Search
  • Than Min Htike

စိုးရိမ်ကြောက်ရွံ့ခြင်းမရှိနှင့် (၂)

“ထို​ကြောင့် နက်​ဖြန်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန်​နေ့​သည် မိ​မိ​အ​ဖို့ စိုး​ရိမ်​လိမ့်​မည်။ ယ​ခု​နေ့၌​ရှိ​သော မ​ကောင်း​မ​သင့်​သော အ​ရာ​သည် ယ​ခု​နေ့​ဖို့ လောက်​ပေ၏”(မဿဲ-၆:၃၄)


စိုးရိမ်ကြောက်ရွံ့တဲ့စိတ်က ဘုရားဆီကနေမလာဘူး။ ပေါလုကတော့ တိမောသေဆီကို စာရေးတဲ့အခါမှာ သတိပေးတယ်။ ဘုရားက ကြောက်ရွံ့တဲ့စိတ်သဘောကို လုံး၀မပေးဘူး။ချစ်တတ်တဲ့စိတ် ၊ရှင်းလင်းတဲ့စိတ်၊ တန် ခိုးပါတဲ့စိတ်ကိုပဲပေးတယ်(၂တိ-၁း၇)။ ဒါဆိုရင် စိုးရိမ်ကြောက်ရွံ့ခြင်းကို အသက်တာမှာ ကြာကြာခွင့်ပြုထားရင် စာတန်လာထည့်ပေးတဲ့ အရာကို မရှင်းပစ်ပဲ ခွင့်ပြုထားသလိုဖြစ်စေပြီးတော့ ဘာတွေဆုံးရှုံးသွားမလည်းဆိုရင် ချစ်တတ်တဲ့စိတ်၊ ရှင်းလင်းတဲ့စိတ်နှင့် တန်ခိုးပါတဲ့စိတ်တွေကို တိုက်ခိုက်နှောင့်ယှက်လိမ့်မယ်။ ချစ်ခြင်းမေတ္တာက ကြောက်ခြင်းသံဝေဂနဲ့ မပေါင်းနိုင်ဘူးလို့ ရှင်ယောဟန်က သတိပေးထားတယ်(၁ယော -၄း၁၈)။ ဒီလိုပဲရှင်းလင်းတဲ့စိတ်၊ တန်ခိုးပါတဲ့စိတ်တွေကိုထိခိုက် လာလိမ့်မယ်။ စိုးရိမ်တဲ့စိတ်ဟာ စိတ်ပိုင်းဆိုင်ရာကိုပဲအကျိုး မပေးတာမဟုတ်ဘူး လူ့ကိုယ်ခန္ဓာကိုယ်ကိုလည်းကောင်းကျိုးမပေးဘူး။ ရောဂါတော်တော်များများ အစပြုတဲ့ ဖြစ်စေတဲ့အရာထဲမှာ စိုးရိမ်ကြောက်ရွံ့တဲ့စိတ်ကလည်းထိပ်ဆုံးပါဝင်တယ်။ ယောဘကြီးကိုယ်တိုင်လည်း ဒီလိုဝန်ခံထားဖူးတယ်။ “ငါ​ကြောက်​သော​အ​မှု​သည် ငါ၌​ရောက်​လာ​ပြီ။ ငါ​အ​လွန်​ကြောက်​သော​ဘေး​သည် ငါ့​ကို​တွေ့​မိ​ပြီ”(ယောဘ-၃:၂၅)။ သူ့မိသားစုနဲ့ သားသမီးတွေ စီးပွားရေးတွေမှာဆိုးရွားတဲ့အရာတွေမဖြစ်ပျက်ခင်မှာ သူ့စိတ်ထဲမှာ အဲ့ဒီလိုများဖြစ်လာရင် ဘယ်လိုလုပ်မလည်းဆိုပြီးတော့ စိုးရိမ်ကြောက်ရွံ့ခြင်းကနေရာယူနေခဲ့တယ်။ အပြင်မှာတော့အရာရာအဆင်ပြေနေပေမယ့် စိတ်ထဲမှာ စိုးရိမ်စိတ်က ကြီးစိုးနေခဲ့တယ်။ မကြာပါဘူး သူစိုးရိမ်တဲ့အရာက ဖိတ်ခေါ်ထားသလိုပဲ ဆိုက်ဆိုက် မြိုက်မြိုက် သူ့ဆီကိုရောက်လာတော့တာပါပဲ။ ဒါကြောင့် ရောဂါဖြစ်လာရင် ဘယ်လိုလုပ်မလည်း၊ စီးပွားရေးကြပ်တည်းပြီးစားစရာမရှိတော့ရင် ဘယ်လိုလုပ်မလည်း စတဲ့ စိုးရိမ်ကြောက်ရွံ့ခြင်းတွေကို နေရာမပေးမိဖို့လိုတယ်။ နေရာပေးမိရင် အနှေးနဲ့အမြန် အဲ့ဒါတွေက သင့်ဆီကို ခေါ်ဖိတ်ထားသလို ရောက်လာလိမ့်မယ်။ ဒီနေ့ အတွက် မကောင်းတဲ့အရာတွေ ရှိမှာပါ။ အဲ့ဒါတွေကိုကြည့်ပြီးတော့ မနက်ဖြန်ဘယ်လိုလုပ်မလည်းဆိုပြီးတော့ ကြိုတင်မစိုးရိမ်ပါနဲ့။ တချို့ဆိုညတောင် အိပ်လို့ မရတဲ့အထိ စိုးရိမ်မှုက ဖိဆီးတာခံစားနေရတဲ့သူတွေရှိတယ်။ နှုတ် ကပတ်တော်ကပြောတယ် ဒီနေ့ မကောင်းတာ ဒီနေ့အတွက်ပဲလောက်ပြီ၊ အဲ့ဒါကိုမနက်ဖြန် သယ်သွားစရာမလိုဘူး။ မနက်ဖြန်မှာ ဘုရားရဲ့ဂရုဏာအသစ်နဲ့အတူ အဆိုးတွေကိုရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ယုံပါ။ ကြိုတင်ပြီးတော့ စိုးရိမ်နေစရာမလိုဘူး။ ဒါကြောင့် နောက်လ၊ နောက်နှစ်တွေအတွက်မပြောနဲ့ ဘုရားက မနက်ဖြန်အတွက်တောင် မစိုးရိမ်စေချင်ဘူး။ သူ့ကိုစိတ်ချမှုနဲ့ သူပြုမယ့်အမှုသစ်တွေကို ယုံကြည်ခြင်းနဲ့ ရှင်သန်စေချင်တယ်။ စိုးရိမ်မှုတွေနေရာမှာ စိတ်ချမှုတွေကိုအစားထိုးလိုက်ပါ အဆိုးတွေနေရာမှာအကောင်းတွေ နေရာယူလာပါလိမ့်မယ်။



Zawgyi

စိုးရိမ္ေၾကာက္႐ြံ႕ျခင္းမ႐ွိႏွင့္ (၂)

“ထို​ေၾကာင့္ နက္​ျဖန္​အ​ဖို႔ မ​စိုး​ရိမ္​ၾက​ႏွင့္။ နက္​ျဖန္​ေန႔​သည္ မိ​မိ​အ​ဖို႔ စိုး​ရိမ္​လိမ့္​မည္။ ယ​ခု​ေန႔၌​႐ွိ​ေသာ မ​ေကာင္း​မ​သင့္​ေသာ အ​ရာ​သည္ ယ​ခု​ေန႔​ဖို႔ ေလာက္​ေပ၏”(မႆဲ-၆:၃၄)


စိုးရိမ္ေၾကာက္႐ြံ႕တဲ့စိတ္က ဘုရားဆီကေနမလာဘူး။ ေပါလုကေတာ့ တိေမာေသဆီကို စာေရးတဲ့အခါမွာ သတိေပးတယ္။ ဘုရားက ေၾကာက္႐ြံ႕တဲ့စိတ္သေဘာကို လုံး၀မေပးဘူး။ခ်စ္တတ္တဲ့စိတ္ ၊႐ွင္းလင္းတဲ့စိတ္၊ တန္ ခိုးပါတဲ့စိတ္ကိုပဲေပးတယ္(၂တိ-၁း၇)။ ဒါဆိုရင္ စိုးရိမ္ေၾကာက္႐ြံ႕ျခင္းကို အသက္တာမွာ ၾကာၾကာခြင့္ျပဳထားရင္ စာတန္လာထည့္ေပးတဲ့ အရာကို မ႐ွင္းပစ္ပဲ ခြင့္ျပဳထားသလိုျဖစ္ေစၿပီးေတာ့ ဘာေတြဆုံး႐ႈံးသြားမလည္းဆိုရင္ ခ်စ္တတ္တဲ့စိတ္၊ ႐ွင္းလင္းတဲ့စိတ္ႏွင့္ တန္ခိုးပါတဲ့စိတ္ေတြကို တိုက္ခိုက္ေႏွာင့္ယွက္လိမ့္မယ္။ ခ်စ္ျခင္းေမတၱာက ေၾကာက္ျခင္းသံေဝဂနဲ႔ မေပါင္းႏိုင္ဘူးလို႔ ႐ွင္ေယာဟန္က သတိေပးထားတယ္(၁ေယာ -၄း၁၈)။ ဒီလိုပဲ႐ွင္းလင္းတဲ့စိတ္၊ တန္ခိုးပါတဲ့စိတ္ေတြကိုထိခိုက္ လာလိမ့္မယ္။ စိုးရိမ္တဲ့စိတ္ဟာ စိတ္ပိုင္းဆိုင္ရာကိုပဲအက်ိဳး မေပးတာမဟုတ္ဘူး လူ႕ကိုယ္ခႏၶာကိုယ္ကိုလည္းေကာင္းက်ိဳးမေပးဘူး။ ေရာဂါေတာ္ေတာ္မ်ားမ်ား အစျပဳတဲ့ ျဖစ္ေစတဲ့အရာထဲမွာ စိုးရိမ္ေၾကာက္႐ြံ႕တဲ့စိတ္ကလည္းထိပ္ဆုံးပါဝင္တယ္။ ေယာဘႀကီးကိုယ္တိုင္လည္း ဒီလိုဝန္ခံထားဖူးတယ္။ “ငါ​ေၾကာက္​ေသာ​အ​မႈ​သည္ ငါ၌​ေရာက္​လာ​ၿပီ။ ငါ​အ​လြန္​ေၾကာက္​ေသာ​ေဘး​သည္ ငါ့​ကို​ေတြ႕​မိ​ၿပီ”(ေယာဘ-၃:၂၅)။ သူ႕မိသားစုနဲ႔ သားသမီးေတြ စီးပြားေရးေတြမွာဆိုး႐ြားတဲ့အရာေတြမျဖစ္ပ်က္ခင္မွာ သူ႕စိတ္ထဲမွာ အဲ့ဒီလိုမ်ားျဖစ္လာရင္ ဘယ္လိုလုပ္မလည္းဆိုၿပီးေတာ့ စိုးရိမ္ေၾကာက္႐ြံ႕ျခင္းကေနရာယူေနခဲ့တယ္။ အျပင္မွာေတာ့အရာရာအဆင္ေျပေနေပမယ့္ စိတ္ထဲမွာ စိုးရိမ္စိတ္က ႀကီးစိုးေနခဲ့တယ္။ မၾကာပါဘူး သူစိုးရိမ္တဲ့အရာက ဖိတ္ေခၚထားသလိုပဲ ဆိုက္ဆိုက္ ၿမိဳက္ၿမိဳက္ သူ႕ဆီကိုေရာက္လာေတာ့တာပါပဲ။ ဒါေၾကာင့္ ေရာဂါျဖစ္လာရင္ ဘယ္လိုလုပ္မလည္း၊ စီးပြားေရးၾကပ္တည္းၿပီးစားစရာမ႐ွိေတာ့ရင္ ဘယ္လိုလုပ္မလည္း စတဲ့ စိုးရိမ္ေၾကာက္႐ြံ႕ျခင္းေတြကို ေနရာမေပးမိဖို႔လိုတယ္။ ေနရာေပးမိရင္ အေႏွးနဲ႔အျမန္ အဲ့ဒါေတြက သင့္ဆီကို ေခၚဖိတ္ထားသလို ေရာက္လာလိမ့္မယ္။ ဒီေန႔ အတြက္ မေကာင္းတဲ့အရာေတြ ႐ွိမွာပါ။ အဲ့ဒါေတြကိုၾကည့္ၿပီးေတာ့ မနက္ျဖန္ဘယ္လိုလုပ္မလည္းဆိုၿပီးေတာ့ ႀကိဳတင္မစိုးရိမ္ပါနဲ႔။ တခ်ိဳ႕ဆိုညေတာင္ အိပ္လို႔ မရတဲ့အထိ စိုးရိမ္မႈက ဖိဆီးတာခံစားေနရတဲ့သူေတြ႐ွိတယ္။ ႏႈတ္ ကပတ္ေတာ္ကေျပာတယ္ ဒီေန႔ မေကာင္းတာ ဒီေန႔အတြက္ပဲေလာက္ၿပီ၊ အဲ့ဒါကိုမနက္ျဖန္ သယ္သြားစရာမလိုဘူး။ မနက္ျဖန္မွာ ဘုရားရဲ႕ဂ႐ုဏာအသစ္နဲ႔အတူ အဆိုးေတြကိုရင္ဆိုင္ေက်ာ္လႊားႏိုင္မယ္လို႔ယုံပါ။ ႀကိဳတင္ၿပီးေတာ့ စိုးရိမ္ေနစရာမလိုဘူး။ ဒါေၾကာင့္ ေနာက္လ၊ ေနာက္ႏွစ္ေတြအတြက္မေျပာနဲ႔ ဘုရားက မနက္ျဖန္အတြက္ေတာင္ မစိုးရိမ္ေစခ်င္ဘူး။ သူ႕ကိုစိတ္ခ်မႈနဲ႔ သူျပဳမယ့္အမႈသစ္ေတြကို ယုံၾကည္ျခင္းနဲ႔ ႐ွင္သန္ေစခ်င္တယ္။ စိုးရိမ္မႈေတြေနရာမွာ စိတ္ခ်မႈေတြကိုအစားထိုးလိုက္ပါ အဆိုးေတြေနရာမွာအေကာင္းေတြ ေနရာယူလာပါလိမ့္မယ္။


7 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube