- Than Min Htike
ကိုယ်ဘယ်သူလဲဆိုတာ သိပါ(၆)
“ဒါဝိဒ်ကလည်း မစိုးရိမ်နှင့်။ သင်၏အဘ ယောနသန်အတွက် ငါသည်သင်၌ ဆက်ဆက်ကျေးဇူးပြုမည်။ သင့်အဖို့ ရှောလုပိုင်သမျှသောမြေကို ငါပြန်ပေးမည်။ သင်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ၌ စားရမည်ဟုဆိုသော်၊ မေဖိဗောရှက်က၊ ကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးသေကောင်ကို ကိုယ်တော်ကြည့်ရှုရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူဖြစ်ပါသနည်းဟု ဦးချ၍ပြန်လျှောက်၏။” (၂ဓမ္မ-၉:၇-၈)
အမြင့်ဆုံးမှအနိမ့်ဆုံးသို့
လောကဒဏ်တရားဆိုတာ အနိမ့်အမြင့် အပြောင်းအလဲက သိပ်ကိုမြန်တယ်။ နေ့မြင်ညပျောက် ဆိုသလိုပါပဲ။ တစ်ခါတစ်လေ ထင်မှတ်မထားတဲ့အရာတွေကမဖိတ်ခေါ်ပဲ ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာတတ်တယ်။ ဣသရေလတို့ရဲ့ပထမဆုံးဘုရင်ရှောလုရဲ့ မြေးတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီးတော့ လမ်းဘေးမှာ အိမ်ခြေရာမဲ့တစ်ယောက်လို ကျင်လည်ရမယ်လို့တွေးထားဖူးမှာတုန်း။ ဒါပေမယ့်ထင်မှတ်မထားတဲ့အချိန်မှာ အလှည့်အပြောင်းတွေရောက်လာပြီးတော့ နေ့ချင်းည ချင်းအမြင့်ဆုံး ဘုရင့်မျိုးနွယ်စုစာရင်းကနေ ၀ရမ်းပြေးဘ၀ကိုရောက်သွားခဲ့တယ်။ အဲ့ဒီထက်ဆိုးတာက ပြေးဖို့ခြေထောက်ကလည်း မသန်စွမ်းတဲ့သူ ဖြစ်နေတာပါ။ ဘယ်နေ့များ သတ်ဖို့ ဒါဝိဒ်ရဲ့လူတွေငါ့ဆီရောက်လာမလည်းဆိုပြီးတော့ စိုးရိမ်စိတ်နဲ့ ပုန်းကွယ်နေခဲ့ရတယ်။ ဒီနေ့လည်း စိုးရိမ်စိတ်တွေနဲ့ ကြောက်ရွံ့မှုတွေနဲ့ ပုန်းကွယ်နေရတဲ့ သူ့လိုလူတွေ ရှိတယ်မဟုတ်လား။ မနက်ဖြန်ဆိုတာကြီးကို စိတ်ကူးတောင်မယဉ်ရဲလောက်အောင် အမှောင်တွေကပိန်းပိန်းကိုမဲလို့။
မျှော်လင့်မထားတဲ့အခွင့်အရေး
