Search
  • Than Min Htike

ကိုယ်ဘယ်သူလဲဆိုတာ သိပါ(၂)

“ကိုယ်​ကြီး​သော​လူ​အ​မျိုး​အ​နွယ်၊ အာ​န​က​အ​မျိုး​အ​နွယ်​ဖြစ်၍ အ​လွန်​ကြီး​မား​သော​သူ​တို့​ကို​လည်း မြင်​ခဲ့​ကြ​ပြီ။ သူ​တို့​ရှေ့​မှာ ငါ​တို့​သည် ကိုယ်​အ​ထင်​အ​တိုင်း နှံ​ကောင်​ကဲ့​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ သူ​တို့​အ​ထင်​အ​တိုင်း​လည်း ထို​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ မိ​မိ​တို့​စူး​စမ်း​သော​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အားမ​ကောင်း​သောသတင်းကို ကြား​ပြော​ကြ​လေ၏။” တော ၁၃:၃၃


အကောင်းမမြင်ခဲ့သူတွေ

တခြားလူတွေက သင့်ကို အကောင်းမမြင်တာထက် သင့်ကိုယ်သင် အကောင်းမမြင်နိုင်တာက ပိုဆိုးပါတယ်။ အခြားသူတွေရဲ့အမြင်က ကိုယ့်ကိုထိခိုက်ကျဆုံးစေတာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ်မြင်တဲ့အမြင်ကပဲ ကျရှုံးစေတာပါ။ မှားယွင်းတဲ့အမြင်တွေကြောင့်ပဲ ရက်တိုတိုလေး သွားရမယ့်ခရီးကို နှစ်ပေါင်း(၄၀) သွားခဲ့ရတယ်။ နောက် အဲ့ဒီအမြင်ကြောင့်ပဲ ဘုရာထားတဲ့ဂတိတော်မြေဖြစ်တဲ့ နို့နဲ့ပျားရည်စီးတဲ့ပြည်ကို မဝင်ရတော့ဘူး။ ဘယ်လောက်များဆိုးလိုက်သလဲ။ ဘုရားက မြင်စေချင်တာတခြား သူတို့ကြည့်ပြီးမြင်ခဲ့တာကတခြားဖြစ်ခဲ့တယ်။ အဆိုးဆုံးကတော့ ရန်သူတွေကိုအင်မတန်အထင်ကြီးပြီးတော့ သူတို့ရှေ့မှာကိုယ့်ကိုကိုယ် ပုံဖေါ်လိုက်တာ ရစရာမရှိအောင်ပါပဲ။ နှံကောင်တဲ့။ တကယ်ဆိုနှံကောင်လိုဖြစ်ခဲ့မယ်ဆိုရင်တောင်မှ အဲ့ဒီနှံကောင်က မိုင်ပေါင်းများစွာဝေးတဲ့ အဲဂုတ္တုကနေ ဒီအထိ အတားအဆီးပေါင်းများစွာကို ဘုရားအားဖြင့် ဖြတ်ကျော်ပျံသန်းခဲ့ကြတယ်မဟုတ်လား။ မဖြစ်နိုင်တာတွေကို ဘုရားအားဖြင့် လုပ်ခဲ့ပြီးမှအခုလည်းဘာများမလုပ်နိုင်စရာရှိအုံးမှာလဲ။ အရေးကြီးတာကိုယ်ဘာကောင်ဆိုတာအရေးမကြီးပါဘူး၊ ကိုယ်နဲ့အတူရှိတဲ့ဘုရားက ဘယ်လောက်တောင်ကြီးမြတ်တယ်ဆိုတာက ပိုအရေးကြီးတာပါ။ အကောင်းဆုံးအရာတွေကို ဘုရားက ပြင်ဆင်ထားပေမယ့် ကိုယ့်ကိုကိုယ် အကောင်းမမြင်နိုင်တဲ့သူတွေကတော့အဲ့ဒီအရာတွေရရှိခံစားဖို့မဖြစ်နိုင်ဘူးဆိုတာဒီနေရာကနေ သင်ခန်းစာရသင့်တယ်။ ဒါဝိဒ်ကတော့ အင်မတန်ကြီးမားတဲ့ဂေါလျက်ကြီးကိုမြင်တဲ့ချိန်မှာ သူ့ကိုယ်သူ အဲ့ဒီလိုအမြင်မျိုးမရှိခဲ့ဘူး။ သူဆိုတ ကယ့်ကို ကလေးလေးပဲရှိသေးတယ်။ ဒါပေမယ့်သူက သူသတ်ခဲ့တဲ့ တိရိစ္ဆာန်တကောင်ကောင်လိုပဲ ဖြစ်မယ်လို့မြင်ခဲ့တယ်။ ကြီးမားတဲ့ရန်သူတွေကိုမြင်ခဲ့တာချင်းတူတာတောင်၊ အမြင်မတူတဲ့ ရလဒ်အရမ်းကိုကွာသွားတယ်။ ဣသရေလလူမျိုးတွေကတော့ အဲ့ဒီနေ့မှာ တောထဲမှာသံသရာလည်ပြီး သေဖို့ဖြစ်လာပြီးတော့၊ ဒါဝိဒ်က တော့အဲ့ဒီနေ့ကစပြီးတိုင်းပြည်တစ်ခုလုံးရဲ့သူရဲကောင်းဖြစ်လာတော့တာပဲ။


အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး

သူလျှို (၁၀) ယောက်က မကောင်းတဲ့သတင်းစ ကားပြောပေမယ့် ယောရှုနဲ့ကာလက်ကတော့ဘုရားဘက်မှာ စကားပြောခဲ့တယ်။ သူတို့ကိုသူတို့ နှံကောင်လို့မမြင်ခဲ့ဘူး။ ကာလက်ပြောတဲ့စကားကိုသဘောကျတယ် သူတို့မှာ အမှီမရှိဘူးတဲ့။ အပြင်ပန်းကြည့်မယ်ဆိုရင်တော့ ဟုတ်သလိုလိုပဲ အရမ်းကိုကြီးမားပေမယ့် တကယ်တမ်းမှာတော့ အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။ အရမ်းကိုကြီးမားတယ်လို့မြင်ခံရတဲ့ယေရိခေါမြို့ကြီးနဲ့ အာနကလူတွေကို ဘုရားက ခုနှစ်ရက် မြို့ပတ်ပြီး တံပိုးမှုတ်လိုက်တာနဲ့ မြေကြီးပေါ်ဗုန်း‌ဗုန်းလဲကျသွားတာပဲမဟုတ်လား။ ကာလက်ပြောတာမှန်တာပေ့ါ။ အမှီမှမရှိတာ။ ဘုရားကိုအမှီပြုတဲ့လူတွေလောက် ဘယ်ခံနိုင်ရည်ရှိပါ့မလဲ။ ကိုယ်က အားမရှိရင်တောင်၊ ကိုယ်က မခိုင်ခံ့ရင်တောင်အား ကြီးတဲ့ဘုရားကလက်ကိုဆွဲကိုင်ထားပေးမှတော့ ဘယ်အလွယ်တကူပြိုလဲသွားပါ့မလဲ။ ဒါကြောင့် ကိုယ့်ဟာကိုယ် အရမ်းကြီးအထင်သေးတာတွေ၊ လျော့တွက်တာတွေမလုပ်နဲ့။ ဘုရားပါရင် ဘယ်သူမှ၊ ဘယ်တော့မှ အထင်သေးလို့မရဘူး။





Zawgyi

ကိုယ္ဘယ္သူလဲဆိုတာ သိပါ(၂)

“ကိုယ္​ႀကီး​ေသာ​လူ​အ​မ်ိဳး​အ​ႏြယ္၊ အာ​န​က​အ​မ်ိဳး​အ​ႏြယ္​ျဖစ္၍ အ​လြန္​ႀကီး​မား​ေသာ​သူ​တို႔​ကို​လည္း ျမင္​ခဲ့​ၾက​ၿပီ။ သူ​တို႔​ေ႐ွ႕​မွာ ငါ​တို႔​သည္ ကိုယ္​အ​ထင္​အ​တိုင္း ႏွံ​ေကာင္​ကဲ့​သို႔​ျဖစ္​ၾက​သည္​ဟူ၍​လည္း​ေကာင္း၊ သူ​တို႔​အ​ထင္​အ​တိုင္း​လည္း ထို​သို႔​ျဖစ္​ၾက​သည္​ဟူ၍​လည္း​ေကာင္း၊ မိ​မိ​တို႔​စူး​စမ္း​ေသာ​ျပည္​ကို ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​အားမ​ေကာင္း​ေသာသတင္းကို ၾကား​ေျပာ​ၾက​ေလ၏။” ေတာ ၁၃:၃၃


အေကာင္းမျမင္ခဲ့သူေတြ

တျခားလူေတြက သင့္ကို အေကာင္းမျမင္တာထက္ သင့္ကိုယ္သင္ အေကာင္းမျမင္ႏိုင္တာက ပိုဆိုးပါတယ္။ အျခားသူေတြရဲ႕အျမင္က ကိုယ့္ကိုထိခိုက္က်ဆုံးေစတာမဟုတ္ဘူး။ ကိုယ့္ကိုကိုယ္ျမင္တဲ့အျမင္ကပဲ က်႐ႈံးေစတာပါ။ မွားယြင္းတဲ့အျမင္ေတြေၾကာင့္ပဲ ရက္တိုတိုေလး သြားရမယ့္ခရီးကို ႏွစ္ေပါင္း(၄၀) သြားခဲ့ရတယ္။ ေနာက္ အဲ့ဒီအျမင္ေၾကာင့္ပဲ ဘုရာထားတဲ့ဂတိေတာ္ေျမျဖစ္တဲ့ ႏို႔နဲ႔ပ်ားရည္စီးတဲ့ျပည္ကို မဝင္ရေတာ့ဘူး။ ဘယ္ေလာက္မ်ားဆိုးလိုက္သလဲ။ ဘုရားက ျမင္ေစခ်င္တာတျခား သူတို႔ၾကည့္ၿပီးျမင္ခဲ့တာကတျခားျဖစ္ခဲ့တယ္။ အဆိုးဆုံးကေတာ့ ရန္သူေတြကိုအင္မတန္အထင္ႀကီးၿပီးေတာ့ သူတို႔ေ႐ွ႕မွာကိုယ့္ကိုကိုယ္ ပုံေဖၚလိုက္တာ ရစရာမ႐ွိေအာင္ပါပဲ။ ႏွံေကာင္တဲ့။ တကယ္ဆိုႏွံေကာင္လိုျဖစ္ခဲ့မယ္ဆိုရင္ေတာင္မွ အဲ့ဒီႏွံေကာင္က မိုင္ေပါင္းမ်ားစြာေဝးတဲ့ အဲဂုတၱဳကေန ဒီအထိ အတားအဆီးေပါင္းမ်ားစြာကို ဘုရားအားျဖင့္ ျဖတ္ေက်ာ္ပ်ံသန္းခဲ့ၾကတယ္မဟုတ္လား။ မျဖစ္ႏိုင္တာေတြကို ဘုရားအားျဖင့္ လုပ္ခဲ့ၿပီးမွအခုလည္းဘာမ်ားမလုပ္ႏိုင္စရာ႐ွိအုံးမွာလဲ။ အေရးႀကီးတာကိုယ္ဘာေကာင္ဆိုတာအေရးမႀကီးပါဘူး၊ ကိုယ္နဲ႔အတူ႐ွိတဲ့ဘုရားက ဘယ္ေလာက္ေတာင္ႀကီးျမတ္တယ္ဆိုတာက ပိုအေရးႀကီးတာပါ။ အေကာင္းဆုံးအရာေတြကို ဘုရားက ျပင္ဆင္ထားေပမယ့္ ကိုယ့္ကိုကိုယ္ အေကာင္းမျမင္ႏိုင္တဲ့သူေတြကေတာ့အဲ့ဒီအရာေတြရ႐ွိခံစားဖို႔မျဖစ္ႏိုင္ဘူးဆိုတာဒီေနရာကေန သင္ခန္းစာရသင့္တယ္။ ဒါဝိဒ္ကေတာ့ အင္မတန္ႀကီးမားတဲ့ေဂါလ်က္ႀကီးကိုျမင္တဲ့ခ်ိန္မွာ သူ႕ကိုယ္သူ အဲ့ဒီလိုအျမင္မ်ိဳးမ႐ွိခဲ့ဘူး။ သူဆိုတ ကယ့္ကို ကေလးေလးပဲ႐ွိေသးတယ္။ ဒါေပမယ့္သူက သူသတ္ခဲ့တဲ့ တိရိစၧာန္တေကာင္ေကာင္လိုပဲ ျဖစ္မယ္လို႔ျမင္ခဲ့တယ္။ ႀကီးမားတဲ့ရန္သူေတြကိုျမင္ခဲ့တာခ်င္းတူတာေတာင္၊ အျမင္မတူတဲ့ ရလဒ္အရမ္းကိုကြာသြားတယ္။ ဣသေရလလူမ်ိဳးေတြကေတာ့ အဲ့ဒီေန႔မွာ ေတာထဲမွာသံသရာလည္ၿပီး ေသဖို႔ျဖစ္လာၿပီးေတာ့၊ ဒါဝိဒ္က ေတာ့အဲ့ဒီေန႔ကစၿပီးတိုင္းျပည္တစ္ခုလုံးရဲ႕သူရဲေကာင္းျဖစ္လာေတာ့တာပဲ။


အဲ့ေလာက္ႀကီးလည္းမဟုတ္ပါဘူး

သူလွ်ိဳ (၁၀) ေယာက္က မေကာင္းတဲ့သတင္းစ ကားေျပာေပမယ့္ ေယာ႐ႈနဲ႔ကာလက္ကေတာ့ဘုရားဘက္မွာ စကားေျပာခဲ့တယ္။ သူတို႔ကိုသူတို႔ ႏွံေကာင္လို႔မျမင္ခဲ့ဘူး။ ကာလက္ေျပာတဲ့စကားကိုသေဘာက်တယ္ သူတို႔မွာ အမွီမ႐ွိဘူးတဲ့။ အျပင္ပန္းၾကည့္မယ္ဆိုရင္ေတာ့ ဟုတ္သလိုလိုပဲ အရမ္းကိုႀကီးမားေပမယ့္ တကယ္တမ္းမွာေတာ့ အဲ့ေလာက္ႀကီးလည္း မဟုတ္ပါဘူး။ အရမ္းကိုႀကီးမားတယ္လို႔ျမင္ခံရတဲ့ေယရိေခါၿမိဳ႕ႀကီးနဲ႔ အာနကလူေတြကို ဘုရားက ခုႏွစ္ရက္ ၿမိဳ႕ပတ္ၿပီး တံပိုးမႈတ္လိုက္တာနဲ႔ ေျမႀကီးေပၚဗုန္း‌ဗုန္းလဲက်သြားတာပဲမဟုတ္လား။ ကာလက္ေျပာတာမွန္တာေပ့ါ။ အမွီမွမ႐ွိတာ။ ဘုရားကိုအမွီျပဳတဲ့လူေတြေလာက္ ဘယ္ခံႏိုင္ရည္႐ွိပါ့မလဲ။ ကိုယ္က အားမ႐ွိရင္ေတာင္၊ ကိုယ္က မခိုင္ခံ့ရင္ေတာင္အား ႀကီးတဲ့ဘုရားကလက္ကိုဆြဲကိုင္ထားေပးမွေတာ့ ဘယ္အလြယ္တကူၿပိဳလဲသြားပါ့မလဲ။ ဒါေၾကာင့္ ကိုယ့္ဟာကိုယ္ အရမ္းႀကီးအထင္ေသးတာေတြ၊ ေလ်ာ့တြက္တာေတြမလုပ္နဲ႔။ ဘုရားပါရင္ ဘယ္သူမွ၊ ဘယ္ေတာ့မွ အထင္ေသးလို႔မရဘူး။

6 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube