Search
  • Than Min Htike

ကိုယ်ဘယ်သူလဲဆိုတာ သိပါ(၄)

လူ​သည် ငုံး​ကို တောင်​ပေါ်​မှာ လိုက်၍​ရှာ​သ​ကဲ့​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ခွေး​လှေး​ကို​ရှာ​ခြင်း​ငှာ ထွက်​တော်​မူ​ပါ​ပြီ​တ​ကား​ဟု လျှောက်​ဆို၏။” ၁ဓမ္မ ၂၆:၂၀


သူ့နေရာနဲ့သူ

အပ်နဲ့ထွင်းရမယ့်အရာကို ပုဆိန်နဲ့ ထွင်းလို့မရဘူးဆိုတာလူတိုင်းသိပါတယ်။ ရင်ဆိုင်ရတဲ့အခက်အခဲတွေကိုဖြေရှင်းတဲ့အခါမှာလည်း တစ်ပုံစံထဲ လှေနံဓားထစ် ဖြေရှင်းလို့မရဘူး။ စိတ်ချမှုအပြည့်နဲ့ ရဲရဲရင်ဆိုင်ပြီး ဖြေရှင်းရတဲ့အရာတွေရှိသလို၊ ကိုယ့်ဘက်ကနေ နှိမ့်ချလိုက်ပြီး အ‌လျှော့ပေးလိုက်ရတဲ့အရာတွေလည်းရှိတယ်။ ဒီလို သူ့နေရာနဲ့သူ မှန်ကန်စွာပညာနဲ့ ဖြေရှင်းနိုင်တဲ့ နေရာမှာတော့ ဒါဝိဒ်က တကယ့်ကို စံပြပဲ။ တကယ်တော့ သူက ဘာကိုမှ မကြောက်တတ်တဲ့ လူမျိုးပါ။ အဖေရဲ့သိုးတွေကိုထိန်းကျောင်းစဉ်မှာလည်း ဝံတွေ၊ ခြေင်္သေ့တွေနဲ့ ဘာလက်နက်မှ မရှိပဲ ရင်ဆိုင်ခဲ့သလို၊ ဂေါလျက်ကိုလည်း

လောက်လွဲ၊ကျောက်ခဲ ငါးလုံးနဲ့သာရင်ဆိုင်ခဲ့တဲ့သူပါ။ တိုင်းပြည်တစ်ခုလုံး ဘယ်သူမှ တိုက်ဖို့မပြောနဲ့ ဂေါလျက်ကို ကြည့်ဖို့တောင် မဝံ့ရဲကြဘူးမဟုတ်လား။ ဒါကို ကျောက်ခဲတစ်လုံးထဲနဲ့အပြီးသတ်ခဲ့တဲ့ ဒါဝိဒ်က ရှောလုနဲ့ ရင်ဆိုင်ရတဲ့ အခါမှာတော့ အကြီးအကျယ် ရှောင်နေခဲ့တယ်။ တကယ်တော့ မရင်ဆိုင်ရဲလို့ မဟုတ်ပါဘူး။ ဘုရားရဲ့နှလုံးသားကိုသိနေလို့ပါ။ ဘုရားဘိသိက်ထားတဲ့လူကို ဘယ်လိုအကြောင်းနဲ့မှ၊ ဘယ်လို အခြေမျိုးမှာမှ သူမထိခိုက်ချင်ဘူး။ ရှောလုနဲ့ရင်ဆိုင်တဲ့အခါမှာ သူ့ကိုယ်သူ ဖေါ်ပြတဲ့အရာကသိပ်ကို ရိုးရှင်းလွန်းတယ်။ "ခွေးလှေးတဲ့" ခွေးတောင်မဟုတ်ဘူး ခွေးမှာကပ်နေတဲ့ သန်းလေးတစ်ကောင်တဲ့။ တကယ်ဆိုရင် ကျားနဲ့ဆင် လယ်ပြင်မှာတွေ့မယ်တို့ ဘာတို့ ကျိန်းဝါးလို့ရပါတယ်။ ဒါပေမယ့်သူအဲ့ဒီလိုမမြင်ခဲ့ဘူး။ ဒါကြောင့်အကြိမ်ပေါင်း များစွာသူ့ကိုသတ်ဖို့ ကြိုးစားတဲ့ရှောလုကို သူ(၂)ကြိမ် ပြန်သတ်ဖို့အခွင့်အရေးပေမယ့် မထိခဲ့ဘူး။ သူ့ရဲ့ ဘုရားခေါ်လာခဲ့တဲ့ နေရာနဲ့သူဟာ ဘုရားရှေ့မှာ၊ ဘိသိက်ခံရတဲ့သူတွေရှေ့မှာ ဘာမှမဟုတ်ဘူးဆိုတာ သိတယ် အဲ့ဒါကိုဝန်ခံတယ်။ တစ်ခါတစ်လေ ဘုရားကျွန်တော်တို့ကိုအသုံးပြုလာတဲ့အခါမှာ နည်းနည်းပါးပါး အောင်မြင်မှုတွေရလာတဲ့အခါမှာ ကိုယ့်ဟာကိုယ် ဟုတ်လှပြီလို့ထင်သွားပြီး ကိုယ့်ထက်ဘုရားအသုံးပြုတဲ့သူတွေ၊ ဘုရားအတွက်ဆပ်ကပ်နေတဲ့သူတွေကိုတောင် အပြစ်ပြောချင်တဲ့အချိန်တွေ ရှိတတ်တယ်မဟုတ်လား။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ဟာကိုယ် အဟုတ်ကြီးထင်သွားတတ်လို့ပါ။ တကယ်တော့ ဘုရားကြောင့်သာမဟုတ်ရင် ကျွန်တော်တို့ရဲ့ ဘ၀မူလအစက ဘာဆိုဘာမှမဟုတ်ပါဘူး။ အောင်မြင်ခြင်း၊ကောင်းစားခြင်းဆိုတာ အားလုံး ဘုရားကြောင့်ပဲ၊ ဒါကြောင့် ဘုရားသခင်ရှေ့မှာ ကိုယ်က

ဘာဆို ဘာမှမဟုတ်တဲ့ ပါမွှားလေးတစ်ခုပဲဆိုတာ မမေ့သင့်ဘူး။ အောင်မြင်မှုတွေ ရလာလေ၊ ဘုရားအသုံးပြုလေ ပိုသတိရသင့်တယ်၊ ပိုသတိထားသင့်တယ်မဟုတ်လား။ ဘာမှမဟုတ်တဲ့ ကျွန်တော်လိုလူကို ဒီလိုမျိုး ကြီးကြီးမားမားအသုံးပြုတာ၊ကောင်းကြီးပေးတာ မာနကြီးစရာအောက်ခြေလွတ်စရာဘာများရှိအုံးမှာလဲ။





Zawgyi

ကိုယ္ဘယ္သူလဲဆိုတာ သိပါ(၄)


လူ​သည္ ငုံး​ကို ေတာင္​ေပၚ​မွာ လိုက္၍​႐ွာ​သ​ကဲ့​သို႔ ဣ​သ​ေရ​လ​႐ွင္​ဘု​ရင္​သည္ ေခြး​ေလွး​ကို​႐ွာ​ျခင္း​ငွာ ထြက္​ေတာ္​မူ​ပါ​ၿပီ​တ​ကား​ဟု ေလွ်ာက္​ဆို၏။” ၁ဓမၼ ၂၆:၂၀


သူ႕ေနရာနဲ႔သူ

အပ္နဲ႔ထြင္းရမယ့္အရာကို ပုဆိန္နဲ႔ ထြင္းလို႔မရဘူးဆိုတာလူတိုင္းသိပါတယ္။ ရင္ဆိုင္ရတဲ့အခက္အခဲေတြကိုေျဖ႐ွင္းတဲ့အခါမွာလည္း တစ္ပုံစံထဲ ေလွနံဓားထစ္ ေျဖ႐ွင္းလို႔မရဘူး။ စိတ္ခ်မႈအျပည့္နဲ႔ ရဲရဲရင္ဆိုင္ၿပီး ေျဖ႐ွင္းရတဲ့အရာေတြ႐ွိသလို၊ ကိုယ့္ဘက္ကေန ႏွိမ့္ခ်လိုက္ၿပီး အ‌ေလွ်ာ့ေပးလိုက္ရတဲ့အရာေတြလည္း႐ွိတယ္။ ဒီလို သူ႕ေနရာနဲ႔သူ မွန္ကန္စြာပညာနဲ႔ ေျဖ႐ွင္းႏိုင္တဲ့ ေနရာမွာေတာ့ ဒါဝိဒ္က တကယ့္ကို စံျပပဲ။ တကယ္ေတာ့ သူက ဘာကိုမွ မေၾကာက္တတ္တဲ့ လူမ်ိဳးပါ။ အေဖရဲ႕သိုးေတြကိုထိန္းေက်ာင္းစဥ္မွာလည္း ဝံေတြ၊ ေျခေသၤ့ေတြနဲ႔ ဘာလက္နက္မွ မ႐ွိပဲ ရင္ဆိုင္ခဲ့သလို၊ ေဂါလ်က္ကိုလည္း

