Search
  • Than Min Htike

ထင်ရှားခြင်း

“ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။”(ဆာလံ ၄၆:၁)


၁။ သင်အားကိုးတဲ့အရာက သင့်ဘဝကိုပုံဖေါ်

တယ်

တချို့က ကိုယ့်ပညာအပေါ်မှာရပ်တည်ပြီးအသက်ရှင်သလို၊ တချို့ကတော့ ငွေ အပေါ်မှာ ဘဝကိုတည် ဆောက်တယ်။ မတည်မြဲတဲ့လောကကြီးမှာ သင့်ဘဝကိုတည်မြဲပြီးရေရှည်ခံတဲ့အရာအပေါ်မှာပဲတည်ဆောက်ထားစေချင်တယ်။ လောကကြီးမှာ အားလုံးဟာ အတက် အကျရှိသလို၊ တနေ့ ကျွန်တော်တို့ မတ်တပ်ရပ်တဲ့ မြေကြီးတောင် တုန်လှုပ်ပြီး ပျက်ဆီးသွားလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့ မပျက်စီးမတုန်လှုပ်တဲ့ တစ်ခုတည်းသောအရာကတော့ ဘုရားပဲ။ ငွေနဲ့သင့်ဘဝက်ိုတည် ဆောက်မယ်ဆိုရင်တနေ့ ငွေမရှိတဲ့နေ့မှာ သင့်ကမ္ဘာကြီးကတော့ပြိုပျက်တဲ့နေ့ တနေ့ဖြစ်လာမှာဖြစ်သလို၊ ရာထူးစည်းစိမ်တွေလည်းထိုနည်း၎င်းပဲ။ ဘုရားကတော့ကပ်ကမ္ဘာ ကုန်သည့်တိုင်အောင် သင်နဲ့ အတူရှိမယ်လို့ ကတိပေးထားပြီး၊ သင့်ကိုဘယ်တော့မှလောကြီးမှာတစ်ယောက်တည်းအားငယ်စွာနဲ့ ရပ်တည်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး။ သင်သာသူ့ကိုအားကိုးမယ်၊ ခိုလှုံမယ်ဆိုရင် သင့်ဘဝရဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေအားလုံး သူက ပဲတာဝန်ယူဖြည့်ဆည်းပေးလိမ့်မယ်။


၂။ ထင်ရှားတယ်

ပစ္စည်းတစ်ခု တကယ်ကောင်းတယ်

မကောင်းဘူးဆိုတာ သုံးကြည့်မှပဲသိနိုင်သလို

သူငယ်ချင်းတစ်ယောက်တကယ်စစ်တယ်မစစ်ဘူးဆိုတာလာ်းပေါင်းကြည့်မှသိနိုင်တယ်။အခက်အခဲဒုက္ခတွေဟာ သင့်ဘဝမှာ ဘယ်အရာတွေက အစစ်အမှန်ဖြစ်တယ်ဆိုတာကို ပေါ်လွင်စေတဲ့နေ့ရက်ပဲ။ ဒီလိုပါပဲ ဆိုးရွားတဲ့နေ့ရက်တွေက သင့်ရဲ့ ဘုရားပေါ်ထားတဲ့ ယုံကြည်ကိုးစားခြင်းအစစ်အမှန်ကို မြင်တွေ့ရသလို၊ သင်ယုံကြည်ကိုးစားတဲ့ ဘုရားရဲ့ ကူညီမစခြင်းကိုလည်း ထင်ရှားစွာ မြင်တွေ့ ခွင့်ရတဲ့နေရက်တွေပါပဲ ။ဒါကြောင့်

သင့်ဘဝရဲ့ ဆိုးရွားတဲ့ နေ့ရက်တွေအတွက် စိတ်မပျက်ပါနဲ့ ဘုရားကို အားကိုးခိုလှုံတယ်ဆိုရင် သူ့ရဲ့ ကူညီမှုကိုထင်ရှားစွာတွေ့ မြင်ရမှာဖြစ်လို့ပါ။



Zawgyi

ထင္႐ွားျခင္း

“ဘု​ရား​သ​ခင္​သည္ ငါ​တို႔​ခို​လႈံ​ရာ​ျဖစ္၍၊ ခြန္​အား​ကို​ေပး​ေတာ္​မူ၏။ ေဘး​ေရာက္​သည္​ကာ​လ အ​ထူး​သ​ျဖင့္ ကူ​မ​ေတာ္​မူ​ေၾကာင္း ထင္​႐ွား​လ်က္​႐ွိ၏။”(ဆာလံ ၄၆:၁)


၁။ သင္အားကိုးတဲ့အရာက သင့္ဘဝကိုပုံေဖၚ

တယ္

တခ်ိဳ႕က ကိုယ့္ပညာအေပၚမွာရပ္တည္ၿပီးအသက္႐ွင္သလို၊ တခ်ိဳ႕ကေတာ့ ေငြ အေပၚမွာ ဘဝကိုတည္ ေဆာက္တယ္။ မတည္ၿမဲတဲ့ေလာကႀကီးမွာ သင့္ဘဝကိုတည္ၿမဲၿပီးေရ႐ွည္ခံတဲ့အရာအေပၚမွာပဲတည္ေဆာက္ထားေစခ်င္တယ္။ ေလာကႀကီးမွာ အားလုံးဟာ အတက္ အက်႐ွိသလို၊ တေန႔ ကြၽန္ေတာ္တို႔ မတ္တပ္ရပ္တဲ့ ေျမႀကီးေတာင္ တုန္လႈပ္ၿပီး ပ်က္ဆီးသြားလိမ့္မယ္။ ဒါေပမယ့္ ဘယ္ေတာ့ မပ်က္စီးမတုန္လႈပ္တဲ့ တစ္ခုတည္းေသာအရာကေတာ့ ဘုရားပဲ။ ေငြနဲ႔သင့္ဘဝက္ိဳတည္ ေဆာက္မယ္ဆိုရင္တေန႔ ေငြမ႐ွိတဲ့ေန႔မွာ သင့္ကမ႓ာႀကီးကေတာ့ၿပိဳပ်က္တဲ့ေန႔ တေန႔ျဖစ္လာမွာျဖစ္သလို၊ ရာထူးစည္းစိမ္ေတြလည္းထိုနည္း၎ပဲ။ ဘုရားကေတာ့ကပ္ကမ႓ာ ကုန္သည့္တိုင္ေအာင္ သင္နဲ႔ အတူ႐ွိမယ္လို႔ ကတိေပးထားၿပီး၊ သင့္ကိုဘယ္ေတာ့မွေလာႀကီးမွာတစ္ေယာက္တည္းအားငယ္စြာနဲ႔ ရပ္တည္ဖို႔ ခြင့္ျပဳမွာမဟုတ္ဘူး။ သင္သာသူ႕ကိုအားကိုးမယ္၊ ခိုလႈံမယ္ဆိုရင္ သင့္ဘဝရဲ႕ လိုအပ္တဲ့ အရင္းအျမစ္ေတြအားလုံး သူက ပဲတာဝန္ယူျဖည့္ဆည္းေပးလိမ့္မယ္။


၂။ ထင္႐ွားတယ္

ပစၥည္းတစ္ခု တကယ္ေကာင္းတယ္

မေကာင္းဘူးဆိုတာ သုံးၾကည့္မွပဲသိႏိုင္သလို

သူငယ္ခ်င္းတစ္ေယာက္တကယ္စစ္တယ္မစစ္ဘူးဆိုတာလာ္းေပါင္းၾကည့္မွသိႏိုင္တယ္။အခက္အခဲဒုကၡေတြဟာ သင့္ဘဝမွာ ဘယ္အရာေတြက အစစ္အမွန္ျဖစ္တယ္ဆိုတာကို ေပၚလြင္ေစတဲ့ေန႔ရက္ပဲ။ ဒီလိုပါပဲ ဆိုး႐ြားတဲ့ေန႔ရက္ေတြက သင့္ရဲ႕ ဘုရားေပၚထားတဲ့ ယုံၾကည္ကိုးစားျခင္းအစစ္အမွန္ကို ျမင္ေတြ႕ရသလို၊ သင္ယုံၾကည္ကိုးစားတဲ့ ဘုရားရဲ႕ ကူညီမစျခင္းကိုလည္း ထင္႐ွားစြာ ျမင္ေတြ႕ ခြင့္ရတဲ့ေနရက္ေတြပါပဲ ။ဒါေၾကာင့္

သင့္ဘဝရဲ႕ ဆိုး႐ြားတဲ့ ေန႔ရက္ေတြအတြက္ စိတ္မပ်က္ပါနဲ႔ ဘုရားကို အားကိုးခိုလႈံတယ္ဆိုရင္ သူ႕ရဲ႕ ကူညီမႈကိုထင္႐ွားစြာေတြ႕ ျမင္ရမွာျဖစ္လို႔ပါ။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube