Search
  • Than Min Htike

တစ်ခုတော့လိုသေးတယ်(၄)

“လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း၊ စ​မွှတ်၊ ဇီ​ယာ၊ အ​သီး​အ​ရွက်​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင် တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ သူ​တစ်​ပါး​ကို သ​နား​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​တည်း​ဟူ​သော ပ​ညတ်​တ​ရား​တွင် လေး​သော​အ​ရာ​တို့​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။-”(မဿဲ-၂၃:၂၃)


အပေါ်ယံတွေကိုခွာချဖို့အချိန်

အပေါ်ယံ ဟန်ဆောင်ပြီး လုပ်တတ်တဲ့ အကျင့်ကို လူတိုင်း သဘောမကျပါဘူး။ အရမ်းကို မေတ္တာရှိသလိုလိုနဲ့ စိတ်ထဲမှာ မပါတဲ့လူမျိုးတွေ၊ ကူညီသလိုလိုနဲ့ ဒုက္ခပေးသွားတဲ့လူတွေကို ဘ၀မှာ ကြုံဖူးကြပါလိမ့်မယ်။ ကိုယ့်အတွက်လုပ်ပေးတဲ့အခါမှာလည်း အထဲက စေတနာမပါပဲ ဝတ်ကျေတန်းကျေလုပ်ပေးတတ်တာကိုလည်း လူတိုင်းသဘောကျမှာမဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် စိတ်စေတနာပါတာနဲ့ မပါတာသိပ်ကိုကွာခြားတယ်ဆိုတာ ကြုံဖူးတဲ့သူတွေ သိပါတယ်။ ဝိညာဉ်ရေးရာမှာလည်း ဒီအတိုင်းပါပဲ လူတွေအမြင်ပဲ လုပ်ပြီးတော့ အတွင်းနှလုံးသားမပါပဲ အပေါ်ယံလုပ်တာကို ဘုရားက လုံး၀လက်မခံပါ။ ဘာသာရေးဆိုတာက လူတွေမြင်တဲ့အပေါ်ယံ သရုပ်ဆောင်ခြင်းသာဖြစ်ပြီးတော့ အတွင်းနှလုံးသားကတော့ လုပ်ရပ်နဲ့ လုံး၀ဆန့်ကျင်ဘက်ပါပဲ။ တချို့သောသူတွေ နှုတ်ပတ်တော်နဲ့အညီကျင့်ကြံပြုမူပေမယ့်၊ နှုတ်ကပတ်တော်ရဲ့ မိန့်ဆိုတဲ့ကောင်းကြီးမင်္ဂလာကို အသက်တာမှာ လုံး၀မြင်တွေ့ခံစားရခြင်းမရှိပေ။ ဘုရားက လူတွေမြင်သလို အပေါ်ယံ လုပ်ရပ်ကိုကြည့်ပြီး ကောင်းကြီးပေးတာမဟုတ်ဘူးဆိုတာကိုသိဖို့လိုတယ်။ အတွင်းနှလုံးသားကိုသာကြည့်ပြီးတော့ လူတွေရဲ့အနာဂတ်ကို ဘုရားက ဆုံးဖြတ်တာပါ။ ဒါကြောင့်အပေါ်ယံ လုပ်ထုံးလုပ်နည်းတွေ ဘယ်လောက်ကောင်းအောင်လုပ်တယ်ဆိုတာထက် အတွင်းနှလုံးသားနဲ့ တကယ်လုပ်တဲ့သူတွေရဲ့အသက်တာမှာပဲ ဘုရားရဲ့စစ်မှန်တဲ့ ဂတိတော်ဟာ မြင်တွေ့ရတာပါ။

ဘာသာရေး လုပ်ထုံးလုပ်နည်းတွေကို အစွမ်းကုန် လိုက်နာစောင့်ရှောက်တဲ့ ဖါရိရှဲတွေ၊ သူတို့လောက်လုပ်နိုင်တဲ့သူမရှိလောက်ဘူးလို့တောင်ပြောလို့ရတယ်။ သူတို့လောက် ကျမ်းစာကိုတတ်တာလည်း နှစ်ယောက်မရှိဘူး။ ဒါပေမယ့် ယေရှုနဲ့တွေတဲ့အခါမှာတော့ ဟန်ဆောင်တဲ့အပေါ်ယံ အားလုံးကိုခွာချခြင်းခံရတယ်။ ဘုရားစကားအတိုင်း လုပ်တာ ဟုတ်ပေမယ့် သူတို့သ‌ဘောကျတဲ့အပိုင်း၊ လူတွေ အမြင်မှာ ကောင်းမယ့်အရာကိုပဲ ရွေးချယ်ပြီး လုပ်ဆောင်တာဖြစ်ပြီး တကယ့်အနှစ်သာရကိုတော့ ချန်လှပ်ထားခဲ့ကြတယ်။ ဒီနေရာမှာ လူတွေက ယေရှုဆယ်ဖို့တစ်ဖို့ ထည့်ဖို့ မပြောခဲ့ဘူးလို့ ပြောတဲ့သူတွေအတွက် ဒီကျမ်းပိုဒ်က ယေရှုက ဆယ်ဖို့တစ်ဖို့ကို မလှပ်ထားရဘူးဆိုတာက မချန်ထားရဘူးလို့ ဆိုချင်တာပါ။ ဆယ်ဖို့တစ်ဖို့ထည့်ဖို့ ယေရှုက သွန်သင်ခဲ့တဲ့အရာတစ်ခုဆိုလည်းမမှားဘူး။ ဒါပေမယ့် အပေါ်ယံ ထည့်ရုံပဲ ထည့်တာမဟုတ်ပဲ အတွင်းထဲကနေလာတဲ့ ချစ်မေတ္တာ၊သစ္စာစောင့်ခြင်းနဲ့ သနားကြင်နာခြင်းကိုတော့ ချန်ထားလို့တော့မရပေ။ ဒါကြောင့် စိတ်နှလုံးသားမပါပဲ အပေါ်ယံလုပ်ဆောင်ခြင်းအားလုံးဟာ ဘာသာရေး လုပ်ဆောင်မှုပဲ ဖြစ်စေပြီးတော့ ဘုရားနှစ်သက်တဲ့ ဝိညာဉ်ရေးတော့ ဖြစ်လာမှာမဟုတ်ဘူး။ ဘုရားနဲ့ဆိုင်တဲ့ အရာတွေကိုလုပ်ပြီးတော့ ကောင်းကြီးမခံစားရဘူး အသက်တာ မထူးခြားလာဘူးဆိုရင်တော့ သင့်စိတ်နှလုံးသားကို စစ်ဆေးဖို့လိုနေတယ်။ ယုံကြည်ခြင်းမပါပဲ စိတ်နှလုံးသားထဲကနေ လုပ်တာမဟုတ်တဲ့အရာတွေနဲ့ သင့်ဘ၀ရဲ့တန်ဖိုးရှိတဲ့အချိန်တွေမကုန်ဆုံးစေနဲ့။ ဘာလုပ်လုပ် နှလုံးသားပါပြီးတော့လုပ်ပါ။ ဘာလုပ်လုပ် ဘုရားရဲ့ နှစ်သက်မှုနဲ့အတူ ကောင်းကြီးများစွာခံစားရမယ်။



Zawgyi

တစ္ခုေတာ့လိုေသးတယ္(၄)

“လွ်ိဳ႕​ဝွက္​ေသာ​က်မ္း​ျပဳ​ဆ​ရာ၊ ဖာ​ရိ​႐ွဲ​တို႔၊ သင္​တို႔​သည္ အ​မဂၤ​လာ​႐ွိ​ၾက၏။ အ​ေၾကာင္း​မူ​ကား၊ ပင္​စိမ္း၊ စ​မႊတ္၊ ဇီ​ယာ၊ အ​သီး​အ​႐ြက္​တို႔​ကို ဆယ္​ဖို႔​တစ္​ဖို႔ လႉ​ၾက​သည္​တြင္ တ​ရား​သ​ျဖင့္​စီ​ရင္​ျခင္း၊ သူ​တစ္​ပါး​ကို သ​နား​ျခင္း၊ သ​စၥာ​ေစာင့္​ျခင္း​တည္း​ဟူ​ေသာ ပ​ညတ္​တ​ရား​တြင္ ေလး​ေသာ​အ​ရာ​တို႔​ကို​ကား လွပ္၍​ထား​ၾက၏။ အ​ရင္​ဆို​ေသာ​အ​ရာ​တို႔​ကို မ​လွပ္​မ​ထား၊ ေနာက္​ဆို​ေသာ​အ​ရာ​တို႔​ကို က်င့္​ရ​မည္။-”(မႆဲ-၂၃:၂၃)


အေပၚယံေတြကိုခြာခ်ဖို႔အခ်ိန္

အေပၚယံ ဟန္ေဆာင္ၿပီး လုပ္တတ္တဲ့ အက်င့္ကို လူတိုင္း သေဘာမက်ပါဘူး။ အရမ္းကို ေမတၱာ႐ွိသလိုလိုနဲ႔ စိတ္ထဲမွာ မပါတဲ့လူမ်ိဳးေတြ၊ ကူညီသလိုလိုနဲ႔ ဒုကၡေပးသြားတဲ့လူေတြကို ဘ၀မွာ ၾကဳံဖူးၾကပါလိမ့္မယ္။ ကိုယ့္အတြက္လုပ္ေပးတဲ့အခါမွာလည္း အထဲက ေစတနာမပါပဲ ဝတ္ေက်တန္းေက်လုပ္ေပးတတ္တာကိုလည္း လူတိုင္းသေဘာက်မွာမဟုတ္ပါဘူး။ ဘာပဲလုပ္လုပ္ စိတ္ေစတနာပါတာနဲ႔ မပါတာသိပ္ကိုကြာျခားတယ္ဆိုတာ ၾကဳံဖူးတဲ့သူေတြ သိပါတယ္။ ဝိညာဥ္ေရးရာမွာလည္း ဒီအတိုင္းပါပဲ လူေတြအျမင္ပဲ လုပ္ၿပီးေတာ့ အတြင္းႏွလုံးသားမပါပဲ အေပၚယံလုပ္တာကို ဘုရားက လုံး၀လက္မခံပါ။ ဘာသာေရးဆိုတာက လူေတြျမင္တဲ့အေပၚယံ သ႐ုပ္ေဆာင္ျခင္းသာျဖစ္ၿပီးေတာ့ အတြင္းႏွလုံးသားကေတာ့ လုပ္ရပ္နဲ႔ လုံး၀ဆန္႔က်င္ဘက္ပါပဲ။ တခ်ိဳ႕ေသာသူေတြ ႏႈတ္ပတ္ေတာ္နဲ႔အညီက်င့္ၾကံျပဳမူေပမယ့္၊ ႏႈတ္ကပတ္ေတာ္ရဲ႕ မိန္႔ဆိုတဲ့ေကာင္းႀကီးမဂၤလာကို အသက္တာမွာ လုံး၀ျမင္ေတြ႕ခံစားရျခင္းမ႐ွိေပ။ ဘုရားက လူေတြျမင္သလို အေပၚယံ လုပ္ရပ္ကိုၾကည့္ၿပီး ေကာင္းႀကီးေပးတာမဟုတ္ဘူးဆိုတာကိုသိဖို႔လိုတယ္။ အတြင္းႏွလုံးသားကိုသာၾကည့္ၿပီးေတာ့ လူေတြရဲ႕အနာဂတ္ကို ဘုရားက ဆုံးျဖတ္တာပါ။ ဒါေၾကာင့္အေပၚယံ လုပ္ထုံးလုပ္နည္းေတြ ဘယ္ေလာက္ေကာင္းေအာင္လုပ္တယ္ဆိုတာထက္ အတြင္းႏွလုံးသားနဲ႔ တကယ္လုပ္တဲ့သူေတြရဲ႕အသက္တာမွာပဲ ဘုရားရဲ႕စစ္မွန္တဲ့ ဂတိေတာ္ဟာ ျမင္ေတြ႕ရတာပါ။

ဘာသာေရး လုပ္ထုံးလုပ္နည္းေတြကို အစြမ္းကုန္ လိုက္နာေစာင့္ေ႐ွာက္တဲ့ ဖါရိ႐ွဲေတြ၊ သူတို႔ေလာက္လုပ္ႏိုင္တဲ့သူမ႐ွိေလာက္ဘူးလို႔ေတာင္ေျပာလို႔ရတယ္။ သူတို႔ေလာက္ က်မ္းစာကိုတတ္တာလည္း ႏွစ္ေယာက္မ႐ွိဘူး။ ဒါေပမယ့္ ေယ႐ႈနဲ႔ေတြတဲ့အခါမွာေတာ့ ဟန္ေဆာင္တဲ့အေပၚယံ အားလုံးကိုခြာခ်ျခင္းခံရတယ္။ ဘုရားစကားအတိုင္း လုပ္တာ ဟုတ္ေပမယ့္ သူတို႔သ‌ေဘာက်တဲ့အပိုင္း၊ လူေတြ အျမင္မွာ ေကာင္းမယ့္အရာကိုပဲ ေ႐ြးခ်ယ္ၿပီး လုပ္ေဆာင္တာျဖစ္ၿပီး တကယ့္အႏွစ္သာရကိုေတာ့ ခ်န္လွပ္ထားခဲ့ၾကတယ္။ ဒီေနရာမွာ လူေတြက ေယ႐ႈဆယ္ဖို႔တစ္ဖို႔ ထည့္ဖို႔ မေျပာခဲ့ဘူးလို႔ ေျပာတဲ့သူေတြအတြက္ ဒီက်မ္းပိုဒ္က ေယ႐ႈက ဆယ္ဖို႔တစ္ဖို႔ကို မလွပ္ထားရဘူးဆိုတာက မခ်န္ထားရဘူးလို႔ ဆိုခ်င္တာပါ။ ဆယ္ဖို႔တစ္ဖို႔ထည့္ဖို႔ ေယ႐ႈက သြန္သင္ခဲ့တဲ့အရာတစ္ခုဆိုလည္းမမွားဘူး။ ဒါေပမယ့္ အေပၚယံ ထည့္႐ုံပဲ ထည့္တာမဟုတ္ပဲ အတြင္းထဲကေနလာတဲ့ ခ်စ္ေမတၱာ၊သစၥာေစာင့္ျခင္းနဲ႔ သနားၾကင္နာျခင္းကိုေတာ့ ခ်န္ထားလို႔ေတာ့မရေပ။ ဒါေၾကာင့္ စိတ္ႏွလုံးသားမပါပဲ အေပၚယံလုပ္ေဆာင္ျခင္းအားလုံးဟာ ဘာသာေရး လုပ္ေဆာင္မႈပဲ ျဖစ္ေစၿပီးေတာ့ ဘုရားႏွစ္သက္တဲ့ ဝိညာဥ္ေရးေတာ့ ျဖစ္လာမွာမဟုတ္ဘူး။ ဘုရားနဲ႔ဆိုင္တဲ့ အရာေတြကိုလုပ္ၿပီးေတာ့ ေကာင္းႀကီးမခံစားရဘူး အသက္တာ မထူးျခားလာဘူးဆိုရင္ေတာ့ သင့္စိတ္ႏွလုံးသားကို စစ္ေဆးဖို႔လိုေနတယ္။ ယုံၾကည္ျခင္းမပါပဲ စိတ္ႏွလုံးသားထဲကေန လုပ္တာမဟုတ္တဲ့အရာေတြနဲ႔ သင့္ဘ၀ရဲ႕တန္ဖိုး႐ွိတဲ့အခ်ိန္ေတြမကုန္ဆုံးေစနဲ႔။ ဘာလုပ္လုပ္ ႏွလုံးသားပါၿပီးေတာ့လုပ္ပါ။ ဘာလုပ္လုပ္ ဘုရားရဲ႕ ႏွစ္သက္မႈနဲ႔အတူ ေကာင္းႀကီးမ်ားစြာခံစားရမယ္။

5 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube