Search
  • Than Min Htike

တစ်ခုတော့လိုသေးတယ်(၂)

“ယေ​ရှု​သည်၊ ထို​သူ​ကို​ကြည့်​ရှု​လျက် ချစ်​သော​စိတ်​ရှိ၍၊ သင်​သည် တစ်​ခု​လို​သေး၏။ သွား​လော့။ ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင်၊ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-” (မာကု-၁၀:၂၁)


အထင်နဲ့လက်တွေ့က တခြားစီ

ကျွန်တော်တို့အရမ်းလိုအပ်တယ်လို့ ထင်နေပေမယ့် တကယ်မလိုအပ်တဲ့အရာတွေအများကြီးရှိတယ်။ အသည်းအသန် စျေးကြီးကြီးပေးပြီး ဝယ်ထားပြီးမှ ဘာမှ သုံးမရလို့ ချောင်ထိုးထားတဲ့အရာတွေကိုကြည့်ရင် သိနိုင်တယ်။ သိသလိုလို နဲ့ ဘာမှမသိတဲ့ အကြောင်းအရာတွေလည်းအများကြီးပဲ အဲ့ဒီလို အရာတွေကတော့လက်တွေ့ကြုံလာတဲ့အခါမှာမှ ပါးစပ်အဟောင်းသားကြီးနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ အချိန်တွေကိုကြည့်ရင်သိနိုင်တယ်။ ရှိသလိုလို နဲ့မရှိတဲ့အရာတွေလည်းအများကြီးပဲ။ ယုံကြည်ခြင်းရှိတယ်ထင်တာ တကယ်ပြဿနာလည်းတက်ရော ရှိတယ်လို့ထင်တဲ့ ယုံကြည်ခြင်းက ကြက်ပျောက် ငှက်ပျောက် အကုန်ပျောက်ကုန်ရော။ သူများဖြစ်တဲ့အခါမှာသာ တောင်ပြော မြောက်ပြော လျှောက်ပြောတတ်တာ တကယ်ကိုယ်လည်းကြုံရော မျက်ရည်နဲ့ မျောသွားတော့မယ့်အတိုင်းပဲ။ ကိုယ့်ဟာကိုယ်ဟုတ်လှပြီထင်ပြီးတော့ မဟုတ်သေးတဲ့အရာတွေလည်းအများကြီးရှိတယ်။ ကိုယ်ပဲဆက်ကပ်နိုင်တယ် ကိုယ်ပဲ ဘုရားနဲ့ မှန်တယ် လို့ထင်နေတာ။ ကိုယ့်ထက် ဆက်ကပ်တွေသူတွေကို မမြင်ချင်ယောင်ဆောင်ပြီး မဆပ်ကပ်နိုင်တဲ့သူတွေကိုပဲ မျက်လုံးက ရောက်နေတယ်။ တကယ်ဆိုအားလုံးက သူ့အရွယ်နဲ့သူ၊ သူ့ဘ၀ဖြတ်သန်းမှုနဲ့သူ ပါပဲ။ ကိုယ့်ဟာကိုယ်ပြည့်စုံပြီ ဘာမှမလိုတော့ဘူးလို့တော့မြင်လို့မရဘူး။ အမြဲတမ်းတိုးတက်ချင်တယ်ဆိုရင်တော့ ဝိညာဉ်ရေးရာမှာ မလိုအပ်တော့ဘူး ထပ်မရှိတော့ဘူးဆိုတာ မရှိပါဘူး။ အမြဲတမ်း ဆက်လုပ်နေရအုံးမယ် တိုးတက်ဖို့လိုနေသေးတာပါပဲ။

သခင်ယေရှုဆီကို ထာ၀ရအသက်ဘယ်လိုရနိုင်မလဲလို့ မေးတဲ့ သူဌေးလေး ကိုသဘောကျတယ်။ သူက မေးဖေါ်ရသေးတယ်။ တချို့သူဌေးတွေဆို အဖက်တောင် မလုပ်ဘူး။ သိချင်တာပဲ ချီးကျူးရမှာပေါ့။ သူ့ဆီမှာ လိုချင်တဲ့စိတ်လေးရှိလို့ နည်းလမ်းလေးမေးတာပေါ့။ တချို့ဆို မလိုချင်လို့ မေးကိုမမေးတာ။ ကျွန်တော်က မေးခွန်းမေးတဲ့သူတွေကိုသဘောကျတယ်။ သူတို့က တိုးတက်ချင်တဲ့ စိတ်အခံလေး ရှိတယ်။ ဒါပေမယ့် တကယ် လိုအပ်တဲ့ အသက်တာပြောင်းလဲစေတဲ့ မေးခွန်းတော့ဖြစ်ဖို့လိုတယ်။ တချို့မေးခွန်းတွေက ပညာစမ်းချင်တာတွေ နောက်တော့တိုက်ခိုက်ချင်တာတွေနဲ့ပြည့်နေတယ်။ တိုးတက်ချင်တဲ့သူမေးတဲ့မေးခွန်းဟာ ဘယ်သူနဲ့မှ မတူဘူး။ ဒါနဲ့ယေရှုက ပညတ်ချက်တွေကိုရွတ်ပြတယ်။ အားလုံးတောင်မဟုတ်ဘူး လူနဲ့ဆိုင်တဲ့ပညတ်တွေ။ ဒါကိုကြားတဲ့အခါမှာသူကချက်ခြင်းပြန်ဖြေတယ် သူအားလုံးလုပ်ပြီးသွားပြီ။ ငွေသာရှာတာ ဘာသာရေးနဲ့ မဝေးတဲ့ပုံပဲ။ ကျင့်ဝတ်တွေကိုစောင့်ထိန်းတဲ့လူတွေက မဆင်းရဲဘူးဆိုတာကို ဒီနေရာမှာတွေ့ရတယ်။ သူက ဒီပညတ်တွေကိုထိန်းသိမ်းခဲ့လို့လည်း ဒီလို အခြေအနေရောက်တာပေါ့။ တချို့က အရမ်းဆက်ကပ်တယ် ဒါပေမယ့် ကျင့်ဝတ်တွေကို မသိဘူး စိတ်လည်းမဝင်စားဘူး။ အဆင်မပြေတဲ့အခါမှာတော့ ဘုရားကိုအပြစ်တင်တယ်။ ယေရှုက သူ့ကို လိုတာရှိသေးတာကိုထောက်ပြတယ်။ လိုချင်တာမရတာဟာ လိုအပ်တာရှိသေးလို့ပါ။ နည်းလမ်းကယေရှုဆီမှာပဲရှိတယ်။ ဒါကြောင့် ယေရှုက ကောင်းကင်ဘုံ ဘဏ္ဍာရဖို့အတွက် နည်းလမ်းပေးတယ်။ ဆင်းရဲသားတွေကို ရှိတဲ့အရာတွေကိုရောင်းပြီးပေးဖို့။ နောက်သူ့နောက်လိုက်ဖို့ပါ။ ဒီနေရာမှာ နားလည်မလွဲစေချင်ဘူး။ ချမ်းသာတဲ့သူတွေ ယေရှုနောက် လိုက်လို့မရဘူးလို့တော့ကောက်ချက်ဆွဲလို့မရဘူး။ နောက် ချမ်းသာရင် ထာ၀ရအသက် မရနိုင်ဘူးလို့လည်း အထင်မလွဲစေချင်ဘူး။ ဒီနေရာမှာ သခင် ရွေးခိုင်းတာပါ။ သခင်နှစ်ဦးရဲ့အစေမခံနိုင်ဘူးမဟုတ်လား။ နောက် ထာ၀ရအသက်ဟာ ယေရှုနဲ့ရင်းနှီးသိကျွမ်းမှုမရှိပဲ ဘယ်လို အဓိပ္ပါယ်ရှိမှာလဲ။ စိတ်နှလုံးက မြေကြီးပေါ်မှာစွဲလန်းပြီးတော့လည်း ယေရှုနောက်လိုက်ဖို့မလွယ်ဘူး။ ဘဏ္ဍာရှိရာအရပ်မှာစိတ်နှလုံးရှိဖို့အတွက် အရင် အထက်အရာကိုစွဲလန်းဖို့အတွက် ယေရှုက လုပ်ခိုင်းတယ်။ ပြီးမှ သူ့နောက်လိုက်ခိုင်းတယ်။ ဒီအရာက သူဌေးလေးကို စိတ်မသက်မသာ ဖြစ်စေတယ်။ ဝိညာဉ်ရေးရာဆိုတာကကိုယ်ကြိုက်တာချည်းပဲ ပြည့်နေတာတော့မဟုတ်ဘူး။ တခါတလေ ကိုယ်သဘောမကျတာတွေလည်း ပါရင်ပါတတ်တယ်။ လက်လွှတ်ရမယ့်အရာနဲ့လက်ခံရမယ့်အရာကို အမြဲတမ်း သဘောပေါက်နေဖို့တော့လိုတယ်။ ပိုလိုချင်ရင်တော့ ပိုပေးဆပ်ရမှာပေါ့မဟုတ်ဘူးလား။



Zawgyi

တစ္ခုေတာ့လိုေသးတယ္(၂)

“ေယ​႐ႈ​သည္၊ ထို​သူ​ကို​ၾကည့္​႐ႈ​လ်က္ ခ်စ္​ေသာ​စိတ္​႐ွိ၍၊ သင္​သည္ တစ္​ခု​လို​ေသး၏။ သြား​ေလာ့။ ကိုယ္​ဥ​စၥာ​႐ွိ​သ​မွ်​ကို ေရာင္း၍ ဆင္း​ရဲ​ေသာ​သူ​တို႔​အား ေပး​ေလာ့။ ထို​သို႔​ျပဳ​လွ်င္၊ ေကာင္း​ကင္​ဘုံ၌ ဘ​႑ာ​ကို ရ​လိမ့္​မည္။ သို႔​ၿပီး​မွ​လာ၍ လက္​ဝါး​ကပ္​တိုင္​ကို ထမ္း​လ်က္ ငါ့​ေနာက္​သို႔​လိုက္​ေလာ့​ဟု မိန္႔​ေတာ္​မူ၏။-” (မာကု-၁၀:၂၁)


အထင္နဲ႔လက္ေတြ႕က တျခားစီ

ကြၽန္ေတာ္တို႔အရမ္းလိုအပ္တယ္လို႔ ထင္ေနေပမယ့္ တကယ္မလိုအပ္တဲ့အရာေတြအမ်ားႀကီး႐ွိတယ္။ အသည္းအသန္ ေစ်းႀကီးႀကီးေပးၿပီး ဝယ္ထားၿပီးမွ ဘာမွ သုံးမရလို႔ ေခ်ာင္ထိုးထားတဲ့အရာေတြကိုၾကည့္ရင္ သိႏိုင္တယ္။ သိသလိုလို နဲ႔ ဘာမွမသိတဲ့ အေၾကာင္းအရာေတြလည္းအမ်ားႀကီးပဲ အဲ့ဒီလို အရာေတြကေတာ့လက္ေတြ႕ၾကဳံလာတဲ့အခါမွာမွ ပါးစပ္အေဟာင္းသားႀကီးနဲ႔ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိတဲ့ အခ်ိန္ေတြကိုၾကည့္ရင္သိႏိုင္တယ္။ ႐ွိသလိုလို နဲ႔မ႐ွိတဲ့အရာေတြလည္းအမ်ားႀကီးပဲ။ ယုံၾကည္ျခင္း႐ွိတယ္ထင္တာ တကယ္ျပႆနာလည္းတက္ေရာ ႐ွိတယ္လို႔ထင္တဲ့ ယုံၾကည္ျခင္းက ၾကက္ေပ်ာက္ ငွက္ေပ်ာက္ အကုန္ေပ်ာက္ကုန္ေရာ။ သူမ်ားျဖစ္တဲ့အခါမွာသာ ေတာင္ေျပာ ေျမာက္ေျပာ ေလွ်ာက္ေျပာတတ္တာ တကယ္ကိုယ္လည္းၾကဳံေရာ မ်က္ရည္နဲ႔ ေမ်ာသြားေတာ့မယ့္အတိုင္းပဲ။ ကိုယ့္ဟာကိုယ္ဟုတ္လွၿပီထင္ၿပီးေတာ့ မဟုတ္ေသးတဲ့အရာေတြလည္းအမ်ားႀကီး႐ွိတယ္။ ကိုယ္ပဲဆက္ကပ္ႏိုင္တယ္ ကိုယ္ပဲ ဘုရားနဲ႔ မွန္တယ္ လို႔ထင္ေနတာ။ ကိုယ့္ထက္ ဆက္ကပ္ေတြသူေတြကို မျမင္ခ်င္ေယာင္ေဆာင္ၿပီး မဆပ္ကပ္ႏိုင္တဲ့သူေတြကိုပဲ မ်က္လုံးက ေရာက္ေနတယ္။ တကယ္ဆိုအားလုံးက သူ႕အ႐ြယ္နဲ႔သူ၊ သူ႕ဘ၀ျဖတ္သန္းမႈနဲ႔သူ ပါပဲ။ ကိုယ့္ဟာကိုယ္ျပည့္စုံၿပီ ဘာမွမလိုေတာ့ဘူးလို႔ေတာ့ျမင္လို႔မရဘူး။ အၿမဲတမ္းတိုးတက္ခ်င္တယ္ဆိုရင္ေတာ့ ဝိညာဥ္ေရးရာမွာ မလိုအပ္ေတာ့ဘူး ထပ္မ႐ွိေတာ့ဘူးဆိုတာ မ႐ွိပါဘူး။ အၿမဲတမ္း ဆက္လုပ္ေနရအုံးမယ္ တိုးတက္ဖို႔လိုေနေသးတာပါပဲ။

သခင္ေယ႐ႈဆီကို ထာ၀ရအသက္ဘယ္လိုရႏိုင္မလဲလို႔ ေမးတဲ့ သူေဌးေလး ကိုသေဘာက်တယ္။ သူက ေမးေဖၚရေသးတယ္။ တခ်ိဳ႕သူေဌးေတြဆို အဖက္ေတာင္ မလုပ္ဘူး။ သိခ်င္တာပဲ ခ်ီးက်ဴးရမွာေပါ့။ သူ႕ဆီမွာ လိုခ်င္တဲ့စိတ္ေလး႐ွိလို႔ နည္းလမ္းေလးေမးတာေပါ့။ တခ်ိဳ႕ဆို မလိုခ်င္လို႔ ေမးကိုမေမးတာ။ ကြၽန္ေတာ္က ေမးခြန္းေမးတဲ့သူေတြကိုသေဘာက်တယ္။ သူတို႔က တိုးတက္ခ်င္တဲ့ စိတ္အခံေလး ႐ွိတယ္။ ဒါေပမယ့္ တကယ္ လိုအပ္တဲ့ အသက္တာေျပာင္းလဲေစတဲ့ ေမးခြန္းေတာ့ျဖစ္ဖို႔လိုတယ္။ တခ်ိဳ႕ေမးခြန္းေတြက ပညာစမ္းခ်င္တာေတြ ေနာက္ေတာ့တိုက္ခိုက္ခ်င္တာေတြနဲ႔ျပည့္ေနတယ္။ တိုးတက္ခ်င္တဲ့သူေမးတဲ့ေမးခြန္းဟာ ဘယ္သူနဲ႔မွ မတူဘူး။ ဒါနဲ႔ေယ႐ႈက ပညတ္ခ်က္ေတြကို႐ြတ္ျပတယ္။ အားလုံးေတာင္မဟုတ္ဘူး လူနဲ႔ဆိုင္တဲ့ပညတ္ေတြ။ ဒါကိုၾကားတဲ့အခါမွာသူကခ်က္ျခင္းျပန္ေျဖတယ္ သူအားလုံးလုပ္ၿပီးသြားၿပီ။ ေငြသာ႐ွာတာ ဘာသာေရးနဲ႔ မေဝးတဲ့ပုံပဲ။ က်င့္ဝတ္ေတြကိုေစာင့္ထိန္းတဲ့လူေတြက မဆင္းရဲဘူးဆိုတာကို ဒီေနရာမွာေတြ႕ရတယ္။ သူက ဒီပညတ္ေတြကိုထိန္းသိမ္းခဲ့လို႔လည္း ဒီလို အေျခအေနေရာက္တာေပါ့။ တခ်ိဳ႕က အရမ္းဆက္ကပ္တယ္ ဒါေပမယ့္ က်င့္ဝတ္ေတြကို မသိဘူး စိတ္လည္းမဝင္စားဘူး။ အဆင္မေျပတဲ့အခါမွာေတာ့ ဘုရားကိုအျပစ္တင္တယ္။ ေယ႐ႈက သူ႕ကို လိုတာ႐ွိေသးတာကိုေထာက္ျပတယ္။ လိုခ်င္တာမရတာဟာ လိုအပ္တာ႐ွိေသးလို႔ပါ။ နည္းလမ္းကေယ႐ႈဆီမွာပဲ႐ွိတယ္။ ဒါေၾကာင့္ ေယ႐ႈက ေကာင္းကင္ဘုံ ဘ႑ာရဖို႔အတြက္ နည္းလမ္းေပးတယ္။ ဆင္းရဲသားေတြကို ႐ွိတဲ့အရာေတြကိုေရာင္းၿပီးေပးဖို႔။ ေနာက္သူ႕ေနာက္လိုက္ဖို႔ပါ။ ဒီေနရာမွာ နားလည္မလြဲေစခ်င္ဘူး။ ခ်မ္းသာတဲ့သူေတြ ေယ႐ႈေနာက္ လိုက္လို႔မရဘူးလို႔ေတာ့ေကာက္ခ်က္ဆြဲလို႔မရဘူး။ ေနာက္ ခ်မ္းသာရင္ ထာ၀ရအသက္ မရႏိုင္ဘူးလို႔လည္း အထင္မလြဲေစခ်င္ဘူး။ ဒီေနရာမွာ သခင္ ေ႐ြးခိုင္းတာပါ။ သခင္ႏွစ္ဦးရဲ႕အေစမခံႏိုင္ဘူးမဟုတ္လား။ ေနာက္ ထာ၀ရအသက္ဟာ ေယ႐ႈနဲ႔ရင္းႏွီးသိကြၽမ္းမႈမ႐ွိပဲ ဘယ္လို အဓိပၸါယ္႐ွိမွာလဲ။ စိတ္ႏွလုံးက ေျမႀကီးေပၚမွာစြဲလန္းၿပီးေတာ့လည္း ေယ႐ႈေနာက္လိုက္ဖို႔မလြယ္ဘူး။ ဘ႑ာ႐ွိရာအရပ္မွာစိတ္ႏွလုံး႐ွိဖို႔အတြက္ အရင္ အထက္အရာကိုစြဲလန္းဖို႔အတြက္ ေယ႐ႈက လုပ္ခိုင္းတယ္။ ၿပီးမွ သူ႕ေနာက္လိုက္ခိုင္းတယ္။ ဒီအရာက သူေဌးေလးကို စိတ္မသက္မသာ ျဖစ္ေစတယ္။ ဝိညာဥ္ေရးရာဆိုတာကကိုယ္ႀကိဳက္တာခ်ည္းပဲ ျပည့္ေနတာေတာ့မဟုတ္ဘူး။ တခါတေလ ကိုယ္သေဘာမက်တာေတြလည္း ပါရင္ပါတတ္တယ္။ လက္လႊတ္ရမယ့္အရာနဲ႔လက္ခံရမယ့္အရာကို အၿမဲတမ္း သေဘာေပါက္ေနဖို႔ေတာ့လိုတယ္။ ပိုလိုခ်င္ရင္ေတာ့ ပိုေပးဆပ္ရမွာေပါ့မဟုတ္ဘူးလား။

13 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube