Search
  • Than Min Htike

တစ်ခုတော့လိုသေးတယ်

“ယေ​ရှု​က၊ မာ​သ၊ မာ​သ၊ သင်​သည် များ​စွာ​သော​အ​မှု​တို့၌ စိုး​ရိမ်၍ နှောင့်​ယှက်​ခြင်း​ကို ခံ​ရ၏။ လို​သော​အ​ရာ​တစ်​ခု​တည်း ရှိ၏။- မာ​ရိ​မူ​ကား၊ ကောင်း​သော​အ​ဖို့​ကို ရွေး​ယူ​ပြီ။ ထို​အ​ဖို့​ကို အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ​ရာ​ဟု မိန့်​တော်​မူ၏။”(လု-၁၀:၄၁-၄၂)


အကွတ်ရွှေ့မှားရင်

မနက်ဖြန်ဟာ ဒီနေ့ရဲ့ရွေးချယ်မှုအပေါ်မှာ အများကြီးမှုတည်နေတယ်ဆိုတာကို ပညာရှိတဲ့သူတွေကသိတယ်။ ဒီနေ့မှာ ပြုပြင်လို့မရပဲ ကြုံရတဲ့အရာတွေ တော်တော်များများက မနေ့က ရွေးချယ်မှုကြောင့်ပါ။ နေ့တိုင်းမှာရွေးချယ်စရာတွေနဲ့ပြည့်နှက်နေတဲ့ ဘ၀ ကြီးထဲမှာ မှန်ကန်တဲ့အရာကိုမရွေးချယ်မိခဲ့ဘူးဆိုရင် ရလဒ်တွေလည်းတစ်ခုမှ မှန်တာဖြစ်လာမှာမဟုတ်ဘူး။ လူ့ဘ၀ဇာတ်ခုံကြီးဟာ ကျားကွက်ကစားနေသလိုပါပဲ၊ ကိုယ်ရွှေ့လိုက်တဲ့အကွက်ဟာ အနိုင်လည်းဖြစ်နိုင်သလို အားလုံးထိုးကျွေးလိုက်ရသလိုလည်းဖြစ်သွားစေနိုင်တယ်။ မှန်ကန်တဲ့ အရွှေ့အပြောင်းတွေ ရွေးချယ်မှုတွေဟာ နာရီတိုင်းနီးပါး လိုအပ်နေတယ်။ လှပတဲ့ မနက်ဖြန်ကို မြင်ချင်တယ်၊စိုးရိမ်မှုကင်းမဲ့စွာအသက်ရှင်ချင်တယ်ဆိုရင်တော့ ဒီနေ့သင်အရွေးမှန်ဖို့တော့လိုလိမ့်မယ်။

မာရိနဲ့မာသအကြောင်းကို ဖတ်ဖူးလိမ့်မယ်။ မီးဖိုချောင်ထဲမှာ အလုပ်များနေတဲ့ မာသနဲ့ သခင့်ခြေရင်းမှာ ငြိမ်ငြိမ်လေး တရားနာနေတဲ့ မာရိ။ တကယ်ဆို မီးဖိုချောင်ကိစ္စတွေက လွယ်တော့လုံး၀ မလွယ်ဘူး။ အချိန်တန်ရင် လူတွေက ဗိုက်ဆာတာပဲသိတာ အဲ့ဒီလိုအချိန်မှီဖို့အတွက်က ဘယ်လောက်တောင် ကြိုးစားအားထုတ်ရသလည်းဆိုတာ မသိကြဘူး။ မာသ အမှုတော်မြတ်လုပ်ငန်းတွေက သာသနာရဲ့ ကုလားကာ နောက်ကွယ်က လုပ်အားနဲ့ဆက်ကပ်တဲ့သူတွေကို ပြောတာပါ။ သင်တန်းတွေမှာ ဒီလိုလူတွေမရှိရင် သင်တန်းတစ်ခု ကောင်းကောင်းမွန်မွန်ပြီးဖို့ဆိုတာ မလွယ်ဘူး။ အသင်းတော်တစ်ခုမှာလည်းဒီလို နောက်ကွယ်က ဆက်ကပ်တဲ့ လူတွေ အများကြီးလိုအပ်တယ်။ အဲ့ဒီလိုလူတွေမရှိတဲ့ အသင်းတော်တွေ လုံး၀ကိုမအောင်မြင်နိုင်ဘူး။ ဒါပေမယ့် ဒီလောက် ပင်ပန်းပြီးတော့ အဖိုးအခပေးအနစ်နာခံတဲ့ မာသ သခင့်ရှေ့မှာ ချီးကျူးမခံရဘူး။

ဘာမှမလုပ်ပဲ ငြိမ်ငြိမ်လေး လာထိုင်နေတဲ့ မာရိကတော့ မှန်ကန်တာကို ရွေးချယ်လို့ နေရင်းထိုင်ရင်း ချီးကျူးခံရတယ်။


ဘာကြောင့်များလဲ၊

အဖြေကတော့ရှင်းပါတယ် မာသဟာ သခင့်အတွက်လုပ်ပေးရင်း ပင်ပန်းတာမှန်ပေမယ့် အလုပ်ထဲမှာပဲ နစ်မွမ်းပြီးတော့ သခင့်ရဲ့နှုတ်ကပတ်တော်နဲ့ ဝေးလာတယ်။ တခါတလေ အမှုတော်ဆောင်ရင်းဖြစ်တတ်တဲ့အရာတွေထဲမှာ ဒါလည်းပါတယ်။ ဘုရားအတွက်လုပ်ရင်းနဲ့ ဘုရားနဲ့ဝေးမှန်းမသိ ဝေးလာတယ်။ အဲ့ဒီလို ဝေးလာတဲ့အခါ ဘာတွေဖြစ်တတ်လာသလဲ?။ လုပ်ခွင့်ရတဲ့အပေါ်မှာ ဝမ်းမြောက်တာထက် စိတ်ပျက်တာက ပိုများလာတယ်။ ကိုယ်လုပ်ခွင့်ရတာကို ကျေးဇူးတော်မချီးမွမ်းပဲ မလုပ်တဲ့သူတွေကို အပြစ်မြင်လာတယ်။ ကိုယ်ပဲ လုပ်ရတယ် သူတွေကတော့ အချောင်ခိုတယ်၊ အပျင်းကြီးတယ်၊ မလုပ်ချင်ဘူးစတဲ့ အပြစ်မြင်တဲ့ ခံစားချက်တွေက နေရာယူလာတယ်။ နောက်ဆုံး ဘုရားကိုတောင် အပြစ်တင်တယ်။ ကိုယ်တော် ဘာလို့မပြောပေးတာလဲ?။ မာသဟာ ကောင်းဆုံး လုပ်ရပ်တွေလုပ်ရင်းနဲ့ နောက်ဆုံး တရားဟောနေတဲ့ယေရှုကိုတောင် လူရှေ့မှာ အပြစ်တင်တဲ့သူဖြစ်လာတယ်။ အခြားလူတွေကို အပြစ်မြင်နေတယ်ဆိုရင်၊ ဘုရားကိုတောင် မကျေနပ်ချက်တွေ ရှိလာပြီဆိုရင် သင့်စိတ်နှလုံးသားကို စစ်ဆေးဖို့လိုတယ်။ တခါတလေ အမှုတော်မှာလုပ်ရင်းနဲ့ ဘုရားနဲ့အချိန်ယူမှုတွေနည်းလာတဲ့အချိန်တွေမှာ ကိုယ်ပဲလုပ်ရတယ် အခြားဘာမှ မလုပ်နိုင်တဲ့သူတွေကို မကောင်းမြင်လာတယ်။ ကိုယ်ပဲမှန်ပြီး တခြားလူတွေကို အားလုံးကို မှားတယ်လို့မြင်ချင်လာတယ်။ နောက်ပြီးဘုရားသခင်မတရားဘူးလို့လည်းခံစားလာတတ်သေးတယ်။ တကယ်တော့ ဘုရားအလုပ်နဲ့ အရမ်းကိုရှုပ်ပြီးတော့ ဘုရားနဲ့ဝေးလာလို့ပါပဲ။ ယေရှုက မာရိကို အပြစ်မတင်ပါဘူး။ မာသ မကောင်းမြင်တိုင်း ယေရှုကလိုက်ပြီး သံယောင်မလိုက်ဘူး။ သင့်ကိုလူတွေ မကောင်းမြင်လို့ ဘုရားကပါ မကောင်းမြင်နေတာ လုံး၀မဟုတ်ဘူး။ လူတွေအမြင်နဲ့ ဘုရားအမြင်က ထပ်တူမကျဘူး။ ဘုရားက မာရိကို ချီးကျူးတယ်။

ကောင်းတဲ့အရာကိုရွေးတယ်လို့ဆိုတယ်။ အဲ့ဒီလိုပြောလို့ ဘယ်သူကမှ မီးဖိုချောင်မဝင်ရဘူး။ နောက်ကွယ်ကလူတွေ မလိုဘူးလို့ ပြောတာမဟုတ်ဘူး။ ဒါပေမယ့် ဘုရားနဲ့ဝေး သွားရတဲ့အထိတော့ ဘုရားအလုပ်တွေနဲ့ မရှုပ်စေနဲ့ပေါ့။ ဘာပဲလုပ်လုပ်ကျေးဇူးတင်တတ်တဲ့စိတ်နှလုံးသားလေးနဲ့လုပ်တတ်ဖို့ကအဓိကပါပဲ။ မှန်ကန်တဲ့အရာကို ရွေးယူတတ်တယ်ဆိုရင် ဘာလုပ်လုပ် မစိုးရိမ်ပဲနဲ့လုပ်နိုင်မယ်၊အပြစ်မတင်ပဲ အကောင်းမြင်တဲ့စိတ်နဲ့ လုပ်နိုင်လိမ့်မယ်။ ဘုရားစကားကို သေချာမသိပဲ၊ မကြားပဲ ဘုရားအလုပ်မှာ ကြာကြာမရပ်တည်နိုင်ဘူး။ လူပေါင်းများစွာ အမှုတော်မြတ်မှာ အစပြုခဲ့ပေမယ့် အဆုံးထိမရောက်ခဲ့ကြတာဟာ လုပ်ရင်းနဲ့မကောင်းမြင်တဲ့စိတ်တွေ၊ မကောင်းမြင်တဲ့ခံစားချက်တွေက သူတို့ကို ဘုရားလမ်းထဲကနေ ဆွဲထုတ်သွားတာပါ။ ဒါကြောင့် မှန်တဲ့အရာကို ရွေးတတ်ဖို့တော့လိုနေပြီ။ ဘာလုပ်လုပ် အကောင်းမြင်တတ်တဲ့စိတ်၊ကျေးဇူးတော်ချီးမွမ်း တတ်တဲ့စိတ်လေးနဲ့လုပ်ပါ အကောင်းဆုံးဖြစ်လာမှာပါ။



Zawgyi

တစ္ခုေတာ့လိုေသးတယ္

“ေယ​႐ႈ​က၊ မာ​သ၊ မာ​သ၊ သင္​သည္ မ်ား​စြာ​ေသာ​အ​မႈ​တို႔၌ စိုး​ရိမ္၍ ေႏွာင့္​ယွက္​ျခင္း​ကို ခံ​ရ၏။ လို​ေသာ​အ​ရာ​တစ္​ခု​တည္း ႐ွိ၏။- မာ​ရိ​မူ​ကား၊ ေကာင္း​ေသာ​အ​ဖို႔​ကို ေ႐ြး​ယူ​ၿပီ။ ထို​အ​ဖို႔​ကို အ​ဘယ္​သူ​မွ် မ​ႏုတ္​မ​ယူ​ရာ​ဟု မိန္႔​ေတာ္​မူ၏။”(လု-၁၀:၄၁-၄၂)


အကြတ္ေ႐ႊ႕မွားရင္

မနက္ျဖန္ဟာ ဒီေန႔ရဲ႕ေ႐ြးခ်ယ္မႈအေပၚမွာ အမ်ားႀကီးမႈတည္ေနတယ္ဆိုတာကို ပညာ႐ွိတဲ့သူေတြကသိတယ္။ ဒီေန႔မွာ ျပဳျပင္လို႔မရပဲ ၾကဳံရတဲ့အရာေတြ ေတာ္ေတာ္မ်ားမ်ားက မေန႔က ေ႐ြးခ်ယ္မႈေၾကာင့္ပါ။ ေန႔တိုင္းမွာေ႐ြးခ်ယ္စရာေတြနဲ႔ျပည့္ႏွက္ေနတဲ့ ဘ၀ ႀကီးထဲမွာ မွန္ကန္တဲ့အရာကိုမေ႐ြးခ်ယ္မိခဲ့ဘူးဆိုရင္ ရလဒ္ေတြလည္းတစ္ခုမွ မွန္တာျဖစ္လာမွာမဟုတ္ဘူး။ လူ႕ဘ၀ဇာတ္ခုံႀကီးဟာ က်ားကြက္ကစားေနသလိုပါပဲ၊ ကိုယ္ေ႐ႊ႕လိုက္တဲ့အကြက္ဟာ အႏိုင္လည္းျဖစ္ႏိုင္သလို အားလုံးထိုးေကြၽးလိုက္ရသလိုလည္းျဖစ္သြားေစႏိုင္တယ္။ မွန္ကန္တဲ့ အေ႐ႊ႕အေျပာင္းေတြ ေ႐ြးခ်ယ္မႈေတြဟာ နာရီတိုင္းနီးပါး လိုအပ္ေနတယ္။ လွပတဲ့ မနက္ျဖန္ကို ျမင္ခ်င္တယ္၊စိုးရိမ္မႈကင္းမဲ့စြာအသက္႐ွင္ခ်င္တယ္ဆိုရင္ေတာ့ ဒီေန႔သင္အေ႐ြးမွန္ဖို႔ေတာ့လိုလိမ့္မယ္။

မာရိနဲ႔မာသအေၾကာင္းကို ဖတ္ဖူးလိမ့္မယ္။ မီးဖိုေခ်ာင္ထဲမွာ အလုပ္မ်ားေနတဲ့ မာသနဲ႔ သခင့္ေျခရင္းမွာ ၿငိမ္ၿငိမ္ေလး တရားနာေနတဲ့ မာရိ။ တကယ္ဆို မီးဖိုေခ်ာင္ကိစၥေတြက လြယ္ေတာ့လုံး၀ မလြယ္ဘူး။ အခ်ိန္တန္ရင္ လူေတြက ဗိုက္ဆာတာပဲသိတာ အဲ့ဒီလိုအခ်ိန္မွီဖို႔အတြက္က ဘယ္ေလာက္ေတာင္ ႀကိဳးစားအားထုတ္ရသလည္းဆိုတာ မသိၾကဘူး။ မာသ အမႈေတာ္ျမတ္လုပ္ငန္းေတြက သာသနာရဲ႕ ကုလားကာ ေနာက္ကြယ္က လုပ္အားနဲ႔ဆက္ကပ္တဲ့သူေတြကို ေျပာတာပါ။ သင္တန္းေတြမွာ ဒီလိုလူေတြမ႐ွိရင္ သင္တန္းတစ္ခု ေကာင္းေကာင္းမြန္မြန္ၿပီးဖို႔ဆိုတာ မလြယ္ဘူး။ အသင္းေတာ္တစ္ခုမွာလည္းဒီလို ေနာက္ကြယ္က ဆက္ကပ္တဲ့ လူေတြ အမ်ားႀကီးလိုအပ္တယ္။ အဲ့ဒီလိုလူေတြမ႐ွိတဲ့ အသင္းေတာ္ေတြ လုံး၀ကိုမေအာင္ျမင္ႏိုင္ဘူး။ ဒါေပမယ့္ ဒီေလာက္ ပင္ပန္းၿပီးေတာ့ အဖိုးအခေပးအနစ္နာခံတဲ့ မာသ သခင့္ေ႐ွ႕မွာ ခ်ီးက်ဴးမခံရဘူး။

ဘာမွမလုပ္ပဲ ၿငိမ္ၿငိမ္ေလး လာထိုင္ေနတဲ့ မာရိကေတာ့ မွန္ကန္တာကို ေ႐ြးခ်ယ္လို႔ ေနရင္းထိုင္ရင္း ခ်ီးက်ဴးခံရတယ္။


ဘာေၾကာင့္မ်ားလဲ၊

အေျဖကေတာ့႐ွင္းပါတယ္ မာသဟာ သခင့္အတြက္လုပ္ေပးရင္း ပင္ပန္းတာမွန္ေပမယ့္ အလုပ္ထဲမွာပဲ နစ္မြမ္းၿပီးေတာ့ သခင့္ရဲ႕ႏႈတ္ကပတ္ေတာ္နဲ႔ ေဝးလာတယ္။ တခါတေလ အမႈေတာ္ေဆာင္ရင္းျဖစ္တတ္တဲ့အရာေတြထဲမွာ ဒါလည္းပါတယ္။ ဘုရားအတြက္လုပ္ရင္းနဲ႔ ဘုရားနဲ႔ေဝးမွန္းမသိ ေဝးလာတယ္။ အဲ့ဒီလို ေဝးလာတဲ့အခါ ဘာေတြျဖစ္တတ္လာသလဲ?။ လုပ္ခြင့္ရတဲ့အေပၚမွာ ဝမ္းေျမာက္တာထက္ စိတ္ပ်က္တာက ပိုမ်ားလာတယ္။ ကိုယ္လုပ္ခြင့္ရတာကို ေက်းဇူးေတာ္မခ်ီးမြမ္းပဲ မလုပ္တဲ့သူေတြကို အျပစ္ျမင္လာတယ္။ ကိုယ္ပဲ လုပ္ရတယ္ သူေတြကေတာ့ အေခ်ာင္ခိုတယ္၊ အပ်င္းႀကီးတယ္၊ မလုပ္ခ်င္ဘူးစတဲ့ အျပစ္ျမင္တဲ့ ခံစားခ်က္ေတြက ေနရာယူလာတယ္။ ေနာက္ဆုံး ဘုရားကိုေတာင္ အျပစ္တင္တယ္။ ကိုယ္ေတာ္ ဘာလို႔မေျပာေပးတာလဲ?။ မာသဟာ ေကာင္းဆုံး လုပ္ရပ္ေတြလုပ္ရင္းနဲ႔ ေနာက္ဆုံး တရားေဟာေနတဲ့ေယ႐ႈကိုေတာင္ လူေ႐ွ႕မွာ အျပစ္တင္တဲ့သူျဖစ္လာတယ္။ အျခားလူေတြကို အျပစ္ျမင္ေနတယ္ဆိုရင္၊ ဘုရားကိုေတာင္ မေက်နပ္ခ်က္ေတြ ႐ွိလာၿပီဆိုရင္ သင့္စိတ္ႏွလုံးသားကို စစ္ေဆးဖို႔လိုတယ္။ တခါတေလ အမႈေတာ္မွာလုပ္ရင္းနဲ႔ ဘုရားနဲ႔အခ်ိန္ယူမႈေတြနည္းလာတဲ့အခ်ိန္ေတြမွာ ကိုယ္ပဲလုပ္ရတယ္ အျခားဘာမွ မလုပ္ႏိုင္တဲ့သူေတြကို မေကာင္းျမင္လာတယ္။ ကိုယ္ပဲမွန္ၿပီး တျခားလူေတြကို အားလုံးကို မွားတယ္လို႔ျမင္ခ်င္လာတယ္။ ေနာက္ၿပီးဘုရားသခင္မတရားဘူးလို႔လည္းခံစားလာတတ္ေသးတယ္။ တကယ္ေတာ့ ဘုရားအလုပ္နဲ႔ အရမ္းကို႐ႈပ္ၿပီးေတာ့ ဘုရားနဲ႔ေဝးလာလို႔ပါပဲ။ ေယ႐ႈက မာရိကို အျပစ္မတင္ပါဘူး။ မာသ မေကာင္းျမင္တိုင္း ေယ႐ႈကလိုက္ၿပီး သံေယာင္မလိုက္ဘူး။ သင့္ကိုလူေတြ မေကာင္းျမင္လို႔ ဘုရားကပါ မေကာင္းျမင္ေနတာ လုံး၀မဟုတ္ဘူး။ လူေတြအျမင္နဲ႔ ဘုရားအျမင္က ထပ္တူမက်ဘူး။ ဘုရားက မာရိကို ခ်ီးက်ဴးတယ္။

ေကာင္းတဲ့အရာကိုေ႐ြးတယ္လို႔ဆိုတယ္။ အဲ့ဒီလိုေျပာလို႔ ဘယ္သူကမွ မီးဖိုေခ်ာင္မဝင္ရဘူး။ ေနာက္ကြယ္ကလူေတြ မလိုဘူးလို႔ ေျပာတာမဟုတ္ဘူး။ ဒါေပမယ့္ ဘုရားနဲ႔ေဝး သြားရတဲ့အထိေတာ့ ဘုရားအလုပ္ေတြနဲ႔ မ႐ႈပ္ေစနဲ႔ေပါ့။ ဘာပဲလုပ္လုပ္ေက်းဇူးတင္တတ္တဲ့စိတ္ႏွလုံးသားေလးနဲ႔လုပ္တတ္ဖို႔ကအဓိကပါပဲ။ မွန္ကန္တဲ့အရာကို ေ႐ြးယူတတ္တယ္ဆိုရင္ ဘာလုပ္လုပ္ မစိုးရိမ္ပဲနဲ႔လုပ္ႏိုင္မယ္၊အျပစ္မတင္ပဲ အေကာင္းျမင္တဲ့စိတ္နဲ႔ လုပ္ႏိုင္လိမ့္မယ္။ ဘုရားစကားကို ေသခ်ာမသိပဲ၊ မၾကားပဲ ဘုရားအလုပ္မွာ ၾကာၾကာမရပ္တည္ႏိုင္ဘူး။ လူေပါင္းမ်ားစြာ အမႈေတာ္ျမတ္မွာ အစျပဳခဲ့ေပမယ့္ အဆုံးထိမေရာက္ခဲ့ၾကတာဟာ လုပ္ရင္းနဲ႔မေကာင္းျမင္တဲ့စိတ္ေတြ၊ မေကာင္းျမင္တဲ့ခံစားခ်က္ေတြက သူတို႔ကို ဘုရားလမ္းထဲကေန ဆြဲထုတ္သြားတာပါ။ ဒါေၾကာင့္ မွန္တဲ့အရာကို ေ႐ြးတတ္ဖို႔ေတာ့လိုေနၿပီ။ ဘာလုပ္လုပ္ အေကာင္းျမင္တတ္တဲ့စိတ္၊ေက်းဇူးေတာ္ခ်ီးမြမ္း တတ္တဲ့စိတ္ေလးနဲ႔လုပ္ပါ အေကာင္းဆုံးျဖစ္လာမွာပါ။

4 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube