Search
  • Than Min Htike

တိတ်ဆိတ်စွာနေရမယ့်ကာလမဟုတ်

"ထိုသူကို တိတ်ဆိတ်စွာနေစေခြင်း ငှါ ရှေ့တော်၌သွားသောသူတို့သည်ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်လေ၏။" (လု ၁၈:၃၉)


ဒီကာလဟာ ယုံကြည်သူတွေတိတ်ဆိတ်စွာနေရမယ့်ကာလမဟုတ်ပါဘူး။ သင့်အသက်တာရဲ့လ်ိုအပ်ချက်ပေါင်းများစွာအတွက်လောကက မဖြည့်ဆည်းပေးနိုင်ပါဘူး။ မွေးကတည်းက မျက်စိမမြင်တဲ့တစ်ယောက်ရဲ့ဘဝဟာ ဘယ်လောက်များဆိုး လိုက်သလဲ။ သူကျန်တဲ့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရှိပေမယ့်မျက်စိမမြင်တာလေးနဲ့ ကောင်းစားရမယ့်ဘဝကနေ တောင်းစားတဲ့ဘဝ ရောက်နေတယ်။ သူလည်းဖြစ်ချင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဘယ်လိုမှ ဒီဘဝကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။ ဒီနေ့ သင့်ဘဝမှာရော မွေးရာပါ အားနည်ချက်တွေ ကိုယ်ရွေးချယ်ခဲ့တာမဟုတ်တဲ့ မိဘတွေရဲ့ဆင်းရဲမှုတွေကို ကိုယ်လညါးမလိုချင် မကြုံချင်ပဲ ဆက်ခံနေရတာတွေကို ဒီအတိုင်းလက်ခံထားမလို့လား။ ဒီမျက်မ မြင်ကတော့ ယေရှုရောက်တယ်ဆိုတာ ကြားတာနဲ့ လူတွေကို အကူ အညီ တောင်းတဲ့ အသံကနေ ယေရှုကို ဟစ်အော်တယ်။ သူသိတယ် ယေရှုသာလျှင် သူ့ဘဝ၊ သူ့အနာဂတ်ကိုပြောင်းလဲပေးနိုင်တယ်။ လူတွေကတော့ တိတ်တိတ်လေးနေဖို့ ပြောတယ်။ သူကတော့ ပိုပြီးကြွေးကြော်တယ်။

လူတွေပြောတဲ့အတိုင်းလုပ်ရင် လူတွေအထင်

သေးတဲ့ဘဝပဲ ဖြစ်နေမှာပေါ့။ သူ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေမယ့် ယေရှုကို မရပ်မနား ဟစ်အော်တဲ့အခါမှာ သူ့အသံကိုကြားပြီး တုန့်ပြန်တဲ့အချိန် ရောက်လာတယ်။ ငါ့ကို ခေါ်လော့ ငါထူးမည်ဆိုတာ ခေါ်ကြည့်တဲ့သူကပဲသိနိုင်တဲ့ သက်သေနဲ့ပြောတဲ့စကားပါ။ ဒီနေ့သင့်အားနည်းချက်တွေ အဆင်မပြေမှုတွေကြောင့် အားငယ်နေရမယ့်ကာလ၊ ငြီးတွားနေရမယ့်ကာလ မဟုတ်ပါဘူး။ ယေရှုနာမ နှင့် ဆုတောင်းရမယ့်ကာလပါ။ လူတွေကတားဆီးလည်းပိုပြီးတောင် တောင်းရအုံးမှာပါ။ ဒီနေ့လူတွေကတော့ သူတို့ ဖြစ်ချင်တာ ပြောမှာပါပဲ။ ဒါကိုနားထောင်ရင် သင်ဘယ် တော့မှ သူတို့ အထင် သေးတဲ့ဘဝကနေ လွတ်မှာ မဟုတ်ပါဘူး။ သင့်ဘဝတစ်ခုလုံး အပြောင်းအလဲ ဖြစ်ဖို့ဆိုတာ ဘုရားကပဲ တတ်နိုင်ပါတယ်။ ဒါကြောင့် တိတ်တိတ်လေး ကြေကွဲနေရမယ့်အချိန် မဟုတ်တော့ပါဘူး။ အရှိန်နဲ့အော်ဟစ်ဆုတောင်းရမယ့်အချိန်ပါ။ ဒီနေ့ တောင်းလျှင်ရမယ်ဆိုတဲ့အတိုင်း လူထောင်ပေါင်းများစွာကြားမှာယုံကြည် ခြင်းနဲ့ ကြွေးကြော်ခဲ့တဲ့ မျက်မမြင်ကြီးကတော့သက်သေရသွားလေရဲ့။



Zawgyi

တိတ္ဆိတ္စြာေနရမယ့္ကာလမဟုတ္

"ထိုသူကို တိတ္ဆိတ္စြာေနေစျခင္း ငွါ ေ႐ွ႕ေတာ္၌သြားေသာသူတို႔သည္ေငါက္၍ ဆိုၾကေသာ္လည္း၊ ဒါဝိဒ္၏ သားေတာ္၊ အကြၽႏ္ုပ္ကို ကယ္မသနားေတာ္မူပါဟု သာ၍ ဟစ္ေၾကာ္ေလ၏။" (လု ၁၈:၃၉)


ဒီကာလဟာ ယုံၾကည္သူေတြတိတ္ဆိတ္စြာေနရမယ့္ကာလမဟုတ္ပါဘူး။ သင့္အသက္တာရဲ႕လ္ိဳအပ္ခ်က္ေပါင္းမ်ားစြာအတြက္ေလာကက မျဖည့္ဆည္းေပးႏိုင္ပါဘူး။ ေမြးကတည္းက မ်က္စိမျမင္တဲ့တစ္ေယာက္ရဲ႕ဘဝဟာ ဘယ္ေလာက္မ်ားဆိုး လိုက္သလဲ။ သူက်န္တဲ့ကိုယ္အဂၤါ အစိတ္အပိုင္းေတြ႐ွိေပမယ့္မ်က္စိမျမင္တာေလးနဲ႔ ေကာင္းစားရမယ့္ဘဝကေန ေတာင္းစားတဲ့ဘဝ ေရာက္ေနတယ္။ သူလည္းျဖစ္ခ်င္မွာမဟုတ္ဘူး။ ဒါေပမယ့္ ဘယ္လိုမွ ဒီဘဝကေန ႐ုန္းမထြက္ႏိုင္ခဲ့ဘူး။ ဒီေန႔ သင့္ဘဝမွာေရာ ေမြးရာပါ အားနည္ခ်က္ေတြ ကိုယ္ေ႐ြးခ်ယ္ခဲ့တာမဟုတ္တဲ့ မိဘေတြရဲ႕ဆင္းရဲမႈေတြကို ကိုယ္လညါးမလိုခ်င္ မၾကဳံခ်င္ပဲ ဆက္ခံေနရတာေတြကို ဒီအတိုင္းလက္ခံထားမလို႔လား။ ဒီမ်က္မ ျမင္ကေတာ့ ေယ႐ႈေရာက္တယ္ဆိုတာ ၾကားတာနဲ႔ လူေတြကို အကူ အညီ ေတာင္းတဲ့ အသံကေန ေယ႐ႈကို ဟစ္ေအာ္တယ္။ သူသိတယ္ ေယ႐ႈသာလွ်င္ သူ႕ဘဝ၊ သူ႕အနာဂတ္ကိုေျပာင္းလဲေပးႏိုင္တယ္။ လူေတြကေတာ့ တိတ္တိတ္ေလးေနဖို႔ ေျပာတယ္။ သူကေတာ့ ပိုၿပီးေႂကြးေၾကာ္တယ္။

လူေတြေျပာတဲ့အတိုင္းလုပ္ရင္ လူေတြအထင္

ေသးတဲ့ဘဝပဲ ျဖစ္ေနမွာေပါ့။ သူ႕ဘဝတစ္ခုလုံးကိုေျပာင္းလဲေစမယ့္ ေယ႐ႈကို မရပ္မနား ဟစ္ေအာ္တဲ့အခါမွာ သူ႕အသံကိုၾကားၿပီး တုန္႔ျပန္တဲ့အခ်ိန္ ေရာက္လာတယ္။ ငါ့ကို ေခၚေလာ့ ငါထူးမည္ဆိုတာ ေခၚၾကည့္တဲ့သူကပဲသိႏိုင္တဲ့ သက္ေသနဲ႔ေျပာတဲ့စကားပါ။ ဒီေန႔သင့္အားနည္းခ်က္ေတြ အဆင္မေျပမႈေတြေၾကာင့္ အားငယ္ေနရမယ့္ကာလ၊ ၿငီးတြားေနရမယ့္ကာလ မဟုတ္ပါဘူး။ ေယ႐ႈနာမ ႏွင့္ ဆုေတာင္းရမယ့္ကာလပါ။ လူေတြကတားဆီးလည္းပိုၿပီးေတာင္ ေတာင္းရအုံးမွာပါ။ ဒီေန႔လူေတြကေတာ့ သူတို႔ ျဖစ္ခ်င္တာ ေျပာမွာပါပဲ။ ဒါကိုနားေထာင္ရင္ သင္ဘယ္ ေတာ့မွ သူတို႔ အထင္ ေသးတဲ့ဘဝကေန လြတ္မွာ မဟုတ္ပါဘူး။ သင့္ဘဝတစ္ခုလုံး အေျပာင္းအလဲ ျဖစ္ဖို႔ဆိုတာ ဘုရားကပဲ တတ္ႏိုင္ပါတယ္။ ဒါေၾကာင့္ တိတ္တိတ္ေလး ေၾကကြဲေနရမယ့္အခ်ိန္ မဟုတ္ေတာ့ပါဘူး။ အ႐ွိန္နဲ႔ေအာ္ဟစ္ဆုေတာင္းရမယ့္အခ်ိန္ပါ။ ဒီေန႔ ေတာင္းလွ်င္ရမယ္ဆိုတဲ့အတိုင္း လူေထာင္ေပါင္းမ်ားစြာၾကားမွာယုံၾကည္ ျခင္းနဲ႔ ေႂကြးေၾကာ္ခဲ့တဲ့ မ်က္မျမင္ႀကီးကေတာ့သက္ေသရသြားေလရဲ႕။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube