Search
  • Than Min Htike

ငါကြွလာ၍

"ငါ့အခွင့်ရှိ၍ ၊ ငါ့နာမကို ကိုးကွယ်ရာအရပ် ခပ်သိမ်းတို့၌ ၊ သင့်ဆီသို့ ငါကြွလာ၍ ကောင်းကြီးပေးမည်။" (ထွက် ၂၀:၂၄)

ဘုရားသခင် ဘယ်မှာလဲလို့ ငယ်ငယ်တုန်း

ကမေးခွန်းထုတ်ဖူးတယ်။ လောကတစ်ခုလုံးရဲ့ဖန်ဆင်းရှင်ကြီးဆိုတော့ တွေ့ရဖို့ မြင်ရဖို့ များရှိပါမလားလို့လည်းသိမ်ငယ်ဖူးတယ်။ တကယ်တော့ ဘုရားဟာ လူတွေနဲ့ သိပ်ကိုရင်းနှီးချင်တဲ့သူပါ။ သူဟာတန်ခိုးရှင်ဖြစ်သလို၊ သနားကြင်တတ်သူဂရုဏာရှင်လည်းဖြစ်တယ်။ သူ့ရဲ့အမျက်ဒေါသဟာ ကြောက်ဖို့ကောင်းသလို၊ သူ့ရဲ့မေတ္တာဟာလည်း ဘာနဲ့မှမတူအောင် ရှားပါးပြန်ရော။ နာမည်ကြီးတွေ၊ အောင်မြင်ကျော်ကြားတဲ့သူတွေလို တွေ့ဖို့ ဂုဏ်တွေ၊ တံတိုင်းတွေ မခြားထားပါဘူး။ သူ့ကို ကိုးကွယ်တဲ့အရပ်တိုင်းမှာ သင့်ဆီကိုကြွလာမယ်လို့ ကတိပေးထားသူပါ။

သူဟာ ခေါ်ရင်လည်း ထူးတဲ့သူပါ။ သူ‌ဌေးခေါ်ရင်လည်းထူးသလို၊သူတောင်းစားခေါ်ရင်လည်းထူးပါတယ်။ သူ့မှာအဆင့်အတန်းခွဲခြားမှုမရှိသလို၊ ဘာသာတရားခွဲထားမှုလည်းမရှိဘူး။သူဖန်ဆင်းတဲ့ လူသားတိုင်းကိုချစ်ပြီးကောင်းသောသူ မကောင်းသောသူအပေါ်မှာ နေပူမိုးရွာစေသူပါ။ နှလုံးသားနဲ့ ကိုးကွယ်တဲ့အရပ်တိုင်းမှာ ဘုရားဟာ ကြွလာပြီး နေရာယူ တာတင်မဟုတ်ဘူး။ ကောင်းကြီးပါပေးတာပါ။ ကောင်းကြီးရဖို့ ကိုးကွယ်တာတော့စိတ်ထား မမှန်ဘူး။နှလုံးသား အမှန်နဲ့ ကိုးကွယ်ရင်တော့ သေချာပေါက်သင်မလိုချင်လဲ ရကိုရမယ်။ ကောင်းကင်တစ်ခုလုံးရဲ့ ဘုရင်ဟာ သင်က်ိုးကွယ်တဲ့အရပ်မှာ နေရာယူလာတယ်ဆိုတော့ ကိုးကွယ်ခြင်းရှိတဲ့အရပ်ကကောင်းကင် ဘုံအရသာကို ခံစားရတဲ့နေရာဖြစ်သွားတာပေါ့။


Zawgyi


ငါႂကြလာ၍

"ငါ့အခြင့္႐ွိ၍ ၊ ငါ့နာမကို ကိုးကြယ္ရာအရပ္ ခပ္သိမ္းတို႔၌ ၊ သင့္ဆီသို႔ ငါႂကြလာ၍ ေကာင္းႀကီးေပးမည္။" (ထြက္ ၂၀:၂၄)

ဘုရားသခင္ ဘယ္မွာလဲလို႔ ငယ္ငယ္တုန္း

ကေမးခြန္းထုတ္ဖူးတယ္။ ေလာကတစ္ခုလုံးရဲ႕ဖန္ဆင္း႐ွင္ႀကီးဆိုေတာ့ ေတြ႕ရဖို႔ ျမင္ရဖို႔ မ်ား႐ွိပါမလားလို႔လည္းသိမ္ငယ္ဖူးတယ္။ တကယ္ေတာ့ ဘုရားဟာ လူေတြနဲ႔ သိပ္ကိုရင္းႏွီးခ်င္တဲ့သူပါ။ သူဟာတန္ခိုး႐ွင္ျဖစ္သလို၊ သနားၾကင္တတ္သူဂ႐ုဏာ႐ွင္လည္းျဖစ္တယ္။ သူ႕ရဲ႕အမ်က္ေဒါသဟာ ေၾကာက္ဖို႔ေကာင္းသလို၊ သူ႕ရဲ႕ေမတၱာဟာလည္း ဘာနဲ႔မွမတူေအာင္ ႐ွားပါးျပန္ေရာ။ နာမည္ႀကီးေတြ၊ ေအာင္ျမင္ေက်ာ္ၾကားတဲ့သူေတြလို ေတြ႕ဖို႔ ဂုဏ္ေတြ၊ တံတိုင္းေတြ မျခားထားပါဘူး။ သူ႕ကို ကိုးကြယ္တဲ့အရပ္တိုင္းမွာ သင့္ဆီကိုႂကြလာမယ္လို႔ ကတိေပးထားသူပါ။

သူဟာ ေခၚရင္လည္း ထူးတဲ့သူပါ။ သူ‌ေဌးေခၚရင္လည္းထူးသလို၊သူေတာင္းစားေခၚရင္လည္းထူးပါတယ္။ သူ႕မွာအဆင့္အတန္းခြဲျခားမႈမ႐ွိသလို၊ ဘာသာတရားခြဲထားမႈလည္းမ႐ွိဘူး။သူဖန္ဆင္းတဲ့ လူသားတိုင္းကိုခ်စ္ၿပီးေကာင္းေသာသူ မေကာင္းေသာသူအေပၚမွာ ေနပူမိုး႐ြာေစသူပါ။ ႏွလုံးသားနဲ႔ ကိုးကြယ္တဲ့အရပ္တိုင္းမွာ ဘုရားဟာ ႂကြလာၿပီး ေနရာယူ တာတင္မဟုတ္ဘူး။ ေကာင္းႀကီးပါေပးတာပါ။ ေကာင္းႀကီးရဖို႔ ကိုးကြယ္တာေတာ့စိတ္ထား မမွန္ဘူး။ႏွလုံးသား အမွန္နဲ႔ ကိုးကြယ္ရင္ေတာ့ ေသခ်ာေပါက္သင္မလိုခ်င္လဲ ရကိုရမယ္။ ေကာင္းကင္တစ္ခုလုံးရဲ႕ ဘုရင္ဟာ သင္က္ိဳးကြယ္တဲ့အရပ္မွာ ေနရာယူလာတယ္ဆိုေတာ့ ကိုးကြယ္ျခင္း႐ွိတဲ့အရပ္ကေကာင္းကင္ ဘုံအရသာကို ခံစားရတဲ့ေနရာျဖစ္သြားတာေပါ့။

7 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube