Search
  • Than Min Htike

တစ်ခုတော့လိုသေးတယ်(၃)

“ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။” (ဆာလံ-၄၂:၄)


ထိပ်ဆုံးကိုရောက်သွားရင်၊ အောင်မြင်ဆုံးလူတစ်ယောက်ဖြစ်သွားရင် ဘ၀မှာ ဘာမှမလိုအပ်လောက်တော့ဘူးလို့ ငယ်ငယ်တုန်းက ထင်မှတ်မှားဖူးတယ်။ ချမ်းသာကြွယ်၀တဲ့သူတွေ၊ နာမည်ကျော် ကြားတဲ့သူတွေရဲ့ဘ၀ ဟာ အရမ်းကိုပျော်စရာကောင်းမှာပဲ၊ လိုချင်တာတွေအကုန်ရမှာပဲလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် နာမည်ကျော် အဆိုတော် ရုပ်ရှင်မင်းသား သန်းကြွယ်သူဌေးကြီး အဲဗစ်ပရက်စလေ ကိုယ့်ဟာကိုယ် သတ်သေသွားခါနီးရေးထားတဲ့စာကို ဖတ်မိတဲ့အချိန်မှာတော့ အဲ့ဒါတွေတစ်ခုမှ မဟုတ်ဘူးဆိုတာသိလိုက်ရတယ်။ ဒီလောက် နာမည်ကျော်တဲ့ အဆိုတော် သူဌေးကြီး၊ လိုချင်တာအားလုံး လက်ညိုးထိုးလို့ရတဲ့လူက ဘ၀ဆိုတာသိပ်အထီးကျန်ဆန်တယ်ဆိုပြီးတော့အဆုံးသတ်သွားတဲ့အခါမှာတော့ မေးစရာတွေ၊ တွေးစရာတွေအများကြီးကျန်ခဲ့တယ်။ လူတွေထင်သလို အောင်မြင်မှုဟာပျော်စရာတွေနဲ့ပဲပြည့်နေတာတော့မဟုတ်ပါဘူး။ လူတိုင်းမှာ သူ့လိုအပ်မှုနဲ့သူ၊ သူ့ ပြဿနာနဲ့ သူပါပဲ။ မှန်ကန်တဲ့ အရာကိုရှာဖွေမိဖို့ တောင့် တတတ်ဖို့ပဲလိုတာပါ။ တကယ်လိုအပ်တာတွေ၊ ကိုယ့်ကို အကျိုးဖြစ်စေမယ့်အရာတွေကိုပဲ တောင့်တမိဖို့လိုပါတယ်။

သိုးကျောင်းသားလေးကနေ နိုင်ငံတနိုင်ငံရဲ့ အမြင့်ဆုံးဘုရင် ဘ၀ကို ရောက်သွားတဲ့ ဒါဝိဒ်၊ သူဆိုရင်တော့ ဘ၀မှာ ဘာမှ မလိုတော့ဘူးလို့ထင်မှာပဲ။ တောထဲမှာ သိုးလေးတွေနဲ့ ရုန်းကန်ရတဲ့ ဘ၀ကနေ နန်းတော်ထဲကိုရောက်သွားရတာဆိုတော့ ဘ၀ဟာ အဆပေါင်းများစွာ ကွာခြားသွားခဲ့တာမဟုတ်ဘူးလား။ ဒါပေမယ့် ဒါဝိဒ်အသက်တာမှာ လိုအပ်တာ ရှိနေဆဲပါ။ သူ ပြင်းပြစွာ လိုအပ်တဲ့အရာကို သူရေးစပ်တဲ့သီချင်းထဲမှာ ထုတ်ဖေါ် ခဲ့တယ်။ အဲ့ဒါကတော့ ဘုရားမျက်နှာတော်ကိုအစဉ် မပြတ်ဖူးမျှော်ပြီး အမြဲဘုရားနဲ့ပဲ အချိန်ကို ကုန်ဆုံးဖို့ပါ။ သူဒီဘ၀ရောက်လာတာလည်းအရည်ချင်းကြောင့်ဆိုတာထက် ဘုရားကို ရှာဖွေတယ်၊ အားကိုးတတ်တဲ့အရာကြောင့်လိုပဲဆိုရမယ်။ ဒီလို ဘ၀ရောက်လာတော့လည်းသူ့အထဲက ဘုရားကိုဆာငတ်တာက မရပ်သွားဘူး။ လူတွေက အောင်မြင်လာရင်၊ ကြွယ်၀လာရင် တောင့်တမှုတွေက တခြားဘက်ကိုလှည့်သွားတတ်တယ်။ ဒါဝိဒ်က တော့အဲ့ဒီလိုမဟုတ်ဘူး။ မအောင်မြင်ခင်မှာလည်း သူလိုတာတစ်ခုထဲက ဘုရားပဲ။ နောက်အောင်မြင်လာတဲ့အခါမှာလည်း သူအလိုအပ်ဆုံးက ဘုရားပဲ။ ဒီလို ပြင်းပြတဲ့ တစ်ခုထဲကိုပဲစွဲလန်းတဲ့စိတ်ကြောင့် သူလိုဘုရားစိတ်တော်နဲ့တွေ့ခြင်းခံရတဲ့လူ များများစားစားမရှိဘူး။ သူကပဲ ဘုရားကို စွဲလန်းတာမဟုတ်ပဲ ဘုရားကလည်း သူ့ကို သဘောကျနှစ်သက်တယ်။ ဒါကြောင့်သူနဲ့အတူ အများကြီး ဘုရားအလုပ်လုပ်ခဲ့တာပေါ့။ ဒါကြောင့် တကယ်လိုတာ ကို သိမြင်ပြီး အဲ့ဒီအရာအပေါ်မှာ ဘ၀ကိုတည် ဆောက်တတ်တဲ့သူကတော့ ပြည့်စုံတဲ့ အရသာကို မြင်တွေ့ခံစားရမှာပေါ့။



Zawgyi

တစ်ခုတော့လိုသေးတယ်(၃)

“ထာဝရဘုရား၏တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍၊ ဗိမာန်တော်၌မွေ့လျော်ခြင်းအလိုငှာ၊ ထာဝရဘုရား၏ အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။” (ဆာလံ-၄၂:၄)


ထိပ်ဆုံးကိုရောက်သွားရင်၊ အောင်မြင်ဆုံးလူတစ်ယောက်ဖြစ်သွားရင် ဘ၀မှာ ဘာမှမလိုအပ်လောက်တော့ဘူးလို့ ငယ်ငယ်တုန်းက ထင်မှတ်မှားဖူးတယ်။ ချမ်းသာကြွယ်၀တဲ့သူတွေ၊ နာမည်ကျော် ကြားတဲ့သူတွေရဲ့ဘ၀ ဟာ အရမ်းကိုပျော်စရာကောင်းမှာပဲ၊ လိုချင်တာတွေအကုန်ရမှာပဲလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် နာမည်ကျော် အဆိုတော် ရုပ်ရှင်မင်းသား သန်းကြွယ်သူဌေးကြီး အဲဗစ်ပရက်စလေ ကိုယ့်ဟာကိုယ် သတ်သေသွားခါနီးရေးထားတဲ့စာကို ဖတ်မိတဲ့အချိန်မှာတော့ အဲ့ဒါတွေတစ်ခုမှ မဟုတ်ဘူးဆိုတာသိလိုက်ရတယ်။ ဒီလောက် နာမည်ကျော်တဲ့ အဆိုတော် သူဌေးကြီး၊ လိုချင်တာအားလုံး လက်ညိုးထိုးလို့ရတဲ့လူက ဘ၀ဆိုတာသိပ်အထီးကျန်ဆန်တယ်ဆိုပြီးတော့အဆုံးသတ်သွားတဲ့အခါမှာတော့ မေးစရာတွေ၊ တွေးစရာတွေအများကြီးကျန်ခဲ့တယ်။ လူတွေထင်သလို အောင်မြင်မှုဟာပျော်စရာတွေနဲ့ပဲပြည့်နေတာတော့မဟုတ်ပါဘူး။ လူတိုင်းမှာ သူ့လိုအပ်မှုနဲ့သူ၊ သူ့ ပြဿနာနဲ့ သူပါပဲ။ မှန်ကန်တဲ့ အရာကိုရှာဖွေမိဖို့ တောင့် တတတ်ဖို့ပဲလိုတာပါ။ တကယ်လိုအပ်တာတွေ၊ ကိုယ့်ကို အကျိုးဖြစ်စေမယ့်အရာတွေကိုပဲ တောင့်တမိဖို့လိုပါတယ်။

သိုးကျောင်းသားလေးကနေ နိုင်ငံတနိုင်ငံရဲ့ အမြင့်ဆုံးဘုရင် ဘ၀ကို ရောက်သွားတဲ့ ဒါဝိဒ်၊ သူဆိုရင်တော့ ဘ၀မှာ ဘာမှ မလိုတော့ဘူးလို့ထင်မှာပဲ။ တောထဲမှာ သိုးလေးတွေနဲ့ ရုန်းကန်ရတဲ့ ဘ၀ကနေ နန်းတော်ထဲကိုရောက်သွားရတာဆိုတော့ ဘ၀ဟာ အဆပေါင်းများစွာ ကွာခြားသွားခဲ့တာမဟုတ်ဘူးလား။ ဒါပေမယ့် ဒါဝိဒ်အသက်တာမှာ လိုအပ်တာ ရှိနေဆဲပါ။ သူ ပြင်းပြစွာ လိုအပ်တဲ့အရာကို သူရေးစပ်တဲ့သီချင်းထဲမှာ ထုတ်ဖေါ် ခဲ့တယ်။ အဲ့ဒါကတော့ ဘုရားမျက်နှာတော်ကိုအစဉ် မပြတ်ဖူးမျှော်ပြီး အမြဲဘုရားနဲ့ပဲ အချိန်ကို ကုန်ဆုံးဖို့ပါ။ သူဒီဘဝရောက်လာတာလည်းအရည်ချင်းကြောင့်ဆိုတာထက် ဘုရားကို ရှာဖွေတယ်၊ အားကိုးတတ်တဲ့အရာကြောင့်လိုပဲဆိုရမယ်။ ဒီလို ဘဝရောက်လာတော့လည်းသူ့အထဲက ဘုရားကိုဆာငတ်တာက မရပ်သွားဘူး။ လူတွေက အောင်မြင်လာရင်၊ ကြွယ်၀လာရင် တောင့်တမှုတွေက တခြားဘက်ကိုလှည့်သွားတတ်တယ်။ ဒါဝိဒ်က တော့အဲ့ဒီလိုမဟုတ်ဘူး။ မအောင်မြင်ခင်မှာလည်း သူလိုတာတစ်ခုထဲက ဘုရားပဲ။ နောက်အောင်မြင်လာတဲ့အခါမှာလည်း သူအလိုအပ်ဆုံးက ဘုရားပဲ။ ဒီလို ပြင်းပြတဲ့ တစ်ခုထဲကိုပဲစွဲလန်းတဲ့စိတ်ကြောင့် သူလိုဘုရားစိတ်တော်နဲ့တွေ့ခြင်းခံရတဲ့လူ များများစားစားမရှိဘူး။ သူကပဲ ဘုရားကို စွဲလန်းတာမဟုတ်ပဲ ဘုရားကလည်း သူ့ကို သဘောကျနှစ်သက်တယ်။ ဒါကြောင့်သူနဲ့အတူ အများကြီး ဘုရားအလုပ်လုပ်ခဲ့တာပေါ့။ ဒါကြောင့် တကယ်လိုတာ ကို သိမြင်ပြီး အဲ့ဒီအရာအပေါ်မှာ ဘ၀ကိုတည် ဆောက်တတ်တဲ့သူကတော့ ပြည့်စုံတဲ့ အရသာကို မြင်တွေ့ခံစားရမှာပေါ့။

11 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube