Search
  • Than Min Htike

ကိုယ့်က်ိုကိုယ် ဘယ်လို ထင်သလဲ

"ကိုယ်၌ မင်္ဂလာရှိသည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။"(တ ၂၆:၂ (ခ) )


သူများတွေ ဘယ်လ်ိုမြင်သလဲဆိုတာ ထက်

သင့်ကိုသင် ဘယ်လိုမြင်သလဲဆိုတာ ပိုအရေးကြီး

တယ်။ လူတွေရဲ့ အမြင်ကတော့အမျိုးမျိုးရှိမှာပဲ။

အကောင်းမြင်သလို၊ မကောင်းမြင်တာလည်းရှိတာပဲ။

အဓိကတော့ လူတွေ ဘယ်လ်ိုမြင်သလဲဆိုတာက

သင့်ဘဝကို ပြောင်းလဲစေတာ မဟုတ်ပဲ၊ သင့်ကို

သင်မြင်တဲ့ အမြင်ကပဲ ဘဝကိုပြောင်းလဲစေတယ်။

အပြင်ရေကလှေထဲကို မရောက်မချင်း

ရေပေါ်မှာ လှေဟာခရီးဆက်နိုင်သလိုပဲ၊

သူများတွေ အတွေးတွေ သင့်အထဲ မရောက်သရွေ့

သင့်အသက်တာဟာ ဘယ်တော့မှ မမြုပ်ပဲ ခရီး

ဆက်နိုင်မယ်။ ရေတွေသာ လှေထဲကို ဝင်လာရင်တော့

ဘယ်တော့မှ လှေဟာ ရှေ့ခရီးဆက်နိုင်မှာ မဟုတ်တော့ပဲ

မြုပ်သွားမှာ သေချာတယ်။ ပေါလုကတော့ ခက်ခဲတဲ့

အခြေအနေတွေကိုဖြတ်သန်းနေရပေမယ့် သူ့ကိုသူ

ဘယ်တော့မှ ဆိုးရွားတယ်လို့ မမြင်ခဲ့ဘူး။ သူ့ဘဝ

အခြေအနေတွေ နဲ့ပတ်သက်ပြီး သူဟာ စိတ်မပျက်တဲ့

အပြင် သူ့ကိုသူ ကောင်းကြီးခံစားသူအဖြစ်၊ မင်္ဂလာရှိသူအဖြစ်မြင်နေခဲ့တယ်။ အခြေအနေတွေအရသာ ကိုယ့်ဟာကိုမြင်ရင် ဆိုးရွားတယ်လို့ မြင်ရမယ်မဟုတ်ဘူးလား။ ဒါပေမယ့်သူအဲ့ဒီလိုလုံးဝကို မမြင်ခဲ့ဘူး။ သင့်ကို သင်လဲ နှုတ်ကပတ်

တော်နဲ့အညီ မြင်တတ်ဖို့ ဘုရားအလ်ိုတော်ရှိတယ်။


၁။ လူတွေ အကောင်းမြင်ခဲ့ပေမယ့်

အာဒံနဲ့ဧဝ အပြစ်လုပ်ခဲ့ပြီး သားယောက်ျားလေး

မွေးခဲ့တယ်။ ဒီသားကို မြင်တဲ့အခါမှာ မိဘတွေဟာ

အကောင်းဆုံးမြင်ခဲ့ပြီး ထာဝရ ဘုရားရဲ့လူကိုငါရပြီလို့

အဓိပ္ပါယ်ရတဲ့ကာဣနလို့မှည့်ဆိုတယ်။ အကောင်းဆုံး

နာမည်၊ အကောင်းဆုံးမြင်ပေးကြပေမယ့် ကာဣန

အသက်တာကတော့ အကောင်းတွေဖြစ်မလာခဲ့ပါ

ဘူး။ သူ ဘုရားလူနဲ့တူတဲ့အသက်တာ မရှ်ိခဲ့ဘူး။

ယဇ်ပူဇော်တာ တောင်မှ သူယူလာချင်တာ ယူလာ

ခဲ့ပြီး ဘုရားလက်မခံတာကို စိတ်ဆိုးခဲ့တယ်။ သူ့ညီကို

သတ်ပစ်ခဲ့ပြီး ဘုရားမေးတော့ မသ်ိဘူးလို့ လိမ်ညာ

ခဲ့တယ်။ သူများကိုယ့်ကို ဘယ်လ်ိုမြင်တယ်ဆိုတာထက်

က်ိုယ့်ကိုကိုယ်မြင်တဲ့အမြင်သိပ်အရေးကြီးတယ်။


၂ ။ လူတွေအကောင်းမမြင်ပေမယ့်

လူတိုင်း ဦးညွှတ်ရတဲ့ ယောသပ်က်ိုအကိုတွေက အကောင်းမြင်ခဲ့ကြတာမဟုတ်သလို၊ ဘုရင်ကြီးဖြစ်လာမယ့် ဒါဝိဒ်ကိုလည်း မိဘတွေက ဘုရင်ဖြစ်မယ့် စာရင်းထဲမသွင်းခဲ့ဘူး။ ဒါပေမယ့် သူတို့ဟာ လူတွေ ဘယ်လို မြင်မြင် အဲ့ဒီအပေါ်မှာ စိတ်ဓါတ်မကျခဲ့ကြဘူး။ အကောင်းဆုံး ဘုရားနဲ့ အသက်ရှင်တယ်။ သူတို့ကိုသူတို့ ကောင်းကြီးခံစားသူလို့ ခက်ခဲတဲ့ကာလတွေမှာ မြင်ခဲ့တယ်။ ဒါကြောင့် လူတွေ မထင်တဲ့အရာတွေသူတို့ဘဝ အသက်တာမှာ ဖြစ်ပျက်လာခဲ့တယ်မဟုတ်လား။ ဒီနေ့ သင့်ဘဝ ဘာတွေပဲကြုံကြုံ စိတ်ဓါတ်မကျနဲ့၊ လက်မလျော့နဲ့ အကောင်းဆုံးသောအရာတွေဖြစ်ပျက်လာပါအုံးမယ်။ ယုံကြည်ခြင်းနဲ့ ဆက်လှမ်းလိုက်စမ်းပါ။



Zawgyi

ကိုယ့္က္ိဳကိုယ္ ဘယ္လို ထင္သလဲ


"ကိုယ္၌ မဂၤလာ႐ွိသည္ဟု ကိုယ္ကိုထင္မွတ္ပါ၏။"(တ ၂၆:၂ (ခ) )


သူမ်ားေတြ ဘယ္လ္ိဳျမင္သလဲဆိုတာ ထက္

သင့္ကိုသင္ ဘယ္လိုျမင္သလဲဆိုတာ ပိုအေရးႀကီး

တယ္။ လူေတြရဲ႕ အျမင္ကေတာ့အမ်ိဳးမ်ိဳး႐ွိမွာပဲ။

အေကာင္းျမင္သလို၊ မေကာင္းျမင္တာလည္း႐ွိတာပဲ။

အဓိကေတာ့ လူေတြ ဘယ္လ္ိဳျမင္သလဲဆိုတာက

သင့္ဘဝကို ေျပာင္းလဲေစတာ မဟုတ္ပဲ၊ သင့္ကို

သင္ျမင္တဲ့ အျမင္ကပဲ ဘဝကိုေျပာင္းလဲေစတယ္။

အျပင္ေရကေလွထဲကို မေရာက္မခ်င္း

ေရေပၚမွာ ေလွဟာခရီးဆက္ႏိုင္သလိုပဲ၊

သူမ်ားေတြ အေတြးေတြ သင့္အထဲ မေရာက္သေ႐ြ႕

သင့္အသက္တာဟာ ဘယ္ေတာ့မွ မျမဳပ္ပဲ ခရီး

ဆက္ႏိုင္မယ္။ ေရေတြသာ ေလွထဲကို ဝင္လာရင္ေတာ့

ဘယ္ေတာ့မွ ေလွဟာ ေ႐ွ႕ခရီးဆက္ႏိုင္မွာ မဟုတ္ေတာ့ပဲ

ျမဳပ္သြားမွာ ေသခ်ာတယ္။ ေပါလုကေတာ့ ခက္ခဲတဲ့

အေျခအေနေတြကိုျဖတ္သန္းေနရေပမယ့္ သူ႕ကိုသူ

ဘယ္ေတာ့မွ ဆိုး႐ြားတယ္လို႔ မျမင္ခဲ့ဘူး။ သူ႕ဘဝ

အေျခအေနေတြ နဲ႔ပတ္သက္ၿပီး သူဟာ စိတ္မပ်က္တဲ့

အျပင္ သူ႕ကိုသူ ေကာင္းႀကီးခံစားသူအျဖစ္၊ မဂၤလာ႐ွိသူအျဖစ္ျမင္ေနခဲ့တယ္။ အေျခအေနေတြအရသာ ကိုယ့္ဟာကိုျမင္ရင္ ဆိုး႐ြားတယ္လို႔ ျမင္ရမယ္မဟုတ္ဘူးလား။ ဒါေပမယ့္သူအဲ့ဒီလိုလုံးဝကို မျမင္ခဲ့ဘူး။ သင့္ကို သင္လဲ ႏႈတ္ကပတ္

ေတာ္နဲ႔အညီ ျမင္တတ္ဖို႔ ဘုရားအလ္ိဳေတာ္႐ွိတယ္။


၁။ လူေတြ အေကာင္းျမင္ခဲ့ေပမယ့္

အာဒံနဲ႔ဧဝ အျပစ္လုပ္ခဲ့ၿပီး သားေယာက်္ားေလး

ေမြးခဲ့တယ္။ ဒီသားကို ျမင္တဲ့အခါမွာ မိဘေတြဟာ

အေကာင္းဆုံးျမင္ခဲ့ၿပီး ထာဝရ ဘုရားရဲ႕လူကိုငါရၿပီလို႔

အဓိပၸါယ္ရတဲ့ကာဣနလို႔မွည့္ဆိုတယ္။ အေကာင္းဆုံး

နာမည္၊ အေကာင္းဆုံးျမင္ေပးၾကေပမယ့္ ကာဣန

အသက္တာကေတာ့ အေကာင္းေတြျဖစ္မလာခဲ့ပါ

ဘူး။ သူ ဘုရားလူနဲ႔တူတဲ့အသက္တာ မ႐ွ္ိခဲ့ဘူး။

ယဇ္ပူေဇာ္တာ ေတာင္မွ သူယူလာခ်င္တာ ယူလာ

ခဲ့ၿပီး ဘုရားလက္မခံတာကို စိတ္ဆိုးခဲ့တယ္။ သူ႕ညီကို

သတ္ပစ္ခဲ့ၿပီး ဘုရားေမးေတာ့ မသ္ိဘူးလို႔ လိမ္ညာ

ခဲ့တယ္။ သူမ်ားကိုယ့္ကို ဘယ္လ္ိဳျမင္တယ္ဆိုတာထက္

က္ိဳယ့္ကိုကိုယ္ျမင္တဲ့အျမင္သိပ္အေရးႀကီးတယ္။


၂ ။ လူေတြအေကာင္းမျမင္ေပမယ့္

လူတိုင္း ဦးၫႊတ္ရတဲ့ ေယာသပ္က္ိဳအကိုေတြက အေကာင္းျမင္ခဲ့ၾကတာမဟုတ္သလို၊ ဘုရင္ႀကီးျဖစ္လာမယ့္ ဒါဝိဒ္ကိုလည္း မိဘေတြက ဘုရင္ျဖစ္မယ့္ စာရင္းထဲမသြင္းခဲ့ဘူး။ ဒါေပမယ့္ သူတို႔ဟာ လူေတြ ဘယ္လို ျမင္ျမင္ အဲ့ဒီအေပၚမွာ စိတ္ဓါတ္မက်ခဲ့ၾကဘူး။ အေကာင္းဆုံး ဘုရားနဲ႔ အသက္႐ွင္တယ္။ သူတို႔ကိုသူတို႔ ေကာင္းႀကီးခံစားသူလို႔ ခက္ခဲတဲ့ကာလေတြမွာ ျမင္ခဲ့တယ္။ ဒါေၾကာင့္ လူေတြ မထင္တဲ့အရာေတြသူတို႔ဘဝ အသက္တာမွာ ျဖစ္ပ်က္လာခဲ့တယ္မဟုတ္လား။ ဒီေန႔ သင့္ဘဝ ဘာေတြပဲၾကဳံၾကဳံ စိတ္ဓါတ္မက်နဲ႔၊ လက္မေလ်ာ့နဲ႔ အေကာင္းဆုံးေသာအရာေတြျဖစ္ပ်က္လာပါအုံးမယ္။ ယုံၾကည္ျခင္းနဲ႔ ဆက္လွမ္းလိုက္စမ္းပါ။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube