Search
  • Than Min Htike

စိုးရိမ်ကြောက်ရွံ့ခြင်းမရှိနှင့်

“အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။-”(မဿဲ-၆:၂၇)


လူတိုင်းမှာ မတူတဲ့စိုးရိမ်စိတ်ကိုယ်စီရှိတတ်ကြပါတယ်။ စား၊ဝတ်၊နေရေးဆိုတဲ့ အရေးသုံးပါးကတော့ လူတိုင်းတူညီစွာ စိုးရိမ်ပူပန်မှုတွေထဲကတစ်ခုပါ။ စိုးရိမ်စိတ် ဝင်လာတတ်တာ လူတိုင်းနေ့စဉ် ကြုံရတတ်ပေမယ့် အဲ့ဒီစိုးရိမ်စိတ်ကိုအသက်တာမှာအချိန်ကြာကြီးဦးဆောင် ခွင့်ပေးရင်တော့ သင့်သက်တာအတွက် အကောင်းထက်အဆိုးတွေကို သယ်ဆောင်လာမှာသေချာတယ်။ စိုးရိမ်စိတ်က လူတွေကို ဘာကောင်းကျိုးမှမပေးသလို၊ သင့်အသက်တာထဲမှာလည်း ဘာတိုးပွားမှုကိုမှယူဆောင်လာမှာမဟုတ်ဘူး။ စိုးရိမ်ခြင်းက ယုံကြည်ခြင်းရဲ့အဓိကရန်သူဖြစ်ပြီးတော့ စိုးရိမ်စိတ်က သင့်အသက်တာရဲ့ကောင်းတဲ့အရာတွေ အားလုံးကို တိုက်စားသွားလိမ့်မယ်။ ဒီလို ကပ်ရောဂါအခြေအနေစိုးကြီးထဲမှာဆို ပိုဆိုးတယ် လူတွေရဲ့ စားဝတ်နေရေးအတွက် စိုးရိမ်မှုဟာ အမြင့်ဆုံးမှာ ရှိတယ်။ ဒီအတိုင်းသာ ဆက်ပြီးရေရှည်ဖြစ်သွားရင် ဘယ်လိုများဆက်ပြီးရပ်တည်မလည်းဆိုတဲ့ စိုးရိမ်စိတ်က တဖြည်းဖြည်း မြင့်တတ်လာတယ်။ လက်ရှိမှာ စားဖို့ရှိရင်တောင် နောင်မှာ ဖြစ်လာမယ့်အရေးကို တွေးပြီးတော့ စိုးရိမ်ခြင်းက အသက်တာကိုကြီးစိုးတတ်တယ်။ မမြင်နိုင်တဲ့အနာဂတ်ကို စဉ်းစားတိုင်း အမှောင်ထဲမှာလမ်း‌ လျှောက်သလို ဖြစ်ပြီး စိုးရိမ်စိတ်တွေ ဒီရေအလားအချိန် နဲ့အမျှတိုးပွားနေတယ်ဆိုရင် အရင်ဆုံး ထိခိုက်မှာက သင့်ရဲ့အထဲက ယုံကြည်ခြင်းဖြစ်ပြီး နောက်ထိခိုက်တဲ့အရာကတော့ ခန္ဓာကျန်းမာရေးပါပဲ။ ဒါကြောင့် အဲ့ဒီ စိုးရိမ်စိတ်တွေ၊ အဖြေမရနိုင်တဲ့ မေးခွန်းတွေကို ဆက်လက်စဉ်းစားမယ့်အစား ဘုရားရဲ့ဂတိတော်နဲ့ နှုတ်ကပတ်တော်ကို အသက်တာမှာ ဆင်ခြင်စဉ်းစားဖို့လိုတယ်။ ပြဿနာကိုပဲ အာရုံပြုပြီး စဉ်းစားရင် အဖြေမရတဲ့ အပြင် စိုးရိမ်ခြင်းပဲ ရလာမှာပါ။ ဘုရားကို ဗဟိုပြုပြီးစဉ်းစားရင်တော့ အဖြေမရသေးရင်တောင် ပြဿနာကို ကျော်လွှားနိုင်တဲ့ ယုံကြည်ခြင်း ရောက်လာလိမ့်မယ်။

သခင်ယေရှုက သေချာ သွန်သင်တယ်။ စားဝတ်နေရေးစိုးရိမ်မှုအောက်မှာပိတ်မိမနေဖို့အတွက်။ လယ်လည်း မလုပ်သလို စုဆောင်းထားတာတွေလည်းမရှိတဲ့ငှက်တွေကိုကြည့်ပြီး ဘုရားရဲ့ကျွေးမွေးခြင်းကို စိတ်ချဖို့အတွက်။ အလုပ်မရှိပေမယ့်၊ စုဆောင်းထားတာမရှိပေမယ့် ဘုရားက ပစ်ထားမှာမဟုတ်ဘူးဆိုတာကို အမြဲအားယူဖို့ပါ။ တခါတလေ အလုပ်ရှိမှ ကိုယ်လုပ်နိုင်မှ စားရမယ်လို့ ထင်တတ်တဲ့လူသဘာ၀ရဲ့ စာငှက်တွေကိုပြပြီးတော့ စိုးရိမ်စိတ်ကနေလွတ်မြောက်ဖို့သင်ပေးတယ်။ စာငှက်တစ်ကောင်ကိုတောင် အငတ်မထားတဲ့ ဘုရားက ဘယ်တစ်ယောက်ကိုမှ အငတ်ထားမှာမဟုတ်ဘူးဆိုတာကို ဆင်ခြင်အောက်မေ့ရင် စိုးရိမ်စိတ်ကို မောင်းထုတ်နိုင်လိမ့်မယ်။ ဒီနှစ်တစ်နှစ်လုံးမှာကျွန်တော်တို့ ဒီအရာကိုမျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီးပြီလို့ယုံတယ်။ အရင်ကတော့ကိုယ်လုပ်နိုင်လို့၊ အလုပ်ရှိလို့၊ ပုံမှန်ဝင်ငွေလေးကြောင့် စားနေရတာလို့ ထင်နေပေမယ့် အဲ့ဒါတွေမရှိလည်း ဘုရားကျွေးတယ်ဆိုတာကိုပါ။ တစ်ချို့အရာတွေက စီးပွားရေးအတွက်မကောင်းရင်တောင် ဝိညာဉ်ရေးအတွက် အရမ်းကောင်းတဲ့ အရာတွေကိုယူဆောင်လာတတ်တယ်။ ယုံကြည်ခြင်းနှင့် အသက်ရှင်ခြင်းဆိုတာဘာလဲလို့မသိတဲ့သူတွေတောင် ဒီနှစ်မှာ လက်တွေ့အသက်ရှင်ခွင့်ရတယ်မဟုတ်လား။ စိုးရိမ်စိတ်က သင့်ဘ၀ကို တိုးပွားမှုတွေယူဆောင်လာမှာမဟုတ်လို့ဆက်လက်ခံမထားနဲ့။ ယုံကြည်ခြင်းကတော့ သင့်ဘ၀ကို ဆတိုးပွားများမှုတွေကိုသေချာပေါက်ယူဆောင်လာလိမ့်မယ်။



Zawgyi

စိုးရိမ္ေၾကာက္႐ြံျခင္းမ႐ွိႏွင့္

“အ​ဘယ္​သူ​သည္ စိုး​ရိမ္​ျခင္း​အား​ျဖင့္ မိ​မိ​အ​သက္​တာ​ကို တစ္​ေတာင္​ခန္႔​မွ် တိုး​ပြား​ေစ​ႏိုင္​သ​နည္း။-”(မႆဲ-၆:၂၇)


လူတိုင္းမွာ မတူတဲ့စိုးရိမ္စိတ္ကိုယ္စီ႐ွိတတ္ၾကပါတယ္။ စား၊ဝတ္၊ေနေရးဆိုတဲ့ အေရးသုံးပါးကေတာ့ လူတိုင္းတူညီစြာ စိုးရိမ္ပူပန္မႈေတြထဲကတစ္ခုပါ။ စိုးရိမ္စိတ္ ဝင္လာတတ္တာ လူတိုင္းေန႔စဥ္ ၾကဳံရတတ္ေပမယ့္ အဲ့ဒီစိုးရိမ္စိတ္ကိုအသက္တာမွာအခ်ိန္ၾကာႀကီးဦးေဆာင္ ခြင့္ေပးရင္ေတာ့ သင့္သက္တာအတြက္ အေကာင္းထက္အဆိုးေတြကို သယ္ေဆာင္လာမွာေသခ်ာတယ္။ စိုးရိမ္စိတ္က လူေတြကို ဘာေကာင္းက်ိဳးမွမေပးသလို၊ သင့္အသက္တာထဲမွာလည္း ဘာတိုးပြားမႈကိုမွယူေဆာင္လာမွာမဟုတ္ဘူး။ စိုးရိမ္ျခင္းက ယုံၾကည္ျခင္းရဲ႕အဓိကရန္သူျဖစ္ၿပီးေတာ့ စိုးရိမ္စိတ္က သင့္အသက္တာရဲ႕ေကာင္းတဲ့အရာေတြ အားလုံးကို တိုက္စားသြားလိမ့္မယ္။ ဒီလို ကပ္ေရာဂါအေျခအေနစိုးႀကီးထဲမွာဆို ပိုဆိုးတယ္ လူေတြရဲ႕ စားဝတ္ေနေရးအတြက္ စိုးရိမ္မႈဟာ အျမင့္ဆုံးမွာ ႐ွိတယ္။ ဒီအတိုင္းသာ ဆက္ၿပီးေရ႐ွည္ျဖစ္သြားရင္ ဘယ္လိုမ်ားဆက္ၿပီးရပ္တည္မလည္းဆိုတဲ့ စိုးရိမ္စိတ္က တျဖည္းျဖည္း ျမင့္တတ္လာတယ္။ လက္႐ွိမွာ စားဖို႔႐ွိရင္ေတာင္ ေနာင္မွာ ျဖစ္လာမယ့္အေရးကို ေတြးၿပီးေတာ့ စိုးရိမ္ျခင္းက အသက္တာကိုႀကီးစိုးတတ္တယ္။ မျမင္ႏိုင္တဲ့အနာဂတ္ကို စဥ္းစားတိုင္း အေမွာင္ထဲမွာလမ္း‌ ေလွ်ာက္သလို ျဖစ္ၿပီး စိုးရိမ္စိတ္ေတြ ဒီေရအလားအခ်ိန္ နဲ႔အမွ်တိုးပြားေနတယ္ဆိုရင္ အရင္ဆုံး ထိခိုက္မွာက သင့္ရဲ႕အထဲက ယုံၾကည္ျခင္းျဖစ္ၿပီး ေနာက္ထိခိုက္တဲ့အရာကေတာ့ ခႏၶာက်န္းမာေရးပါပဲ။ ဒါေၾကာင့္ အဲ့ဒီ စိုးရိမ္စိတ္ေတြ၊ အေျဖမရႏိုင္တဲ့ ေမးခြန္းေတြကို ဆက္လက္စဥ္းစားမယ့္အစား ဘုရားရဲ႕ဂတိေတာ္နဲ႔ ႏႈတ္ကပတ္ေတာ္ကို အသက္တာမွာ ဆင္ျခင္စဥ္းစားဖို႔လိုတယ္။ ျပႆနာကိုပဲ အာ႐ုံျပဳၿပီး စဥ္းစားရင္ အေျဖမရတဲ့ အျပင္ စိုးရိမ္ျခင္းပဲ ရလာမွာပါ။ ဘုရားကို ဗဟိုျပဳၿပီးစဥ္းစားရင္ေတာ့ အေျဖမရေသးရင္ေတာင္ ျပႆနာကို ေက်ာ္လႊားႏိုင္တဲ့ ယုံၾကည္ျခင္း ေရာက္လာလိမ့္မယ္။

သခင္ေယ႐ႈက ေသခ်ာ သြန္သင္တယ္။ စားဝတ္ေနေရးစိုးရိမ္မႈေအာက္မွာပိတ္မိမေနဖို႔အတြက္။ လယ္လည္း မလုပ္သလို စုေဆာင္းထားတာေတြလည္းမ႐ွိတဲ့ငွက္ေတြကိုၾကည့္ၿပီး ဘုရားရဲ႕ေကြၽးေမြးျခင္းကို စိတ္ခ်ဖို႔အတြက္။ အလုပ္မ႐ွိေပမယ့္၊ စုေဆာင္းထားတာမ႐ွိေပမယ့္ ဘုရားက ပစ္ထားမွာမဟုတ္ဘူးဆိုတာကို အၿမဲအားယူဖို႔ပါ။ တခါတေလ အလုပ္႐ွိမွ ကိုယ္လုပ္ႏိုင္မွ စားရမယ္လို႔ ထင္တတ္တဲ့လူသဘာ၀ရဲ႕ စာငွက္ေတြကိုျပၿပီးေတာ့ စိုးရိမ္စိတ္ကေနလြတ္ေျမာက္ဖို႔သင္ေပးတယ္။ စာငွက္တစ္ေကာင္ကိုေတာင္ အငတ္မထားတဲ့ ဘုရားက ဘယ္တစ္ေယာက္ကိုမွ အငတ္ထားမွာမဟုတ္ဘူးဆိုတာကို ဆင္ျခင္ေအာက္ေမ့ရင္ စိုးရိမ္စိတ္ကို ေမာင္းထုတ္ႏိုင္လိမ့္မယ္။ ဒီႏွစ္တစ္ႏွစ္လုံးမွာကြၽန္ေတာ္တို႔ ဒီအရာကိုမ်က္ဝါးထင္ထင္ ေတြ႕ျမင္ခဲ့ၿပီးၿပီလို႔ယုံတယ္။ အရင္ကေတာ့ကိုယ္လုပ္ႏိုင္လို႔၊ အလုပ္႐ွိလို႔၊ ပုံမွန္ဝင္ေငြေလးေၾကာင့္ စားေနရတာလို႔ ထင္ေနေပမယ့္ အဲ့ဒါေတြမ႐ွိလည္း ဘုရားေကြၽးတယ္ဆိုတာကိုပါ။ တစ္ခ်ိဳ႕အရာေတြက စီးပြားေရးအတြက္မေကာင္းရင္ေတာင္ ဝိညာဥ္ေရးအတြက္ အရမ္းေကာင္းတဲ့ အရာေတြကိုယူေဆာင္လာတတ္တယ္။ ယုံၾကည္ျခင္းႏွင့္ အသက္႐ွင္ျခင္းဆိုတာဘာလဲလို႔မသိတဲ့သူေတြေတာင္ ဒီႏွစ္မွာ လက္ေတြ႕အသက္႐ွင္ခြင့္ရတယ္မဟုတ္လား။ စိုးရိမ္စိတ္က သင့္ဘ၀ကို တိုးပြားမႈေတြယူေဆာင္လာမွာမဟုတ္လို႔ဆက္လက္ခံမထားနဲ႔။ ယုံၾကည္ျခင္းကေတာ့ သင့္ဘ၀ကို ဆတိုးပြားမ်ားမႈေတြကိုေသခ်ာေပါက္ယူေဆာင္လာလိမ့္မယ္။

6 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube