Search
  • Than Min Htike
စိုးရိမ်ကြောက်ရွံ့ခြင်းမရှိနှင့် (၄)
စိုးရိမ်တုန်လှုပ်ခြင်းမရှိနှင့်
"သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကို၄င်း၊စစ်တိုက် အံ့သော သိတင်းစကားကို၄င်း ကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။"(မဿဲ၂၄:၆)
ဒီနေ့ကြားနေရတဲ့သတင်းတွေ၊အဖြစ်ပျက်
တွေက လူတွေကို စိုးရိမ်စရာပိုမိုမြင့်တက်စေပါတယ်။
မြင်သမျှ၊ ကြားသမျှဟာ သဘောကျစရာမကောင်းပေမယ့်၊စိုးရိမ်ခြင်းမရှိဖို့ ယေရှုကသတိပေးထားတယ်။
အရာခပ်သိမ်းဟာ ဘုရားစကားပြည့်စုံလာခြင်းမဟုတ်
ပါလား။ ဒီအရာတွေ ပြည့်စုံလာတာကိုကြည့်ပြီးတော့
မစိုးရိမ်ဖို့ မိန့်ထားတဲ့စကားကိုပိုမိုစိတ်ချစရာဖြစ်စေ
တယ်။ ဒါကြောင့် စိုးရိမ်ဖို့မဟုတ်ပဲ ဘုရားကိုပိုမိုစိတ်ချ
ဖို့ပဲဖြစ်စေပါ။ စာငှက်တစ်ကောင်တောင် အငတ်မထား
တဲ့ဘုရားဟာသင့်ကို ဘယ်တော့မှ မစွန့်ပစ်ဘူးဆိုတာ
စိတ်ချထားပါ။
၁။ စိုးရိမ်ဖို့မဟုတ်ဘူး ဆုတောင်းဖို့ပါ (ဒံ၊၂း၁၇)
ဒီနေ့ဖြစ်ပျက်နေတဲ့အရာတွေဟာ သင်စိုးရိမ်
ဖို့မဟုတ်ပဲ ဆုတောင်းပေးဖို့ပဲလိုတာပါ။ ဘုရင်ရဲ့အိမ်
မက်နှင့်အိမ်မက် အနက်ကို ပြောပြဖို့ ဘုရင်အမိန့်တော်
ရှိပါတယ်။ မပြောနိုင်တော့ သေဒဏ်ပေးဖို့အကြောင်းဖန်
လာတယ်။ လူတိုင်းကြံရာမရပဲ စိုးရိမ်နေချိန်မှာ ဒံယေလ
နဲ့သူငယ်ချင်းတွေကတော့ စိုးရိမ်မနေပဲ ဆုတောင်းဖို့
ဆုံးဖြတ်ကြတယ်။ ဒီဆုတောင်းခြင်းရဲ့အဖြေဟာသူ
တို့ပဲ လွတ်မြောက်စေတာမဟုတ်ဘူး။ သူတို့အားဖြင့်
တခြားပညာရှိတွေပါ လွတ်မြောက်တယ်မဟုတ်လား။ စိုးရိမ်နေမယ့်အစား ဆုတောင်းတဲဲ့အခါမှာ စိုးရိမ်ရတဲ့အရာကနေ လွတ်မြောက်ရုံသာမကဘူး အခြားသူတွေကိုပါကူညီပေးတဲ့သူဖြစ်လာတယ်။ စိုးရိမ်ခြင်းများနေတာ ဆုတောင်းခြင်းနည်းနေလို့ပါ။ ဆုတောင်းခြင်းနဲ့များများဘုရားနဲ့အချိန်ယူတဲ့အခါမှာ စိုးရိမ်ခြင်းကနည်းနည်းလေးပဲကျန်တော့တယ်။
၂။ စိုးရိမ်ဖို့မဟုတ်ပဲဂတိတော်ကိုစွဲကိုင်ဖို့ (တ၊၁၂း၁-၁၀)
ဘဝမှာတွေ့ကြုံရတဲ့ အရာတိုင်းဟာ ယုံကြည်သူ
အတွက်အကျိုးမဲ့တာ တစ်ခုမှ မရှိဘူး။ ဝမ်းနည်းဝမ်းသာ
ကိစ္စတိုင်းဟာ ယုံကြည်သူတွေ အတွက် အဖိုးထိုက်တဲ့
ဘုရားပေးတဲ့ အတွေ့အကြုံကိုယူဆောင်လာပါတယ်။
ပေတရုဟာ ထောင်ထဲမှာ သံကြိုးနဲ့ချည်နှောင်ခြင်းခံရပြီး
စစ်သားအစောင့်တွေကြားမှာ မနက်ဖြန် အသတ်ခံရဖို့
ဖြစ်ပေမယ့် ကြီးစွာအိပ်ပျော် နေတယ်။ သေရမယ့်ဘယ်သူကများ အိပ်ပျော်နိုင်အုံးမလဲ။ ဘုရားရဲ့ဂတိတော်ပေါ်
စိတ်ချတဲ့ ပေတရုကတော့ စိတ်ချစွာ အိပ်စက်နေလေရဲ့။ မနက်ဖြန်အတွက်မစိုးရိမ်နဲ့ဂတိစကားရှိတယ်မဟုတ်
လား။ ကောင်းကင်တမန်ကယ်လွှတ်တာတောင် အိမ်
မက်လို့ထင်တဲ့အထိ အိမ်စက်နေခဲ့တယ်။ သင့်အသက်
တာမှာလည်း ဘုရားက မနက်ဖြန်ပေါင်းများစွာ တာဝန်ယူထားပြီးသား။ ဒါကြောင့် ဘာလို့စိုးရိမ်နေအုံးမှာလဲ။
သူပေးတဲ့ဂတိတော်ကိုစိတ်ချနေဖို့ပဲ ရှိတယ်မဟုတ်လား။
Zawgyi
စိတ်ချထားပါ။
6 views0 comments
© 2020 by Miracle Makers Proudly created with abundantlife
  • Facebook
  • YouTube