Search
  • Than Min Htike

ဓား၊လှံထက် ကြီးမြတ်တဲ့ ဘုရားနာမ

“ဒါ​ဝိဒ်​က​သင်​သည် ဓား၊ လှံ၊ ကိ​ဒုန်​ပါ​လျက် ငါ့​ထံ​သို့​လာ၏။ ငါ​သည် သင်​ကြိမ်း​ပ​သော ဣ​သ​ရေ​လ​ဗိုလ်​ခြေ​တို့၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ပါ​လျက် သင်​ရှိ​ရာ​သို့​လာ၏။” (‭၁ဓမ္မ ၁၇:၄၅)


မကယ်တင်နိုင်ဘူး

ဓား၊လှံ လက်နက်တွေက ကျွန်တော်တို့ကို မကယ်တင်နိုင်ဘူး။ ဒီအရာတွေအပေါ်မှာ ဘ၀ကိုတည်ဆောက်ထားရင်မှားလိမ့်မယ်။ ကိုယ့်ဆီမှာရှိတဲ့အခါမှာ စိတ်ချမှုရှိသလိုဖြစ်ပေမယ့် အဲ့ဒါကိုအားကိုးပြီးအသက်ရှင်ရင်တော့ ဆုံးရှုံးခြင်းက ကိုယ့်ဆီကို ရောက်လာပါလိမ့်မယ်။ အဲ့ဒါတွေမရှိလို့ စိတ်ဓါတ်ကျစရာ၊ အားငယ်စရာမလိုဘူး။ ဆာလံဆရာကတော့ ဒီလိုပြောတယ်။

“ကိုယ်၌​ပါ​သော​လေး​ကို အ​ကျွန်ုပ်​သည် မ​ကိုး​စား။ ကိုယ်​ဓား​သည် အ​ကျွန်ုပ်​ကို မ​ကယ်​ရ​ပါ။” (ဆာလံ ၄၄:၆)

‭ ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းကတော့ ဘုရားပဲရှိတယ်။ ဘုရားကိုပဲ အားကိုးပြီးတော့အသက်ရှင်တတ်ဖို့သိပ်ကိုအရေးကြီးတယ်။ ယေရှုကလည်းဒါတွေနဲ့ပတ်သက်ပြီးတော့ဒီလိုသတိပေးပါတယ်။‬

‭ “ယေ​ရှု​က​လည်း သင့်​ဓား​ကို သူ့​နေ​ရာ၌​ပြန်​ထား​လော့။ ဓား​ကို​ကိုင်​သော​သူ ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-”‬(မဿဲ ၂၆:၅၂)

လက်နက်အားကိုးနဲ့ အသက်ရှင်တဲ့လူတွေက အဲ့ဒီအရာနဲ့ပဲအဆုံးသတ်ရလိမ့်မယ်လို့ အတိအကျ ယေရှုက သတိပေးတယ်။ ကိုယ်ဘယ်အရာကိုအားကိုးသလည်းဆိုတာ ကိုယ်ရဲ့အဆုံးသတ်ကိုဖေါ်ပြတယ်။ နေ့စဉ် ကျွန်တော်တို့ရော ဘယ်အရာကိုအားကိုးအသက်ရှင်ပြုမူပြောဆိုနေသလဲ။


