁၆ နှစ်မှာ ဝိညာဉ်ကယ်တင်ခြင်းနှင့်ပတ်သက်တဲ့ တရားစကားကိုတွေ့ခဲ့ရပြီးတော့အသက်တာမှာ ဘာနဲ့မှနှိုင်းလို့မတဲ့ ကယ်တင်ခြင်းနဲ့ယှဉ်တဲ့ဝမ်းမြောက်ခြင်းကို ခံစားရခဲ့တယ်။ ဒါပေမယ့် ဝိညာဉ်ပိုင်းတစ်ခုပဲ ကျန်းမာခဲ့ပြီးတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးပိုင်းဆိုင်ရာမှာ ကျန်းမာရေး မရသေးဘူး။ နောက်ပိုင်း နှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ဘုရားနဲ့မွေ့လျော်လေလေ နက်နဲပြီး အံ့ဩဖွယ်ကောင်းတဲ့ ဘုရားစကားတွေကို ပိုတွေ့မြင်လာလေလေ ဖြစ်ခဲ့ပြီး ဘ၀အတွက်လိုအပ်တဲ့ကျန်းမာခြင်းကိုယူဆောင်လာခဲ့တဲ့ တရားစကားများစွာကိုတွေ့ခဲ့တယ်။ အဲ့ဒီအရာက အရာရာမှာ ကျန်းမာခြင်းဖြစ်အောင်စွမ်းဆောင်ပေးခဲ့တယ်ဆိုပါတော့။ သင့်အသက်တာမှာလည်း အဲ့ဒီတရားစကားကိုမတွေ့မချင်း ကျန်တဲ့အရာတွေကိုတွေ့မှာမဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။



Zawgyi

က်န္းမာျခင္း



“အ​ေၾကာင္း​မူ​ကား၊ ထို​တ​ရား​စ​ကား​ကို ေတြ႕​ရ​ေသာ​သူ​တို႔​သည္ အ​သက္​႐ွင္​ျခင္း၊ တစ္​ကိုယ္​လုံး​က်န္း​မာ​ျခင္း​အ​ေၾကာင္း​ကို ေတြ႕​ရ​ၿပီ။”(သုတၱံ ၄:၂၂)


တစ္​ကိုယ္​လုံး​က်န္း​မာ​ျခင္း​

ဒီေန႔ လူေတြ လိုအပ္ေနတဲ့ အရာေတြထဲမွာကိုယ္ခႏၶာက်န္းမာျခင္းပဲမဟုတ္ဘူး၊ စိတ္ပိုင္းဆိုင္ရာက်န္းမာျခင္း၊ ဝိညာဥ္ပိုင္းဆိုင္ရာက်န္းမာျခင္းႏွင့္ ေငြေၾကးပိုင္းဆိုင္ရာက်န္းမာျခင္းေတြလည္းပါတယ္။ ဒါေတြအားလုံးက စပ္ဆက္ေနတယ္ဆိုတာလည္းသိထားဖို႔လိုတယ္။ ေငြေၾကးအဆင္မေျပတဲ့သူတစ္ေယာက္အတြက္ စိတ္ပိုင္းဆိုင္ရာ က်န္းမာျခင္းကိုထိခိုက္ႏိုင္သလို၊ ဝိညာဥ္ပိုင္းဆိုင္ရာ က်န္းမာေရးခ်ိဳ႕တဲ့သူတစ္ေယာက္ဟာ ေငြေၾကးအဆင္ေျပမႈကိုပါသက္ေရာက္မႈ႐ွိတယ္ဆိုတာကို သိထားဖို႔လိုတယ္။ တစ္ကိုယ္လုံးက်န္းမာျခင္းလို႔ ေျပာတဲ့အခါမွာ ျမင္ရတဲ့ ကိုယ္ခႏၶာတစ္ခုထဲကို ရည္ၫႊန္းတာလုံး၀မဟုတ္ပဲ လူတစ္ေယာက္ရဲ႕ ဘ၀တစ္ခုလုံး သူ႕နဲ႔ဆိုင္တဲ့အရာအားလုံးကိုဆိုလိုခ်င္တာပါ။ လူတစ္ေယာက္ရဲ႕ ဘ၀မွာ သူနဲ႔ဆိုင္တဲ့ က႑အားလုံး၊ အရာရာမွာ က်န္းမာျခင္းႏွင့္ ေကာင္းစားျခင္းျဖင့္အသက္႐ွင္ဖို႔ဆိုတာ ဘုရားရဲ႕အလိုေတာ္တစ္ခုပါပဲ။ ဘုရားဖန္ဆင္းတုန္းက ၿပီးျပည့္စုံတဲ့ဘ၀ျဖစ္ခဲ့ၿပီး လူတစ္ေယာက္ရဲ႕ က႑တိုင္းဟာ သိပ္ကို ျပည့္စုံခဲ့တယ္။ ဒီလို ဘ၀မ်ိဳးကို ျပန္ရ႐ွိႏိုင္ဖို႔ဆိုတာ ျဖစ္ႏိုင္ပါ့မလားလို႔ ေတြးရင္ေတာ့ သိပ္ကိုျဖစ္ႏိုင္တယ္လို႔ပဲဆိုရမယ္။


ေတြ႕ေသာသူ

လူေတြက ေကာင္းတဲ့အသက္တာကိုေတြ႕ခ်င္ေပမယ့္ ႀကိဳးစား႐ုန္းကန္ေလ မေတြ႕ေလပါပဲ။ ေနာက္ဒီလိုအခ်ိန္ကာလႀကီးထဲမွာ ပိုဆိုးတာေပါ့။ အေျဖကေတာ့႐ွင္းပါတယ္။ ဘုရားေတြ႕ေစခ်င္တဲ့အရာကိုေတြ႕မွပဲ ကိုယ္ေတြ႕ခ်င္တဲ့အရာကိုေတြ႕ႏိုင္မယ္ဆိုတာပါပဲ။ လူေတြကေတြ႕ဖို႔႐ွာေနတဲ့အရာကလြဲေနသေ႐ြ႕ေတာ့ ကိုယ္ေတြ႕ျမင္ခ်င္တဲ့ဘ၀အသက္တာနဲ႔လည္း လြဲေနအုံးမွာပါ။ ဒီေန႔ အသက္႐ွင္တဲ့ဘုရားကို အရင္ေတြ႕ဖို႔ လိုၿပီးေတာ့ အဲ့ဒီဘုရားစကားကို ဘ၀အသက္တာအတြက္ေတြ႕ျမင္တဲ့သူေတြအတြက္ ဘုရားက ဂတိေတာ္႐ွိပါတယ္။ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ေနတဲ့ က႑အားလုံးမွာက်န္းမာျခင္းကိုျမင္ေတြ႕ခံစားရမယ္ဆိုတာပါပဲ။ ကြၽန္ေတာ္အသက္ ၁၆ ႏွစ္မွာ ဝိညာဥ္ကယ္တင္ျခင္းႏွင့္ပတ္သက္တဲ့ တရားစကားကိုေတြ႕ခဲ့ရၿပီးေတာ့အသက္တာမွာ ဘာနဲ႔မွႏိႈင္းလို႔မတဲ့ ကယ္တင္ျခင္းနဲ႔ယွဥ္တဲ့ဝမ္းေျမာက္ျခင္းကို ခံစားရခဲ့တယ္။ ဒါေပမယ့္ ဝိညာဥ္ပိုင္းတစ္ခုပဲ က်န္းမာခဲ့ၿပီးေတာ့ စိတ္ပိုင္းဆိုင္ရာနဲ႔ ေငြေၾကးပိုင္းဆိုင္ရာမွာ က်န္းမာေရး မရေသးဘူး။ ေနာက္ပိုင္း ႏႈတ္ကပတ္ေတာ္ကို ဖတ္ၿပီးေတာ့ ဘုရားနဲ႔ေမြ႕ေလ်ာ္ေလေလ နက္နဲၿပီး အံ့ဩဖြယ္ေကာင္းတဲ့ ဘုရားစကားေတြကို ပိုေတြ႕ျမင္လာေလေလ ျဖစ္ခဲ့ၿပီး ဘ၀အတြက္လိုအပ္တဲ့က်န္းမာျခင္းကိုယူေဆာင္လာခဲ့တဲ့ တရားစကားမ်ားစြာကိုေတြ႕ခဲ့တယ္။ အဲ့ဒီအရာက အရာရာမွာ က်န္းမာျခင္းျဖစ္ေအာင္စြမ္းေဆာင္ေပးခဲ့တယ္ဆိုပါေတာ့။ သင့္အသက္တာမွာလည္း အဲ့ဒီတရားစကားကိုမေတြ႕မခ်င္း က်န္တဲ့အရာေတြကိုေတြ႕မွာမဟုတ္ဘူးဆိုတာ သိေစခ်င္ပါတယ္။

0 views0 comments