- Than Min Htike
စိုးရိမ်ကြောက်ရွံ့ခြင်းမရှိနှင့်(၅)
“လာကြ၊ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍၊ မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်သို့မီရသော ရဲတိုက်ကိုလည်းကောင်းတည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။”
(ကမ္ဘာ-၁၁:၄)
ကြီးမားပြီးမိုးထိအောင်မြင့်တဲ့အဆောက်
အအုံကြီးဗာဗုလုန်ရဲတ်ိုက်ဟာ စိုးရိမ်စိတ်တစ်ခုကနေ
အစပြုတယ်ဆိုရင် သင်အံ့သြမလား။ လူတွေဟာ ဘုရား
စကားထက် စိုးရိမ်စိတ်ကလွှမ်းမိုးလာတယ်။ ဘုရားက
လူတွေ အပြစ်ကြောင့်နောက်တစ်ဖန် ရေမလွှမ်းမိုးတော့ ဘူးလို့ ကတိပေးပေမယ့် သူတို့ဘုရားကို စိတ်မချတော့ ဘူး။ ရေလွှမ်းမိုးရတာလည်း လူတွေအပြစ်ကြောင့်ပဲမဟုတ်လား။ ဒါက်ိုသင်ခန်းစာယူပြီး နောက်တစ်ခါငါတို့ ဘုရားကိုမဆန့်ကျင်တော့ဘူး။ ဘုရားမကြ်ိုက်တာ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ရမယ့်အစား သူတို့ဟာ ဘုရားကို ပုန်ကန်ဖို့ ပြန်အစပြုပြန်တယ်။ ဒါဟာလည်း စိုးရိမ်စိတ်ကနေအစပြုတာပဲ။ ဒီနေ့စိုးရိမ်စိတ်က သူတို့ကို ဗာဗုလုန်ရဲတိုက်ကြီးဆောက်ဖို့တွန်းအားပေးလိုက်တယ်။ ဒီနေ့ ရှုပ်ထွေးခြင်း၊ ကွဲပြားခြင်းလို့အမည်ရတဲ့ ဘုရားကိုဆန့်ကျင်တဲ့ ဒီအဆာက်အအုံကို ကြိုးစားပြီးဆောက်ကြတယ်။ သူတို့မသိတာ ဘယ်လ်ိုမှ မိုးထိအောင်ဆောက်နိုင်မှာမဟုတ်ဘူးဆိုတာပဲ။ စိုးရိမ်ပြီးလုပ်တဲ့အလုပ်တွေက ဘယ်တော့မှ အဆုံးထိအောင်မြင်မှာမဟုတ်ဘူး။
ဒီနေ့ သင့်အထဲမှာလည်း စိုးရိမ်ခြင်းလွန်ကဲလာရင်
စာတန်ရဲ့ရှုပ်ထွေးခြင်းနဲ့ ကွဲပြားခြင်းအဆောက်အအုံ
တွေနေရာယူလာလိမ့်မယ်ဆိုတာသိဖို့လိုတယ်။ ဒီနေ့
ရောဂါထက် ရောဂါဖြစ်မှာ စိုးရိမ်တာက လူကိုပိုဒုက္ခ
ပေးတယ်ဆိုတာ တော်တော်များများမသိကြဘူး။
ရောဂါကြောင့်သေတာထက် စိုးရိမ်လွန်၊အကြောက်လွန် ပြီးသေတဲ့သူက ပိုများတယ်။ စိုးရိမ်ခြင်းကိုကုသဖို့တခြားဆေးဝါးမရှိဘူး။ တစ်ခုတည်းသောလွတ်မြောက် ရာက ဘုရားနဲ့ဘုရားစကားအပေါ်မှာစိတ်ချပြီးတော့အသက်ရှင်ဖို့ပဲ။ မဟုတ်ပဲစိုးရိမ်နေရင်တော့ရှုပ်ထွေးခြင်းတွေ ကွဲပြားခြင်းတွေ အသက်တာမှာအခိုင်အမာနေရာယူလာလိမ့်မယ်။

Zawgyi
စိုးရိမ္ေၾကာက္႐ြံ႕ျခင္းမ႐ွိႏွင့္(၅)
“လာၾက၊ ေျမႀကီးတစ္ျပင္လုံး၌ အရပ္ရပ္ကြဲျပားမည္ကိုစိုးရိမ္၍၊ ၿမိဳ႕ကိုလည္းေကာင္း၊ မိုးေကာင္းကင္သို႔မီရေသာ ရဲတိုက္ကိုလည္းေကာင္းတည္လုပ္သျဖင့္၊ ေက်ာ္ေစာကိတၱိ႐ွိေစျခင္းငွာ ျပဳၾကကုန္အံ့ဟု ေျပာဆိုၾက၏။”
(ကမ႓ာ-၁၁:၄)
ႀကီးမားၿပီးမိုးထိေအာင္ျမင့္တဲ့အေဆာက္
အအုံႀကီးဗာဗုလုန္ရဲတ္ိဳက္ဟာ စိုးရိမ္စိတ္တစ္ခုကေန
အစျပဳတယ္ဆိုရင္ သင္အံ့ၾသမလား။ လူေတြဟာ ဘုရား
စကားထက္ စိုးရိမ္စိတ္ကလႊမ္းမိုးလာတယ္။ ဘုရားက
လူေတြ အျပစ္ေၾကာင့္ေနာက္တစ္ဖန္ ေရမလႊမ္းမိုးေတာ့ ဘူးလို႔ ကတိေပးေပမယ့္ သူတို႔ဘုရားကို စိတ္မခ်ေတာ့ ဘူး။ ေရလႊမ္းမိုးရတာလည်းလူေတြအျပစ္ေၾကာင့္ပဲမဟုတ္ လား။ ဒါက္ိဳသင္ခန္းစာယူၿပီး ေနာက္တစ္ခါငါတို႔ ဘုရားကိုမဆန္႔က်င္ေတာ့ဘူး။ ဘုရားမၾက္ိဳက္တာ မလုပ္ေတာ့ဘူးလို႔ ဆုံးျဖတ္ရမယ့္အစား သူတို႔ဟာ ဘုရားကို ပုန္ကန္ဖို႔ ျပန္အစျပဳျပန္တယ္။ဒါဟာလည္း စိုးရိမ္စိတ္ကေနအ စျပဳတာပဲ။ ဒီေန႔ စိုးရိမ္စိတ္က သူတို႔ကို ဗာဗုလုန္ရဲတိုက္ႀကီးေဆာက္ဖို႔တြန္းအားေပးလိုက္တယ္။ ဒီေန႔ ႐ႈပ္ေထြးျခင္း၊ ကြဲျပားျခင္းလို႔အမည္ရတဲ့ ဘုရားကိုဆန္႔က်င္တဲ့ ဒီအဆာက္အအုံကို ႀကိဳးစားၿပီးေဆာက္ၾကတယ္။ သူတို႔မသိတာ ဘယ္လ္ိဳမွ မိုးထိေအာင္ေဆာက္ႏိုင္မွာမဟုတ္ဘူးဆိုတာပဲ။ စိုးရိမ္ၿပီးလုပ္တဲ့အလုပ္ေတြက ဘယ္ေတာ့မွ အဆုံးထိေအာင္ျမင္မွာမဟုတ္ဘူး။
ဒီေန႔ သင့္အထဲမွာလည္း စိုးရိမ္ျခင္းလြန္ကဲလာရင္
စာတန္ရဲ႕႐ႈပ္ေထြးျခင္းနဲ႔ ကြဲျပားျခင္းအေဆာက္အအုံ
ေတြေနရာယူလာလိမ့္မယ္ဆိုတာသိဖို႔လိုတယ္။ ဒီေန႔
ေရာဂါထက္ ေရာဂါျဖစ္မွာ စိုးရိမ္တာက လူကိုပိုဒုကၡ
ေပးတယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ားမသိၾကဘူး။
ေရာဂါေၾကာင့္ေသတာထက္ စိုးရိမ္လြန္၊အေၾကာက္လြန္ ၿပီးေသတဲ့သူက ပိုမ်ားတယ္။ စိုးရိမ္ျခင္းကိုကုသဖို႔တျခားေဆးဝါးမ႐ွိဘူး။ တစ္ခုတည္းေသာလြတ္ေျမာက္ ရာက ဘုရားနဲ႔ဘုရားစကားအေပၚမွာစိတ္ခ်ၿပီးေတာ့အသက္႐ွင္ဖို႔ပဲ။ မဟုတ္ပဲစိုးရိမ္ေနရင္ေတာ့႐ႈပ္ေထြးျခင္းေတြ ကြဲျပားျခင္းေတြ အသက္တာမွာအခိုင္အမာေနရာယူလာလိမ့္မယ္။