Search
  • Than Min Htike
စိတ်မပျက်ပါနဲ့
"သင်သည်အမှုရောက်သော ကာလ၌ စိတ်ပျက်လျှင် အားနည်း၏။" (သု ၂၄:၁၀)
အခက်အခဲပြဿနာတွေကြောင့်ရှုံးနိမ့်တာထက်အခက်အခဲတွေကြုံရတဲ့အခါမှာ စိတ်ပျက်မိခြင်းကြောင့်အားနည်းလာပြီး အလျော့ပေးမိကြတာများပါတယ်။ လူတိုင်းဘဝမှာ တစ်ကြိမ်မဟုတ်တစ်ကြိမ် အခက်အခဲတွေရဲ့အလယ်က်ိုရောက်မိတတ်ကြပါတယ်။ အခက်အခဲတွေမရောက်ဖို့တော့ သင်လုပ်လို့မရပေမယ့် အဲ့ဒီအထဲမှာ မလဲပြိုသွားအောင်တော့သင်လုပ်လို့ရပါတယ်။ အဲ့ဒါကတော့ ဘယ်တော့မှ ဘာကြောင့်မှ စိတ်မပျက်နဲ့။
ဂေါလျက်ဆိုတဲ့ပြဿနာဟာ မဖိတ်ခေါ်ပဲရောက်လာပေမယ့် မမောင်းထုတ်ပဲတော့ပြန်သွားမှာမဟုတ်ဘူး။ ခက်တာကလည်းသူ့ကိုမောင်းထုတ်ဖို့ အင်အားလည်း ဘယ်သူ့ဆီမှာမှ မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ရှင်းပါတယ် ဂေါလျက်ကိုကြည့်ပြီးစိတ်ပျက်နေကြတော့ဘယ်သူမှာမှ ရင်ဆိုင်ဖို့ ခွန်အား မရှိဘူး။ အားလုံးထက်အရပ်ပိုမြင့်ပေမယ့် စိတ်ပိိုမမြင့်တဲ့ရှောလုကိုတိုင်လည်း အားနည်းနေရှာတယ်။ လူတွေ အထင်မကြီးတဲ့ ဒါဝိဒ်ကတော့ အရပ်သာနိမ့်တာ စိတ်ဓါတ်ကတော့ အမြင့်ဆုံးမှာ။ ဒါကြောင့်လည်း အသက်အရွယ်တွေ၊ အရပ်အမောင်းတွေနဲ့ မဆိုင်တဲ့ နှလုံးသားခွန်အားနဲ့ဂေါလျက်ကိုရင်ဆိုင် နိုင်တာပေါ့။ ရင်ဆိုင်တော့လည်း ဂေါလျက်ဆိုတာ ထင်သလောက်လည်းမဟုတ်ပါဘူး။ ချွေးတောင်မပြန်ဘူး။ ခဲတစ်လုံးဆို တစ်လုံးအတုံးအရုံးပါပဲ။ ဒီအခါမှပဲ ဘာကြောင့် ဒါဝိဒ်နှလုံးသားကိုကြည့်ပြီး ဘုရားဘိသိက်ခဲ့လည်းဆိုတာ ပေါ်လာပါလေရော။ဒါကြောင့် အခက်အခဲကြောင့်ရှုံးနိမ့်တာထက်စိတ်ပျက်လို့လဲကျသွားတာ ပိုများတာ ပေါ့။ဘယ်တော့မှ စိတ်မပျက်နဲ့ သင် ကျော်ကိုကျော်နိုင်မှာသေချာတယ်။
Zawgyi
စိတ်မပျက်ပါနဲ့
0 views0 comments