Search
  • Than Min Htike

တစ်ခုတော့လိုသေးတယ်(၆)

“အ​လွန်​ရေ​ငတ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လျက်၊ ကိုယ်​တော်​သည် ဤ​ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကို ကိုယ်​တော်၏​ကျွန်​လက်၌ ပေး​တော်​မူ​ပြီး​မှ၊ ယ​ခု အ​ကျွန်ုပ်​သည် ရေ​ငတ်​သ​ဖြင့်​သေ၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​လက်​သို့ ရောက်​ရ​ပါ​မည်​လော​ဟု လျှောက်​သော်၊” (သူကြီး-၁၅:၁၈)


ဆင်ပြောင်ကြီး အမြီးကျမှတစ်ဆိုတဲ့စကားပုံကိုသင်ကြားဖူးလိုမယ့်။ ကြီးမားတဲ့အရာတွေကို လုပ်နိုင်ပေမယ့် တခါတလေ ဘာမဟုတ်တဲ့ကိစ္စလို့ထင်ရတဲ့အရာမှာမှ လာပြီး တစ်နေတဲ့ဟာတွေ ဘ၀မှာ ရှိတယ်။ ကိုယ့်အစွမ်းအစနဲ့အားလုံး လုပ်နိုင်တယ်လို့တော့မထင်နဲ့။ ဘ၀မှာ ကြိုးစားတိုင်း၊ လုပ်တိုင်း အောင်မြင်တာဖြစ် မြောက်တာတော့မဟုတ်ဘူး။ သင့်မှာရှိတဲ့အစွမ်းအစတွေအားလုံးလည်းဘုရားပေးတာဖြစ်သလို၊ အောင်မြင်ခြင်းကလည်း ဘုရားပေးတာပါပဲ။ ဒါကြောင့် ကိုယ့်အစွမ်း အစတွေကိုပဲ အားကိုးပြီးတော့ ဘုရားမပါရင်လည်းဘယ်တော့မှ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုမရောက်ဘူး။

အောင်မြင်ခြင်းဆီကို လျှောက်လှမ်းဖို့ လူတွေက ကိုယ်ရည်ကိုယ်သွေးမြင့်မားဖို့အတွက်ကို အရမ်းအာရုံစိုက်ကြတယ်။ ဒီခေတ်ဆိုပိုဆိုးတယ်။ တိုးတက်ဖို့အတွက် နည်းလမ်းတွေ၊စာအုပ်တွေ၊ အင်တာနက်တွေက တိုးတက်ဖို့အထောက်အကူပြုတွေက မနည်းဘူး။ ခေတ်ကတိုးတက် လာတာနဲ့အမျှ စိန်ခေါ်မှုတွေကလည်းအများကြီးပဲ။ အလုပ်ခွင်ထဲမှာ၊ ပတ်ဝန်းကျင်မှာ သူ့ထက်ငါသာအောင် အပြိုင်ကို လုပ်နေကြတာ။ ‌ခေတ်သမိုင်းတ‌လျှောက်လုံးမှာ အခုလောက် ဘယ်တုန်းကမှ ဒီလိုအခွင့်အရေးမရခဲ့ကြဖူးဘူး။ ဒါပေမယ့် ဘယ်လောက်ပဲ အစွမ်းအစတွေ၊ နည်းပညာတွေတိုးတက်ပါစေ ဘုရားမပါရင်တော့၊ ဘုရားကိုအားမကိုးရင်တော့ လိုချင်တဲ့ပန်းတိုင်ကို လုံး၀ ရောက်မှာမဟုတ်တာတော့သေချာတယ်။ ဘာမဟုတ်တဲ့ အရာတွေနဲ့ လမ်းခုလတ်မှာ ရပ်တန့် သွားလိမ့်မယ်။

ခွန်အားကြီးတဲ့ရှံဆုန် အသက်တာကိုကြည့်တော့ သူ့လိုခွန်အားကြီးတာကိုတော်ရုံလူဆီမှာမြင်ရဖို့ မလွယ်ဘူး။ မြို့တံခါးကို တစ်ယောက်ထဲဖြုတ်မပြီး တောင်ထိပ်ပေါ်မှာသွားချထားတယ်။ မြေခွေးအကောင်သုံးရာကို ဖမ်းပြီးနှစ်ကောင်ဆီအမြီးတွဲချည်ပြီး လယ်ကွင်းတွေဆီမီးရှို့လွှတ်တာတို့။ ဒါတွေက လွယ်တဲ့အလုပ်တွေမဟုတ်သလို လူသာမန်တွေ ဘယ်လုပ်နိုင်မလည်း။ နောက် ရန်သူ တစ်ထောင်ကို ဘာလက်နက်မှမပါပဲမြည်းမေးရိုးလေးနဲ့ပဲ တိုက်တာနိုင်တယ်တဲ့။ ဒါပေမယ့် အဲ့ဒီလို နိုင်တဲ့နေ့မှာ တိုက်ပွဲလည်းပြီးရော ရေငတ်လို့ သေခါနီးအချိန်ရောက်ခဲ့တယ်။ ဒါကြောင့် သူ့ခွန်အားနဲ့လုပ်နိုင်တဲ့အရာရှိသလို မလုပ်နိုင်တဲ့ အရာလည်းရှိတယ်။ သူမလုပ်နိုင်တဲ့အရာအတွက်တော့ ဘုရားဆီမှာ ဆုတောင်းခဲ့တယ်။ သူဟာ အောင်ပွဲရတဲ့နေ့မှာ ပဲ ဘ၀အဆုံးသတ်ခါနီးဖြစ်ခဲ့တယ်။ ကြိုးစားလို့မရနိုင်တဲ့ အဆုံးတော့ ဘုရားကို ကိုးစားဖို့သူဆုံးဖြတ်တယ်။ တိုတောင်းတဲ့ဆုတောင်းချက်တစ်ခုက သူ့ဘ၀လိုအပ်ချက်ကို ဖြည့်ပေးခဲ့တယ်။ ဘ၀ကိုကြိုးစားရုန်းကန်ရင်းနဲ့ အောင်မြင်အောင်ကြိုးစားရင်းနဲ့ပန်းမဝင်ခင် အဆုံးသတ်သွားရတဲ့လူတွေ အများကြီးကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိတယ်။ ဘယ်လောက်ပဲ တော်နေပါစေ၊ ဘယ်လောက်ပဲထူးချွန်ပါစေ ဘုရားမပါပဲ ဘယ်တော့မှ ပြီးပြည့်စုံတဲ့ အောင်မြင်မှုကို မနိုင်ဘူး။ ကြိုးစားမှုနဲ့မရနိုင်တဲ့အရာတွေဟာ ဘုရားကိုကိုးစားပြီးတော့မှပဲရနိုင်တယ်ဆိုတာကို သဘောပေါက်တဲ့နေ့ဟာ ပြီးပြည့်စုံတဲ့အောင်မြင်မှုဆီကိုဦးတည်တဲ့နေ့ပါပဲ။ အခြားသူတွေမလုပ်နိုင်တဲ့ လူတစ်ထောင်ကို တစ်ယောက်ထဲ တိုက်နိုင်ပေမယ့် လိုအပ်တဲ့ရေကိုတော့ သူမဖေါ်ထုတ်နိုင်ဘူး။ ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့ လိုအပ်ချက်လေးက သူဘ၀ကိုအဆုံးသတ်တော့မလို့ နည်းနည်းလေးပဲလိုတော့တယ်။ ဒါကြောင့် ဘယ်လောက်အရည်အချင်းရှိရှိ၊ဘယ်လောက်ထူးချွန် ထူးချွန် ဘုရားမပါတဲ့အနာဂတ်ဟာ ဗလာကြီးပဲ ဖြစ်နေလိမ်မယ်ဆိုတာ သေချာပြောရဲတယ်။



Zawgyi

တစ္ခုေတာ့လိုေသးတယ္(၆)

“အ​လြန္​ေရ​ငတ္၍ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​ေတာင္း​လ်က္၊ ကိုယ္​ေတာ္​သည္ ဤ​ႀကီး​စြာ​ေသာ ကယ္​တင္​ျခင္း​ကို ကိုယ္​ေတာ္၏​ကြၽန္​လက္၌ ေပး​ေတာ္​မူ​ၿပီး​မွ၊ ယ​ခု အ​ကြၽႏ္ုပ္​သည္ ေရ​ငတ္​သ​ျဖင့္​ေသ၍ အ​ေရ​ဖ်ား​လွီး​ျခင္း​ကို မ​ခံ​ေသာ​လူ​တို႔​လက္​သို႔ ေရာက္​ရ​ပါ​မည္​ေလာ​ဟု ေလွ်ာက္​ေသာ္၊” (သူႀကီး-၁၅:၁၈)


ဆင္ေျပာင္ႀကီး အၿမီးက်မွတစ္ဆိုတဲ့စကားပုံကိုသင္ၾကားဖူးလိုမယ့္။ ႀကီးမားတဲ့အရာေတြကို လုပ္ႏိုင္ေပမယ့္ တခါတေလ ဘာမဟုတ္တဲ့ကိစၥလို႔ထင္ရတဲ့အရာမွာမွ လာၿပီး တစ္ေနတဲ့ဟာေတြ ဘ၀မွာ ႐ွိတယ္။ ကိုယ့္အစြမ္းအစနဲ႔အားလုံး လုပ္ႏိုင္တယ္လို႔ေတာ့မထင္နဲ႔။ ဘ၀မွာ ႀကိဳးစားတိုင္း၊ လုပ္တိုင္း ေအာင္ျမင္တာျဖစ္ ေျမာက္တာေတာ့မဟုတ္ဘူး။ သင့္မွာ႐ွိတဲ့အစြမ္းအစေတြအားလုံးလည္းဘုရားေပးတာျဖစ္သလို၊ ေအာင္ျမင္ျခင္းကလည္း ဘုရားေပးတာပါပဲ။ ဒါေၾကာင့္ ကိုယ့္အစြမ္း အစေတြကိုပဲ အားကိုးၿပီးေတာ့ ဘုရားမပါရင္လည္းဘယ္ေတာ့မွ ကိုယ္လိုခ်င္တဲ့ပန္းတိုင္ကိုမေရာက္ဘူး။

ေအာင္ျမင္ျခင္းဆီကို ေလွ်ာက္လွမ္းဖို႔ လူေတြက ကိုယ္ရည္ကိုယ္ေသြးျမင့္မားဖို႔အတြက္ကို အရမ္းအာ႐ုံစိုက္ၾကတယ္။ ဒီေခတ္ဆိုပိုဆိုးတယ္။ တိုးတက္ဖို႔အတြက္ နည္းလမ္းေတြ၊စာအုပ္ေတြ၊ အင္တာနက္ေတြက တိုးတက္ဖို႔အေထာက္အကူျပဳေတြက မနည္းဘူး။ ေခတ္ကတိုးတက္ လာတာနဲ႔အမွ် စိန္ေခၚမႈေတြကလည္းအမ်ားႀကီးပဲ။ အလုပ္ခြင္ထဲမွာ၊ ပတ္ဝန္းက်င္မွာ သူ႕ထက္ငါသာေအာင္ အၿပိဳင္ကို လုပ္ေနၾကတာ။ ‌ေခတ္သမိုင္းတ‌ေလွ်ာက္လုံးမွာ အခုေလာက္ ဘယ္တုန္းကမွ ဒီလိုအခြင့္အေရးမရခဲ့ၾကဖူးဘူး။ ဒါေပမယ့္ ဘယ္ေလာက္ပဲ အစြမ္းအစေတြ၊ နည္းပညာေတြတိုးတက္ပါေစ ဘုရားမပါရင္ေတာ့၊ ဘုရားကိုအားမကိုးရင္ေတာ့ လိုခ်င္တဲ့ပန္းတိုင္ကို လုံး၀ ေရာက္မွာမဟုတ္တာေတာ့ေသခ်ာတယ္။ ဘာမဟုတ္တဲ့ အရာေတြနဲ႔ လမ္းခုလတ္မွာ ရပ္တန္႔ သြားလိမ့္မယ္။

ခြန္အားႀကီးတဲ့႐ွံဆုန္ အသက္တာကိုၾကည့္ေတာ့ သူ႕လိုခြန္အားႀကီးတာကိုေတာ္႐ုံလူဆီမွာျမင္ရဖို႔ မလြယ္ဘူး။ ၿမိဳ႕တံခါးကို တစ္ေယာက္ထဲျဖဳတ္မၿပီး ေတာင္ထိပ္ေပၚမွာသြားခ်ထားတယ္။ ေျမေခြးအေကာင္သုံးရာကို ဖမ္းၿပီးႏွစ္ေကာင္ဆီအၿမီးတြဲခ်ည္ၿပီး လယ္ကြင္းေတြဆီမီး႐ိႈ႕လႊတ္တာတို႔။ ဒါေတြက လြယ္တဲ့အလုပ္ေတြမဟုတ္သလို လူသာမန္ေတြ ဘယ္လုပ္ႏိုင္မလည္း။ ေနာက္ ရန္သူ တစ္ေထာင္ကို ဘာလက္နက္မွမပါပဲျမည္းေမး႐ိုးေလးနဲ႔ပဲ တိုက္တာႏိုင္တယ္တဲ့။ ဒါေပမယ့္ အဲ့ဒီလို ႏိုင္တဲ့ေန႔မွာ တိုက္ပြဲလည္းၿပီးေရာ ေရငတ္လို႔ ေသခါနီးအခ်ိန္ေရာက္ခဲ့တယ္။ ဒါေၾကာင့္ သူ႕ခြန္အားနဲ႔လုပ္ႏိုင္တဲ့အရာ႐ွိသလို မလုပ္ႏိုင္တဲ့ အရာလည္း႐ွိတယ္။ သူမလုပ္ႏိုင္တဲ့အရာအတြက္ေတာ့ ဘုရားဆီမွာ ဆုေတာင္းခဲ့တယ္။ သူဟာ ေအာင္ပြဲရတဲ့ေန႔မွာ ပဲ ဘ၀အဆုံးသတ္ခါနီးျဖစ္ခဲ့တယ္။ ႀကိဳးစားလို႔မရႏိုင္တဲ့ အဆုံးေတာ့ ဘုရားကို ကိုးစားဖို႔သူဆုံးျဖတ္တယ္။ တိုေတာင္းတဲ့ဆုေတာင္းခ်က္တစ္ခုက သူ႕ဘ၀လိုအပ္ခ်က္ကို ျဖည့္ေပးခဲ့တယ္။ ဘ၀ကိုႀကိဳးစား႐ုန္းကန္ရင္းနဲ႔ ေအာင္ျမင္ေအာင္ႀကိဳးစားရင္းနဲ႔ပန္းမဝင္ခင္ အဆုံးသတ္သြားရတဲ့လူေတြ အမ်ားႀကီးကြၽန္ေတာ္တို႔ပတ္ဝန္းက်င္မွာ ႐ွိတယ္။ ဘယ္ေလာက္ပဲ ေတာ္ေနပါေစ၊ ဘယ္ေလာက္ပဲထူးခြၽန္ပါေစ ဘုရားမပါပဲ ဘယ္ေတာ့မွ ၿပီးျပည့္စုံတဲ့ ေအာင္ျမင္မႈကို မႏိုင္ဘူး။ ႀကိဳးစားမႈနဲ႔မရႏိုင္တဲ့အရာေတြဟာ ဘုရားကိုကိုးစားၿပီးေတာ့မွပဲရႏိုင္တယ္ဆိုတာကို သေဘာေပါက္တဲ့ေန႔ဟာ ၿပီးျပည့္စုံတဲ့ေအာင္ျမင္မႈဆီကိုဦးတည္တဲ့ေန႔ပါပဲ။ အျခားသူေတြမလုပ္ႏိုင္တဲ့ လူတစ္ေထာင္ကို တစ္ေယာက္ထဲ တိုက္ႏိုင္ေပမယ့္ လိုအပ္တဲ့ေရကိုေတာ့ သူမေဖၚထုတ္ႏိုင္ဘူး။ ဘာမွမဟုတ္ဘူးလို႔ထင္ရတဲ့ လိုအပ္ခ်က္ေလးက သူဘ၀ကိုအဆုံးသတ္ေတာ့မလို႔ နည္းနည္းေလးပဲလိုေတာ့တယ္။ ဒါေၾကာင့္ ဘယ္ေလာက္အရည္အခ်င္း႐ွိ႐ွိ၊ဘယ္ေလာက္ထူးခြၽန္ ထူးခြၽန္ ဘုရားမပါတဲ့အနာဂတ္ဟာ ဗလာႀကီးပဲ ျဖစ္ေနလိမ္မယ္ဆိုတာ ေသခ်ာေျပာရဲတယ္။

6 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube