- Than Min Htike
တစ်ခုတော့လိုသေးတယ်(၅)
“အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟုခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေပြည်သား လုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်းအရင်းဖြစ်သော မာနင်နှင့် ရှောလုတည်းဟူသော ပရောဖက်ပြုသူ၊ ဆရာပြုသူရှိကြ၏။- ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှာ ဗာနဗနှင့်ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊-”(တ-၁၃:၁-၂)
တန်ဖိုးဆိုတာ ဘယ်လောက် စျေးကြီးတယ်၊ ဘယ်လောက် အရည်အချင်းရှိတယ်ဆိုတာနဲ့သတ်မှတ်လို့မရဘူး။ ဘယ်လောက်အသုံးဝင်မှုရှိတယ်ဆိုတဲ့အပေါ်မှာပဲ သတ်မှတ်ဖို့လိုတယ်။ တချို့လူတွေဆီမှာ အရည် အချင်းတွေကော၊ လုပ်နိုင်စွမ်းရည်တွေကော အပြည့်ရှိတယ် ဒါပေမယ့် ဘယ်နေရမှာမှ သုံးလို့မရဘူး။ သူနဲ့အံဝင်ဂွင်ကျမယ့်နေရာကို ရှာမတွေ့မချင်း ဘယ်လောက် တော်တော်၊ အရည်အချင်းရှိရှိ နှမြောစရာကောင်းတယ်။ ကျွန်တော်တို့အိမ်မှာ စျေးကြီးပေးပြီး ကြိုက်လို့ဝယ်ထားပေမယ့် သုံးလို့မရတဲ့ဟာတွေက အများကြီးမဟုတ်လား။ တချို့အရာတွေဆို တစ်ခါသုံးပဲ။ အကြိမ်ကြိမ်သုံးလို့မရဘူး။ သူနဲ့ သင့်တော်မယ့်အလုပ်မရှိတဲ့အတွက် ဝယ်ပြီးကတည်းက တစ်ခါတည်းသုံးပြီး ချောင်ထိုးထားလိုက်ရတာ အခုထိ ပြန် သုံးလို့ကို မရသေးဘူး။ ကျွန်တော်တို့အသက်တာတွေလည်းဒီအတိုင်းပဲ အသုံးဝင်အောင် အရည်အချင်းတွေ၊ ပညာတွေအများကြီးဆည်းပူးထားပေမယ့်၊ လေ့လာထားတာတွေအများကြီး၊ လုပ်နိုင်တာတွေ အများကြီးရှိပေမယ့် ကိုယ့်အတွက် ဘုရားထားတဲ့ နေရာကိုမရောက်မချင်း လောကကြီးမှာ လူပိုတစ်ယောက်လို ခံစားနေ၊ ဖြစ်နေအုံးမှာပဲ။ ကျွန်တော်စအမှုတော်ဆောင်ခြင်းက အကြိမ်ပေါင်းများစွာ ဒီခံစားချက်ကြီးကို ရင်ဆိုင်ခဲ့ရတယ်။ ဒီလောက်အမှုတော်ဆောင်တွေ အများကြီးရှိတာ သူတို့ ဟောပြောတာတွေ၊ လုပ်နိုင်တာတွေ ဒီလောက်ကောင်းတာ ငါ ဘယ်နေရာများ အသုံးတည့်ပါ့မလဲ။ ဘယ်နေရာမှာ ဘုရားထားလည်းဆိုတာကို မသိမချင်း ဘ၀ရဲ့အဓိပ္ပါယ်ကို ရှာတွေ့မှာမဟုတ်ဘူး။ ဘုရားကိုယ့်ကို ထားတဲ့နေရာကို ရှာတွေ့မှပဲ ရှင်သန်ရတဲ့အဘ၀ရဲ့အဓိပ္ပါယ်ကို သိရတော့တယ်။
ရှောလု ကနေ ပြောင်းလဲလာတဲ့ ပေါလုဘ၀လည်းဒီလိုပါပဲ။ သူ့အသက်တာပြောင်းလဲလာပြီးနောက် ဘုရားနဲ့သေချာအချိန်ယူတယ် ။ တမန်တော်တွေနဲ့ထိတွေ့ခွင့်ရခဲ့တယ်။ ဟောပြောသက်သေခံ ပြီးတော့ တတ်နိုင်သမျှ လုပ်ဆောင်တယ်။ သူ့မှာဘုရားထည့်ထားပေးတဲ့အရည် အချင်းတွေ၊ ဆုကျေးဇူးတွေကအပြည့်ပဲ။ ဒါပေမယ့် အရမ်းကြီးဘုရားအသုံးပြုသေးတာတော့မဟုတ်ဘူး။ သူလည်းစမ်းတဝါးဝါးနဲ့ ကျရာနေရာမှာ အမှုဆောင်ခဲ့တယ်။ တစ်နေ့ အစာရှောင်ဆုတောင်းရင်းနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အသံ သူတို့ဆီကို ရောက်လာတယ်။ ဘုရားစေခိုင်းတဲ့တိကျတဲ့ အရာအတွက် ခေါ်ခြင်းဆိုရင် မမှားဘူးပေါ့။ အဲ့ဒီနောက်ပိုင်းမှာ သူ့အသက်တာမှာ နေရာမှန် တစ်ခုကို စတင်ပြီးတော့ ရောက်ရှိခဲ့တယ်။ ဘုရားက မှန်တဲ့လူတွေနဲ့လည်း တွဲပေးခဲ့ပြီးတော့ အခြားသူတွေနဲ့မတူအောင် အသုံးပြုလာတယ်ဆိုတာ တမန်တော်၀တ္ထု နောက်ပိုင်း တစ်ခုလုံးကို ကြည့်ရင်သိရတယ်။ တမန်တော်၀တ္ထုအရှေ့ပိုင်းက ပေတရုကြီးပဲ ကြီးစိုးနေရာကနေ နောက်ပိုင်းက ပေါလု ရဲ့လုပ်ဆောင်မှုတွေချည်းဖြစ်လာတယ်။ ဒါကိုကြည့်ရင် ဆုကျေးဇူးတွေ၊ အရည်အချင်း ဘယ်လောက်ရှိရှိ ဘုရားထားတဲ့ နေရာ ကို တိတိကျကျ မသိရင်လည်း အရမ်းကြီး အသုံးမဝင်ဘူးဆိုတာ သိဖို့လိုတယ်။ ဒါကိိုစိတ်ဓါတ်ကျဖို့မဟုတ်ပဲ ရှိတဲ့နေရာမှာ အကောင်းဆုံး ဆပ်ကပ်ရင်းနဲ့ သင်ယူဖို့လိုတယ်။ အကောင်းဆုံးလုပ်ဆောင်ဖို့လိုတယ်။ အချိန်ရောက်တဲ့အခါမှာ ဘုရားက မှန်ကန်တဲ့နေရာ ၊မှန်ကန်တဲ့လူတွေနဲ့ တွဲဖက်ပေးပြီးတော့ မှန်ကန်တဲ့ဘ၀အသက်တာကိုပို့ဆောင်ပေးပါလိမ့်မယ်။အဲ့ဒါကိုစိတ်ချပြီး အသက်ရှင်ပါ။

Zawgyi
တစ္ခုေတာ့လိုေသးတယ္(၅)
“အႏၲိအုတ္ၿမိဳ႕တြင္႐ွိေသာ အသင္းေတာ္၌ ဗာနဗမွစ၍ နိဂါဟုေခၚေဝၚေသာ ႐ႈေမာင္၊ ကုေရေနျပည္သား လုကိ၊ ေစာ္ဘြားေဟ႐ုဒ္၏ သူငယ္ခ်င္းအရင္းျဖစ္ေသာ မာနင္ႏွင့္ ေ႐ွာလုတည္းဟူေသာ ပေရာဖက္ျပဳသူ၊ ဆရာျပဳသူ႐ွိၾက၏။- ထိုသူတို႔သည္ သခင္ဘုရားဝတ္ကိုျပဳ၍ အစာကိုေ႐ွာင္ၾကစဥ္၊ သန္႔႐ွင္းေသာဝိညာဥ္ေတာ္က၊ ငါခန္႔ထားေသာအမႈကို ေဆာင္႐ြက္ ေစျခင္းငွာ ဗာနဗႏွင့္ေ႐ွာလုတို႔ကို ေ႐ြးခ်ယ္ခြဲထားၾကေလာ့ဟု မိန္႔ေတာ္မူသည္အတိုင္း၊-”(တ-၁၃:၁-၂)
တန္ဖိုးဆိုတာ ဘယ္ေလာက္ ေစ်းႀကီးတယ္၊ ဘယ္ေလာက္ အရည္အခ်င္း႐ွိတယ္ဆိုတာနဲ႔သတ္မွတ္လို႔မရဘူး။ ဘယ္ေလာက္အသုံးဝင္မႈ႐ွိတယ္ဆိုတဲ့အေပၚမွာပဲ သတ္မွတ္ဖို႔လိုတယ္။ တခ်ိဳ႕လူေတြဆီမွာ အရည္ အခ်င္းေတြေကာ၊ လုပ္ႏိုင္စြမ္းရည္ေတြေကာ အျပည့္႐ွိတယ္ ဒါေပမယ့္ ဘယ္ေနရမွာမွ သုံးလို႔မရဘူး။ သူနဲ႔အံဝင္ဂြင္က်မယ့္ေနရာကို ႐ွာမေတြ႕မခ်င္း ဘယ္ေလာက္ ေတာ္ေတာ္၊ အရည္အခ်င္း႐ွိ႐ွိ ႏွေျမာစရာေကာင္းတယ္။ ကြၽန္ေတာ္တို႔အိမ္မွာ ေစ်းႀကီးေပးၿပီး ႀကိဳက္လို႔ဝယ္ထားေပမယ့္ သုံးလို႔မရတဲ့ဟာေတြက အမ်ားႀကီးမဟုတ္လား။ တခ်ိဳ႕အရာေတြဆို တစ္ခါသုံးပဲ။ အႀကိမ္ႀကိမ္သုံးလို႔မရဘူး။ သူနဲ႔ သင့္ေတာ္မယ့္အလုပ္မ႐ွိတဲ့အတြက္ ဝယ္ၿပီးကတည္းက တစ္ခါတည္းသုံးၿပီး ေခ်ာင္ထိုးထားလိုက္ရတာ အခုထိ ျပန္ သုံးလို႔ကို မရေသးဘူး။ ကြၽန္ေတာ္တို႔အသက္တာေတြလည္းဒီအတိုင္းပဲ အသုံးဝင္ေအာင္ အရည္အခ်င္းေတြ၊ ပညာေတြအမ်ားႀကီးဆည္းပူးထားေပမယ့္၊ ေလ့လာထားတာေတြအမ်ားႀကီး၊ လုပ္ႏိုင္တာေတြ အမ်ားႀကီး႐ွိေပမယ့္ ကိုယ့္အတြက္ ဘုရားထားတဲ့ ေနရာကိုမေရာက္မခ်င္း ေလာကႀကီးမွာ လူပိုတစ္ေယာက္လို ခံစားေန၊ ျဖစ္ေနအုံးမွာပဲ။ ကြၽန္ေတာ္စအမႈေတာ္ေဆာင္ျခင္းက အႀကိမ္ေပါင္းမ်ားစြာ ဒီခံစားခ်က္ႀကီးကို ရင္ဆိုင္ခဲ့ရတယ္။ ဒီေလာက္အမႈေတာ္ေဆာင္ေတြ အမ်ားႀကီး႐ွိတာ သူတို႔ ေဟာေျပာတာေတြ၊ လုပ္ႏိုင္တာေတြ ဒီေလာက္ေကာင္းတာ ငါ ဘယ္ေနရာမ်ား အသုံးတည့္ပါ့မလဲ။ ဘယ္ေနရာမွာ ဘုရားထားလည္းဆိုတာကို မသိမခ်င္း ဘ၀ရဲ႕အဓိပၸါယ္ကို ႐ွာေတြ႕မွာမဟုတ္ဘူး။ ဘုရားကိုယ့္ကို ထားတဲ့ေနရာကို ႐ွာေတြ႕မွပဲ ႐ွင္သန္ရတဲ့အဘ၀ရဲ႕အဓိပၸါယ္ကို သိရေတာ့တယ္။
ေ႐ွာလု ကေန ေျပာင္းလဲလာတဲ့ ေပါလုဘ၀လည္းဒီလိုပါပဲ။ သူ႕အသက္တာေျပာင္းလဲလာၿပီးေနာက္ ဘုရားနဲ႔ေသခ်ာအခ်ိန္ယူတယ္ ။ တမန္ေတာ္ေတြနဲ႔ထိေတြ႕ခြင့္ရခဲ့တယ္။ ေဟာေျပာသက္ေသခံ ၿပီးေတာ့ တတ္ႏိုင္သမွ် လုပ္ေဆာင္တယ္။ သူ႕မွာဘုရားထည့္ထားေပးတဲ့အရည္ အခ်င္းေတြ၊ ဆုေက်းဇူးေတြကအျပည့္ပဲ။ ဒါေပမယ့္ အရမ္းႀကီးဘုရားအသုံးျပဳေသးတာေတာ့မဟုတ္ဘူး။ သူလည္းစမ္းတဝါးဝါးနဲ႔ က်ရာေနရာမွာ အမႈေဆာင္ခဲ့တယ္။ တစ္ေန႔ အစာေ႐ွာင္ဆုေတာင္းရင္းနဲ႔ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္ရဲ႕ အသံ သူတို႔ဆီကို ေရာက္လာတယ္။ ဘုရားေစခိုင္းတဲ့တိက်တဲ့ အရာအတြက္ ေခၚျခင္းဆိုရင္ မမွားဘူးေပါ့။ အဲ့ဒီေနာက္ပိုင္းမွာ သူ႕အသက္တာမွာ ေနရာမွန္ တစ္ခုကို စတင္ၿပီးေတာ့ ေရာက္႐ွိခဲ့တယ္။ ဘုရားက မွန္တဲ့လူေတြနဲ႔လည္း တြဲေပးခဲ့ၿပီးေတာ့ အျခားသူေတြနဲ႔မတူေအာင္ အသုံးျပဳလာတယ္ဆိုတာ တမန္ေတာ္၀တၳဳ ေနာက္ပိုင္း တစ္ခုလုံးကို ၾကည့္ရင္သိရတယ္။ တမန္ေတာ္၀တၳဳအေ႐ွ႕ပိုင္းက ေပတ႐ုႀကီးပဲ ႀကီးစိုးေနရာကေန ေနာက္ပိုင္းက ေပါလု ရဲ႕လုပ္ေဆာင္မႈေတြခ်ည္းျဖစ္လာတယ္။ ဒါကိုၾကည့္ရင္ ဆုေက်းဇူးေတြ၊ အရည္အခ်င္း ဘယ္ေလာက္႐ွိ႐ွိ ဘုရားထားတဲ့ ေနရာ ကို တိတိက်က် မသိရင္လည္း အရမ္းႀကီး အသုံးမဝင္ဘူးဆိုတာ သိဖို႔လိုတယ္။ ဒါကိိဳစိတ္ဓါတ္က်ဖို႔မဟုတ္ပဲ ႐ွိတဲ့ေနရာမွာ အေကာင္းဆုံး ဆပ္ကပ္ရင္းနဲ႔ သင္ယူဖို႔လိုတယ္။ အေကာင္းဆုံးလုပ္ေဆာင္ဖို႔လိုတယ္။ အခ်ိန္ေရာက္တဲ့အခါမွာ ဘုရားက မွန္ကန္တဲ့ေနရာ ၊မွန္ကန္တဲ့လူေတြနဲ႔ တြဲဖက္ေပးၿပီးေတာ့ မွန္ကန္တဲ့ဘ၀အသက္တာကိုပို႔ေဆာင္ေပးပါလိမ့္မယ္။အဲ့ဒါကိုစိတ္ခ်ၿပီး အသက္႐ွင္ပါ။