ဘုရင်သခင်ပါရင်

လက်နက်အားကိုးနဲ့ လူ့ဘီလူးကြီး ဂေါလျက်ကို အမှီပြုပြီးတော့ဖိလိတ္တိလူတွေက ဣသရေလလူတွေကိုရန်ဘက်ပြုဖို့ အနိုင်ကျင့်ဖို့ကြိုးစားတယ်။ တကယ်တော့ ဂေါလျက်နဲ့ သူ့ရဲ့လက်နက်တွေသာမပါရင် သူတို့ဒီလိုလာပြီးတော့စိန်ခေါ်စရာတောင်မရှိဘူး။ သူတို့မှာ အကောင်းဆုံးလက်နက်တွေ၊ အားအသန်ဆုံး စစ်သားကြီးရှိတယ်ဆိုပြီးတော့ ဘုရားရှိတဲ့ ဘုရားလူတွေဆီကို လာပြီး ရန်ဘက်ပြုတယ်။ ဒီအချိန်မှာ ဘုရား ဘိသိက်တဲ့ ဒါဝိဒ်က ကျောက်ခဲငါးလုံးလေးပဲပါပြီးတော့ လောက်လွှဲလေးနဲ့ပဲရင်ဆိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့တယ်။ ဒီအရာက တချိန်တုန်းကဖြစ်ပေမယ့်အခုလည်းဒီအတိုင်း ဖြစ်ပျက်နေတုန်းပါပဲ။ ဂေါလျက်ရဲ့စိတ်ဝိညာဉ်ဟာ ဒီအတိုင်း တပုံစံထဲပါပဲ။ ကြီးနိုင်ငယ်ညှင်းလုပ်ချင်တုန်းပဲ။ လက်နက်အားကိုးနဲ့ လူတွေကို အနိုင်ကျင့်ဗိုလ်လုပ်ချင်တုန်းပဲ။ ဒါပေမယ့်ဘိသိက်ခြင်းခံရတဲ့ဒါဝိဒ်ရဲ့အရှေ့မှာ ကျောက်ခဲလေးတစ်လုံးနဲ့ လဲကျသွားလိမ့်မယ်လို့ ဘယ်သူက ထင်မတုန်း။ ဘုရားပါရင် လက်ထဲက ကျောက်ခဲလုံးတစ်လုံးက အရမ်းကိုတန်ခိုးပါသလို၊ ဘုရားပါရင် ဆုတောင်းတဲ့စကားလုံးလေးတစ်လုံးကလည်း အရမ်းကိုတန်ခိုးပါတယ်။ ဒီနေ့ကျောက်ခဲနဲ့ ပစ်စရာမလိုပါဘူး။ ဆုတောင်းခြင်းစကားလုံးလေးတွေနဲ့ ယုံကြည်ဝန်ခံခြင်း စကားလုံးလေးတွေနဲ့ပဲပစ်ရင်လည်း ဂေါလျက် ဟာ အရှေ့ကိုငိုက်ကျပြီးတော့လဲသေမှာပါပဲ။ ဒီနေ့ အရေးကြီးတာက သူနောက်ကွယ်ကကြိုးကိုင်တဲ့ ဝိညာဉ်သဘောပါပဲ။ ဒါကို ဘိသိက်ရှိတဲ့သူတွေက ပဲမြင်တယ်။ ဘိသိက်ရှိတဲ့သူတွေကပဲ နားလည်ပြီးတော့ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ သင့်ဘ၀ရဲ့ ဂေါလျက်တွေကိုလှဲချဖို့အချိန်ရောက်ပြီ။



Zawgyi

ဓား၊လှံထက် ကြီးမြတ်တဲ့ ဘုရားနာမ

“ဒါဝိဒ်ကသင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်ပါလျက် သင်ရှိရာသို့လာ၏။” (‭၁ဓမ္မ ၁၇:၄၅)


မကယ်တင်နိုင်ဘူး

ဓား၊လှံ လက်နက်တွေက ကျွန်တော်တို့ကို မကယ်တင်နိုင်ဘူး။ ဒီအရာတွေအပေါ်မှာ ဘ၀ကိုတည်ဆောက်ထားရင်မှားလိမ့်မယ်။ ကိုယ့်ဆီမှာရှိတဲ့အခါမှာ စိတ်ချမှုရှိသလိုဖြစ်ပေမယ့် အဲ့ဒါကိုအားကိုးပြီးအသက်ရှင်ရင်တော့ ဆုံးရှုံးခြင်းက ကိုယ့်ဆီကို ရောက်လာပါလိမ့်မယ်။ အဲ့ဒါတွေမရှိလို့ စိတ်ဓါတ်ကျစရာ၊ အားငယ်စရာမလိုဘူး။ ဆာလံဆရာကတော့ ဒီလိုပြောတယ်။

“ကိုယ်၌ပါသောလေးကို အကျွန်ုပ်သည် မကိုးစား။ ကိုယ်ဓားသည် အကျွန်ုပ်ကို မကယ်ရပါ။” (ဆာလံ ၄၄:၆)

‭ ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းကတော့ ဘုရားပဲရှိတယ်။ ဘုရားကိုပဲ အားကိုးပြီးတော့အသက်ရှင်တတ်ဖို့သိပ်ကိုအရေးကြီးတယ်။ ယေရှုကလည်းဒါတွေနဲ့ပတ်သက်ပြီးတော့ဒီလိုသတိပေးပါတယ်။‬

‭ “ယေရှုကလည်း သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။-”‬(မဿဲ ၂၆:၅၂)

လက်နက်အားကိုးနဲ့ အသက်ရှင်တဲ့လူတွေက အဲ့ဒီအရာနဲ့ပဲအဆုံးသတ်ရလိမ့်မယ်လို့ အတိအကျ ယေရှုက သတိပေးတယ်။ ကိုယ်ဘယ်အရာကိုအားကိုးသလည်းဆိုတာ ကိုယ်ရဲ့အဆုံးသတ်ကိုဖေါ်ပြတယ်။ နေ့စဉ် ကျွန်တော်တို့ရော ဘယ်အရာကိုအားကိုးအသက်ရှင်ပြုမူပြောဆိုနေသလဲ။


ဘုရင်သခင်ပါရင်

လက်နက်အားကိုးနဲ့ လူ့ဘီလူးကြီး ဂေါလျက်ကို အမှီပြုပြီးတော့ဖိလိတ္တိလူတွေက ဣသရေလလူတွေကိုရန်ဘက်ပြုဖို့ အနိုင်ကျင့်ဖို့ကြိုးစားတယ်။ တကယ်တော့ ဂေါလျက်နဲ့ သူ့ရဲ့လက်နက်တွေသာမပါရင် သူတို့ဒီလိုလာပြီးတော့စိန်ခေါ်စရာတောင်မရှိဘူး။ သူတို့မှာ အကောင်းဆုံးလက်နက်တွေ၊ အားအသန်ဆုံး စစ်သားကြီးရှိတယ်ဆိုပြီးတော့ ဘုရားရှိတဲ့ ဘုရားလူတွေဆီကို လာပြီး ရန်ဘက်ပြုတယ်။ ဒီအချိန်မှာ ဘုရား ဘိသိက်တဲ့ ဒါဝိဒ်က ကျောက်ခဲငါးလုံးလေးပဲပါပြီးတော့ လောက်လွှဲလေးနဲ့ပဲရင်ဆိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့တယ်။ ဒီအရာက တချိန်တုန်းကဖြစ်ပေမယ့်အခုလည်းဒီအတိုင်း ဖြစ်ပျက်နေတုန်းပါပဲ။ ဂေါလျက်ရဲ့စိတ်ဝိညာဉ်ဟာ ဒီအတိုင်း တပုံစံထဲပါပဲ။ ကြီးနိုင်ငယ်ညှင်းလုပ်ချင်တုန်းပဲ။ လက်နက်အားကိုးနဲ့ လူတွေကို အနိုင်ကျင့်ဗိုလ်လုပ်ချင်တုန်းပဲ။ ဒါပေမယ့်ဘိသိက်ခြင်းခံရတဲ့ဒါဝိဒ်ရဲ့အရှေ့မှာ ကျောက်ခဲလေးတစ်လုံးနဲ့ လဲကျသွားလိမ့်မယ်လို့ ဘယ်သူက ထင်မတုန်း။ ဘုရားပါရင် လက်ထဲက ကျောက်ခဲလုံးတစ်လုံးက အရမ်းကိုတန်ခိုးပါသလို၊ ဘုရားပါရင် ဆုတောင်းတဲ့စကားလုံးလေးတစ်လုံးကလည်း အရမ်းကိုတန်ခိုးပါတယ်။ ဒီနေ့ကျောက်ခဲနဲ့ ပစ်စရာမလိုပါဘူး။ ဆုတောင်းခြင်းစကားလုံးလေးတွေနဲ့ ယုံကြည်ဝန်ခံခြင်း စကားလုံးလေးတွေနဲ့ပဲပစ်ရင်လည်း ဂေါလျက် ဟာ အရှေ့ကိုငိုက်ကျပြီးတော့လဲသေမှာပါပဲ။ ဒီနေ့ အရေးကြီးတာက သူနောက်ကွယ်ကကြိုးကိုင်တဲ့ ဝိညာဉ်သဘောပါပဲ။ ဒါကို ဘိသိက်ရှိတဲ့သူတွေက ပဲမြင်တယ်။ ဘိသိက်ရှိတဲ့သူတွေကပဲ နားလည်ပြီးတော့ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ သင့်ဘ၀ရဲ့ ဂေါလျက်တွေကိုလှဲချဖို့အချိန်ရောက်ပြီ။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube