Search
  • Than Min Htike

ကျရှုံးဖူးရင်တောင် ဘဝဆုံးမသွားသေးပါ


“သင်၏​ယုံ​ကြည်​သော​စိတ် မ​ပျက်​စေ​ခြင်း​ငှာ ငါ​သည် သင့်​အ​ဖို့​ဆု​တောင်း​လေ​ပြီ။ သင်​သည် သ​တိ​ရ​ပြန်​သော​အ​ခါ သင်၏​ညီ​အစ်​ကို​တို့​ကို တည်​ကြည်​စေ​လော့​ဟု မိန့်​တော်​မူ​လျှင်၊-”(လု ၂၂:၃၁-၃၄)



လူတိုင်းဘဝမှာ တစ်ကြိမ်တစ်ခါတော့ ကျရှုံးခြင်းနဲ့တော့ကြုံဖူးမှာပါ။ ရှုံးနိမ့်ခြင်းနဲ့ကြုံရတဲ့အချိန်မှာခံစားရတဲ့ခါးသီးမှုကတော့ ဘဝမှာ ဘာနဲ့မှ ဖေါ်ပြဖို့မလွယ်ဘူး။ ဒါပေမယ့် သိထားဖို့ကတော့ ဒါဟာ အဆုံးတော့မဟုတ်ပါဘူး။ လူတိုင်းကြုံရတာပါအထူး သဖြင့်အနာဂတ်မှာအောင်မြင်မှုနဲ့ကြုံရမယ့်သူတွေရင်ဆိုင်

ရမယ့် စာမေးပွဲတစ်ခုပါပဲ။ အဲ့ဒီအမှားကြောင့်အရှုံးမပေးပဲ နောက်ပြန်မလှည့်ပဲ သင်ခန်းစာယူပြီးအနာဂတ်

ကိုအကောင်းဆုံး အသက်ရှင်ဖို့ပါပဲ။ အသင်းတော်ရဲ့

ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ခဲ့သူတမန်တော်ကြီးပေတရုကိုယ်တိုင် အမည်းစက်ကြီးတစ်ခုသူ့ဘဝမှာစွန်းထင်းခဲ့ဖူးတယ်။ သူကိုယ်တိုင် ရှိသမျှကိုစွန့်ပြီးလိုက်ခဲ့တဲ့ယေရှုကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်ခဲ့ခြင်းပါပဲ။ ဘယ်လောက်များ ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်လဲ။ ဒါတောင်ယေရှုက နာရီပိုင်းအလိုမှာကြိုသတိပေးထားသေးတယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ဘူး စာတန်ရဲ့စုံစမ်းခြင်းကို။ တစ်ခါမှ မရှုံးဖူးတဲ့သူကိုပဲ ဘုရားကသုံးတာမဟုတ်ဘူး။ လဲကျဖူးပေမယ့် ချော်လဲရောထိုင်ဆက်မလုပ်နေပဲ လဲရင်ပြန်ထပြီးရှေ့ကို ဆက်ချီတက်တဲ့ သူကိုဘုရားချန်မထားဘူးဆိုတာ သိသာစေတယ်။

စိတ်မပျက်နဲ့ နှုတ်ကပတ်တော်ကိုသတိရ

သင်စုံစမ်းခြင်းတွေရင်ဆိုင်တဲ့အခါမှာ စိတ်မပျက်နဲ့ ယေရှုကကြုံရမယ်ဆိုတာ ကြိုပြောထားပြီးသားဆိုတာ မမေ့နဲ့။ ဒီနေ့ ပေတရုအသက်တာမှာ ကြုံရတဲ့အရာဟာသတိမပေးပဲ ကြုံတာမဟုတ်ဘူး။ ဘုရားသတိပေးထားပြီးသားကိုကြုံသလိုပဲ ဒီနေ့ကျွန်တော်တို့ကြုံသမျှသည်လည်း နှုတ်ကပတ်တော်မှာသတိ ပေးထားပီးသားတွေချည်းဖြစ်ပျက်ခြင်းပါ။ နှုတ်ကပတ်တော်ကပြောပါတယ် စုံစမ်းခြင်းပဲရှိတာမဟုတ်ပဲ ထွက်မြောက်ရာလမ်းပါရှိပြီးသားပါ။ ဒါကိုနှုတ်ကပတ်တော်ကကြိုတင်ဖွင့်ပြထားပြီးသားမဟုတ်လား။

စိတ်မပျက်နဲ့ဆုတောင်းပေးနေတယ်

ပေတရု ယုံကြည်သောစိတ် မပျက်ဖို့အတွက်ယေရှုက ဆုတောင်းပေးနေတယ်။ ဒါကြောင့် စုံစမ်းခြင်းကြုံပြီး ပေတရုကျရှုံးခဲ့ပေမယ့် ပေတရုဘဝ အဆိုးဘက်မရောက်ပဲပြန်လှည့်နိုင်ခဲ့ခြင်းသာဖြစ်တယ်။ ဒီနေ့လည်း ယေရှုဟာသူ့သားသမီးတွေအတွက် လူ့ဇာတိခံတုန်းကလည်း ဆုတောင်းပေးခဲ့သလို၊ အခုလည်းခမည်းတော်လကျာ်ဘက်မှာ ဆုတောင်းပေးမြဲပါ။ရောမ၈:၃၄ ဒါကြောင့်သင်အောင်မြင်စွာကျော်လွှားသွားနိုင်မယ်ဆိုတာ စိတ်ချပါ။ မကျော်နိုင်ခဲ့ရင်တောင် ဘုရားကသင့်ကိုလက်လွှတ်မှာမဟုတ်ဘူး။ ပြန်ထစေပြီး ဆက်လက်ချီတက်စေအုံးမယ်။ ကျရှုံးခဲ့ဖူးတဲ့ ပေတရုတောင် ထိပ်ဆုံးရောက်တဲ့အထိ ပြန်လည်ကောင်းကြီးပေးခဲ့သေးတာ သင့်ကိုမပေးစရာ အကြောင်းမရှိပါဘူး။


Zawgyi

က်႐ႈံးဖူးရင္ေတာင္ ဘဝဆုံးမသြားေသးပါ

“သင္၏​ယုံ​ၾကည္​ေသာ​စိတ္ မ​ပ်က္​ေစ​ျခင္း​ငွာ ငါ​သည္ သင့္​အ​ဖို႔​ဆု​ေတာင္း​ေလ​ၿပီ။ သင္​သည္ သ​တိ​ရ​ျပန္​ေသာ​အ​ခါ သင္၏​ညီ​အစ္​ကို​တို႔​ကို တည္​ၾကည္​ေစ​ေလာ့​ဟု မိန္႔​ေတာ္​မူ​လွ်င္၊-”(လု ၂၂:၃၁-၃၄)



လူတိုင္းဘဝမွာ တစ္ႀကိမ္တစ္ခါေတာ့ က်႐ႈံးျခင္းနဲ႔ေတာ့ၾကဳံဖူးမွာပါ။ ႐ႈံးနိမ့္ျခင္းနဲ႔ၾကဳံရတဲ့အခ်ိန္မွာခံစားရတဲ့ခါးသီးမႈကေတာ့ ဘဝမွာ ဘာနဲ႔မွ ေဖၚျပဖို႔မလြယ္ဘူး။ ဒါေပမယ့္ သိထားဖို႔ကေတာ့ ဒါဟာ အဆုံးေတာ့မဟုတ္ပါဘူး။ လူတိုင္းၾကဳံရတာပါအထူး သျဖင့္အနာဂတ္မွာေအာင္ျမင္မႈနဲ႔ၾကဳံရမယ့္သူေတြရင္ဆိုင္

ရမယ့္ စာေမးပြဲတစ္ခုပါပဲ။ အဲ့ဒီအမွားေၾကာင့္အ႐ႈံးမေပးပဲ ေနာက္ျပန္မလွည့္ပဲ သင္ခန္းစာယူၿပီးအနာဂတ္

ကိုအေကာင္းဆုံး အသက္႐ွင္ဖို႔ပါပဲ။ အသင္းေတာ္ရဲ႕

ေခါင္းေဆာင္ႀကီးတစ္ဦးျဖစ္ခဲ့သူတမန္ေတာ္ႀကီးေပတ႐ုကိုယ္တိုင္ အမည္းစက္ႀကီးတစ္ခုသူ႕ဘဝမွာစြန္းထင္းခဲ့ဖူးတယ္။ သူကိုယ္တိုင္ ႐ွိသမွ်ကိုစြန္႔ၿပီးလိုက္ခဲ့တဲ့ေယ႐ႈကို သုံးႀကိမ္တိုင္တိုင္ျငင္းပယ္ခဲ့ျခင္းပါပဲ။ ဘယ္ေလာက္မ်ား ဝမ္းနည္းစရာေကာင္းတဲ့ျဖစ္ရပ္လဲ။ ဒါေတာင္ေယ႐ႈက နာရီပိုင္းအလိုမွာႀကိဳသတိေပးထားေသးတယ္။ ဒါေပမယ့္ သူ မေအာင္ျမင္ခဲ့ဘူး စာတန္ရဲ႕စုံစမ္းျခင္းကို။ တစ္ခါမွ မ႐ႈံးဖူးတဲ့သူကိုပဲ ဘုရားကသုံးတာမဟုတ္ဘူး။ လဲက်ဖူးေပမယ့္ ေခ်ာ္လဲေရာထိုင္ဆက္မလုပ္ေနပဲ လဲရင္ျပန္ထၿပီးေ႐ွ႕ကို ဆက္ခ်ီတက္တဲ့ သူကိုဘုရားခ်န္မထားဘူးဆိုတာ သိသာေစတယ္။

စိတ္မပ်က္နဲ႔ ႏႈတ္ကပတ္ေတာ္ကိုသတိရ

သင္စုံစမ္းျခင္းေတြရင္ဆိုင္တဲ့အခါမွာ စိတ္မပ်က္နဲ႔ ေယ႐ႈကၾကဳံရမယ္ဆိုတာ ႀကိဳေျပာထားၿပီးသားဆိုတာ မေမ့နဲ႔။ ဒီေန႔ ေပတ႐ုအသက္တာမွာ ၾကဳံရတဲ့အရာဟာသတိမေပးပဲ ၾကဳံတာမဟုတ္ဘူး။ ဘုရားသတိေပးထားၿပီးသားကိုၾကဳံသလိုပဲ ဒီေန႔ကြၽန္ေတာ္တို႔ၾကဳံသမွ်သည္လည္း ႏႈတ္ကပတ္ေတာ္မွာသတိ ေပးထားပီးသားေတြခ်ည္းျဖစ္ပ်က္ျခင္းပါ။ ႏႈတ္ကပတ္ေတာ္ကေျပာပါတယ္ စုံစမ္းျခင္းပဲ႐ွိတာမဟုတ္ပဲ ထြက္ေျမာက္ရာလမ္းပါ႐ွိၿပီးသားပါ။ ဒါကိုႏႈတ္ကပတ္ေတာ္ကႀကိဳတင္ဖြင့္ျပထားၿပီးသားမဟုတ္လား။

စိတ္မပ်က္နဲ႔ဆုေတာင္းေပးေနတယ္

ေပတ႐ု ယုံၾကည္ေသာစိတ္ မပ်က္ဖို႔အတြက္ေယ႐ႈက ဆုေတာင္းေပးေနတယ္။ ဒါေၾကာင့္ စုံစမ္းျခင္းၾကဳံၿပီး ေပတ႐ုက်႐ႈံးခဲ့ေပမယ့္ ေပတ႐ုဘဝ အဆိုးဘက္မေရာက္ပဲျပန္လွည့္ႏိုင္ခဲ့ျခင္းသာျဖစ္တယ္။ ဒီေန႔လည္း ေယ႐ႈဟာသူ႕သားသမီးေတြအတြက္ လူ႕ဇာတိခံတုန္းကလည္း ဆုေတာင္းေပးခဲ့သလို၊ အခုလည္းခမည္းေတာ္လက်ာ္ဘက္မွာ ဆုေတာင္းေပးၿမဲပါ။ေရာမ၈:၃၄ ဒါေၾကာင့္သင္ေအာင္ျမင္စြာေက်ာ္လႊားသြားႏိုင္မယ္ဆိုတာ စိတ္ခ်ပါ။ မေက်ာ္ႏိုင္ခဲ့ရင္ေတာင္ ဘုရားကသင့္ကိုလက္လႊတ္မွာမဟုတ္ဘူး။ ျပန္ထေစၿပီး ဆက္လက္ခ်ီတက္ေစအုံးမယ္။ က်႐ႈံးခဲ့ဖူးတဲ့ ေပတ႐ုေတာင္ ထိပ္ဆုံးေရာက္တဲ့အထိ ျပန္လည္ေကာင္းႀကီးေပးခဲ့ေသးတာ သင့္ကိုမေပးစရာ အေၾကာင္းမ႐ွိပါဘူး။

2 views0 comments