Search
  • Than Min Htike

ခဏလေးတော့စောင့်

"သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည်ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရား သည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ကြရပြီ။" (ယာကုပ် ၅:၁၁)


အရာရာ မြန်မြန် လုပ်နေတဲ့ခေတ်ကြီးမှာ စောင့်ရတာလောက် စိတ်ပျက်ရတာမရှိဘူး။ အစားအသောက်တွေလည်း မြန်မြန်မှာစားတဲ့ဆိုင်တွေခေတ်စားလာသလို၊ အင်တာနက်တွေကလည်း မြန်နှုန်းမြင့်မှ လူတွေပိုစိတ်ဝင်စားတယ်။ ဘုရားနဲ့ပတ် သက်တဲ့အရာမှာလည်း မြန်မြန်ကြီးထွားချင် မြန်မြန်အဖြေရချင်တဲ့စိတ်တွေကလည်း မသိမသာ ကြီးထွားလာတယ်။ နှုတ်ကပတ်တော်ကတော့ပြောတယ် သည်းခံတဲ့သူတွေကမင်္ဂလာရှိတယ်။ တချို့သောအရာတွေကချက်ခြင်းရနိုင်ပေမယ့် တချို့အရာတွေအတွက်အချိန်လိုတယ်။ အခုရေတွင်းတူး အခုရေကြည်သောက်ဖို့

တော့ ဘယ်ဖြစ်နိုင်မလဲ။ ဘုရားရဲ့အချိန်ရောက်ဖို့သည်းခံနိုင်ဖို့လိုတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ ဘုရားအချိန်ရောက်လာတော့လည်းဘာမှ မဟုတ်တဲ့ အရာတွေလိုဖြစ်သွားပြန်ရော။ ဘုရားရဲ့ အချိန်နဲ့ သည်းခံစောင့်ဆိုင်းတတ်ခြင်းကသင့်ဘဝကို မင်္ဂလာဖြစ်စေမှာသေချာတယ်။


သည်းမခံနိုင်လို့

အာဗြဟံ ဘုရားပေးမယ့်ကတိတော်သားကိုသည်းခံပြီးမစောင့် နိုင်လို့ မိန်းမစကားအတိုင်း ကျွန်မနဲ့အိပ်ပြီးရတဲ့သားဟာ သူ့ဘဝတစ်ခုလုံးသာမက တလောကလုံးအတွက် ဆူးလိုဖြစ်ခဲ့တယ်မ ဟုတ်လား။ ဘယ်လောက် ဆိုးရွားသလဲ။ အချိန်တန်တော့မှ လူတိုင်းပြုံးနိုင်တဲ့ ကတိတော်သားကိုမြင်ရပြန်ရော။ ရှောလုဟာ ရှာမွေလ ရောက်လာမယ့်အချိန်ကို သည်းခံစောင့်ဖို့ ပျက်ကွတ်ခဲ့ပြီး မစောင့်နိုင်တဲ့အဆုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ယဇ်ပူဇော်လိုက်လို့

ဘုရားပေးတဲ့ ကောင်းကြီးအနုတ်ခံရတယ်မဟုတ်လား။ သည်းခံလို့ရတဲ့ကောင်းကြီးသိပ်များသလို သည်းမခံနိုင်လို့ ပေးဆပ်ရတဲ့ အဖိုးအခလညများတယ်။

သည်းခံလိုက်ပါ

သင်ကတကယ်ဆိုအောင်မြင်ဖို့သေချာတဲ့သူပါ။ အဲ့ဒီအောင် မြင်ခြင်းကိုရောက်ဖို့ သည်းခံနိုင်ဖို့ပဲလိုတာ။ ယောဘဟာကြုံရတဲ့ စိတ်ပျက်ခြင်းတွေက်ို အဆုံးထိသည်းခံပြီးဖြတ်သန်းခဲ့တယ်။ သူတခြားလုပ်ဆောင်တာမရှိဘူး။ ကြုံရတဲ့အချိန်ဖြတ် သန်းဖို့မလွယ်ပေမယ့်သည်းခံခြင်းကပဲ ဘုရားရဲ့လက်တော်ကို အဆုံးထိမြင်ရတယ်။ အရာရာတိုင်းမှာ အကြံ အစည်ရှိတဲ့ဘုရားက သင့်အတွက် အကောင်းဆုံး လုပ်ဆောင်ပေးနေတယ်။ သည်းခံစောင့်ဆိုင်းပါ။



Zawgyi

ခဏေလးေတာ့ေစာင့္

"သည္းခံႏိုင္ေသာသူတို႔သည္ မဂၤလာ႐ွိေသာသူဟူ၍ ငါတို႔သည္ေခၚၾက၏။ ေယာဘသည္ သည္းခံေၾကာင္းကို သင္တို႔ၾကားရၾကၿပီ။ ထာဝရဘုရား သည္ မိမိအမႈကို လက္စသတ္ေတာ္မူရာမွာ အလြန္သနားစုံမက္ေတာ္မူေၾကာင္းကိုလည္း သိျမင္ၾကရၿပီ။" (ယာကုပ္ ၅:၁၁)


အရာရာ ျမန္ျမန္ လုပ္ေနတဲ့ေခတ္ႀကီးမွာ ေစာင့္ရတာေလာက္ စိတ္ပ်က္ရတာမ႐ွိဘူး။ အစားအေသာက္ေတြလည္း ျမန္ျမန္မွာစားတဲ့ဆိုင္ေတြေခတ္စားလာသလ္ိဳ၊ အင္တာနက္ေတြကလည္း ျမန္ႏႈန္းျမင့္မွ လူေတြပိုစိတ္ဝင္စားတယ္။ ဘုရားနဲ႔ပတ္ သက္တဲ့အရာမွာလည္း ျမန္ျမန္ႀကီးထြားခ်င္ ျမန္ျမန္အေျဖရခ်င္တဲ့စိတ္ေတြကလည္း မသိမသာ ႀကီးထြားလာတယ္။ ႏႈတ္ကပတ္ေတာ္ကေတာ့ေျပာတယ္ သည္းခံတဲ့သူေတြကမဂၤလာ႐ွိတယ္။ တခ်ိဳ႕ေသာအရာေတြကခ်က္ျခင္းရႏိုင္ေပမယ့္ တခ်ိဳ႕အရာေတြအတြက္အခ်ိန္လိုတယ္။ အခုေရတြင္းတူး အခုေရၾကည္ေသာက္ဖို႔

ေတာ့ ဘယ္ျဖစ္ႏိုင္မလဲ။ ဘုရားရဲ႕အခ်ိန္ေရာက္ဖို႔သည္းခံႏိုင္ဖို႔လိုတယ္။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ေျဖ႐ွင္းလို႔မရတဲ့ ျပႆနာေတြ ဘုရားအခ်ိန္ေရာက္လာေတာ့လည္းဘာမွ မဟုတ္တဲ့ အရာေတြလိုျဖစ္သြားျပန္ေရာ။ ဘုရားရဲ႕ အခ်ိန္နဲ႔ သည္းခံေစာင့္ဆိုင္းတတ္ျခင္းကသင့္ဘဝကို မဂၤလာျဖစ္ေစမွာေသခ်ာတယ္။


သည္းမခံႏိုင္လို႔

အာျဗဟံ ဘုရားေပးမယ့္ကတိေတာ္သားကိုသည္းခံၿပီးမေစာင့္ ႏိုင္လို႔ မိန္းမစကားအတိုင္း ကြၽန္မနဲ႔အိပ္ၿပီးရတဲ့သားဟာ သူ႕ဘဝတစ္ခုလုံးသာမက တေလာကလုံးအတြက္ ဆူးလိုျဖစ္ခဲ့တယ္မ ဟုတ္လား။ ဘယ္ေလာက္ ဆိုး႐ြားသလဲ။ အခ်ိန္တန္ေတာ့မွ လူတိုင္းျပဳံးႏိုင္တဲ့ ကတိေတာ္သားကိုျမင္ရျပန္ေရာ။ ေ႐ွာလုဟာ ႐ွာေမြလ ေရာက္လာမယ့္အခ်ိန္ကို သည္းခံေစာင့္ဖို႔ ပ်က္ကြတ္ခဲ့ၿပီး မေစာင့္ႏိုင္တဲ့အဆုံး ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ယဇ္ပူေဇာ္လိုက္လို႔

ဘုရားေပးတဲ့ ေကာင္းႀကီးအႏုတ္ခံရတယ္မဟုတ္လား။ သည္းခံလို႔ရတဲ့ေကာင္းႀကီးသိပ္မ်ားသလို သည္းမခံႏိုင္လို႔ ေပးဆပ္ရတဲ့ အဖိုးအခလညမ်ားတယ္။

သည္းခံလိုက္ပါ

သင္ကတကယ္ဆိုေအာင္ျမင္ဖို႔ေသခ်ာတဲ့သူပါ။ အဲ့ဒီေအာင္ ျမင္ျခင္းကိုေရာက္ဖို႔ သည္းခံႏိုင္ဖို႔ပဲလိုတာ။ ေယာဘဟာၾကဳံရတဲ့ စိတ္ပ်က္ျခင္းေတြက္ိဳ အဆုံးထိသည္းခံၿပီးျဖတ္သန္းခဲ့တယ္။ သူတျခားလုပ္ေဆာင္တာမ႐ွိဘူး။ ၾကဳံရတဲ့အခ်ိန္ျဖတ္ သန္းဖို႔မလြယ္ေပမယ့္သည္းခံျခင္းကပဲ ဘုရားရဲ႕လက္ေတာ္ကို အဆုံးထိျမင္ရတယ္။ အရာရာတိုင္းမွာ အၾကံ အစည္႐ွိတဲ့ဘုရားက သင့္အတြက္ အေကာင္းဆုံး လုပ္ေဆာင္ေပးေနတယ္။ သည္းခံေစာင့္ဆိုင္းပါ။

3 views0 comments