Search
  • Than Min Htike
နောက် ပြန်မလှည့်နဲ့
သင်သိလား ဘုရားကြီးကြီးမားမားအသုံးပြုခဲ့တဲ့သူတွေတိုင်းမှာ အားနည်းချက်ကိုယ်စီရှိတယ်ဆိုတာသူတို့ကိုယ်တိုင်မပြည့်စုံပေမယ့် ပြည့်စုံတဲ့ဘုရားနောက်လိုက်ရင်း အောင်မြင်တဲ့သူတွေဖြစ်ခဲ့ကြတာ။ဒါကြောင့် ဘာလို့များ ကိုယ့်မှာမရှိတဲ့အရာတွေအတွက် စိတ်ညစ်ခံနေအုံးမှာလဲ။ အကုန်မပြည့်စုံလည်း အမြင့်ရောက်
နိုင်တာပဲ မဟုတ်လား။ ဒါကြောင့် ဘယ်တော့မှ နောက်ပြန် လှည့်ဖို့ စိတ်မကူးနဲ့။ ဘုရားသင့်ကိုခေါ်ထားတဲ့ပန်းတိုင်ရောက်ဖို့ ဘာတွေပဲ ကြုံကြုံ၊ ဘာတွေပဲမရှိမရှိ ရှေ့ကိုဆက်ချီတက်ဖို့ပဲ လုပ်စမ်းပါ။ နောက်လှည့်ဖို့အတွေးတွေ၊ လက်လျော့ဖို့ စိတ်ကူးတွေ အကုန်လုံးဘေးဖယ်လိုက်။
၁။ ပိုဆိုးမယ် (၂ ပေ၂:၂၁-၂၂)
နောက်ပြန်လှည့်ရင်ကောင်းမလားလို့ တခါတရံတွေးတတ်တယ်။ နှုတ်ကပတ်တော်နဲ့အညီ အသက်ရှင်ရင်းပေးရတဲ့ အဖိုးအခထက် နောက်ပြန်လှည့်လို့ကြုံရမယ့်အရာက ပိုဆိုးတယ်ဆိုတာသိစေချင်တယ်။နောက်ကို လှည့်ကြည့်ရုံတင်ကြည့်မိတဲ့ လောတ မိန်းမဘာဖြစ်သွားလဲ။ ထွန်ကိုင်းကို ကိုင်လျှက်နောက်ကို
လှည့်ကြည့်သောသူကားဘုရားနိုင်ငံတော်နဲ့ မထိုက်တန်လို့ဆိုတယ်မဟုတ်လား။ နိုင်ငံတော်သားတွေကအသက်ရှင်တဲ့အခါမှာ အမြဲနှုတ်ကပတ်တော်အတိုင်းနောက်ပြန်မလှည့်ပဲ အသက်ရှင်ဖို့ဘုရားအလ်ိုတော်ပဲ။တမန်တော်ကြီးရှင်ပေတရုကတော့ နောက်ပြန်လှည့်
တဲ့သူတွေကို တိရိစ္ဆာန်နဲ့ ခိုင်းနှိုင်းတယ်။ အသက်တာပိုကောင်းလာဖို့ထက်ပိုဆိုးလာဖို့ပဲရှိတယ်။
၂။ အကောင်းဆုံးအရာ အရှေ့မှာ
ဣသရေလလူတွေ တောထဲမှာ အခက်အခဲကြုံတိုင်း အဲဂုတ္တုကိုပြန်လှည့်ဖို့ ပြောကြတယ်။ တကယ်တော့သူတို့ အရှ့မှာ အကောင်းဆုံး နို့နဲ့ပျားရည်စီးတဲ့ပြည်ရှိပြီး အနောက်က ကျွန်ခံရာ နေရာပဲရှိတယ်ဆိုတာသတိမထားမိကြဘူး။ ယုံကြည်ပါ သင့်နေ့ရက်တိုင်းမှာ ကောင်းမြတ်တဲ့ ဘုရားက ပိုကောင်းတဲ့နယ်ပယ်
ဆီကို ဦးဆောင်သွားနေတယ်ဆိုတာ။ ဒါ့ကြောင့်နောက်ဆုတ်ဖို့ မစဉ်းစားနဲ့။ သင်က အမြင့်ပျံတက်မယ့်လေယာဉ်လိုပဲ မပြည့်စုံပေမယ့် လုပ်နိုင်လိမ့်မယ်။
Zawgyi
နောက် ပြန်မလှည့်နဲ့
၁။ ပိုဆိုးမယ် (၂ ပေ၂:၂၁-၂၂)
2 views0 comments
© 2020 by Miracle Makers Proudly created with abundantlife
  • Facebook
  • YouTube