Search
  • Than Min Htike

စုံလင်သောဝမ်းမြောက်ခြင်း

(ဆာ ၁၆:၁၁)

"အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း အခွင့်ရှိပါ၏၊၊"

အားရကျေနပ်ခြင်းကိုရှာနေတာလား။ ဘာလုပ်လုပ်ဝမ်းမြောက်ခြင်းမခံစားရဘူးလား။ ကျွန်တော်ငယ်ငယ်ကစိတ်ဝိညာဉ်ထဲမှာ တစ်ခုခုဟာနေတယ်လို့ခံစားရဖူးတယ်။ ဘာလုပ်လုပ် စုံလင်တဲ့ဝမ်းမြောက်ခြင်းမခံစားရဖူးဘူး။ သူငယ်ချင်းတွေနဲ့သာရယ်မော

နေပေမယ့်စိတ်ထဲမှာ တစ်စုံတစ်ခုလိုအပ်သလို ဖြစ်နေဖူးတယ်။ လူတွေဟာ အတွင်းဝိညာဉ်လိုအပ်မှုအတွက်အရာရာကိုအစာထိုးဖို့ကြိုးစားနေကြတယ်။ ဆန့်ကျင်ဘက်လိင်တွေကများ ဖြည့်ပေးနိုင်မလား ဆိုတဲ့အတွေးနဲ့ ကိလေသာ အမှောင်မှာ နွံနစ်နေပြီးမလွတ် မြောက်တဲ့သူတွေ အများကြီး။ မူးယဇ်ဆေးတွေ ၊ အရက်တွေလည်း လူကိုခဏသာခံတဲ့ အပေါအစားအပျော်တွေသက်သက်ပဲ။ နောက်ဆုံးတော့ သူတို့ပေးဒဏ် ကုန်းရုန်းသာခံပေတော့။ ဒါဆိုရင် အားရကျေနပ်ခြင်း၊ စုံလင်ဝမ်းမြောက်ခြင်းက ဒီလိုဘဝမှဘယ် တော့များရနိုင်မလဲလို့ သင်တွေးနေရင် အဖြေရှိတယ်။ သင့်ဘဝရဲ့အဓိပ္ပါယ်ကိုပြည့်ဝစွာ သဘောပေါက်ပြီးကြည်နူးမှု၊ ကျေနပ်မှုတွေကို အခြေအနေ၊ ငွေကြေးတွေနဲ့မဆိုင်ပဲ ခံစားရမယ့်နေရာရှိတယ်။ အဲ့ဒါကတော့ဘုရားရဲ့မျက်မှောက်တော် အရှေ့မှာပဲ။ မရောက်ဖူး

တဲ့သူကိုတော့ ရှင်းပြရခက်လိမ့်မယ်။ ဒါပေမယ့် ရောက်သွားရင်တော့ ဘဝရဲ့ ကောင်းကင်ဘုံကို သင်ရှာဖွေတွေ့ရှိခြင်းပဲ။ အဲ့ဒီအရပ်က်ိုတော့ နှလုံးသားအကြွင်းမဲ့ ကိုးကွယ်ခြင်းနဲ့ပဲ ရှာတွေ့နိုင်တယ်။ ဒီဆာလံက်ိုရေးတဲ့ ဒါဝိဒ်ဟာ တကယ်တော့ မိသားစုရဲ့ အမေ့ခံ လေးဖြစ်သလိုအလုပ်ကြမ်းသမားလေးတစ်ယောက်။ တောထဲတောင်ထဲမှာ အန္တာရယ်ကြီးစွာသွားလာရင်း သူဘုရားကို ကိုးကွယ်ခြင်းနဲ့ ရှာဖွေခဲ့တယ်။ညအဲ့ဒီနေရာမှာပင်သူ မျက်မှောက်တော်ရဲ့ နက်ရှိုင်းမှုကိုရှာဖွေတွေ့ရှိခဲ့တယ်။ ကန္တရက အိုအေစစ်လိုပဲ သူ့ဘဝက်ိုစိုပြေစေခဲ့တယ်။ ဒီလိုစုံလင်တဲ့ဝမ်းမြောက်ကျေနပ်ခြင်းက်ိုဘုရားမျက်မှောက်တော်ကလွဲပြီး ဘယ်နေရာဘယ်အရပ်ကမှ မပေးနိုင်တာအသေချာပဲ။ စုံလင်သောဝမ်းမြောက်ခြင်းရပါစေ။



Zawgyi

စုံလင္ေသာဝမ္းေျမာက္ျခင္း

(ဆာ ၁၆:၁၁)

"အထံေတာ္၌ စုံလင္ေသာ ဝမ္းေျမာက္ျခင္း အခြင့္ႏွင့္ လက်္ာေတာ္နားမွာ အစဥ္အၿမဲ ေပ်ာ္ေမြ႕ျခင္း အခြင့္႐ွိပါ၏၊၊"

အားရေက်နပ္ျခင္းကို႐ွာေနတာလား။ ဘာလုပ္လုပ္ဝမ္းေျမာက္ျခင္းမခံစားရဘူးလား။ ကြၽန္ေတာ္ငယ္ငယ္ကစိတ္ဝိညာဥ္ထဲမွာ တစ္ခုခုဟာေနတယ္လို႔ခံစားရဖူးတယ္။ ဘာလုပ္လုပ္ စုံလင္တဲ့ဝမ္းေျမာက္ျခင္းမခံစားရဖူးဘူး။ သူငယ္ခ်င္းေတြနဲ႔သာရယ္ေမာ

ေနေပမယ့္စိတ္ထဲမွာ တစ္စုံတစ္ခုလိုအပ္သလို ျဖစ္ေနဖူးတယ္။ လူေတြဟာ အတြင္းဝိညာဥ္လိုအပ္မႈအတြက္အရာရာကိုအစာထိုးဖို႔ႀကိဳးစားေနၾကတယ္။ ဆန္႔က်င္ဘက္လိင္ေတြကမ်ား ျဖည့္ေပးႏိုင္မလား ဆိုတဲ့အေတြးနဲ႔ ကိေလသာ အေမွာင္မွာ ႏြံနစ္ေနၿပီးမလြတ္ ေျမာက္တဲ့သူေတြ အမ်ားႀကီး။ မူးယဇ္ေဆးေတြ ၊ အရက္ေတြလည္း လူကိုခဏသာခံတဲ့ အေပါအစားအေပ်ာ္ေတြသက္သက္ပဲ။ ေနာက္ဆုံးေတာ့ သူတို႔ေပးဒဏ္ ကုန္း႐ုန္းသာခံေပေတာ့။ ဒါဆိုရင္ အားရေက်နပ္ျခင္း၊ စုံလင္ဝမ္းေျမာက္ျခင္းက ဒီလိုဘဝမွဘယ္ ေတာ့မ်ားရႏိုင္မလဲလို႔ သင္ေတြးေနရင္ အေျဖ႐ွိတယ္။ သင့္ဘဝရဲ႕အဓိပၸါယ္ကိုျပည့္ဝစြာ သေဘာေပါက္ၿပီးၾကည္ႏူးမႈ၊ ေက်နပ္မႈေတြကို အေျခအေန၊ ေငြေၾကးေတြနဲ႔မဆိုင္ပဲ ခံစားရမယ့္ေနရာ႐ွိတယ္။ အဲ့ဒါကေတာ့ဘုရားရဲ႕မ်က္ေမွာက္ေတာ္ အေ႐ွ႕မွာပဲ။ မေရာက္ဖူး

တဲ့သူကိုေတာ့ ႐ွင္းျပရခက္လိမ့္မယ္။ ဒါေပမယ့္ ေရာက္သြားရင္ေတာ့ ဘဝရဲ႕ ေကာင္းကင္ဘုံကို သင္႐ွာေဖြေတြ႕႐ွိျခင္းပဲ။ အဲ့ဒီအရပ္က္ိဳေတာ့ ႏွလုံးသားအႂကြင္းမဲ့ ကိုးကြယ္ျခင္းနဲ႔ပဲ ႐ွာေတြ႕ႏိုင္တယ္။ ဒီဆာလံက္ိဳေရးတဲ့ ဒါဝိဒ္ဟာ တကယ္ေတာ့ မိသားစုရဲ႕ အေမ့ခံ ေလးျဖစ္သလိုအလုပ္ၾကမ္းသမားေလးတစ္ေယာက္။ ေတာထဲေတာင္ထဲမွာ အႏၲာရယ္ႀကီးစြာသြားလာရင္း သူဘုရားကို ကိုးကြယ္ျခင္းနဲ႔ ႐ွာေဖြခဲ့တယ္။ညအဲ့ဒီေနရာမွာပင္သူ မ်က္ေမွာက္ေတာ္ရဲ႕ နက္႐ိႈင္းမႈကို႐ွာေဖြေတြ႕႐ွိခဲ့တယ္။ ကႏၲရက အိုေအစစ္လိုပဲ သူ႕ဘဝက္ိဳစိုေျပေစခဲ့တယ္။ ဒီလိုစုံလင္တဲ့ဝမ္းေျမာက္ေက်နပ္ျခင္းက္ိဳဘုရားမ်က္ေမွာက္ေတာ္ကလြဲၿပီး ဘယ္ေနရာဘယ္အရပ္ကမွ မေပးႏိုင္တာအေသခ်ာပဲ။ စုံလင္ေသာဝမ္းေျမာက္ျခင္းရပါေစ။

0 views0 comments