- Than Min Htike
စိုးရိမ်ကြောက်ရွံ့ခြင်းမရှိနှင့် (၃)
“ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နုတ်တော်မူ၏။”(ဆာ-၃၄:၄)
လောကမှာ မရှာပဲနဲ့ တွေ့နေရတာကတော့ စိုးရိမ်ကြောက်ရွံ့စရာအကြောင်းတွေပါပဲ။ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာ၊ သတင်းတွေမှာ အခြေအနေနဲ့ အဖြစ်ပျက်တိုင်းက စိုးရိမ်ကြောက်ရွံ့ခြင်းတွေပတ်လည်ဝိုင်းရံခြင်းခံရနေရတဲ့အခြေအနေပါပဲ။ ကြားလိုက်ရတဲ့သတင်း တွေထဲမှာ ဝမ်းမြောက်စရာသတင်းထက် စိုးရိမ်စရာသတင်းတွေကပိုများနေတယ်မဟုတ်လား။ ရှာမာရိမြို့ကို ရန်သူတွေဝိုင်းထားပြီးတော့ အခက်အခဲဆုံးအချိန်မှာ လူနူ (၄)ယောက်ကြုံနေရသလိုပါပဲ။ မြို့ထဲသွားရင်လည်းအခြေအနေကမကောင်း၊ ရှိတဲ့နေရာမှာထိုင်ရင်လည်းပိုကောင်းလာဖို့မရှိဘူး။ အပြင်မှာလည်း ရန်သူတွေက ဝိုင်းထားလို့ နောက်ပိုမကောင်းဖို့ပဲရှိနေတဲ့အချိန်မှာ သူတို့က ဒီအတိုင်း ထိုင်ပြီးနေမယ့်အစား၊ စိုးရိမ်ပြီးတော့ဘ၀ ကိုဖြတ်သန်းမယ့်အစား လာမယ့်ဘေးပြေးတွေ့လိုက်တာမှ ကောင်းတယ်ဆိုပြီးတော့ရိက္ခာရှိတဲ့ ရန်သူတွေဆီကို (၄)ယောက်သားသဘောတူပြီးချီတက်လာကြတယ်။ ဘုရားက ရန်သူတွေဆီ သူတို့မရောက်ခင် အံ့ဩဖွယ်ရာ အမှုပြုထားပြီး ရန်သူတွေဟာသူတို့ လေးယောက်မလာခင် စစ်ချီသံကြားရလို့ အကုန်ထွက်ပြေးကုန်တယ်။ သူတို့ရောက်တော့ ရန်သူတွေမရှိပဲ ရိက္ခာပဲရှိတာမြင်ခဲ့ရတယ်။ တခါတလေ ကျွန်တော်တို့စိုးရိမ်တဲ့အရာက စိုးရိမ်သလောက်လည်းမဟုတ်ဘူးဆိုတာ ဒီနေရာမှာတွေ့ရတယ်။ ဘုရား အတူပါရှိတဲ့အခါမှာ ရန်သူကိုမတွေ့ရပဲ လိုအပ်တဲ့ရိက္ခာတွေကိုပဲ တွေ့ရတယ်။ ရှာမာရိမြို့က စိုးရိမ်ကြောက်ရွံ့နေတာကို ဘုရားက လူနူ လေးယောက် အားဖြင့်ပဲ ရှင်းလိုက်တယ်။ လူတွေအရမ်းကြောက်ရွံ့တဲ့ ဂေါလျက်ကို အထင်ကြီးစရာမကောင်းတဲ့ ဒါဝိဒ်ရဲ့ ကျောက်ခဲလေးနဲ့ လှဲချ လိုက်သလိုပါပဲ။
စိုးရိမ်ခြင်းကအသက်တာမှာကြီးလာရင် ဘုရားကိုသေးသေးလေးပဲလို့မြင်လာစေတယ်။ ဘုရားကြီးမြတ်ခြင်းကို မြင်လာလေ စိုးရိမ်စရာကတော့သေးသေးလေးပဲ ဖြစ်သွားတယ်။ ဘုရားလောက်ဘယ်အရာကမှ မကြီးဘူးဆိုတာသိထားရင် ဘာမဆိုရင်ဆိုင်နိုင်ပါတယ်။ ဒါကြောင့်ဆာလံဆရာက ပြောတာပေါ့ ဘုရားကိုရှာဖို့။ ဘုရားကိုရှာရင် ကျွန်တော်တို့စိုးရိမ်ကြောက်ရွံ့စရာတွေကနေ လွတ်မြောက်ဖို့နည်းလမ်းကိုအမြဲတွေ့လိမ့်မယ်။ ဘုရားဆီမှာပဲ လူတွေအတွက်လိုအပ်တဲ့စိတ်ချမှုကိုရနိုင်တယ်။ သခင်ယေရှုကိုယ်တိုင် လောကမှာ ကျင် လည်စဉ် ကြောက်ရွံ့စရာအမှုတွေနဲ့ကြုံခဲ့ရပေမယ့်အား လုံးအတွက်ပုံသက်သေအနေနဲ့ သူဟာ ဘုရားကို ရှာခဲ့တယ်။ ဘုရားထံတော်မှာသာ ကြောက်ရွံ့စရာအမှုတွေထဲကနေ ချမ်းသာခြင်းကို ရှာတွေ့နိုင်တယ်လို့ နှုတ်ကပတ်တော်မှာ ဆိုတယ်။ “ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပတ္ထနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍၊-”(ဟေဗြဲ-၅:၇)
ဒါကြောင့် စိုးရိမ်ကြောက်ရွံ့စရာကိုရှောင်နေဖို့ထက်၊ အဲ့ဒီအဖြေကိုရှာဖို့ထက် ဘုရားကိုရှာပါ လွတ်မြောက်ရာ အဖြေကိုဘုရားရှင်းလင်းစွာပေးပါလိမ့်မယ်။

Zawgyi