Search
  • Than Min Htike

ချီးမွမ်းပါ

“ကိုယ်​တော်​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ချီး​မွမ်း​ရာ၌ ကျိန်း​ဝပ်​လျက် သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ၏။” (ဆာလံ ၂၂:၃)

ဘုရားသခင်ရဲ့လိပ်စာ

လူတိုင်းမှာ ကိုယ်နေထိုင်ရာကိုညွှန်းဆိုတဲ့လိပ်စာရှိသလိုပဲ ဘုရားသခင်မှာလည်းလိပ်စာရှိပါတယ်။ အဲ့ဒါကတော့ ချီးမွမ်းခြင်းပါပဲ။ ဝေဖန်ကဲ့ရဲ့ အပြစ်တင်မှုတွေ၊သံသယတွေကြားမှာ ဘုရားကိုရှာလို့တွေ့မှာမဟုတ်ပါဘူး။ အဲ့ဒီလို အနေအထားနဲ့ ဘုရားကိုရှာပြီးမတွေ့တာဟာ ဘုရားမရှိလို့မဟုတ်ပဲ လိပ်စာမှားနေလို့ပါ။ မှန်ကန်တိကျမှုမရှိတဲ့နေရာ မှာဘုရားကိုရှာနေသရွေ့ ဘယ်တော့မှတွေ့လာမှာမဟုတ်ပါဘူး။ ဝေဖန် အပြစ်တင် ကဲ့ရဲ့ရူတ်ချခြင်းက စာတန် အကြိုက် တေးသီချင်းသံဖြစ်ပြီးတော့၊ သူလာအုပ်စိုးဖို့အတွက် ခေါ်ဖိတ်နေရာပေးခြင်းပင်၊ ချီးမွမ်းခြင်းကတော့ ဘုရားနှစ်သက်တဲ့ သံဇဉ်ဖြစ်ပြီးတော့ ဘုရားသခင်ကျိန်း ဝပ်ဖို့ ပလ္လင်တည်ဆောက်လိုက်ခြင်းပါ။ ဒါဆိုရင် သင့်ပတ်ဝန်းကျင်မှာ ဘာတွေ နေရာယူနေသလည်းဆိုတာဟာ သင်နှုတ်ကနေ ဘယ်သူကြိုက်တဲ့ အရာတွေကို စီးဆင်းစေသလည်းဆိုတာ နဲ့အများကြီးပတ် သက်မူရှိနေတယ်။

အခြေအနေကြောင့်လား၊ ဘုရားကြောင့်လား

ချီးမွမ်းတယ်ဆိုတာ အခြေအနေနဲ့ လုံး၀မဆိုင်ပါဘူး။ ဘုရားကောင်းမြတ်ခြင်းကို ဖေါ်ထုတ် အသိမှတ်ပြုခြင်း သက်သက်ပါ။ ဘုရားကောင်းမြတ်ခြင်းကိုချီးမွမ်းတယ်ဆိုတာ အခြေအနေကောင်းခြင်း၊မကောင်းခြင်း အပေါ်မှာ လုပ်ဆောင်ရတာမဟုတ်ပဲ၊ သူဘယ်သူလည်းဆိုတဲ့အရာပေါ်မှာ သိမှတ်ဝန်ခံလုပ်ဆောင်ခြင်းပါ။ အခြေ အနေ ဘယ်လိုပဲဖြစ်နေဖြစ်နေ သင်ချီးမွမ်းလိုက်တဲ့အခါမှာ ဘုရားလာရောက် နေရာယူကျိန်းဝပ်ပြီးတော့ အဲ့ဒီဘုရားဟာ အခြေအနေတွေအထက်မှာလာရောက် ကျိန်း ဝပ်ဖို့ရန်နေရာပေးလိုက်ခြင်းပါ။ ဘုရားနေရာယူကျိန်း ဝပ်လာတာနဲ့အမျှ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားရဲ့ ထိန်းချုပ်မှုအောက်မှာရောက်ရှိသွားတယ်။ သေချာတာကတော့ချီးမွမ်းတဲ့သူ အသက်တာက ဘယ်တော့မှ အခြေ အနေကြောင့် လဲပြိုသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် အသက်တာမှာ ဘယ်လိုအခြေအနေမျိုးမဆို ချီးမွမ်းပါ။ ကောင်းမြတ်တဲ့ဘုရားကိုနေရာပေးပါ။ ကောင်းမြတ်ခြင်းတွေကိုသာပြီးမြင်တွေ့ခံစားနေရအုံးမှာပါ။

Zawgyi

ချီးမွမ်းပါ

“ကိုယ်တော်မူကား၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ၏။” (ဆာလံ ၂၂:၃)

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube