Search
  • Than Min Htike

ဆုံးရှုံးခြင်းရောက်စရာအကြောင်းမရှိ

"ထာဝရဘုရားသနားတော်မူ၍ ကရုဏာတော်သည် မကုန်သော ကြောင့်၊ ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲ နေကြ၏၊၊"

(ယေရမိမြည် ၃:၂၂)

လောကမှာရှိတဲ့အရာရာဟာ ကုန်တတ်ပါ

တယ်။ အမြဲခံတဲ့အရာဆိုတာမရှိသလောက်ပါပဲ။

နောက်ဆုံး လူအချင်းချင်းချစ်တဲ့မေတ္တာတောင်မှ ကုန်

ခမ်းတတ်တယ်မဟုတ်လား။ အခုခေတ်မှာဆို ဘာနဲ့မှ

နှိုင်းလို့မရတဲ့ မေတ္တာလို့တင်စားကြတဲ့ မိဘမေတ္တာတွေတောင် ခမ်းလာတဲ့ခေတ်ကြီးမှာအသက်ရှင်နေကြရတယ်။ ဘာတွေဘယ်လိုပဲ ခမ်းခမ်း ဘုရားရဲ့သနားတော်မူခြင်းဂရုဏာတော်ကတော့ ဘယ်တော့မှ မကုန်မခမ်းပဲ နေ့ရက်တိုင်းကျွန်ပ်တို့အတွက်ရှိနေတုန်းပါ။ အခြေအနေနဲ့မဆိုင်တဲ့ ဘုရားရဲ့ဂရုဏာနဲ့သင့်ကိုချစ်တုန်း၊ စိတ်ဝင်စားတုန်းပါ။ ခေတ်အဆက်ဆက်မှာ လူတွေဟာ ကျဆင်းအားနည်းခဲ့ပေမယ့် ဘုရားရဲ့ဂရုဏာ ကတော့ မကုန်ခမ်းခဲ့ဘူး။ ဒီနေ့ သင့်အသက်တာအောင်မြင်မှုခံစားရမယ့်တစ်ခုတည်းသောအကြောင်း အရာကတော့လောကမှာရှိတဲ့ ကုန်တတ်တဲ့ဘယ်အရာမှ မဟုတ်ဘူး။ ဘုရားဂရုဏာကြောင့်သာသင်ဟာ အောင်မြင်လျှက်ကောင်းစားလျှက်အသက်ရှင်ရမှာပါ။

မိဘကတောင်မေ့နေတဲ့ ဒါဝိဒ်ကို ဘုရားဂရုဏာက

မမေ့ထားဘူး။ အမြင့်ဆုံး နေရာကိုပို့ဆောင်ပေးခဲ့တယ်။ နှစ် ၂၀ အတွင်းမှာ ၁၀ အကြိမ် လိမ်ခံရတဲ့ယာကုပ်က်ိုလည်း ဘုရားဟာ တိုးပွားများပြားမယ်လို့ပေးထားတဲ့ကတိအတိုင်းပြည့်စုံစေတယ်။ အနီးကပ်နေခဲ့ပြီး ဘာအတွက်မှ နောက်မဆုတ်ပါဘူးဆိုပြီးအထပ် ထပ်ပြောပြီးမှ အရေးလည်းကြုံရော မသိဘူးလို့ သုံးခါတောင်ငြင်းခဲ့ဖူးပေမယ့် ချစ်သေးလားလို့ မေးခွန်းတွေမေးပြီး ဘုရားရဲ့ ဂရုဏာဟာဘယ်လောက်ကြီးလည်းဆိုတာ ထင်ဟပ်စေတယ်မဟုတ်လား။ ဒီလိုပါပဲ သင့်အားနည်းချက်တွေများတာပဲမကြည့်နဲ့ ဘုရားရဲ့ဂရုဏာဟာသင့်အားနည်းချက်ထက်ပိုများနေတယ်ဆိုတာကိုမြင်အောင်ကြည့်ပါ။ ဒါဆိုရင်သင့်ဘဝရဲ့ရပ်တည်မှုဟာ လုံးလုံးခြားနားသွားလိမ့်မယ်။ ဒီနေ့ လည်းသင့်နေ့ဖြစ်နေအုံးမှာပဲ။



Zawgyi

ဆုံး႐ႈံးျခင္းေရာက္စရာအေၾကာင္းမ႐ွိ


"ထာဝရဘုရားသနားေတာ္မူ၍ က႐ုဏာေတာ္သည္ မကုန္ေသာ ေၾကာင့္၊ ငါတို႔သည္ ဆုံး႐ႈံးျခင္းသို႔ မေရာက္ဘဲ ေနၾက၏၊၊"

(ေယရမိျမည္ ၃:၂၂)

ေလာကမွာ႐ွိတဲ့အရာရာဟာ ကုန္တတ္ပါ

တယ္။ အၿမဲခံတဲ့အရာဆိုတာမ႐ွိသေလာက္ပါပဲ။

ေနာက္ဆုံး လူအခ်င္းခ်င္းခ်စ္တဲ့ေမတၱာေတာင္မွ ကုန္

ခမ္းတတ္တယ္မဟုတ္လား။ အခုေခတ္မွာဆို ဘာနဲ႔မွ

ႏိႈင္းလို႔မရတဲ့ ေမတၱာလို႔တင္စားၾကတဲ့ မိဘေမတၱာေတြေတာင္ ခမ္းလာတဲ့ေခတ္ႀကီးမွာအသက္႐ွင္ေနၾကရတယ္။ ဘာေတြဘယ္လိုပဲ ခမ္းခမ္း ဘုရားရဲ႕သနားေတာ္မူျခင္းဂ႐ုဏာေတာ္ကေတာ့ ဘယ္ေတာ့မွ မကုန္မခမ္းပဲ ေန႔ရက္တိုင္းကြၽန္ပ္တို႔အတြက္႐ွိေနတုန္းပါ။ အေျခအေနနဲ႔မဆိုင္တဲ့ ဘုရားရဲ႕ဂ႐ုဏာနဲ႔သင့္ကိုခ်စ္တုန္း၊ စိတ္ဝင္စားတုန္းပါ။ ေခတ္အဆက္ဆက္မွာ လူေတြဟာ က်ဆင္းအားနည္းခဲ့ေပမယ့္ ဘုရားရဲ႕ဂ႐ုဏာ ကေတာ့ မကုန္ခမ္းခဲ့ဘူး။ ဒီေန႔ သင့္အသက္တာေအာင္ျမင္မႈခံစားရမယ့္တစ္ခုတည္းေသာအေၾကာင္း အရာကေတာ့ေလာကမွာ႐ွိတဲ့ ကုန္တတ္တဲ့ဘယ္အရာမွ မဟုတ္ဘူး။ ဘုရားဂ႐ုဏာေၾကာင့္သာသင္ဟာ ေအာင္ျမင္လွ်က္ေကာင္းစားလွ်က္အသက္႐ွင္ရမွာပါ။

မိဘကေတာင္ေမ့ေနတဲ့ ဒါဝိဒ္ကို ဘုရားဂ႐ုဏာက

မေမ့ထားဘူး။ အျမင့္ဆုံး ေနရာကိုပို႔ေဆာင္ေပးခဲ့တယ္။ ႏွစ္ ၂၀ အတြင္းမွာ ၁၀ အႀကိမ္ လိမ္ခံရတဲ့ယာကုပ္က္ိဳလည္း ဘုရားဟာ တိုးပြားမ်ားျပားမယ္လို႔ေပးထားတဲ့ကတိအတိုင္းျပည့္စုံေစတယ္။ အနီးကပ္ေနခဲ့ၿပီး ဘာအတြက္မွ ေနာက္မဆုတ္ပါဘူးဆိုၿပီးအထပ္ ထပ္ေျပာၿပီးမွ အေရးလည္းၾကဳံေရာ မသိဘူးလို႔ သုံးခါေတာင္ျငင္းခဲ့ဖူးေပမယ့္ ခ်စ္ေသးလားလို႔ ေမးခြန္းေတြေမးၿပီး ဘုရားရဲ႕ ဂ႐ုဏာဟာဘယ္ေလာက္ႀကီးလည္းဆိုတာ ထင္ဟပ္ေစတယ္မဟုတ္လား။ ဒီလိုပါပဲ သင့္အားနည္းခ်က္ေတြမ်ားတာပဲမၾကည့္နဲ႔ ဘုရားရဲ႕ဂ႐ုဏာဟာသင့္အားနည္းခ်က္ထက္ပိုမ်ားေနတယ္ဆိုတာကိုျမင္ေအာင္ၾကည့္ပါ။ ဒါဆိုရင္သင့္ဘဝရဲ႕ရပ္တည္မႈဟာ လုံးလုံးျခားနားသြားလိမ့္မယ္။ ဒီေန႔ လည္းသင့္ေန႔ျဖစ္ေနအုံးမွာပဲ။

0 views0 comments