Search
  • Than Min Htike

ကိုယ်ဘယ်သူလဲဆိုတာ သိပါ(၃)

“သူ၏​အ​ပေါင်း​အ​ဖော်​က၊ ထို​မုန့်​ပြား​သည်အ​ခြား​မ​ဟုတ် ဣ​သ​ရေ​လ​အ​မျိုး ယော​ရှ​သား​ဂိ​ဒေါင်၏​ဓား​ဖြစ်၏။ ထို​သူ​လက်၌ ဘု​ရား​သ​ခင်​သည် မိ​ဒျန်​အ​မျိုး၊ မိ​ဒျန်​ဗိုလ်​ခြေ​အ​ပေါင်း​ကို အပ်​တော်​မူ​မည်​ဟု ပြန်​ပြော၏။”

သူကြီး ၇:၁၄


မုန့်ပြား

လူပေါင်း (၃၀၀)ထဲနဲ့ ရန်သူများစွာကို အနိုင်ယူခဲ့တဲ့ ဂိဒေါင်အကြောင်းကို ကြားဖူးတယ်မဟုတ်လား။ အောင် မြင်ခြင်းဆိုတာ လူနည်းတာ လူများတာနဲ့ဆိုင်ဘူး၊ အ ကောင်သေးတာ အကောင်ကြီးတာနဲ့မဆိုင်ဘူး။ ကိုယ်ဘယ်သူလဲဆိုတာကို သေချာသိဖို့ပဲလိုတယ်။ အားနည်း ချက်တွေကြောင့်အားငယ်နေဖို့၊ စိတ်ဓါတ်ကျနေဖို့အချိန်မရှိတော့ဘူး။ ဘုရားသခင်နဲ့အတူ လျှောက်လှမ်းပြီးတော့ကြီးမားတဲ့အရာတွေကို စတင်လုပ်ဆောင်ဖို့အတွက်အ ချိန်ရောက်ပြီ။ ရှိသမျှအင်အားတွေကို လျော့ချပြီးတော့ လူ (၃၀၀)ထဲနဲ့ ရန်သူတွေကို သွားတိုက်ဖို့ စေခိုင်းခြင်းခံရတဲ့အခါမှာ ရုတ်တရတ်တော့ လုံး၀ကိုနားလည်နိုင်မှာမဟုတ်ဘူး။ စစ်တိုက်တာ ရသလောက်အင်အားကိုစု စည်းရမှာမဟုတ်ဘူးလားပေါ့။ အားကြီးတိုင်းအောင်မြင်တာ အောင်ပွဲရတာမဟုတ်ဘူးဆိုတာ ဘုရားကသူ့လူတွေကို သင်ခန်းစာပေးချင်တယ်။ အဓိက ဘုရားပါ ဖို့ပဲ။

