Search
  • Than Min Htike

နှုတ်ကပတ်တော်

“နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။”(ဆာလံ ၁၁၉:၁၀၅)


ရှင်းလင်းစွာမြင်ရခြင်း

လောကကြီးကတော့အမြဲတမ်းမှောင်လိုက်၊လင်းလိုက်ပဲ။ ဘယ်အရာမှ တည်မြဲမှာမဟုတ်ဘူး။ ဒါကြောင့် လောကအရာတွေရဲ့ အောက်မှာပဲ အသက်ရှင်မယ်ဆိုရင်တော့ မကြာမကြာလမ်းပျောက်တာကိုကြုံရမယ်။ တခါတလေ မှာကိုယ်သွားရမယ့်လမ်းကို ရှင်းလင်းစွာမြင်ပေမယ့်၊ တခါတလေ ဘာလုပ်လို့လုပ်ရမှန်းကိုမသိတဲ့အချိန်တွေကြုံနေရတယ်ဆိုရင်တော့သေချာတယ် သင်ဟာ လောကရဲ့ အုပ်စိုးမှုအောက်မှာ အသက်ရှင်နေမိလို့ပါ။ ဒီနေ့လူငယ်များစွာ ကိုယ့်ဉာဏ်ပညာကို အားကိုးပြီးတော့ လောကကြီးမှာရှင်သန်ဖို့ ကြိုးစားရုန်းကန်နေရင်းနဲ့ ရှေ့ဘယ်လိုဆက်ရမလည်းဆိုတာကို မသိပဲ လမ်းပျောက်နေတဲ့သူတွေများစွာရှိတယ်။ ကိုယ့်ရဲ့အနာဂတ်ကို ရှင်းလင်းစွာ မမြင်ရလို့ အသက်ရှင်ချင်တဲ့စိတ် ကုန်ခမ်းနေတဲ့သူတွေလည်းအများကြီးပဲ။ တကယ်တော့ အခြားသူတွေနဲ့ အခြေအနေကိုလက်ညိုးထိုးမယ့်အစား ဒီအရာကနေ လွတ်မြောက်စေမယ့် နည်းလမ်းကို သိမြင်ဖို့အတွက် ရှာဖွေဖို့ပါပဲ။ ဘ၀ရဲ့လမ်းတွေမှာ ဘယ်လိုအချိန်မှာမဆို လမ်းမမှားစေဖို့နဲ့ လမ်းမပျောက်စေဖို့အတွက်တိကျတဲ့လမ်း ညွှန်ပေးနိုင်တဲ့တစ်ခုတည်းသော အရာကတော့ ဘုရားစကားနှုတ်ကပတ်တော်ပါပဲ။ အထူးဖြင့် မှောင်မိုက်အုပ်စိုးတဲ့အချိန်တွေမှာ သင်အနင်းမမှားဖို့နဲ့ လဲကျမသွားဖို့အတွက် သူက ရှင်း လင်းစွာ လမ်းပြပေးနိုင်တယ်။ ဒီလိုမှောင်မိုက်တဲ့ကာလတွေမှာသာ သူ့ကို မြဲမြဲကိုင်ဆွဲမထားရင်တော့သေချာတယ် လမ်းမှားမှာပဲ။ နေ့စဉ် လျှောက်လှမ်းရမယ့် လမ်းခရီးကို ရှင်းလင်းစွာမြင်ရစေတဲ့ နှုတ်ကပတ်တော်ကိုတော့ ကိုယ်နဲ့မခွာ ကိုင်စွဲသင့်တယ်မဟုတ်ဘူးလား။


ဘယ်နေရာမှာထားလဲ?

နှုတ်ကပတ်တော်ကမှောင်နေတဲ့ လောကကြီးထဲမှာ လမ်းခရီးအတွက်၊ အသက်တာအတွက် လမ်းပြပေးတဲ့အလင်းဆိုတာ သိတယ်ဆိုရင် နှုတ်ကပတ်တော်အလင်းကို သင့်ဘ၀ရဲ့ဘယ်နေရာမှာထားသလဲဆိုတာ သိပ်ကိုအရေးကြီးတယ်။ တချို့က အိပ်လို့မပျော်တဲ့အချိန်မှ နှုတ်ကပတ်တော်ကို ဖတ်ရှုတယ်။ အချို့ကျတော့လည်း အားမှပဲ အချိန်ပေးနိုင်ကြတယ်။ ဒါတကကယ်တော့ မှားတယ်။ နှုတ်ကပတ်တော်အလင်းကို သင်ထားတဲ့နေရာပေါ်မှုတည်ပြီးတော့ အလင်းရဲ့သက်ရောက်မှုကလည်း အများကြီးကွာခြားသွားတယ်။ ယေရှုက ဒီလိုပြောတယ်၊-“ဆီ​မီး​ထွန်း၍ တောင်း​ဇ​လား​အောက်၌ ဖုံး​ထား​လေ့​မ​ရှိ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် အ​လင်း​ကို ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-”(မဿဲ ၅:၁၅)။ မီးခွက်ကိုဘယ်တော့မှ အောက်တွေမှာ ထားလေ့မရှိဘူးမဟုတ်လား။ အလင်းက နိမ့်တဲ့နေရာမှာရှိရင် သက်ရောက်မှုကလည်း အရမ်းကိုနည်းနေလိမ့်မယ်။ အလင်းကို အမြင့်မှာတင်လေလေ သက်ရောက်မှုက မြင့်မားလေပါပဲ။ ဒါဆိုရင် နှုတ်ကပတ်တော်ကို သင်ဘယ်လောက်တန် ဖိုးထားပြီး သင့်ဘ၀ရဲ့ ဘယ်နေရာမှာထားသလည်းဆိုတာသိပ်ကိုအရေးကြီးတယ်။ နှုတ်ကပတ်တော်ကို မြှင့်တင်လေ သင့်ဘ၀မြင့်တက်လေပါပဲ။ နှုတ်ကပတ်တော်ကို အမြင့်မှာထားတဲ့သူတွေအသက်တာမှာ ကိုယ်တိုင်အလင်းရသလို အခြားသူတွေကိုလည်းအလင်းပြနိုင်တဲ့ သူတစ်ယောက်ဖြစ်လာမယ်။ ယေရှုမွေးဖွားတဲ့အခါမှာပေါ်တဲ့ ကြယ်လိုပေ့ါ။ သူ့ရဲ့အလင်းက လူတွေကို ယေရှုဆီကိုခေါ်ဆောင်သလိုပဲ နှုတ်ကပတ်တော်အလင်းက သင့်ကို ယေရှုနဲ့ နီးကပ်တဲ့ မျက်မှောက်တော်ကိုဆွဲခေါ်လိမ့်မယ်။ ပြီးရင်သင့်အသက်တာမှာ အခြားသူတွေ မရနိုင်တဲ့အခွင့်အရေးတွေဆီရောက်အောင် သူက လမ်းညွှန်ပေးလိမ့်မယ်။ တကယ်တော့ လမ်းကိုမမြင်ရတာမဟုတ်ပါဘူး မြင်စေဖို့အတွက် လမ်းပြပေးမယ့် အလင်းကို ဘေးဖယ်ထားကြလို့ပါ။ ဘုရားစကားကို ဘေးဖယ်ထားတဲ့သူအသက်တာဟာ အရှေ့မ‌ရောက် ဘေးကိုပဲရောက်နေတာ ဘာထူးဆန်းသလဲ။



Zawgyi

ႏႈတ္ကပတ္ေတာ္

“ႏႈတ္​က​ပတ္​ေတာ္​သည္ အ​ကြၽႏ္ုပ္​ေျခ​ေ႐ွ႕​မွာ မီး​ခြက္​ျဖစ္၍၊ အ​ကြၽႏ္ုပ္​လမ္း​ခ​ရီး​ကို လင္း​ေစ​ပါ၏။”(ဆာလံ ၁၁၉:၁၀၅)


႐ွင္းလင္းစြာျမင္ရျခင္း

ေလာကႀကီးကေတာ့အၿမဲတမ္းေမွာင္လိုက္၊လင္းလိုက္ပဲ။ ဘယ္အရာမွ တည္ၿမဲမွာမဟုတ္ဘူး။ ဒါေၾကာင့္ ေလာကအရာေတြရဲ႕ ေအာက္မွာပဲ အသက္႐ွင္မယ္ဆိုရင္ေတာ့ မၾကာမၾကာလမ္းေပ်ာက္တာကိုၾကဳံရမယ္။ တခါတေလ မွာကိုယ္သြားရမယ့္လမ္းကို ႐ွင္းလင္းစြာျမင္ေပမယ့္၊ တခါတေလ ဘာလုပ္လို႔လုပ္ရမွန္းကိုမသိတဲ့အခ်ိန္ေတြၾကဳံေနရတယ္ဆိုရင္ေတာ့ေသခ်ာတယ္ သင္ဟာ ေလာကရဲ႕ အုပ္စိုးမႈေအာက္မွာ အသက္႐ွင္ေနမိလို႔ပါ။ ဒီေန႔လူငယ္မ်ားစြာ ကိုယ့္ဉာဏ္ပညာကို အားကိုးၿပီးေတာ့ ေလာကႀကီးမွာ႐ွင္သန္ဖို႔ ႀကိဳးစား႐ုန္းကန္ေနရင္းနဲ႔ ေ႐ွ႕ဘယ္လိုဆက္ရမလည္းဆိုတာကို မသိပဲ လမ္းေပ်ာက္ေနတဲ့သူေတြမ်ားစြာ႐ွိတယ္။ ကိုယ့္ရဲ႕အနာဂတ္ကို ႐ွင္းလင္းစြာ မျမင္ရလို႔ အသက္႐ွင္ခ်င္တဲ့စိတ္ ကုန္ခမ္းေနတဲ့သူေတြလည္းအမ်ားႀကီးပဲ။ တကယ္ေတာ့ အျခားသူေတြနဲ႔ အေျခအေနကိုလက္ညိဳးထိုးမယ့္အစား ဒီအရာကေန လြတ္ေျမာက္ေစမယ့္ နည္းလမ္းကို သိျမင္ဖို႔အတြက္ ႐ွာေဖြဖို႔ပါပဲ။ ဘ၀ရဲ႕လမ္းေတြမွာ ဘယ္လိုအခ်ိန္မွာမဆို လမ္းမမွားေစဖို႔နဲ႔ လမ္းမေပ်ာက္ေစဖို႔အတြက္တိက်တဲ့လမ္း ၫႊန္ေပးႏိုင္တဲ့တစ္ခုတည္းေသာ အရာကေတာ့ ဘုရားစကားႏႈတ္ကပတ္ေတာ္ပါပဲ။ အထူးျဖင့္ ေမွာင္မိုက္အုပ္စိုးတဲ့အခ်ိန္ေတြမွာ သင္အနင္းမမွားဖို႔နဲ႔ လဲက်မသြားဖို႔အတြက္ သူက ႐ွင္း လင္းစြာ လမ္းျပေပးႏိုင္တယ္။ ဒီလိုေမွာင္မိုက္တဲ့ကာလေတြမွာသာ သူ႕ကို ၿမဲၿမဲကိုင္ဆြဲမထားရင္ေတာ့ေသခ်ာတယ္ လမ္းမွားမွာပဲ။ ေန႔စဥ္ ေလွ်ာက္လွမ္းရမယ့္ လမ္းခရီးကို ႐ွင္းလင္းစြာျမင္ရေစတဲ့ ႏႈတ္ကပတ္ေတာ္ကိုေတာ့ ကိုယ္နဲ႔မခြာ ကိုင္စြဲသင့္တယ္မဟုတ္ဘူးလား။


ဘယ္ေနရာမွာထားလဲ?

ႏႈတ္ကပတ္ေတာ္ကေမွာင္ေနတဲ့ ေလာကႀကီးထဲမွာ လမ္းခရီးအတြက္၊ အသက္တာအတြက္ လမ္းျပေပးတဲ့အလင္းဆိုတာ သိတယ္ဆိုရင္ ႏႈတ္ကပတ္ေတာ္အလင္းကို သင့္ဘ၀ရဲ႕ဘယ္ေနရာမွာထားသလဲဆိုတာ သိပ္ကိုအေရးႀကီးတယ္။ တခ်ိဳ႕က အိပ္လို႔မေပ်ာ္တဲ့အခ်ိန္မွ ႏႈတ္ကပတ္ေတာ္ကို ဖတ္႐ႈတယ္။ အခ်ိဳ႕က်ေတာ့လည္း အားမွပဲ အခ်ိန္ေပးႏိုင္ၾကတယ္။ ဒါတကကယ္ေတာ့ မွားတယ္။ ႏႈတ္ကပတ္ေတာ္အလင္းကို သင္ထားတဲ့ေနရာေပၚမႈတည္ၿပီးေတာ့ အလင္းရဲ႕သက္ေရာက္မႈကလည္း အမ်ားႀကီးကြာျခားသြားတယ္။ ေယ႐ႈက ဒီလိုေျပာတယ္၊-“ဆီ​မီး​ထြန္း၍ ေတာင္း​ဇ​လား​ေအာက္၌ ဖုံး​ထား​ေလ့​မ​႐ွိ။ အိမ္​သူ​အိမ္​သား​အ​ေပါင္း​တို႔​သည္ အ​လင္း​ကို ရ​ေစ​ျခင္း​ငွာ ဆီ​မီး​ခုံ​ေပၚ​မွာ တင္​ထား​ေလ့​႐ွိ၏။-”(မႆဲ ၅:၁၅)။ မီးခြက္ကိုဘယ္ေတာ့မွ ေအာက္ေတြမွာ ထားေလ့မ႐ွိဘူးမဟုတ္လား။ အလင္းက နိမ့္တဲ့ေနရာမွာ႐ွိရင္ သက္ေရာက္မႈကလည္း အရမ္းကိုနည္းေနလိမ့္မယ္။ အလင္းကို အျမင့္မွာတင္ေလေလ သက္ေရာက္မႈက ျမင့္မားေလပါပဲ။ ဒါဆိုရင္ ႏႈတ္ကပတ္ေတာ္ကို သင္ဘယ္ေလာက္တန္ ဖိုးထားၿပီး သင့္ဘ၀ရဲ႕ ဘယ္ေနရာမွာထားသလည္းဆိုတာသိပ္ကိုအေရးႀကီးတယ္။ ႏႈတ္ကပတ္ေတာ္ကို ျမႇင့္တင္ေလ သင့္ဘ၀ျမင့္တက္ေလပါပဲ။ ႏႈတ္ကပတ္ေတာ္ကို အျမင့္မွာထားတဲ့သူေတြအသက္တာမွာ ကိုယ္တိုင္အလင္းရသလို အျခားသူေတြကိုလည္းအလင္းျပႏိုင္တဲ့ သူတစ္ေယာက္ျဖစ္လာမယ္။ ေယ႐ႈေမြးဖြားတဲ့အခါမွာေပၚတဲ့ ၾကယ္လိုေပ့ါ။ သူ႕ရဲ႕အလင္းက လူေတြကို ေယ႐ႈဆီကိုေခၚေဆာင္သလိုပဲ ႏႈတ္ကပတ္ေတာ္အလင္းက သင့္ကို ေယ႐ႈနဲ႔ နီးကပ္တဲ့ မ်က္ေမွာက္ေတာ္ကိုဆြဲေခၚလိမ့္မယ္။ ၿပီးရင္သင့္အသက္တာမွာ အျခားသူေတြ မရႏိုင္တဲ့အခြင့္အေရးေတြဆီေရာက္ေအာင္ သူက လမ္းၫႊန္ေပးလိမ့္မယ္။ တကယ္ေတာ့ လမ္းကိုမျမင္ရတာမဟုတ္ပါဘူး ျမင္ေစဖို႔အတြက္ လမ္းျပေပးမယ့္ အလင္းကို ေဘးဖယ္ထားၾကလို႔ပါ။ ဘုရားစကားကို ေဘးဖယ္ထားတဲ့သူအသက္တာဟာ အေ႐ွ႕မ‌ေရာက္ ေဘးကိုပဲေရာက္ေနတာ ဘာထူးဆန္းသလဲ။


6 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube