- Than Min Htike
ကိုယ်ဘယ်သူလဲဆိုတာ သိပါ(၅)
“အို တီကောင်ယာကုပ်၊ အမျိုးငယ်ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသောသူဖြစ်၏။ သင့်ကို ရွေးနုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက်အသစ် ဖြစ်စေမည်။ သင်သည် တောင်ကြီးတို့ကိုနယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။” ဟေရှာယ ၄၁:၁၄-၁၅
တီကောင်
ကြီးမြတ်တဲ့ဘုရားရဲ့အရှေ့မှာ သူ့ရဲ့တန်ခိုးတော် လုပ်နိုင်စွမ်းနဲ့နိုင်းယှဉ်လိုက်ရင် ကိုယ်က ဘာမှမဟုတ်တဲ့သူတစ်ယောက်ပဲမဟုတ်လား။ ကျွန်တော်တို့ အားကျခဲ့ရတဲ့ ဣသရေလတို့ရဲ့ဘိုးဘေး ယာကုပ်ကိုဘုရားက တီကောင်လို့ ဘွဲ့နာမပေးတယ်။ တကယ်လည်းတီကောင် တကောင်လိုပဲ အဝေးကြီးလည်းမသွားနိုင်ဘူးအမြင့်ကြီးလည်းမပျံနိုင်ဘူး။ မြေကြီးကိုပဲစားပြီး မြေကြီးထဲမှာပဲနေနေရတဲ့ဘ၀။ အများကြီးလည်း မမြင်နိုင်သလိုအများကြီးလည်းလုပ်နိုင်တာမဟုတ်ပါဘူး။ ဘုရားရဲ့ရှေ့တော်မှာ ဘာဆိုဘာမှဟုတ်စရာအကြောင်းတစ်ခုမှမရှိဘူး။ တစ်ခါတစ်လေ ငွေကြေးအဆင်ပြေလာတဲ့အခါ၊ လောကကြီးမှာ ဘုရားအနည်းငယ် ကောင်းကြီး ပေးလာတဲ့အခါမှာ ကျွန်တော်တို့ကကိုယ့်ဟာကိုယ် တစ်စုံတစ်ယောက်ဖြစ်တယ်။ ငါလုပ်ရင်ဖြစ်ပါတယ်ဆိုပြီးသွေးနားထင်ရောက်တတ်တယ်။ တကယ်တော့ ကျွန်တော်တို့လုပ်နိုင်တဲ့ အရာဆိုတာ ဘုရားရှေ့မှာ တကယ့်အသေးအဖွဲလေး။အဲ့ဒါကိုဘာတွေများမာနကြီးနေသလည်းဆိုတာ တစ်ခါတစ်လေ မေးခွန်းထုတ်စရာပဲ။ ကိုယ့်ဘ၀ရဲ့အစစ်အမှန်ကို မမြင်တတ်ရင်တော့ ဘုရားက ဘယ်တော့မှ ချီးမြှောက်လို့မရဘူး။ ဘုရားရှေ့မှာ ဘာဆိုဘာမှမဟုတ်ဘူးဆိုတာသိမှ ပိုပြီးအသက်တာမှာ နှိမ့်ချခြင်းတွေ နေရာယူလာမယ်။
ယန္တရားစက်အသစ်
အဲ့ဒီလို မြေမှုန့်လေးကိုစားပြီး မြေတွင်းထဲမှာနေတဲ့ တီကောင်လို လူကို ဘုရားကမစထောက်ပံ့ပြီးကောင်းကြီးပေးတဲ့အခါမှာ ဘယ်သူမှ၊ ဘယ်လိုမှကြံစည်လို့မမှီနိုင်တဲ့ ယန္တရားစက်အသစ် ဖြစ်လာစေတာပါ။ မြေမှုန့်စားတဲ့ဘ၀ကနေ တောင်တွေကို ဖွဲကဲ့သို့ လွင့်စေတဲ့ အစွမ်း သတ္တိတွေကို ဘုရားက အထဲမှာထည့်ပေးတယ်။ ဘုရားရဲ့ရှေ့တော်မှာနှိမ့်ချတဲ့သူကို ဘုရားကအမြဲတမ်း အမြင့်ဆုံးကိုချီးမြှောက်တယ်။ သင်လုပ်နိုင်တာထက်၊ လုပ်ချင်တာထက် ဘုရားက အမြဲတမ်း ပိုလုပ်နိုင်ရတဲ့အခွင့်ပေးတယ်။ ဒီနေ့လူတွေအံ့ဩအောင်လုပ်နိုင်တာတွေ၊ တတ် စွမ်းနိုင်တာတွေဟာ ဘုရားရဲ့ကျေးဇူးတော်သက်သက်ပဲဆိုတာ ဘယ်တော့မှ မမေ့နဲ့။ ယာကုပ်လို လူလိမ်တစ်ယောက်ကို မင်းသားတစ်ယောက်လိုဖြစ်စေတာကဘုရားပဲမဟုတ်လား။ ရှာလေဝေးလေ ရုန်းလေနစ်လေ ဘ၀ ကနေ တကယ့်ကိုလူတိုင်းအားကျတဲ့ဘ၀ကို ဘုရားကပို့ဆောင်ပေးခဲ့တယ်။ အဲ့ဒါကတကယ့်ကျေးဇူးတော်ပဲမဟုတ်လား။ ဒါကြောင့်နေ့စဉ် ကျင်လည်နေရတဲ့ဘ၀ထဲမှာ ဘုရားရဲ့လုပ်ဆောင်ပေးခြင်း၊ မစခြင်းမပါရင် ဘယ်လိုမှမရပ်တည်နိုင်ပါဘူး။ အရာရာအားလုံးက သူ့အထဲက ဖြစ်လာပြီးတော့ သူ့ကြောင့်သာအောင်မြင်ကောင်းစားနေရခြင်းပါ။ ဒီအရာကိုသင်ယူတတ်မယ်၊ သဘောပေါက်တတ်မယ်ဆိုရင် လောကမှာ ကြီးမားတဲ့အရာတွေကိုမလုပ်နိုင်စရာဘာအကြောင်းမှမရှိဘူး။

Zawgyi