ဘုရားပါရင် လူနည်းတာများတာက အဓိကအရာမဟုတ်တော့ဘူး။ ရန်သူတွေကိုမတိုက်ခင် ဂိဒေါင်လည်းဇဝေ ဇဝါ ဖြစ်နေမှားစိုးလို့ဘုရားက သူတို့အနားကို ချဉ်းကပ်သွားခိုင်းတယ်။ အဲ့ဒီအချိန်မှာ လူတစ်ယောက် မက်တဲ့အိမ်မက်ကို အခြားသူတွေကိုပြန်လည်ဝေငှနေတယ်။ မုန့်ပြားလေးတစ်ပြား တပ်ထဲကိုလှိမ့်လာပြီး အားလုံးကို ဖျက်ဆီးပစ်လိုက်တဲ့အကြောင်း။ တကယ်တော့အိမ်မက်က ကြောက်စရာမကောင်းပါဘူး၊ မုန့်ပြားဆိုတာ ဘယ်သူက များကြောက်မှာလဲ။ ရန်သူတွေကိုဘာများလုပ်နိုင်မှာလဲ။ ဒါပေမယ့် အဲ့ဒီမုန့်ပြားလေးက အားလုံးကို ထိခိုက်မှောက်လှန်ဖြိုချ လိုက်တယ်လို့ဆိုတယ်။ ဒီမုန့်ပြားဟာ တခြားသူမဟုတ်ဘူးဂိဒေါင်ပါ။ ရန်သူတွေရှေ့မှာ ဘုရားက အိမ်မက်ပေးတာ ကျောက်တုံးလိုမျိုး၊ ကြောက်စရာကောင်းတဲ့လက်နက်လိုမျိုး မပေးဘူး။ မုန့်ပြားတဲ့ ဝိုင်း ဝန်းကိုက်ဖဲ့စားလိုက်မှဖြစ်။ ဒါပေမယ့် အရေးမကြီးဘူး အဲ့ဒီမုန့်ပြားက အားလုံးကို တိုက်လှန်ပစ်လိုက်မယ်မ ဟုတ်လား။ ရန်သူတွေကိုက်စားဖို့နေနေသာသာ အသက်လွတ်အောင်တောင်မနည်း ပြေးစေမယ့်မုန့်ပြားဖြစ်ခဲ့တယ်။ ဒီအိမ်မက်ကို အခြားသူတစ်ယောက်ကအနက်ပြန်ပေးတာ အဲ့ဒါအခြားသူမဟုတ်ဘူး ဂိဒေါင်ရဲ့ ဓားပဲတဲ့။ တကယ်တော့ ဂိဒေါင်တို့မှာ လာစစ်တိုက်ဖို့ ဓါးတောင်မပါရှာဘူး။ ရန်သူတွေက အကြီးကျယ် မုန့်ပြားအိမ်မက်လေးမက်ပြီးတော့ကြောက်နေတာ။ သင်ဟာ ရန်သူတွေရှေ့မှာ မုန့်ပြားလေးလို ဖြစ်ကောင်းဖြစ်မယ် အရေးမကြီးဘူး အဲ့ဒီမုန့်ပြားလေးကပဲအားလုံးကိုမှောက်လှန်သွားနိုင်မှာ။ လူတွေအရမ်းထင်ကြီးစရာ တစ်စုံတစ်ခု ဖြစ်နေလို့ အောင်မြင်တာလုံး၀မဟုတ်ဘူး။ လူတွေက သင့်ကိုဘယ်လိုပြောပြော ဘာပဲသတ်မှတ်သတ်မှတ်အရေးမကြီးဘူး၊ အဲ့ဒီသတ်မှတ်တဲ့အရာက မထင်မှတ်တဲ့အရာကြီးတွေကို လုပ်ပြနိုင်မယ်ဆိုတာကို ယုံပါ။ တစ်ခါတစ်လေဘုရားကအထင်ကြီးစရာမကောင်းတဲ့အရာတွေနဲ့ ကြီးမားတဲ့အရာတွေကို လုပ်တတ်တယ်ဆိုတာ မမေ့နဲ့။





Zawgyi

ကိုယ္ဘယ္သူလဲဆိုတာ သိပါ(၃)

“သူ၏​အ​ေပါင္း​အ​ေဖာ္​က၊ ထို​မုန္႔​ျပား​သည္အ​ျခား​မ​ဟုတ္ ဣ​သ​ေရ​လ​အ​မ်ိဳး ေယာ​႐ွ​သား​ဂိ​ေဒါင္၏​ဓား​ျဖစ္၏။ ထို​သူ​လက္၌ ဘု​ရား​သ​ခင္​သည္ မိ​ဒ်န္​အ​မ်ိဳး၊ မိ​ဒ်န္​ဗိုလ္​ေျခ​အ​ေပါင္း​ကို အပ္​ေတာ္​မူ​မည္​ဟု ျပန္​ေျပာ၏။”

သူႀကီး ၇:၁၄


မုန္႔ျပား

လူေပါင္း (၃၀၀)ထဲနဲ႔ ရန္သူမ်ားစြာကို အႏိုင္ယူခဲ့တဲ့ ဂိေဒါင္အေၾကာင္းကို ၾကားဖူးတယ္မဟုတ္လား။ ေအာင္ ျမင္ျခင္းဆိုတာ လူနည္းတာ လူမ်ားတာနဲ႔ဆိုင္ဘူး၊ အ ေကာင္ေသးတာ အေကာင္ႀကီးတာနဲ႔မဆိုင္ဘူး။ ကိုယ္ဘယ္သူလဲဆိုတာကို ေသခ်ာသိဖို႔ပဲလိုတယ္။ အားနည္း ခ်က္ေတြေၾကာင့္အားငယ္ေနဖို႔၊ စိတ္ဓါတ္က်ေနဖို႔အခ်ိန္မ႐ွိေတာ့ဘူး။ ဘုရားသခင္နဲ႔အတူ ေလွ်ာက္လွမ္းၿပီးေတာ့ႀကီးမားတဲ့အရာေတြကို စတင္လုပ္ေဆာင္ဖို႔အတြက္အ ခ်ိန္ေရာက္ၿပီ။ ႐ွိသမွ်အင္အားေတြကို ေလ်ာ့ခ်ၿပီးေတာ့ လူ (၃၀၀)ထဲနဲ႔ ရန္သူေတြကို သြားတိုက္ဖို႔ ေစခိုင္းျခင္းခံရတဲ့အခါမွာ ႐ုတ္တရတ္ေတာ့ လုံး၀ကိုနားလည္ႏိုင္မွာမဟုတ္ဘူး။ စစ္တိုက္တာ ရသေလာက္အင္အားကိုစု စည္းရမွာမဟုတ္ဘူးလားေပါ့။ အားႀကီးတိုင္းေအာင္ျမင္တာ ေအာင္ပြဲရတာမဟုတ္ဘူးဆိုတာ ဘုရားကသူ႕လူေတြကို သင္ခန္းစာေပးခ်င္တယ္။ အဓိက ဘုရားပါ ဖို႔ပဲ။

ဘုရားပါရင္ လူနည္းတာမ်ားတာက အဓိကအရာမဟုတ္ေတာ့ဘူး။ ရန္သူေတြကိုမတိုက္ခင္ ဂိေဒါင္လည္းဇေဝ ဇဝါ ျဖစ္ေနမွားစိုးလို႔ဘုရားက သူတို႔အနားကို ခ်ဥ္းကပ္သြားခိုင္းတယ္။ အဲ့ဒီအခ်ိန္မွာ လူတစ္ေယာက္ မက္တဲ့အိမ္မက္ကို အျခားသူေတြကိုျပန္လည္ေဝငွေနတယ္။ မုန္႔ျပားေလးတစ္ျပား တပ္ထဲကိုလွိမ့္လာၿပီး အားလုံးကို ဖ်က္ဆီးပစ္လိုက္တဲ့အေၾကာင္း။ တကယ္ေတာ့အိမ္မက္က ေၾကာက္စရာမေကာင္းပါဘူး၊ မုန္႔ျပားဆိုတာ ဘယ္သူက မ်ားေၾကာက္မွာလဲ။ ရန္သူေတြကိုဘာမ်ားလုပ္ႏိုင္မွာလဲ။ ဒါေပမယ့္ အဲ့ဒီမုန္႔ျပားေလးက အားလုံးကို ထိခိုက္ေမွာက္လွန္ၿဖိဳခ် လိုက္တယ္လို႔ဆိုတယ္။ ဒီမုန္႔ျပားဟာ တျခားသူမဟုတ္ဘူးဂိေဒါင္ပါ။ ရန္သူေတြေ႐ွ႕မွာ ဘုရားက အိမ္မက္ေပးတာ ေက်ာက္တုံးလိုမ်ိဳး၊ ေၾကာက္စရာေကာင္းတဲ့လက္နက္လိုမ်ိဳး မေပးဘူး။ မုန္႔ျပားတဲ့ ဝိုင္း ဝန္းကိုက္ဖဲ့စားလိုက္မွျဖစ္။ ဒါေပမယ့္ အေရးမႀကီးဘူး အဲ့ဒီမုန္႔ျပားက အားလုံးကို တိုက္လွန္ပစ္လိုက္မယ္မ ဟုတ္လား။ ရန္သူေတြကိုက္စားဖို႔ေနေနသာသာ အသက္လြတ္ေအာင္ေတာင္မနည္း ေျပးေစမယ့္မုန္႔ျပားျဖစ္ခဲ့တယ္။ ဒီအိမ္မက္ကို အျခားသူတစ္ေယာက္ကအနက္ျပန္ေပးတာ အဲ့ဒါအျခားသူမဟုတ္ဘူး ဂိေဒါင္ရဲ႕ ဓားပဲတဲ့။ တကယ္ေတာ့ ဂိေဒါင္တို႔မွာ လာစစ္တိုက္ဖို႔ ဓါးေတာင္မပါ႐ွာဘူး။ ရန္သူေတြက အႀကီးက်ယ္ မုန္႔ျပားအိမ္မက္ေလးမက္ၿပီးေတာ့ေၾကာက္ေနတာ။ သင္ဟာ ရန္သူေတြေ႐ွ႕မွာ မုန္႔ျပားေလးလို ျဖစ္ေကာင္းျဖစ္မယ္ အေရးမႀကီးဘူး အဲ့ဒီမုန္႔ျပားေလးကပဲအားလုံးကိုေမွာက္လွန္သြားႏိုင္မွာ။ လူေတြအရမ္းထင္ႀကီးစရာ တစ္စုံတစ္ခု ျဖစ္ေနလို႔ ေအာင္ျမင္တာလုံး၀မဟုတ္ဘူး။ လူေတြက သင့္ကိုဘယ္လိုေျပာေျပာ ဘာပဲသတ္မွတ္သတ္မွတ္အေရးမႀကီးဘူး၊ အဲ့ဒီသတ္မွတ္တဲ့အရာက မထင္မွတ္တဲ့အရာႀကီးေတြကို လုပ္ျပႏိုင္မယ္ဆိုတာကို ယုံပါ။ တစ္ခါတစ္ေလဘုရားကအထင္ႀကီးစရာမေကာင္းတဲ့အရာေတြနဲ႔ ႀကီးမားတဲ့အရာေတြကို လုပ္တတ္တယ္ဆိုတာ မေမ့နဲ႔။

8 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube