Search
  • Than Min Htike

နှုတ်ကပတ်တော်(၂)

Updated: Dec 15, 2020

“ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် စုံ​လင်​သည်​ဖြစ်၍ စိတ်​ဝိ​ညာဉ်​ကို ပြု​ပြင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ သက်​သေ​ခံ​တော်​မူ​ချက်​သည် ဟုတ်​မှန်​သည်​ဖြစ်၍ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​နည်း​ဥ​ပ​ဒေ​သ​တို့​သည် ဖြောင့်​မတ်​သည်​ဖြစ်၍ စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​သည် စင်​ကြယ်​သည်​ဖြစ်၍၊ မျက်​စိ​ကို​ရှင်း​လင်း​စေ​တတ်၏။”(ဆာ ၁၉:၇-၈)


စိတ်ဝိညာဉ်ပြုပြင်ရေး

အချိန်နှင့်အမျှ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ မနေ့က လက်ခံထားတဲ့ အမှန်တရားဟာ ဒီနေ့အတွက် မှန်ချင်မှ မှန်နိုင်တဲ့အဖြစ်မျိုး။ မနေ့ ကအသစ်က ဒီနေ့ အတွက်တော့ ဟောင်းသွားပြန်ပြီ။ ဘယ်အရာကမှ တည်မြဲတယ်ဆိုတာ မရှိဘူး။ နှုတ်ကပတ်တော်ကတော့ ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ နည်းပညာတွဘယ်လောက်ပဲတိုးတက်တိုးတက် ပြောင်းလဲသွားတယ်ဆိုတာ မရှိဘူး၊ အားနည်းသွားပြီးမစုံလင်တော့ဘူးဆိုတာ မရှိဘူး။ အမြဲစုံလင်တဲ့တစ်ခုတည်းသောအရာပါ။ ဒီနေ့ လူတွေက ကိုယ်ခန္ဓာ ပြုပြင်ဖို့အတွက် အံမခန်းလောက်တဲ့နည်းပညာတွေရှိတယ်။ မျက်နှာကို ကိုယ်ကြိုက်သလို ပြုပြင်လို့နေပြီ။ ကိုယ်ခန္ဓာကို ကြိုက်သလို ခွဲစိတ်ပြုပြင်လို့ရနေပြီ။ ထိခိုက်သွားတဲ့ ကိုယ်လက်အင်္ဂါတွေကိုအစားထိုးပြီးအကောင်းတိုင်းဖြစ်အောင် နည်းပညာနဲ့ လုပ်ဆောင်နိုင်နေပြီ။ ကိုယ်တွင်း ကလီစာတွေ အစားထိုး ကုသနိုင်နေပြီ။ ဒါပေမယ့် စိတ်ဝိညာဉ်ကို ပြုပြင်ဖို့၊ ပြောင်းလဲဖို့ အတွက်ကတော့ ဘယ်နည်းပညာက မှ မစွမ်းဆောင်နိုင်ပါ။ အသက်အရွယ်ကြီးလာတဲ့အမျှ ကိုယ်ခန္ဓာအစိတ် အပိုင်းတွေက အားနည်းလာသလို၊ ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာမှာလည်း အားနည်းချက်တွေများစွာ ရှိလာတတ်တယ်မဟုတ်လား။ မကောင်းတဲ့စိတ်ထားတွေ၊ အနုတ် လက္ခဏာဆန်တဲ့အတွေးအခေါ်တွေက အသက်တာမှာ တဖြည်းဖြည်းမသိမသာ နေရာယူ လာတတ်တယ်။ ဒီလိုအရာတွေကို ပြုပြင်ဖို့ ဘယ်ဆေးခန်း၊ ဘယ်ဆရာဝန်ကများ တတ်စွမ်းနိုင်မှာလဲ။ ရှင်းပါတယ် ဘယ်လူသားကမှ မစွမ်းဆောင်နိုင်ပါ။ စိတ်ဝိညာဉ်ကို ပြုပြင်ပေးနိုင်တဲ့တစ်ခုတည်းသော အရာက ဘုရားရဲ့သန့်ရှင်းတဲ့နှုတ်ကပတ်တော်ကပဲ တတ်စွမ်းနိုင်တယ်။ မလိမ်မာတဲ့သူကို လိမ်မာစေတယ်။ ပြောင်းလဲလို့မရနိုင်တဲ့ အစွဲအလန်းတွေကို ဖယ်ရှားပေးနိုင်ပြီးတော့ ဘုရားစိတ်တော်နဲ့ညီညွတ်တဲ့ စိတ်နေစိတ်ထားကို ဖြစ်ပေါ်စေတယ်။ လူတစ်ယောက်ကို ဦးဆောင်နေတဲ့ အဓိကအစိတ်အပိုင်းက အတွင်းစိတ်ဝိညာဉ်မဟုတ်လား။ အပြင်ပိုင်း ပြဿနာတွေထက် အတွင်းပိုင်း စိတ်ပြဿနာကတွေက လူတွေကိုပို ဒုက္ခပေးနေတဲ့အရာဆိုတာ ဒီခေတ်ကြီးမှာ ငြင်းမရဘူး။ ဒါကြောင့် လူတစ်ယောက်ရဲ့ဘ၀ကိုလုံး၀ခြားနားသွားစေတဲ့ စိတ်ဝိညာဉ်ပြုပြင်ပြောင်းလဲမှုကြီးကို နှုတ်ကပတ်တော်က လုပ်ဆောင်ပေးနိုင်တယ်။


စိတ်နှလုံးရွှင်လန်းခြင်း

စိတ်ပျိုရင် ကိုယ်နုတယ်လို့ စကားပုံက ဆိုတယ်မဟုတ်လား။ ဒီနေ့ စိတ်နှလုံး ရွှင်လန်းခြင်းက လူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံးကို ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေနိုင်တယ် ဆိုတာကိုသိပါ။ ငွေကြေးက သင့်ရဲ့လိုအပ်ချက်တွေအားလုံးကို မဖြည့်စွမ်းပေးနိုင်ဘူး။ တချို့သောငွေရတတ်သောသူတွေ များစွာသော ငွေကြေးစည်းစိမ်တွေရှိပေမယ့် စိတ်နှလုံးရွှင်လန်းခြင်းမရှိပဲ ဝမ်းနည်း ကြေကွဲနေတဲ့သူတွေအများကြီး။ ငွေနဲ့ အရာရာကို မဝယ်နိုင်ဘူး။ ဘုရားရဲ့နှုတ်ကပတ်တော်ကတော့သင့်အသက်တာထဲမှာစစ်မှန်တဲ့ ရွှင်းလန်းခြင်းကို ယူဆောင်လာတယ်။ လောကရဲ့အဖြစ်ပျက်တွေ အခြေအနေတွေကြားထဲ နှုတ်ကပတ်တော်နဲ့ အသက်ရှင်တတ်တဲ့သူတစ်ယောက်အတွက် အရာရာဟာ ကြေကွဲစရာ၊ ဝမ်းနည်းစရာမဟုတ်ပါဘူး။ နှုတ်ကပတ်တော်ရဲ့လမ်းပြမှု၊ ဦးဆောင်မှုအောက်မှာ ဘုရားအမြင်အတိုင်းမြင်တတ်လာပြီး အရာရာဟာ ကျေးဇူးတော်ချီးမွမ်းစရာပါပဲ။ ဒါကြောင့် တော်ရုံကိစ္စတွေက နှုတ်ကပတ်တော်ရဲ့ ကာကွယ်မှုအောက်မှာ စိတ်နှလုံး ရွှင်လန်းခြင်းကို မထိခိုက်နိုင်ပါဘူး။ မျက်စိဟာ ကိုယ်ရဲ့ဆီမီးလို့ဆိုတဲ့အတိုင်းပဲ နှုတ်ကပတ်တော်ကသင့်ရဲ့အမြင်တွေမှန်ကန်ဖို့ကူညီနေတဲ့အတွက် သင့်နှလုံးသားရဲ့ပျော်ရွှင်မှုတွေကို စာတန်က ဘယ်တော့မှ ဘယ်အကြောင်းနဲ့မှ ခိုးယူလို့မရတဲ့အတွက် အချိန်တိုင်းမှာ အခြေအနေတိုင်းမှာ သခင်ဘုရားအားဖြင့် ဝမ်းမြောက်ပျော်ရွှင်စွာ ရှင်သန်သူတစ်ယာက်အဖြစ်သင့်ကိုနှုတ်ကပတ်‌တော်က လမ်းပြပို့ဆောင်ပါလိမ့်မယ်။



Zawgyi

နှုတ်ကပတ်တော်(၂)

“ထာဝရဘုရား၏တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။ ထာဝရဘုရား၏နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကိုရှင်းလင်းစေတတ်၏။”(ဆာ ၁၉:၇-၈)


စိတ်ဝိညာဉ်ပြုပြင်ရေး

အချိန်နှင့်အမျှ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ မနေ့က လက်ခံထားတဲ့ အမှန်တရားဟာ ဒီနေ့အတွက် မှန်ချင်မှ မှန်နိုင်တဲ့အဖြစ်မျိုး။ မနေ့ ကအသစ်က ဒီနေ့ အတွက်တော့ ဟောင်းသွားပြန်ပြီ။ ဘယ်အရာကမှ တည်မြဲတယ်ဆိုတာ မရှိဘူး။ နှုတ်ကပတ်တော်ကတော့ ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ နည်းပညာတွဘယ်လောက်ပဲတိုးတက်တိုးတက် ပြောင်းလဲသွားတယ်ဆိုတာ မရှိဘူး၊ အားနည်းသွားပြီးမစုံလင်တော့ဘူးဆိုတာ မရှိဘူး။ အမြဲစုံလင်တဲ့တစ်ခုတည်းသောအရာပါ။ ဒီနေ့ လူတွေက ကိုယ်ခန္ဓာ ပြုပြင်ဖို့အတွက် အံမခန်းလောက်တဲ့နည်းပညာတွေရှိတယ်။ မျက်နှာကို ကိုယ်ကြိုက်သလို ပြုပြင်လို့နေပြီ။ ကိုယ်ခန္ဓာကို ကြိုက်သလို ခွဲစိတ်ပြုပြင်လို့ရနေပြီ။ ထိခိုက်သွားတဲ့ ကိုယ်လက်အင်္ဂါတွေကိုအစားထိုးပြီးအကောင်းတိုင်းဖြစ်အောင် နည်းပညာနဲ့ လုပ်ဆောင်နိုင်နေပြီ။ ကိုယ်တွင်း ကလီစာတွေ အစားထိုး ကုသနိုင်နေပြီ။ ဒါပေမယ့် စိတ်ဝိညာဉ်ကို ပြုပြင်ဖို့၊ ပြောင်းလဲဖို့ အတွက်ကတော့ ဘယ်နည်းပညာက မှ မစွမ်းဆောင်နိုင်ပါ။ အသက်အရွယ်ကြီးလာတဲ့အမျှ ကိုယ်ခန္ဓာအစိတ် အပိုင်းတွေက အားနည်းလာသလို၊ ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာမှာလည်း အားနည်းချက်တွေများစွာ ရှိလာတတ်တယ်မဟုတ်လား။ မကောင်းတဲ့စိတ်ထားတွေ၊ အနုတ် လက္ခဏာဆန်တဲ့အတွေးအခေါ်တွေက အသက်တာမှာ တဖြည်းဖြည်းမသိမသာ နေရာယူ လာတတ်တယ်။ ဒီလိုအရာတွေကို ပြုပြင်ဖို့ ဘယ်ဆေးခန်း၊ ဘယ်ဆရာဝန်ကများ တတ်စွမ်းနိုင်မှာလဲ။ ရှင်းပါတယ် ဘယ်လူသားကမှ မစွမ်းဆောင်နိုင်ပါ။ စိတ်ဝိညာဉ်ကို ပြုပြင်ပေးနိုင်တဲ့တစ်ခုတည်းသော အရာက ဘုရားရဲ့သန့်ရှင်းတဲ့နှုတ်ကပတ်တော်ကပဲ တတ်စွမ်းနိုင်တယ်။ မလိမ်မာတဲ့သူကို လိမ်မာစေတယ်။ ပြောင်းလဲလို့မရနိုင်တဲ့ အစွဲအလန်းတွေကို ဖယ်ရှားပေးနိုင်ပြီးတော့ ဘုရားစိတ်တော်နဲ့ညီညွတ်တဲ့ စိတ်နေစိတ်ထားကို ဖြစ်ပေါ်စေတယ်။ လူတစ်ယောက်ကို ဦးဆောင်နေတဲ့ အဓိကအစိတ်အပိုင်းက အတွင်းစိတ်ဝိညာဉ်မဟုတ်လား။ အပြင်ပိုင်း ပြဿနာတွေထက် အတွင်းပိုင်း စိတ်ပြဿနာကတွေက လူတွေကိုပို ဒုက္ခပေးနေတဲ့အရာဆိုတာ ဒီခေတ်ကြီးမှာ ငြင်းမရဘူး။ ဒါကြောင့် လူတစ်ယောက်ရဲ့ဘ၀ကိုလုံးဝြခားနားသွားစေတဲ့ စိတ်ဝိညာဉ်ပြုပြင်ပြောင်းလဲမှုကြီးကို နှုတ်ကပတ်တော်က လုပ်ဆောင်ပေးနိုင်တယ်။


စိတ်နှလုံးရွှင်လန်းခြင်း

စိတ်ပျိုရင် ကိုယ်နုတယ်လို့ စကားပုံက ဆိုတယ်မဟုတ်လား။ ဒီနေ့ စိတ်နှလုံး ရွှင်လန်းခြင်းက လူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံးကို ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေနိုင်တယ် ဆိုတာကိုသိပါ။ ငွေကြေးက သင့်ရဲ့လိုအပ်ချက်တွေအားလုံးကို မဖြည့်စွမ်းပေးနိုင်ဘူး။ တချို့သောငွေရတတ်သောသူတွေ များစွာသော ငွေကြေးစည်းစိမ်တွေရှိပေမယ့် စိတ်နှလုံးရွှင်လန်းခြင်းမရှိပဲ ဝမ်းနည်း ကြေကွဲနေတဲ့သူတွေအများကြီး။ ငွေနဲ့ အရာရာကို မဝယ်နိုင်ဘူး။ ဘုရားရဲ့နှုတ်ကပတ်တော်ကတော့သင့်အသက်တာထဲမှာစစ်မှန်တဲ့ ရွှင်းလန်းခြင်းကို ယူဆောင်လာတယ်။ လောကရဲ့အဖြစ်ပျက်တွေ အခြေအနေတွေကြားထဲ နှုတ်ကပတ်တော်နဲ့ အသက်ရှင်တတ်တဲ့သူတစ်ယောက်အတွက် အရာရာဟာ ကြေကွဲစရာ၊ ဝမ်းနည်းစရာမဟုတ်ပါဘူး။ နှုတ်ကပတ်တော်ရဲ့လမ်းပြမှု၊ ဦးဆောင်မှုအောက်မှာ ဘုရားအမြင်အတိုင်းမြင်တတ်လာပြီး အရာရာဟာ ကျေးဇူးတော်ချီးမွမ်းစရာပါပဲ။ ဒါကြောင့် တော်ရုံကိစ္စတွေက နှုတ်ကပတ်တော်ရဲ့ ကာကွယ်မှုအောက်မှာ စိတ်နှလုံး ရွှင်လန်းခြင်းကို မထိခိုက်နိုင်ပါဘူး။ မျက်စိဟာ ကိုယ်ရဲ့ဆီမီးလို့ဆိုတဲ့အတိုင်းပဲ နှုတ်ကပတ်တော်ကသင့်ရဲ့အမြင်တွေမှန်ကန်ဖို့ကူညီနေတဲ့အတွက် သင့်နှလုံးသားရဲ့ပျော်ရွှင်မှုတွေကို စာတန်က ဘယ်တော့မှ ဘယ်အကြောင်းနဲ့မှ ခိုးယူလို့မရတဲ့အတွက် အချိန်တိုင်းမှာ အခြေအနေတိုင်းမှာ သခင်ဘုရားအားဖြင့် ဝမ်းမြောက်ပျော်ရွှင်စွာ ရှင်သန်သူတစ်ယာက်အဖြစ်သင့်ကိုနှုတ်ကပတ်‌တော်က လမ်းပြပို့ဆောင်ပါလိမ့်မယ်။

11 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube