- Than Min Htike
ကိုယ်ဘယ်သူလဲဆိုတာ သိပါ
“ယခုမှာ၊ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဖို့ဆုတောင်းလျှင်၊ သင်သည် အသက်ချမ်းသာရလိမ့်မည်။ ပြန်၍မပေးဘဲနေလျှင်၊ သင်မှစ၍၊ သင်နှင့်ဆိုင်သောသူအပေါင်းတို့သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ၏။” ကမ္ဘာဦး ၂၀:၇
လူတိုင်းအားနည်းချက်ကိုယ်စီရှိပါတယ်
ပြည့်စုံတဲ့လူသားဆိုတာ လောကမှာမရှိပါဘူး။ တစ်ခုမဟုတ်တစ်ခုတော့ အားနည်းချက်ဆိုတာရှိပါတယ်။ ဒါကိုအခွင့်ကောင်းယူဖို့တော့မဟုတ်ဘူး။ အားနည်းချက်ရှိတဲ့လူသားဖြစ်ပေမယ့်အခြားသူတွေကိုကိုယ့်ကို ဘယ်လိုမြင်သလဲဆိုတာထက်၊ ဘုရားက ကိုယ့်ကို ဘယ်လိုမြင်သလဲဆိုတာသိပ်ကိုအရေးကြီးတယ်။ အာဗြဟံဇနီးမောင်နှံ အစာခေါင်းပါးမှုကြောင့် ဂေရာမြို့မှာတည်းခိုဖို့လာတဲ့အခါမှာမြို့သားတွေရဲ့ဆိုးသွမ်းမှုကြောင့် အာဗြဟံစိုးရိမ်ခဲ့တယ်။ စိုးရိမ်မှုကိုနေရာပေးတဲ့အခါမှာ ဘုရားနည်းလမ်းမဟုတ်တဲ့အစီအစဉ်တွေကိုချမှတ်ခဲ့ကြတယ်။ အသက်ဘေးနဲ့လွတ်ဖို့အတွက် ဘုရားကို အားကိုးမယ့်အစားလှည့်စားဖို့အတွက် စီစဉ်ခဲ့ကြတယ်။ သူတို့ထင်တဲ့အတိုင်း သူ့ဇနီးသည်ကိုမျက်စိကျပြီးတော့ အာဗြဟံကိုလက်ဆောင်များစွာပေးပြီး ဇနီးသည်ကို သိမ်းယူခဲ့ကြတယ်။ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ မိသားစု အဆောက်အအုံလေး လှည့်စားမှုကို နေရာပေးလိုက်တဲ့ တခဏချင်းထဲမှာ တစစီပျက်စီးသွားခဲ့တယ်။ ဘုရားနည်းလမ်းနဲ့မဖြေရှင်းတဲ့ပြဿနာတွေက ပြေလည်တာထက် ပိုဆိုးသွားတာပိုများပါတယ်။
ဘုရားအမြင်
ညကျတော့ ဘုရားက အဘိမလက်ဆီကိုကြွလာပြီးတော့ သတိပေးတယ်။ နောက်နေ့မှာ စာရာနဲ့လက်ထပ်ဖို့ စိတ်လှုပ်ရှားနေတဲ့ အဘိမလက်အတွက်တော့တကယ့်အိမ်မက်ဆိုးပဲ။ စာရာကို အာဗြဟံဆီပြန်ပေးဖို့ နဲ့ အာဗြဟံက ပရောဖက်ကဖြစ်တဲ့အတွက်သူ့ဆီမှာ ဆုတောင်းခံရင် အိမ်သူအိမ်သားတွေ ကောင်းကြီးခံစားရမယ့်အကြောင်းကို ဘုရားကစကားပြောခဲ့တယ်။ စဉ်းစားကြည့်ရင် လူ့အနေနဲ့ ဘယ်လိုများ ကြည်ညိုနိုင်အုံးမလဲ။ သူ့ကိုလှည့်စားထားတဲ့သူကို ဘုရားက လူလိမ်လို့ မိတ်မဆက်ပဲ ပရောဖက်လို့မိတ်ဆက်ပေးခဲ့တယ်။ အာဗြဟံ အားနည်းချက်ရှိပေမယ့် ဘုရားက တစ်ပြားသားမှ လျော့မပြောခဲ့သလို သူ့ရဲ့ လုပ်နိုင်တဲ့အရာလည်းလုံး၀ကိုမပြောင်းလဲသွားခဲ့ဘူး။ တစ်ခါတစ်လေ ဘုရားနဲ့မှန်တယ်လို့ထင်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းက အထွတ်ထိပ်ကိုရောက်ပြီးကိုယ့်ဟာကို အရာရာကိုလုပ်နိုင်တယ်လို့ထင်ခဲ့ပြီး အမှားလေးတစ်ခုကျူးလွန်မိတဲ့အချိန်မှာတော့ ဘာမှမတတ်နိုင်တဲ့ လူပိုကြီးတစ်ယောက်လိုမြင်ခဲ့ခံစားခဲ့ကြတယ်။ တကယ်တော့မဟုတ်ပါဘူး။ ဘုရားရဲ့ ခန့်အပ်ခြင်းကအဲ့ဒီလိုမဟုတ်ပါဘူး။ သင် အပြစ်ရှိစဉ်မှာပင် ချစ်ခဲ့ရွေးနုတ်ခဲ့တဲ့ဘုရားက မတော် တဆ အားနည်းချက်ကြောင့် အမှားလုပ်ခဲ့ရင်လည်း သူ့အမြင်မှာ သင့်ရဲ့ဖြစ်တည်မှုက ပြောင်းလဲသွားမှာမဟုတ်ဘူး။ လှည့်စားမိတဲ့ အာဗြဟံဆုတောင်းပေးတဲ့အခါမှာ အဘိလက်မိသားစု ကျန်းမာခြင်းခံစားရပြီးတော့ အနာငြိမ်းသွားကြတယ်။ ကြည့်စမ်း အာဗြဟံ ရဲ့ ပြည့်စုံမှုကြောင့် ဖြစ်တာမဟုတ်ဘူး ဘုရားရဲ့ ရွေးချယ်မှုကြောင့်ဆိုတာ ဒီနေရာမှာပိုထင်ရှားတယ်။ ဒါကြောင့် စိတ်ဓါတ်မကျနဲ့ သင် ဘယ်လိုအားနည်းချက်တွေရှိရှိ၊ ဘယ်လိုပဲ လဲပြိုဖူးပါစေ ဘုရားက သင့်ကိုခေါ်ထားတဲ့နေရာကနေ
တစ်ပြားသားမှ မလျော့ဘူး။ သင်လုပ်နိုင်ဖို့ပေးထားတဲ့ အရာတွေလည်း သင်ဆက်လုပ်နိုင်အုံးမယ်ဆိုတာစိတ်ချပါ။ အရေးကြီးတာက အခွင့်ရေးမယူဖို့ပါပဲ။

Zawgyi
ကိုယ္ဘယ္သူလဲဆိုတာ သိပါ
“ယခုမွာ၊ သူ၏မယားကို သူ႕အားျပန္ေပးေလာ့။ သူသည္ ပေရာဖက္ျဖစ္၏။ သင့္အဖို႔ဆုေတာင္းလွ်င္၊ သင္သည္ အသက္ခ်မ္းသာရလိမ့္မည္။ ျပန္၍မေပးဘဲေနလွ်င္၊ သင္မွစ၍၊ သင္ႏွင့္ဆိုင္ေသာသူအေပါင္းတို႔သည္ ဧကန္အမွန္ေသမည္ဟု မိန္႔ေတာ္မူ၏။” ကမ႓ာဦး ၂၀:၇
လူတိုင္းအားနည္းခ်က္ကိုယ္စီ႐ွိပါတယ္
ျပည့္စုံတဲ့လူသားဆိုတာ ေလာကမွာမ႐ွိပါဘူး။ တစ္ခုမဟုတ္တစ္ခုေတာ့ အားနည္းခ်က္ဆိုတာ႐ွိပါတယ္။ ဒါကိုအခြင့္ေကာင္းယူဖို႔ေတာ့မဟုတ္ဘူး။ အားနည္းခ်က္႐ွိတဲ့လူသားျဖစ္ေပမယ့္အျခားသူေတြကိုကိုယ့္ကို ဘယ္လိုျမင္သလဲဆိုတာထက္၊ ဘုရားက ကိုယ့္ကို ဘယ္လိုျမင္သလဲဆိုတာသိပ္ကိုအေရးႀကီးတယ္။ အာျဗဟံဇနီးေမာင္ႏွံ အစာေခါင္းပါးမႈေၾကာင့္ ေဂရာၿမိဳ႕မွာတည္းခိုဖို႔လာတဲ့အခါမွာၿမိဳ႕သားေတြရဲ႕ဆိုးသြမ္းမႈေၾကာင့္ အာျဗဟံစိုးရိမ္ခဲ့တယ္။ စိုးရိမ္မႈကိုေနရာေပးတဲ့အခါမွာ ဘုရားနည္းလမ္းမဟုတ္တဲ့အစီအစဥ္ေတြကိုခ်မွတ္ခဲ့ၾကတယ္။ အသက္ေဘးနဲ႔လြတ္ဖို႔အတြက္ ဘုရားကို အားကိုးမယ့္အစားလွည့္စားဖို႔အတြက္ စီစဥ္ခဲ့ၾကတယ္။ သူတို႔ထင္တဲ့အတိုင္း သူ႕ဇနီးသည္ကိုမ်က္စိက်ၿပီးေတာ့ အာျဗဟံကိုလက္ေဆာင္မ်ားစြာေပးၿပီး ဇနီးသည္ကို သိမ္းယူခဲ့ၾကတယ္။ ႏွစ္ေပါင္းမ်ားစြာတည္ေဆာက္ထားတဲ့ မိသားစု အေဆာက္အအုံေလး လွည့္စားမႈကို ေနရာေပးလိုက္တဲ့ တခဏခ်င္းထဲမွာ တစစီပ်က္စီးသြားခဲ့တယ္။ ဘုရားနည္းလမ္းနဲ႔မေျဖ႐ွင္းတဲ့ျပႆနာေတြက ေျပလည္တာထက္ ပိုဆိုးသြားတာပိုမ်ားပါတယ္။
ဘုရားအျမင္
ညက်ေတာ့ ဘုရားက အဘိမလက္ဆီကိုႂကြလာၿပီးေတာ့ သတိေပးတယ္။ ေနာက္ေန႔မွာ စာရာနဲ႔လက္ထပ္ဖို႔ စိတ္လႈပ္႐ွားေနတဲ့ အဘိမလက္အတြက္ေတာ့တကယ့္အိမ္မက္ဆိုးပဲ။ စာရာကို အာျဗဟံဆီျပန္ေပးဖို႔ နဲ႔ အာျဗဟံက ပေရာဖက္ကျဖစ္တဲ့အတြက္သူ႕ဆီမွာ ဆုေတာင္းခံရင္ အိမ္သူအိမ္သားေတြ ေကာင္းႀကီးခံစားရမယ့္အေၾကာင္းကို ဘုရားကစကားေျပာခဲ့တယ္။ စဥ္းစားၾကည့္ရင္ လူ႕အေနနဲ႔ ဘယ္လိုမ်ား ၾကည္ညိဳႏိုင္အုံးမလဲ။ သူ႕ကိုလွည့္စားထားတဲ့သူကို ဘုရားက လူလိမ္လို႔ မိတ္မဆက္ပဲ ပေရာဖက္လို႔မိတ္ဆက္ေပးခဲ့တယ္။ အာျဗဟံ အားနည္းခ်က္႐ွိေပမယ့္ ဘုရားက တစ္ျပားသားမွ ေလ်ာ့မေျပာခဲ့သလို သူ႕ရဲ႕ လုပ္ႏိုင္တဲ့အရာလည္းလုံး၀ကိုမေျပာင္းလဲသြားခဲ့ဘူး။ တစ္ခါတစ္ေလ ဘုရားနဲ႔မွန္တယ္လို႔ထင္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ရဲ႕ယုံၾကည္ျခင္းက အထြတ္ထိပ္ကိုေရာက္ၿပီးကိုယ့္ဟာကို အရာရာကိုလုပ္ႏိုင္တယ္လို႔ထင္ခဲ့ၿပီး အမွားေလးတစ္ခုက်ဴးလြန္မိတဲ့အခ်ိန္မွာေတာ့ ဘာမွမတတ္ႏိုင္တဲ့ လူပိုႀကီးတစ္ေယာက္လိုျမင္ခဲ့ခံစားခဲ့ၾကတယ္။ တကယ္ေတာ့မဟုတ္ပါဘူး။ ဘုရားရဲ႕ ခန္႔အပ္ျခင္းကအဲ့ဒီလိုမဟုတ္ပါဘူး။ သင္ အျပစ္႐ွိစဥ္မွာပင္ ခ်စ္ခဲ့ေ႐ြးႏုတ္ခဲ့တဲ့ဘုရားက မေတာ္ တဆ အားနည္းခ်က္ေၾကာင့္ အမွားလုပ္ခဲ့ရင္လည္း သူ႕အျမင္မွာ သင့္ရဲ႕ျဖစ္တည္မႈက ေျပာင္းလဲသြားမွာမဟုတ္ဘူး။ လွည့္စားမိတဲ့ အာျဗဟံဆုေတာင္းေပးတဲ့အခါမွာ အဘိလက္မိသားစု က်န္းမာျခင္းခံစားရၿပီးေတာ့ အနာၿငိမ္းသြားၾကတယ္။ ၾကည့္စမ္း အာျဗဟံ ရဲ႕ ျပည့္စုံမႈေၾကာင့္ ျဖစ္တာမဟုတ္ဘူး ဘုရားရဲ႕ ေ႐ြးခ်ယ္မႈေၾကာင့္ဆိုတာ ဒီေနရာမွာပိုထင္႐ွားတယ္။ ဒါေၾကာင့္ စိတ္ဓါတ္မက်နဲ႔ သင္ ဘယ္လိုအားနည္းခ်က္ေတြ႐ွိ႐ွိ၊ ဘယ္လိုပဲ လဲၿပိဳဖူးပါေစ ဘုရားက သင့္ကိုေခၚထားတဲ့ေနရာကေန
တစ္ျပားသားမွ မေလ်ာ့ဘူး။ သင္လုပ္ႏိုင္ဖို႔ေပးထားတဲ့ အရာေတြလည္း သင္ဆက္လုပ္ႏိုင္အုံးမယ္ဆိုတာစိတ္ခ်ပါ။ အေရးႀကီးတာက အခြင့္ေရးမယူဖို႔ပါပဲ။