ဘယ်လောက်ပဲ ပုန်းရှောင်ပုန်းရှောင် တနေ့ ဒါဝိဒ်စေလွှတ်တဲ့သူတွေသူ့ဆီကိုရောက်လာတဲ့နေ့ဟာရောက် လာခဲ့တယ်။ ဒါဝိဒ်အရှေ့ကို ရောက်သွားခဲ့တဲ့အခါမှာ မေဖိဗောရှက်ကတော့ သူ့ဘ၀ရဲ့နောက်ဆုံးနေ့ရက်တွေလို့ပဲ မှတ်ထင်ခဲ့တယ်။ ဒါပေမယ့် သူထင်မှတ်မထားတဲ့ သ တင်းစကားကြားရတယ်။ အဲ့ဒါကတော့ အဖိုးရှောလုရဲ့ပိုင်ဆိုင်မှုတွေ ပြန်လည်ရရှိခွင့်နဲ့ နေ့စဉ် ဘုရင်ဒါဝိဒ်နဲ့အတူစားသောက်ရမယ်တဲ့။ သူ့လို ခြေမသန်တဲ့လူတစ်ယောက်ကို ဒါဝိဒ်လိုရှင်ဘုရင်ကြီးက အနားမှာထားပြီးတော့ နေ့စဉ်ထမင်းအတူသုံးဆောင်မယ်ဆိုတာဘယ် လောက်တောင် အံ့ဩစရာကောင်းတဲ့အခွင့်အရေးလဲ။ သေချာတာကတော့ သူကောင်းလို့၊ တော်လို့၊ တစ်စုံတစ် ခုလုပ်ခဲ့လို့မဟုတ်တာပါ။ သူ့အခြေအနေသူသိတယ် ခွေးသေကောင်လိုပဲ ဘာမှမလုပ်နိုင်ခဲ့သလို၊ ဘာမှလည်းမထိုက်တန်တဲ့သူပါ။ ဒါပေမယ့် ဒါဝိဒ်က ကြီးမားတဲ့အခွင့် အရေးကို ပေးပြီးတော့ ချီးမြှောက်ခဲ့တယ်။ အကြောင်းအရင်းကတော့သူ့အဖေ ယောနသန်နဲ့ဒါဝိဒ်ရဲ့ နှစ်ဦးကြားထားတဲ့ ချစ်ခြင်းကြောင့်ပါပဲ။ ဒီလိုပါပဲ ကျွန်တော်တို့ဘ၀တွေလည်း လက်ရှိအခြေအနေ၊ လက်ရှိဘ၀ကနေ လွတ်ဖို့မပြောနဲ့ မသေရင်တောင် တော်ပြီလို့ သတ်မှတ်ရမှာပါ။ ဒါပေမယ့် ဘုရားက ယေရှုခရစ်တော် ကားတိုင်ပေါ်မှာပြုတဲ့ အသွေးသွန်းခြင်း၊ ကိုယ်စားအသေခံခြင်းနဲ့ ထမြောက်ခြင်းအားဖြင့် အပြစ်ကနေလွှတ်ရုံသာမကပဲ
နေ့စဉ်သူနဲ့အတူ စားသောက်ခွင့်၊ အတူစကားပြောခွင့် ပေးခဲ့တယ်။ ဆုံးရှုံးသွားတဲ့အရာတွေပဲမဟုတ်ဘူး မမျှော်လင့်ထားတဲ့အရာတွေကိုပါ ယေရှုခရစ်တော်အားဖြင့်ပြန်ပေးခဲ့တယ်။ ခွေးသေကောင်လို မထိုက်တန်တဲ့လူဖြစ်ပေမယ့် ယေရှုခရစ်တော်ရဲ့တဖက်သတ်လုပ်ဆောင်ပေးမှုတွေကြောင့် ထိုက်တန်သလို ဖြစ်စေခဲ့တယ်မဟုတ်လား။ အခုရတဲ့ အောင်မြင်ခြင်း၊ ကောင်း စားခြင်း အားလုံးက သေချာတာကတော့ ကိုယ့်ကြောင့်၊ ကိုယ်ကောင်းလို့မဟုတ်တာပါပဲ။ ဒါကြောင့် နေ့စဉ်ချီး မွမ်းခြင်းနဲ့ ကျေးဇူးတင်ခြင်းမှတစ်ပါး အခြားအရာမရှိတော့ပါဘူး။ မေဖိဗောရှက်ဘယ်လောက်ပုန်းပုန်း ဒါဝိဒ် လက်ကနေမလွတ်သလိုပါပဲ၊ သင်ဘယ်လောက်ပုန်းပုန်း ဘုရားလက်ကနေမလွတ်ပါဘူး။ ဘယ်ချောင်ကြားမှာ နေနေ ဘုရားက သူ့ရဲ့မျက်မှာသာနဲ့သင့်ကို ရှာပြီးတော့ချီး မြှောက်တဲ့ နေ့ရောက်လာအုံးမှာပါ။

Zawgyi
ကိုယ္ဘယ္သူလဲဆိုတာ သိပါ(၆)
“ဒါဝိဒ္ကလည္း မစိုးရိမ္ႏွင့္။ သင္၏အဘ ေယာနသန္အတြက္ ငါသည္သင္၌ ဆက္ဆက္ေက်းဇူးျပဳမည္။ သင့္အဖို႔ ေ႐ွာလုပိုင္သမွ်ေသာေျမကို ငါျပန္ေပးမည္။ သင္သည္ ေန႔တိုင္းအစဥ္ ငါ့စားပြဲ၌ စားရမည္ဟုဆိုေသာ္၊ ေမဖိေဗာ႐ွက္က၊ ကြၽန္ေတာ္ကဲ့သို႔ျဖစ္ရေသာ ေခြးေသေကာင္ကို ကိုယ္ေတာ္ၾကည့္႐ႈရမည္အေၾကာင္း၊ ကိုယ္ေတာ္ကြၽန္သည္ အဘယ္သို႔ေသာသူျဖစ္ပါသနည္းဟု ဦးခ်၍ျပန္ေလွ်ာက္၏။” (၂ဓမၼ-၉:၇-၈)
အျမင့္ဆုံးမွအနိမ့္ဆုံးသို႔
ေလာကဒဏ္တရားဆိုတာ အနိမ့္အျမင့္ အေျပာင္းအလဲက သိပ္ကိုျမန္တယ္။ ေန႔ျမင္ညေပ်ာက္ ဆိုသလိုပါပဲ။ တစ္ခါတစ္ေလ ထင္မွတ္မထားတဲ့အရာေတြကမဖိတ္ေခၚပဲ ဆိုင္းမဆင့္ဗုံမဆင့္ေရာက္လာတတ္တယ္။ ဣသေရလတို႔ရဲ႕ပထမဆုံးဘုရင္ေ႐ွာလုရဲ႕ ေျမးတစ္ေယာက္အေနနဲ႔ ဘယ္လိုလုပ္ၿပီးေတာ့ လမ္းေဘးမွာ အိမ္ေျခရာမဲ့တစ္ေယာက္လို က်င္လည္ရမယ္လို႔ေတြးထားဖူးမွာတုန္း။ ဒါေပမယ့္ထင္မွတ္မထားတဲ့အခ်ိန္မွာ အလွည့္အေျပာင္းေတြေရာက္လာၿပီးေတာ့ ေန႔ခ်င္းည ခ်င္းအျမင့္ဆုံး ဘုရင့္မ်ိဳးႏြယ္စုစာရင္းကေန ၀ရမ္းေျပးဘ၀ကိုေရာက္သြားခဲ့တယ္။ အဲ့ဒီထက္ဆိုးတာက ေျပးဖို႔ေျခေထာက္ကလည္း မသန္စြမ္းတဲ့သူ ျဖစ္ေနတာပါ။ ဘယ္ေန႔မ်ား သတ္ဖို႔ ဒါဝိဒ္ရဲ႕လူေတြငါ့ဆီေရာက္လာမလည္းဆိုၿပီးေတာ့ စိုးရိမ္စိတ္နဲ႔ ပုန္းကြယ္ေနခဲ့ရတယ္။ ဒီေန႔လည္း စိုးရိမ္စိတ္ေတြနဲ႔ ေၾကာက္႐ြံ႕မႈေတြနဲ႔ ပုန္းကြယ္ေနရတဲ့ သူ႕လိုလူေတြ ႐ွိတယ္မဟုတ္လား။ မနက္ျဖန္ဆိုတာႀကီးကို စိတ္ကူးေတာင္မယဥ္ရဲေလာက္ေအာင္ အေမွာင္ေတြကပိန္းပိန္းကိုမဲလို႔။
ေမွ်ာ္လင့္မထားတဲ့အခြင့္အေရး
