Search
  • Than Min Htike

ဆုံးဖြတ်ချက်

"ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။

ကိုယ်ဉာဏ်ကို မမှီမပြုနှင့်။ သွားလေရာ၌ ထာဝရဘုရား

ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏ လမ်းခရီး

တို့ကို ပဲ့ပြင်တော်မူမည်။" (သု ၃:၅-၆)


သင့်ဘဝရဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက်

တွေကို ဘယ်လိုချနေသလဲ။ နေ့စဉ်ချနေရတဲ့ ဆုံး

ဖြတ်ချက်တွေက လူတစ်ယောက်ရဲ့ဘဝ အပေါ်မှာ

အများကြီးသက်ရောက်မှုရှိတယ်ဆိုတာ လူတိုင်းသိ

ပါတယ်။ ခေါင်းဆောင်တွေ ပိုဆိုးတာပေါ့။ လူတစ်

ယောက်ချတဲ့ ဆုံးဖြတ်ချက်ကသူ့အတွက်သာမက

ပတ်ဝန်းကျင်နဲ့သမိုင်းတစ်ခုလုံးပါအပြောင်းအလဲ

တွေဖြစ်စေနိုင်တယ်ဆိုတာ သိထားဖို့လိုတယ်။

တစ်ခါတစ်လေ ဘာမှ မဟုတ်ဘူးလို့ထင်ရတဲ့ ဆုံး

ဖြတ်ချက်တစ်ခုလေးကတောင် အကျိုးသက်ရောက်

မှုများစွာ ဖြစ်စေတယ်။ မှားယွင်းတဲ့ဆုံးဖြတ်ချက်က

ထိပ်ဆုံးကနေ အောက်ဆုံးရောက်သွားစေနိုင်သလို

မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကမ္ဘာကျော်

သွားတဲ့သူတွေရှိတယ်။


၁။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်

ရုသဆိုတဲ့ မောဘ အမျိုးသမီး မုဆိုးမလေး

တစ်ယောက်က သူ့ယောက်ခမကိုပြုစုဖို့ သူနဲ့အတူ

လိုက်သွားဖို့ဆုံးဖြတ်ချက်ဟာ သူ့ကို ဘဝပြောင်းစေ

ခဲ့တယ်။ ဒီသေးငယ်တယ်လို့ထင်ရတဲ့ ဆုံးဖြတ်ချက်က

ဒါဝိဒ်လိုဘုရင်ကြီးရဲ့ ဘိုးဘေးထဲမှာပါဝင်ခွင့်ရလာ

လာတယ်။ တကယ်ဆိုသူ့အမျိုးကဘယ်တော့မှ

ဒါမျိုးအခွင့်အရေး ရနိုင်တဲ့သူတွေ မဟုတ်ဘူး။ သူ့ရဲ့

ဆုံးဖြတ်ချက်က သူသာမက အနာဂတ်တစ်ခုလုံး

ကို အပြောင်းအလဲ ဖြစ်စေတယ်။

ဒါဝိဒ်ရဲ့အသက်တာကိုလည်းကြည့် ဣသရလ

တိုင်းပြည် တစ်ခုလုံးကို စိန်ခေါ်တဲ့ဂေါလျက်ကြီးကို

ရင်ဆိုင်ဖို့ ချတဲ့ဆုံးဖြတ်ချက်က တိုင်းပြည်အတွက်

သာမက သူ့အနာဂတ်ကိုပါအပြောင်းအလဲ ဖြစ်စေ

ခဲ့တယ်။


၂။ မှားယွင်းတဲ့ဆုံးဖြတ်ချက်

ဣသရေလလူမျိုးရဲ့ ပထမဆုံး ဘုရင်ရှောလု

ကို ဘုရားဘာကြောင့် ရာထူးကနေ ဖယ်ရှားပစ်လိုက်

တာလဲ။ သူ့အလုပ်မဟုတ်တဲ့ ယဇ်ပူဇော်ခြင်းကို လုပ်ဖို့

သူဆုံးဖြတ်လိုက်တယ်။ ရှာမွေလနောက်ကျတာနဲ့

သူဆက်ပြီး မစောင့်ဖို့နဲ့ ယဇ်ပုရောဟိတ်အလုပ်ကို

သူပဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီဆုံးဖြတ်ချက်

က သူ့အနာဂတ်ကို သက်ရောက်မှုအများကြီးရှိခဲ့

တယ်။ သူ့ကိုဘုရင်အဖြစ်ကနေဘုရားကပယ်လိုက်

တယ်။ ဆုံးဖြတ်ချက် တစ်ခုဟာ ဘယ်လောက်တောင်

ဆိုးရွားသလဲ။ ဒီနေ့ သင့်အသက်တာမှာလည်းကိုယ့်

ခံစားချက်၊ ကိုယ့်အမြင်နဲ့ပဲ ဆုံးဖြတ်ချက်တွေချတဲ့

သူ မဟုတ်ပဲ။ ဘုရားကိုအမှီပြုပြီး ဘဝအသက်တာ

လမ်းမှာ ဆုံးဖြတ်ချက်တွေချ ဖို့လိုတယ်။



Zawgyi

ဆုံးျဖတ္ခ်က္

"ထာဝရဘုရားကို စိတ္ႏွလုံးအႂကြင္းမဲ့ ကိုးစားေလာ့။

ကိုယ္ဉာဏ္ကို မမွီမျပဳႏွင့္။ သြားေလရာ၌ ထာဝရဘုရား

ကို မ်က္ေမွာက္ျပဳေလာ့။ သို႔ျပဳလွ်င္ သင္၏ လမ္းခရီး

တို႔ကို ပဲ့ျပင္ေတာ္မူမည္။" (သု ၃:၅-၆)


သင့္ဘဝရဲ႕ အေရးႀကီးဆုံး ဆုံးျဖတ္ခ်က္

ေတြကို ဘယ္လိုခ်ေနသလဲ။ ေန႔စဥ္ခ်ေနရတဲ့ ဆုံး

ျဖတ္ခ်က္ေတြက လူတစ္ေယာက္ရဲ႕ဘဝ အေပၚမွာ

အမ်ားႀကီးသက္ေရာက္မႈ႐ွိတယ္ဆိုတာ လူတိုင္းသိ

ပါတယ္။ ေခါင္းေဆာင္ေတြ ပိုဆိုးတာေပါ့။ လူတစ္

ေယာက္ခ်တဲ့ ဆုံးျဖတ္ခ်က္ကသူ႕အတြက္သာမက

ပတ္ဝန္းက်င္နဲ႔သမိုင္းတစ္ခုလုံးပါအေျပာင္းအလဲ

ေတြျဖစ္ေစႏိုင္တယ္ဆိုတာ သိထားဖို႔လိုတယ္။

တစ္ခါတစ္ေလ ဘာမွ မဟုတ္ဘူးလို႔ထင္ရတဲ့ ဆုံး

ျဖတ္ခ်က္တစ္ခုေလးကေတာင္ အက်ိဳးသက္ေရာက္

မႈမ်ားစြာ ျဖစ္ေစတယ္။ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္က

ထိပ္ဆုံးကေန ေအာက္ဆုံးေရာက္သြားေစႏိုင္သလို

မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ ကမ႓ာေက်ာ္

သြားတဲ့သူေတြ႐ွိတယ္။


၁။ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္

႐ုသဆိုတဲ့ ေမာဘ အမ်ိဳးသမီး မုဆိုးမေလး

တစ္ေယာက္က သူ႕ေယာက္ခမကိုျပဳစုဖို႔ သူနဲ႔အတူ

လိုက္သြားဖို႔ဆုံးျဖတ္ခ်က္ဟာ သူ႕ကို ဘဝေျပာင္းေစ

ခဲ့တယ္။ ဒီေသးငယ္တယ္လို႔ထင္ရတဲ့ ဆုံးျဖတ္ခ်က္က

ဒါဝိဒ္လိုဘုရင္ႀကီးရဲ႕ ဘိုးေဘးထဲမွာပါဝင္ခြင့္ရလာ

လာတယ္။ တကယ္ဆိုသူ႕အမ်ိဳးကဘယ္ေတာ့မွ

ဒါမ်ိဳးအခြင့္အေရး ရႏိုင္တဲ့သူေတြ မဟုတ္ဘူး။ သူ႕ရဲ႕

ဆုံးျဖတ္ခ်က္က သူသာမက အနာဂတ္တစ္ခုလုံး

ကို အေျပာင္းအလဲ ျဖစ္ေစတယ္။

ဒါဝိဒ္ရဲ႕အသက္တာကိုလည္းၾကည့္ ဣသရလ

တိုင္းျပည္ တစ္ခုလုံးကို စိန္ေခၚတဲ့ေဂါလ်က္ႀကီးကို

ရင္ဆိုင္ဖို႔ ခ်တဲ့ဆုံးျဖတ္ခ်က္က တိုင္းျပည္အတြက္

သာမက သူ႕အနာဂတ္ကိုပါအေျပာင္းအလဲ ျဖစ္ေစ

ခဲ့တယ္။


၂။ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္

ဣသေရလလူမ်ိဳးရဲ႕ ပထမဆုံး ဘုရင္ေ႐ွာလု

ကို ဘုရားဘာေၾကာင့္ ရာထူးကေန ဖယ္႐ွားပစ္လိုက္

တာလဲ။ သူ႕အလုပ္မဟုတ္တဲ့ ယဇ္ပူေဇာ္ျခင္းကို လုပ္ဖို႔

သူဆုံးျဖတ္လိုက္တယ္။ ႐ွာေမြလေနာက္က်တာနဲ႔

သူဆက္ၿပီး မေစာင့္ဖို႔နဲ႔ ယဇ္ပုေရာဟိတ္အလုပ္ကို

သူပဲလုပ္ဖို႔ ဆုံးျဖတ္လိုက္တယ္။ အဲ့ဒီဆုံးျဖတ္ခ်က္

က သူ႕အနာဂတ္ကို သက္ေရာက္မႈအမ်ားႀကီး႐ွိခဲ့

တယ္။ သူ႕ကိုဘုရင္အျဖစ္ကေနဘုရားကပယ္လိုက္

တယ္။ ဆုံးျဖတ္ခ်က္ တစ္ခုဟာ ဘယ္ေလာက္ေတာင္

ဆိုး႐ြားသလဲ။ ဒီေန႔ သင့္အသက္တာမွာလည္းကိုယ့္

ခံစားခ်က္၊ ကိုယ့္အျမင္နဲ႔ပဲ ဆုံးျဖတ္ခ်က္ေတြခ်တဲ့

သူ မဟုတ္ပဲ။ ဘုရားကိုအမွီျပဳၿပီး ဘဝအသက္တာ

လမ္းမွာ ဆုံးျဖတ္ခ်က္ေတြခ် ဖို႔လိုတယ္။

1 view0 comments