Search
  • Than Min Htike

စိတ်တော်နှင့်တွေ့စေသောယုံကြည်ခြင်း

“ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။-” (ဟေဗြဲ၁၁:၆)


ဘုရားသခင်ရှိတယ်

ဘုရားစိတ်တော်နှင့်တွေ့စေသော ယုံကြည်ခြင်းဆိုတာဘယ်လိုမျိုးလဲ။ တကယ်တော့အရမ်းကိုရိုးရှင်းပါတယ်။ ပထမဆုံးအချက်က ဘုရားသခင်ရှိတယ်ဆိုတာကိုအကြွင်းမဲ့ ယုံဖို့ပါ။ ဘုရားသခင်ရှိတယ်ဆိုတာကို မေ့သွားတဲ့အချိန် ဘယ်အချိန်များရှိနိုင်မလဲ။ ဘယ်လိုလူမဆို ဘုရားရှိတယ်ဆိုတာကိုမေးခွန်းထုတ်မိတဲ့အချိန် သံသယဖြစ်တဲ့အချိန်ရှိတယ်။ အောင်မြင်ပြီးကြွယ်၀တဲ့အချိန်မှာ ဘုရားကိုမေ့သွားတတ်တယ်။ ရထားတဲ့ အောင်မြင်ခြင်းက ဘုရားရှိတယ်၊ ဘုရား ကြောင့်ဆိုတာကို မေ့သွားစေနိုင်သလို၊ တခါတလေ ကြုံရတဲ့ခက်ခဲမှုကြောင့်လည်း ဘုရားငါနဲ့အတူရှိရဲ့လား၊ အသက်ရှင်တဲ့ဘုရားရှိတာရောဟုတ်ရဲ့လားဆိုတာကို မေးခွန်းထုတ်စရာသံသယဝင်စရာ ဖြစ်တတ်တယ်။ တကယ်တော့ ဘယ်လိုအခြေအနေမဆို ဘုရားက ကျွန်တော်တို့နဲ့အတူရှိတယ်။ ကျွန်တော်တို့ကိုမစွန့်ပစ်သွားဘူး ဒီကြုံရတဲ့အရာအားလုံးကိုလည်း သူနဲ့သာ ဖြတ်သန်း သွားမှပဲ အောင်မြင်မယ်ဆိုတာက ယုံကြည်ခြင်းပါပဲ။ အဲ့ဒီယုံကြည်ခြင်းမရှိရင် လောကကြီးက ဘယ်လိုခြေအနေကိုမဆိုဖြတ်ကျော်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။


ရှာတဲ့သူကိုအကျိုးပေးတယ်

နောက်ဒုတိယယုံကြည်ခြင်းကတော့ ရှိတာပဲယုံတာမဟုတ်ဘူး အဲ့ဒီဘုရားကိုယုံကြည်ခြင်းနှင့် နှလုံးသားအကြွင်းမဲ့ရှာတဲ့သူအသက်တာမှာ အကျိုးပေးတယ်ဆိုတာကိုစိတ်ချခြင်းပါ။ လူတွေက ရှာတဲ့သူတိုင်းကိုအတွေ့ခံပြီးတော့၊ တွေ့တဲ့သူတိုင်းကလည်း ထူးခြားတဲ့ အကျိုးသက်ရောက်ခံစားရတယ်ဆိုတာကို မယုံနိုင်ကြဘူး။ နောက်တချို့ကလည်း အကျိုးရတယ်လို့ ယုံတာကိုမှားတယ်လို့ထင်နေပြန်ရော။ ဘယ်လိုလူများက အကျိုးမရှိပဲ ရှာနေအုံးမှာလဲ။ ဘုရားကိုတွေ့တာ အားလုံးကိုတွေ့တာပဲမဟုတ်လား။ နောင်ဘ၀အတွက်ပဲ မျှော်လင့်ပြီးတော့ ယုံရင် ကျွန်တော်တို့လောက်အ တဲ့သူ ဘယ်သူများရှိအုံးမှာလဲ။ စစ်မှန်ပြီး ဘုရားစိတ်တော်နဲ့တွေ့တဲ့ ယုံကြည်ခြင်းဆိုတာ အကျိုးမရဘူးလို့ ယုံခိုင်းတာမဟုတ်ဘူး။ အကျိုးစွန့်ပြီးယုံနေရတာမျိုးလည်းမဟုတ်ဘူး။ ဘုရားက ထူးခြားတဲ့အကျိုးကို ပေးကိုပေးမယ်ဆိုတာကို အကြွင်းမဲ့စိတ်ချနေခြင်းမျိုးပါ။ ဒါကြောင့် ယုံကြည်ခြင်းနှင့်ပဲ ဘုရားကိုရှာတွေ့နိုင် သလို၊ ယုံကြည်ခြင်းရှိတဲ့သူတွေကပဲ စစ်မှန်တဲ့ဘုရားပေးတဲ့ထူးခြားတဲ့အကျိုးကို ဒီဘ၀ရော နောင်ဘ၀ရောခံစားရနိုင်တယ်။



Zawgyi

စိတ္ေတာ္ႏွင့္ေတြ႕ေစေသာယုံၾကည္ျခင္း


“ယုံ​ၾကည္​ျခင္း​မ​႐ွိ​လွ်င္၊ ဘု​ရား​သ​ခင္၏ စိတ္​ေတာ္​ႏွင့္​မ​ေတြ႕​ႏိုင္။ အ​ေၾကာင္း​မူ​ကား၊ ဘု​ရား​သ​ခင့္ အ​ထံ​ေတာ္​သို႔ ခ်ဥ္း​ကပ္​ေသာ​သူ​သည္၊ ဘု​ရား​သ​ခင္ ႐ွိ​ေတာ္​မူ​သည္​ကို​လည္း​ေကာင္း၊ ကိုယ္​ေတာ္​ကို ႐ွာ​ေသာ​သူ​အား အ​က်ိဳး​ေပး​ေတာ္​မူ​သည္​ကို​လည္း​ေကာင္း၊ ယုံ​ၾကည္​ရ​မည္။-” (ေဟၿဗဲ၁၁:၆)


ဘုရားသခင္႐ွိတယ္

ဘုရားစိတ္ေတာ္ႏွင့္ေတြ႕ေစေသာ ယုံၾကည္ျခင္းဆိုတာဘယ္လိုမ်ိဳးလဲ။ တကယ္ေတာ့အရမ္းကို႐ိုး႐ွင္းပါတယ္။ ပထမဆုံးအခ်က္က ဘုရားသခင္႐ွိတယ္ဆိုတာကိုအႂကြင္းမဲ့ ယုံဖို႔ပါ။ ဘုရားသခင္႐ွိတယ္ဆိုတာကို ေမ့သြားတဲ့အခ်ိန္ ဘယ္အခ်ိန္မ်ား႐ွိႏိုင္မလဲ။ ဘယ္လိုလူမဆို ဘုရား႐ွိတယ္ဆိုတာကိုေမးခြန္းထုတ္မိတဲ့အခ်ိန္ သံသယျဖစ္တဲ့အခ်ိန္႐ွိတယ္။ ေအာင္ျမင္ၿပီးႂကြယ္၀တဲ့အခ်ိန္မွာ ဘုရားကိုေမ့သြားတတ္တယ္။ ရထားတဲ့ ေအာင္ျမင္ျခင္းက ဘုရား႐ွိတယ္၊ ဘုရား ေၾကာင့္ဆိုတာကို ေမ့သြားေစႏိုင္သလို၊ တခါတေလ ၾကဳံရတဲ့ခက္ခဲမႈေၾကာင့္လည္း ဘုရားငါနဲ႔အတူ႐ွိရဲ႕လား၊ အသက္႐ွင္တဲ့ဘုရား႐ွိတာေရာဟုတ္ရဲ႕လားဆိုတာကို ေမးခြန္းထုတ္စရာသံသယဝင္စရာ ျဖစ္တတ္တယ္။ တကယ္ေတာ့ ဘယ္လိုအေျခအေနမဆို ဘုရားက ကြၽန္ေတာ္တို႔နဲ႔အတူ႐ွိတယ္။ ကြၽန္ေတာ္တို႔ကိုမစြန္႔ပစ္သြားဘူး ဒီၾကဳံရတဲ့အရာအားလုံးကိုလည္း သူနဲ႔သာ ျဖတ္သန္း သြားမွပဲ ေအာင္ျမင္မယ္ဆိုတာက ယုံၾကည္ျခင္းပါပဲ။ အဲ့ဒီယုံၾကည္ျခင္းမ႐ွိရင္ ေလာကႀကီးက ဘယ္လိုေျခအေနကိုမဆိုျဖတ္ေက်ာ္ႏိုင္ဖို႔ဆိုတာမျဖစ္ႏိုင္ဘူး။


႐ွာတဲ့သူကိုအက်ိဳးေပးတယ္

ေနာက္ဒုတိယယုံၾကည္ျခင္းကေတာ့ ႐ွိတာပဲယုံတာမဟုတ္ဘူး အဲ့ဒီဘုရားကိုယုံၾကည္ျခင္းႏွင့္ ႏွလုံးသားအႂကြင္းမဲ့႐ွာတဲ့သူအသက္တာမွာ အက်ိဳးေပးတယ္ဆိုတာကိုစိတ္ခ်ျခင္းပါ။ လူေတြက ႐ွာတဲ့သူတိုင္းကိုအေတြ႕ခံၿပီးေတာ့၊ ေတြ႕တဲ့သူတိုင္းကလည္း ထူးျခားတဲ့ အက်ိဳးသက္ေရာက္ခံစားရတယ္ဆိုတာကို မယုံႏိုင္ၾကဘူး။ ေနာက္တခ်ိဳ႕ကလည္း အက်ိဳးရတယ္လို႔ ယုံတာကိုမွားတယ္လို႔ထင္ေနျပန္ေရာ။ ဘယ္လိုလူမ်ားက အက်ိဳးမ႐ွိပဲ ႐ွာေနအုံးမွာလဲ။ ဘုရားကိုေတြ႕တာ အားလုံးကိုေတြ႕တာပဲမဟုတ္လား။ ေနာင္ဘ၀အတြက္ပဲ ေမွ်ာ္လင့္ၿပီးေတာ့ ယုံရင္ ကြၽန္ေတာ္တို႔ေလာက္အ တဲ့သူ ဘယ္သူမ်ား႐ွိအုံးမွာလဲ။ စစ္မွန္ၿပီး ဘုရားစိတ္ေတာ္နဲ႔ေတြ႕တဲ့ ယုံၾကည္ျခင္းဆိုတာ အက်ိဳးမရဘူးလို႔ ယုံခိုင္းတာမဟုတ္ဘူး။ အက်ိဳးစြန္႔ၿပီးယုံေနရတာမ်ိဳးလည္းမဟုတ္ဘူး။ ဘုရားက ထူးျခားတဲ့အက်ိဳးကို ေပးကိုေပးမယ္ဆိုတာကို အႂကြင္းမဲ့စိတ္ခ်ေနျခင္းမ်ိဳးပါ။ ဒါေၾကာင့္ ယုံၾကည္ျခင္းႏွင့္ပဲ ဘုရားကို႐ွာေတြ႕ႏိုင္ သလို၊ ယုံၾကည္ျခင္း႐ွိတဲ့သူေတြကပဲ စစ္မွန္တဲ့ဘုရားေပးတဲ့ထူးျခားတဲ့အက်ိဳးကို ဒီဘ၀ေရာ ေနာင္ဘ၀ေရာခံစားရႏိုင္တယ္။

0 views0 comments