- Than Min Htike
စိုးရိမ်ကြောက်ရွံ့ခြင်းမရှိနှင့်(၆)
“အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။- ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”(ဖိလိပ္ပိ-၄:၆-၇)
အဘယ်အမှုကိုမျှ
စိုးရိမ်ရမယ့်အရာဆိုတာ ယုံကြည်သူမှာမရှိဘူး။ ယေရှုက သေချာမှာတယ် စစ်ဖြစ်မယ့်သတင်းတွေကြားမယ်။ ရောဂါတွေဖြစ်လာမယ်။ ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်မယ်။ နောက်ဆုံးသင့်ကိုတောင် အပြစ်မရှိပဲနဲ့မုန်းတီးလိမ့်မယ်။ ဒီလိုအခြေအနေတွေကြုံမယ်၊ပတ်ဝန်းကျင်မှာ မြင်တွေ့မယ် ဆိုရင်တောင် ဒါက စိုးရိမ်စရာမဟုတ်ပဲ ဘုရားစကားပြည့်စုံခြင်းဆိုတာကို သိမြင်ရဖို့ပဲဖြစ်တယ်။ စိုးရိမ်တယ်ဆိုတာ ဘာဆက်ဖြစ်လာမယ်ဆိုတဲ့အဆုံးကိုမသိတဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဘုရားသားသမီးတိုင်းက အဆုံးကို သိထားပြီးသားပါ။ နှုတ်ကပတ်တော်အားဖြင့်ဘုရားက သူ့သားသမီးတွေကို ကမ္ဘာပေါ်မှာ ဖြစ်ပျက်လာမယ့်အရာတွေကို တိကျစွာဖေါ်ပြထားပြီးသားဖြစ်တဲ့အတွက်ဖြစ်လာသမျှဟာ ယုံကြည်သူတွေအတွက် အဆန်းတော့မဟုတ်ပါဘူး။ ဒါကြောင့် ဒီအရာကတော့ ယုံကြည်သူတွေ စိုးရိမ်ရမယ့်အရာဆိုတာ ဘယ်အရာမှမရှိဘူး။ အဆိုးတွေဖြစ်လာပေမယ့် ဘုရားစကားပြည့်စုံတာဖြစ်တဲ့အတွက် အဲ့ဒီဘုရားက သင့်ဘ၀ကို အဲ့ဒီအဆိုးတွေထဲကနေကွယ်ကာမယ်၊ကယ်တင်မယ်ဆိုတာအကြွင်း မဲ့စိတ်ချပြီးတော့ ယုံကြည်စေချင်တယ်။ ကျွန်တော်ဘ၀ မှာအရမ်းကိုစိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေကိုဖြတ်သန်းဖူးတယ်။ ဒါပေမယ့် အဲ့ဒီအခြေအနေတွေ မဖြတ်သန်းခင်ဘုရားက အရင်ကြိုပြီးတော့ စကားပြောတဲ့အတွက် ကြိုတင်ဆုတောင်းထားပြီး အရာရာကိုဘုရားလက်ထဲအပ်နှံထားခဲ့တယ်။ ကြုံလာတဲ့အခါမှာ တည်ငြိမ်စွာနဲ့ ကျေးဇူးတော်ချီးမွမ်းပြီးဖြတ်သန်းနိုင်ခဲ့တယ်။ တကယ်တော့ အရမ်းရင့်ကျက်လွန်းလို့၊ တော်လွန်းလို့မဟုတ်ပါဘူး။ ဘုရားကြိုတင်စကားပြောထားလို့ပါ။ သင့်ဘ၀ရဲ့စိုးရိမ်စရာကောင်းတဲ့နေ့ရက်တွေကို ဘုရားနဲ့အတူတူဖြတ်သန်းတဲ့အခါမှာ စိုးရိမ်စရာနေရာမှာ ငြိမ်သက်ခြင်းကနေရာယူထားတယ်။ ဘုရားရဲ့စောင့်မခြင်းပါပဲ။
အရာရာမှာကျေးဇူးတော်ချီးမွမ်းခြင်း
ဘယ်အရာမှ စိုးရိမ်စရာမရှိအသက်ရှင်နိုင်တဲ့လျှို့ဝှက်ချက်ကတော့ အရာရာကို ကျေးဇူးတင်ချီးမွမ်းခြင်းပါပဲ။ ကြုံလာသမျှ ဘုရားအလိုတော်ကို ဝန်ခံတတ်ပြီး။ ဘုရားအခွင့်မရှိရင် စာငှက်တစ်ကောင်တောင်မြေ ပေါ်မကျရဘူးဆိုတဲ့ ဂတိတော်ကိုစိတ်ချတဲ့လူအဖို့တော့ ဖြစ်လာတဲ့အရာတွေကို စိုးရိမ်နေမယ့်အစား စိတ်ဓါတ်ကျနေမယ့်အစား ကျေးဇူးတော်ချီးမွမ်းနေမှာ သေချာတယ်။ ချီးမွမ်းခြင်းက စိုးရိမ်တဲ့အရာကို အသက်တာထဲကနေ ဖယ်ရှားလိုက်တယ်။ စိုးရိမ်စိတ်က စာတန်အသက်တာမှာ ပိုအလုပ်လုပ်ဖို့ အခွင့်ပေးလိုက်သလို ဖြစ်စေပြီးတော့၊ ကျေးဇူးတော်ချီးမွမ်းခြင်းကတော့ ဘုရားဘုန်းတော်ထွန်းလင်းဖို့အတွက် အခွင့်ပေးလိုက်သလိုပါပဲ။ ဒါကြောင့်လည်းဆာလံဆရာက ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ပူဇော်သူသည် ငါ၏ဘုန်းကိုထင်ရှားစေတယ်လို့ဆိုတယ်မဟုတ်လား။ ဘယ်သူမှ ကြံစည်လို့မရနိုင်တဲ့ ဘုရားပြင်ဆင်ထားတဲ့ ငြိမ်သက်ခြင်း အသက်တာထဲမှာ ထူးခြားစွာနေရာယူတာကိုမြင်ချင်တယ်ဆိုရင် ဘာပဲကြုံကြုံ၊ ဘယ်လိုအခြေအနေပဲ ရောက်ရောက် ဘုရားကို ကျေးဇူးတင်တတ်တဲ့နှလုံးသားလေးတော့ ဖြစ်ဖို့လိုတယ်။ ဒါဆိုရင် သင့်အသက်တာကို ဘယ်သူမှ မပေးနိုင်တဲ့အရာတွေနဲ့ ဘုရားက ကောင်းကြီးပေးမစလိမ့်မယ်။

Zawgyi
စိုးရိမ္ေၾကာက္႐ြံျခင္းမ႐ွိႏွင့္(၆)
“အဘယ္အမႈကိုမွ် စိုးရိမ္ျခင္းမ႐ွိဘဲ အရာရာ၌ ေက်းဇူးေတာ္ကို ခ်ီးမြမ္းျခင္းႏွင့္တကြ ဆုေတာင္းပတၳနာ ျပဳေသာအားျဖင့္၊ သင္တို႔ေတာင္းပန္လိုေသာ အရာမ်ားတို႔ကို ဘုရားသခင္အား ၾကားေလွ်ာက္ၾကေလာ့။- ထိုသို႔ျပဳလွ်င္ အဘယ္သူမွ်ၾကံ၍ မမီႏိုင္ေသာ ဘုရားသခင္၏ ၿငိမ္သက္ျခင္းသည္ ေယ႐ႈခရစ္အားျဖင့္ သင္တို႔၏စိတ္ႏွလုံးတို႔ကို ေစာင့္မလိမ့္မည္။”(ဖိလိပၸိ-၄:၆-၇)
အဘယ္အမႈကိုမွ်
စိုးရိမ္ရမယ့္အရာဆိုတာ ယုံၾကည္သူမွာမ႐ွိဘူး။ ေယ႐ႈက ေသခ်ာမွာတယ္ စစ္ျဖစ္မယ့္သတင္းေတြၾကားမယ္။ ေရာဂါေတြျဖစ္လာမယ္။ ငတ္မြတ္ေခါင္းပါးမႈေတြျဖစ္မယ္။ ေနာက္ဆုံးသင့္ကိုေတာင္ အျပစ္မ႐ွိပဲနဲ႔မုန္းတီးလိမ့္မယ္။ ဒီလိုအေျခအေနေတြၾကဳံမယ္၊ပတ္ဝန္းက်င္မွာ ျမင္ေတြ႕မယ္ ဆိုရင္ေတာင္ ဒါက စိုးရိမ္စရာမဟုတ္ပဲ ဘုရားစကားျပည့္စုံျခင္းဆိုတာကို သိျမင္ရဖို႔ပဲျဖစ္တယ္။ စိုးရိမ္တယ္ဆိုတာ ဘာဆက္ျဖစ္လာမယ္ဆိုတဲ့အဆုံးကိုမသိတဲ့သူေတြမွာ ျဖစ္ေလ့႐ွိပါတယ္။ ဘုရားသားသမီးတိုင္းက အဆုံးကို သိထားၿပီးသားပါ။ ႏႈတ္ကပတ္ေတာ္အားျဖင့္ဘုရားက သူ႕သားသမီးေတြကို ကမ႓ာေပၚမွာ ျဖစ္ပ်က္လာမယ့္အရာေတြကို တိက်စြာေဖၚျပထားၿပီးသားျဖစ္တဲ့အတြက္ျဖစ္လာသမွ်ဟာ ယုံၾကည္သူေတြအတြက္ အဆန္းေတာ့မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီအရာကေတာ့ ယုံၾကည္သူေတြ စိုးရိမ္ရမယ့္အရာဆိုတာ ဘယ္အရာမွမ႐ွိဘူး။ အဆိုးေတြျဖစ္လာေပမယ့္ ဘုရားစကားျပည့္စုံတာျဖစ္တဲ့အတြက္ အဲ့ဒီဘုရားက သင့္ဘ၀ကို အဲ့ဒီအဆိုးေတြထဲကေနကြယ္ကာမယ္၊ကယ္တင္မယ္ဆိုတာအႂကြင္း မဲ့စိတ္ခ်ၿပီးေတာ့ ယုံၾကည္ေစခ်င္တယ္။ ကြၽန္ေတာ္ဘ၀ မွာအရမ္းကိုစိုးရိမ္စရာေကာင္းတဲ့ အေျခအေနေတြကိုျဖတ္သန္းဖူးတယ္။ ဒါေပမယ့္ အဲ့ဒီအေျခအေနေတြ မျဖတ္သန္းခင္ဘုရားက အရင္ႀကိဳၿပီးေတာ့ စကားေျပာတဲ့အတြက္ ႀကိဳတင္ဆုေတာင္းထားၿပီး အရာရာကိုဘုရားလက္ထဲအပ္ႏွံထားခဲ့တယ္။ ၾကဳံလာတဲ့အခါမွာ တည္ၿငိမ္စြာနဲ႔ ေက်းဇူးေတာ္ခ်ီးမြမ္းၿပီးျဖတ္သန္းႏိုင္ခဲ့တယ္။ တကယ္ေတာ့ အရမ္းရင့္က်က္လြန္းလို႔၊ ေတာ္လြန္းလို႔မဟုတ္ပါဘူး။ ဘုရားႀကိဳတင္စကားေျပာထားလို႔ပါ။ သင့္ဘ၀ရဲ႕စိုးရိမ္စရာေကာင္းတဲ့ေန႔ရက္ေတြကို ဘုရားနဲ႔အတူတူျဖတ္သန္းတဲ့အခါမွာ စိုးရိမ္စရာေနရာမွာ ၿငိမ္သက္ျခင္းကေနရာယူထားတယ္။ ဘုရားရဲ႕ေစာင့္မျခင္းပါပဲ။
အရာရာမွာေက်းဇူးေတာ္ခ်ီးမြမ္းျခင္း
ဘယ္အရာမွ စိုးရိမ္စရာမ႐ွိအသက္႐ွင္ႏိုင္တဲ့လွ်ိဳ႕ဝွက္ခ်က္ကေတာ့ အရာရာကို ေက်းဇူးတင္ခ်ီးမြမ္းျခင္းပါပဲ။ ၾကဳံလာသမွ် ဘုရားအလိုေတာ္ကို ဝန္ခံတတ္ၿပီး။ ဘုရားအခြင့္မ႐ွိရင္ စာငွက္တစ္ေကာင္ေတာင္ေျမ ေပၚမက်ရဘူးဆိုတဲ့ ဂတိေတာ္ကိုစိတ္ခ်တဲ့လူအဖို႔ေတာ့ ျဖစ္လာတဲ့အရာေတြကို စိုးရိမ္ေနမယ့္အစား စိတ္ဓါတ္က်ေနမယ့္အစား ေက်းဇူးေတာ္ခ်ီးမြမ္းေနမွာ ေသခ်ာတယ္။ ခ်ီးမြမ္းျခင္းက စိုးရိမ္တဲ့အရာကို အသက္တာထဲကေန ဖယ္႐ွားလိုက္တယ္။ စိုးရိမ္စိတ္က စာတန္အသက္တာမွာ ပိုအလုပ္လုပ္ဖို႔ အခြင့္ေပးလိုက္သလို ျဖစ္ေစၿပီးေတာ့၊ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းကေတာ့ ဘုရားဘုန္းေတာ္ထြန္းလင္းဖို႔အတြက္ အခြင့္ေပးလိုက္သလိုပါပဲ။ ဒါေၾကာင့္လည္းဆာလံဆရာက ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းယဇ္ကို ပူေဇာ္သူသည္ ငါ၏ဘုန္းကိုထင္႐ွားေစတယ္လို႔ဆိုတယ္မဟုတ္လား။ ဘယ္သူမွ ၾကံစည္လို႔မရႏိုင္တဲ့ ဘုရားျပင္ဆင္ထားတဲ့ ၿငိမ္သက္ျခင္း အသက္တာထဲမွာ ထူးျခားစြာေနရာယူတာကိုျမင္ခ်င္တယ္ဆိုရင္ ဘာပဲၾကဳံၾကဳံ၊ ဘယ္လိုအေျခအေနပဲ ေရာက္ေရာက္ ဘုရားကို ေက်းဇူးတင္တတ္တဲ့ႏွလုံးသားေလးေတာ့ ျဖစ္ဖို႔လိုတယ္။ ဒါဆိုရင္ သင့္အသက္တာကို ဘယ္သူမွ မေပးႏိုင္တဲ့အရာေတြနဲ႔ ဘုရားက ေကာင္းႀကီးေပးမစလိမ့္မယ္။