ဘယ္ေလာက္ပဲ ပုန္းေ႐ွာင္ပုန္းေ႐ွာင္ တေန႔ ဒါဝိဒ္ေစလႊတ္တဲ့သူေတြသူ႕ဆီကိုေရာက္လာတဲ့ေန႔ဟာေရာက္ လာခဲ့တယ္။ ဒါဝိဒ္အေ႐ွ႕ကို ေရာက္သြားခဲ့တဲ့အခါမွာ ေမဖိေဗာ႐ွက္ကေတာ့ သူ႕ဘ၀ရဲ႕ေနာက္ဆုံးေန႔ရက္ေတြလို႔ပဲ မွတ္ထင္ခဲ့တယ္။ ဒါေပမယ့္ သူထင္မွတ္မထားတဲ့ သ တင္းစကားၾကားရတယ္။ အဲ့ဒါကေတာ့ အဖိုးေ႐ွာလုရဲ႕ပိုင္ဆိုင္မႈေတြ ျပန္လည္ရ႐ွိခြင့္နဲ႔ ေန႔စဥ္ ဘုရင္ဒါဝိဒ္နဲ႔အတူစားေသာက္ရမယ္တဲ့။ သူ႕လို ေျခမသန္တဲ့လူတစ္ေယာက္ကို ဒါဝိဒ္လို႐ွင္ဘုရင္ႀကီးက အနားမွာထားၿပီးေတာ့ ေန႔စဥ္ထမင္းအတူသုံးေဆာင္မယ္ဆိုတာဘယ္ ေလာက္ေတာင္ အံ့ဩစရာေကာင္းတဲ့အခြင့္အေရးလဲ။ ေသခ်ာတာကေတာ့ သူေကာင္းလို႔၊ ေတာ္လို႔၊ တစ္စုံတစ္ ခုလုပ္ခဲ့လို႔မဟုတ္တာပါ။ သူ႕အေျခအေနသူသိတယ္ ေခြးေသေကာင္လိုပဲ ဘာမွမလုပ္ႏိုင္ခဲ့သလို၊ ဘာမွလည္းမထိုက္တန္တဲ့သူပါ။ ဒါေပမယ့္ ဒါဝိဒ္က ႀကီးမားတဲ့အခြင့္ အေရးကို ေပးၿပီးေတာ့ ခ်ီးေျမႇာက္ခဲ့တယ္။ အေၾကာင္းအရင္းကေတာ့သူ႕အေဖ ေယာနသန္နဲ႔ဒါဝိဒ္ရဲ႕ ႏွစ္ဦးၾကားထားတဲ့ ခ်စ္ျခင္းေၾကာင့္ပါပဲ။ ဒီလိုပါပဲ ကြၽန္ေတာ္တို႔ဘ၀ေတြလည္း လက္႐ွိအေျခအေန၊ လက္႐ွိဘ၀ကေန လြတ္ဖို႔မေျပာနဲ႔ မေသရင္ေတာင္ ေတာ္ၿပီလို႔ သတ္မွတ္ရမွာပါ။ ဒါေပမယ့္ ဘုရားက ေယ႐ႈခရစ္ေတာ္ ကားတိုင္ေပၚမွာျပဳတဲ့ အေသြးသြန္းျခင္း၊ ကိုယ္စားအေသခံျခင္းနဲ႔ ထေျမာက္ျခင္းအားျဖင့္ အျပစ္ကေနလႊတ္႐ုံသာမကပဲ
ေန႔စဥ္သူနဲ႔အတူ စားေသာက္ခြင့္၊ အတူစကားေျပာခြင့္ ေပးခဲ့တယ္။ ဆုံး႐ႈံးသြားတဲ့အရာေတြပဲမဟုတ္ဘူး မေမွ်ာ္လင့္ထားတဲ့အရာေတြကိုပါ ေယ႐ႈခရစ္ေတာ္အားျဖင့္ျပန္ေပးခဲ့တယ္။ ေခြးေသေကာင္လို မထိုက္တန္တဲ့လူျဖစ္ေပမယ့္ ေယ႐ႈခရစ္ေတာ္ရဲ႕တဖက္သတ္လုပ္ေဆာင္ေပးမႈေတြေၾကာင့္ ထိုက္တန္သလို ျဖစ္ေစခဲ့တယ္မဟုတ္လား။ အခုရတဲ့ ေအာင္ျမင္ျခင္း၊ ေကာင္း စားျခင္း အားလုံးက ေသခ်ာတာကေတာ့ ကိုယ့္ေၾကာင့္၊ ကိုယ္ေကာင္းလို႔မဟုတ္တာပါပဲ။ ဒါေၾကာင့္ ေန႔စဥ္ခ်ီး မြမ္းျခင္းနဲ႔ ေက်းဇူးတင္ျခင္းမွတစ္ပါး အျခားအရာမ႐ွိေတာ့ပါဘူး။ ေမဖိေဗာ႐ွက္ဘယ္ေလာက္ပုန္းပုန္း ဒါဝိဒ္ လက္ကေနမလြတ္သလိုပါပဲ၊ သင္ဘယ္ေလာက္ပုန္းပုန္း ဘုရားလက္ကေနမလြတ္ပါဘူး။ ဘယ္ေခ်ာင္ၾကားမွာ ေနေန ဘုရားက သူ႕ရဲ႕မ်က္မွာသာနဲ႔သင့္ကို ႐ွာၿပီးေတာ့ခ်ီး ေျမႇာက္တဲ့ ေန႔ေရာက္လာအုံးမွာပါ။