Search
  • Than Min Htike

ငြိမ်ဝပ် ခြင်း

"ငါ့စကားကိုနားထောင်သောသူ မူကားလုံခြုံစွာနေ၍ ၊ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်" (သုတ္တံ ၁:၃၃)

ငွေဟာ သင့်ကို လုံခြုံခြင်းနဲ့ငြိမ်သက်ခြင်းမပေးနိုင်ပါဘူး။ ငွေရှိလာလေ မသမာတဲ့လူတွေရဲ့သတိထား စောင့်ကြည့်ခြင်းခံရကာ ခိုးဆိုးလုယက်ခြင်းခံရမှာ စိုးရိမ်ရလေဖြစ်တယ်။ သင့်ရဲ့ အစွမ်းခွန်အားနဲ့လည်း ကိုယ့်ဟာကိုယ်၊ ကိုယ့်မိသားစုကိုတောင် လုံခြုံနိုင်မှု မပေးနိုင်တဲ့ အချိန်တွေ အများကြီးရှိပါတယ်။ ဒီနေ့ ဘုရားကတော့လုံခြုံ ငြိမ်ဝပ်ခြင်းရနိုင်တဲ့နည်းကိုဝေငှထားပါ

တယ်။ အဲ့ဒါကတော့ ဘုရားစကားနားထောင်ပြီးအသက်ရှင်ခြင်းပါပဲ။

ဘုရာစကားနားထောင်ခြင်း

ကိုယ်ကြိုက်သလိုအသက်မရှင်ပဲ ဘုရားစကားအတိုင်း အသက်ရှင်ခြင်းက ဘယ်သူ့အတွက်မှ မဟုတ်ဘူး သင့်အတွက်ပဲ။ တချို့က ဘုရားစကားနားထောင်ရတာ သူတို့ရဲ့ ဘဝ မပျော်

ရွှင်ရမှာ စိုးရိမ်ကြတယ်။ တကယ်တော့ ဘုရားစကားက ရေရှည် ဝမ်းမြောက်တဲ့ဘဝရဖို့ ရည်ရွယ်တယ်။ တခဏတာအတွက်တော့ သင်နားမလည်နိုင်ပေမယ့်ရေရှည်တော့ သင့်ကိုဘုရားကကောင်း မွန်တဲ့ ရည်ရွယ်ချက်ဖြင့် နားထောင်စေခြင်းပါ။ မဿဲ-၇ မှာ ယေရှုက ဘုရားစကားနားထောင်တဲ့သူနဲ့ နားမထောင်တဲ့သူ နှစ်ယောက်ကွာခြားချက်ကိုပြောတယ်။ နားမထောင်တဲ့သူက သဲပေါ်မှာ အိမ် ဆောက်တာနဲ့တူတယ်။ အရမ်းမြန်မြန်နဲ့သူ လိုချင်တဲ့ဘဝရသွားတယ် သိိပ်မပင်ပန်းလိုက်ဘူး။ နောက်တဖက်မှာက ကျောက်‌ေပါ်ဆောက်နေတဲ့လူကြည့်တော့ မပြီးနိုင်မစီးနိုင်။ အဖိုးအခကုန်ကျ စရိတ်ကလည်းများ၊ ဒီအတိုင်းကြည့်ရင်သဲပေါ်ဆောက်တဲ့ အိမ်ကတောင် ပိုလှ ပိုမြန် ပိုအားကျစရာ ကောင်းတယ်။ ဘယ်အချိန်မှ အစစ်မှန်ပေါ်လာသလည်း မုန်တိုင်းကျမှ စစ်မှန်တဲ့လုံခြုံခြင်း

ဘေးလွတ်ခြင်း နှင့် ငြိမ်ဝပ်ခြင်းပေါ်လာတယ်။ ကျွန်တော်ဘဝ အသက်တာမှာလည်း ဒီအတိုင်းအကြိမ်ကြိမ် တွေ့ကြုံဖူးတယ်။ ကျမ်းစာကျောင်းပြီးတာ အမူတော်ကို ဘယ်လိုဆက်လုပ်ရမယ်

မှန်းမသိခဲ့ဘူး။ သူများတွေက လုပ်စရာ ကိုယ်စီနဲ့ ပြီးတော့ ခဏလေးနဲ့ တန်းအောင်မြင်သလို ဖြစ်ကြတယ်။ ကျွန်တော်ကတော့ အရာရာကို ခက်ခက်ခဲခဲ ရင်ဆိုင်ရတယ်။ နောက်ဆုံးဘုရားက

နယ်မှာ ပြောင်းဖို့ စကားပြောလာတယ်။ နားထောင်ဖို့ တော်တော် ခက်တဲ့ကိစ္စပါ။ ဒါပေမယ့်နားထောင်လိုက်တယ်။ တချို့က ပြောတယ်။ ရန်ကုန်မှာ လုပ်နေရင်း နယ်မှာ ပြောင်းတာ တဆင့် နိမ့်သလိုတောင်ပြောကြတယ်။ အရေးမကြီးဘူး ဘုရားစကား နားထောင် ခဲ့တယ်။ အဲ့ဒီအဖိုးအခက အရမ်းခက်ခဲတာတွေကြုံ‌ ပေမယ့်ကျွန်တော် ပိုခိုင်ခံ့ လာတယ်။ အခုတော့ ဘုရားပေးတဲ့ လမ်းကြောင်းပေါ် ရောက်နေပါပီ။ ဒါတောင် အဆုံး မဟုတ်သေးဘူး။ ဘုရားစကားကိုပဲ နားထောင်ပါ။ သူများတွေကို နားမယောင်နဲ့ဘုရားစကားနားထောင်ပါ။

Zawgyi

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube