Search
  • Than Min Htike
ကိုယ်၌ ပြုစေလိုသည့်အတိုင်း
"သင်တို့သည် ကိုယ်၌သူတပါးပြုစေလို သမျှအတိုင်း သူတပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့်အနာဂတ္တိ ကျမ်းတို့၏အချုပ်အချာပင်ဖြစ်သ တည်း။ " (မဿဲ ၇:၁၂)
ပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်းတို့ရဲ့ အချုပ် ကိုယေရှုက ဒီလိုဆိုတယ်။ ကိုယ်၌သူတစ်ပါးပြုစေလိုသည့် အတိုင်း သူတစ် ပါး၌ ပြုပါတဲ့။ ဒီသဘောဟာ စိုက်တဲ့ အတိုင်းရိတ်ရမယ်ဆိုတဲ့ တရားသဘော အတိုင်းပါပဲ၊ သင့်ရဲ့ စိတ်နေစိတ်ထား အတွေး အခေါ်အပြုအမူတွေဟာ သင်ပဲပြန် ခံစားရရှိမယ်။ ကိုယ်ချင်းစာ တရားကို ယေရှုက လူတိုင်းဆီမှာရှိစေချင်တယ်။
၁။ ဘုရားကိုယ့်အပေါ်ပြုစေလိုသည့်အတိုင်း
အရင်ဆုံး ဒီလိုဆင်ခြင်ကြည့်ရအောင် သင့်အသက်တာမှာ ဘုရား ဘယ်လိုအမှုတွေပြုစေချင်လဲ။ ဘုရားက သင်နဲ့ ပတ်သက်ပြီး ဘယ်လို စိတ်တွေရှိစေချင်လည်း အဲ့ဒီအတိုင်းပဲ သင့်မှာ ရှိဖို့၊လုပ်ဖို့ဖြစ်လိမ့်မယ်။ လူတွေက ဘုရားသူတို့ကိုဦးစားပေးတာလိုချင်တယ်၊ အမြဲပဲ ဘုရားဆီက အဖြေတွေ ကောင်းကြီတွေ နောက်မကျပဲရချင်တယ်။ ဒါပေမယ့် သူတို့ ကျတော့ဘုရားနဲ့ပတ်သက်ရင် ဘယ်တော့မှ ဦးစားမပေးတတ်သလို အမြဲ ဘုရားနဲ့ပတ်သက်ရင် နောက်ကျတယ်။ ဒါကြောင့်လဲ ကိုယ်ပြန်ရတာလည်းဒီအတိုင်းပဲ ဖြစ်နေရနေကြတယ် မဟုတ်လား။ ဒါကိုပြန်
ပြီး ဘုရားကို အပြစ်တင်တဲ့လူက ရှိသေးတယ်။ မစိုက်ပျိုးပဲမရိတ်ချင်နဲ့။
၂။ သူတစ်ပါး ကိုယ်၌ပြုစေလိုသည့်အတိုင်း
ပတ်ဝန်းကျင်ဆိုတာ မှန်တစ်ချပ်လိုပါပဲ သင်ပြုံးပြရင် အပြုံးတွေ ပြန်မြင်ရလိမ့်မယ်။ ဒီနေ့လူတွေက ကိုယ်ကတော့ စမပြုံးပဲ လူတွေကိုယ်ကို ပြုံးစေချင်ကြတယ်။ သူများဒုက္ခရောက်ရင်တော့ မကူညီချင်ဆုမတောင်းပေးပဲ ဝေဖန်တာတွေ၊ လေကန်တာတွေ လုပ်ကြတယ်။ ကိုယ်ကျတော့ ဝေဖန်တာတော့ မကြိုက်ကြဘူး။ ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းလဲ။ ဒါကြောင့်မကောင်းပြောမယ့်အစား ကိုယ်အလှည့်ကျလူတွေပြု မူဆက်ဆံစေချင်သလို သူများအလှည့်မှာလည်း ကောင်းမွန်စွာ စိုက်ပျိုးပါ အဆပေါင်းများစွာ ပြန်ရိတ်ရမယ်။
Zawgyi
1 view0 comments
© 2020 by Miracle Makers Proudly created with abundantlife
  • Facebook
  • YouTube