ေလာက္လြဲ၊ေက်ာက္ခဲ ငါးလုံးနဲ႔သာရင္ဆိုင္ခဲ့တဲ့သူပါ။ တိုင္းျပည္တစ္ခုလုံး ဘယ္သူမွ တိုက္ဖို႔မေျပာနဲ႔ ေဂါလ်က္ကို ၾကည့္ဖို႔ေတာင္ မဝံ့ရဲၾကဘူးမဟုတ္လား။ ဒါကို ေက်ာက္ခဲတစ္လုံးထဲနဲ႔အၿပီးသတ္ခဲ့တဲ့ ဒါဝိဒ္က ေ႐ွာလုနဲ႔ ရင္ဆိုင္ရတဲ့ အခါမွာေတာ့ အႀကီးအက်ယ္ ေ႐ွာင္ေနခဲ့တယ္။ တကယ္ေတာ့ မရင္ဆိုင္ရဲလို႔ မဟုတ္ပါဘူး။ ဘုရားရဲ႕ႏွလုံးသားကိုသိေနလို႔ပါ။ ဘုရားဘိသိက္ထားတဲ့လူကို ဘယ္လိုအေၾကာင္းနဲ႔မွ၊ ဘယ္လို အေျခမ်ိဳးမွာမွ သူမထိခိုက္ခ်င္ဘူး။ ေ႐ွာလုနဲ႔ရင္ဆိုင္တဲ့အခါမွာ သူ႕ကိုယ္သူ ေဖၚျပတဲ့အရာကသိပ္ကို ႐ိုး႐ွင္းလြန္းတယ္။ "ေခြးေလွးတဲ့" ေခြးေတာင္မဟုတ္ဘူး ေခြးမွာကပ္ေနတဲ့ သန္းေလးတစ္ေကာင္တဲ့။ တကယ္ဆိုရင္ က်ားနဲ႔ဆင္ လယ္ျပင္မွာေတြ႕မယ္တို႔ ဘာတို႔ က်ိန္းဝါးလို႔ရပါတယ္။ ဒါေပမယ့္သူအဲ့ဒီလိုမျမင္ခဲ့ဘူး။ ဒါေၾကာင့္အႀကိမ္ေပါင္း မ်ားစြာသူ႕ကိုသတ္ဖို႔ ႀကိဳးစားတဲ့ေ႐ွာလုကို သူ(၂)ႀကိမ္ ျပန္သတ္ဖို႔အခြင့္အေရးေပမယ့္ မထိခဲ့ဘူး။ သူ႕ရဲ႕ ဘုရားေခၚလာခဲ့တဲ့ ေနရာနဲ႔သူဟာ ဘုရားေ႐ွ႕မွာ၊ ဘိသိက္ခံရတဲ့သူေတြေ႐ွ႕မွာ ဘာမွမဟုတ္ဘူးဆိုတာ သိတယ္ အဲ့ဒါကိုဝန္ခံတယ္။ တစ္ခါတစ္ေလ ဘုရားကြၽန္ေတာ္တို႔ကိုအသုံးျပဳလာတဲ့အခါမွာ နည္းနည္းပါးပါး ေအာင္ျမင္မႈေတြရလာတဲ့အခါမွာ ကိုယ့္ဟာကိုယ္ ဟုတ္လွၿပီလို႔ထင္သြားၿပီး ကိုယ့္ထက္ဘုရားအသုံးျပဳတဲ့သူေတြ၊ ဘုရားအတြက္ဆပ္ကပ္ေနတဲ့သူေတြကိုေတာင္ အျပစ္ေျပာခ်င္တဲ့အခ်ိန္ေတြ ႐ွိတတ္တယ္မဟုတ္လား။ ဘာျဖစ္လို႔လည္းဆိုေတာ့ ကိုယ့္ဟာကိုယ္ အဟုတ္ႀကီးထင္သြားတတ္လို႔ပါ။ တကယ္ေတာ့ ဘုရားေၾကာင့္သာမဟုတ္ရင္ ကြၽန္ေတာ္တို႔ရဲ႕ ဘ၀မူလအစက ဘာဆိုဘာမွမဟုတ္ပါဘူး။ ေအာင္ျမင္ျခင္း၊ေကာင္းစားျခင္းဆိုတာ အားလုံး ဘုရားေၾကာင့္ပဲ၊ ဒါေၾကာင့္ ဘုရားသခင္ေ႐ွ႕မွာ ကိုယ္က

ဘာဆို ဘာမွမဟုတ္တဲ့ ပါမႊားေလးတစ္ခုပဲဆိုတာ မေမ့သင့္ဘူး။ ေအာင္ျမင္မႈေတြ ရလာေလ၊ ဘုရားအသုံးျပဳေလ ပိုသတိရသင့္တယ္၊ ပိုသတိထားသင့္တယ္မဟုတ္လား။ ဘာမွမဟုတ္တဲ့ ကြၽန္ေတာ္လိုလူကို ဒီလိုမ်ိဳး ႀကီးႀကီးမားမားအသုံးျပဳတာ၊ေကာင္းႀကီးေပးတာ မာနႀကီးစရာေအာက္ေျခလြတ္စရာဘာမ်ား႐ွိအုံးမွာလဲ။

5 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube