Search
  • Than Min Htike

နှုတ်ကပတ်တော်(၃)

“ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။-” (မဿဲ ၂၄:၃၅)


ယခင် နှင့် ယခု

လောကကြီးမှာ တည်မြဲတယ်ဆိုတာ ဘာတစ်ခုမှမရှိပါဘူး။ အမြဲတမ်း ပြောင်းလဲနေတယ်။ လူတွေရဲ့ လိုချင်တောင့်တတဲ့စိတ်ကလည်းအဲ့ဒီအတိုင်းပဲ အမြဲတမ်း အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီးတော့ ပြောင်းလဲနေတယ်။ အဲ့ဒီလိုမတည်မြဲတဲ့ အရာတွေအပေါ်မှာ ဘ၀ကို သွားမတည်ဆောက်မိဖို့ အရမ်းကိုအရေးကြီးတယ်။ မတည်မြဲတဲ့အရာပေါ်မှာ ဘ၀ကိုတည်ဆောက်မိတဲ့သူတွေက ကိုယ်တည်ဆောက်ထားတဲ့ အရာက ပြိုကျပျက်ဆီးရင် ကိုယ်လည်း အလိုလိုနေရင်းနဲ့ အဲ့ဒီအထဲမှာ ပါသွားမယ်။ တချိန်ကအရူးအမူးကြိုက်ခဲ့တဲ့အဝတ် အစားပုံစံတွေ အခု အထိ ဘယ်သူကများ ဆက်ကြိုက်နေသေးလို့လဲ။အဲ့ဒီအတိုင်းပဲ အရင်က အရမ်းကို လိုချင်လွန်းလို့ မရမက လိုချင်ခဲ့တဲ့ ပစ္စည်းတွေအခုတော့အမှိုက်ပုံးထဲမှာနေရာယူနေရှာပြီ။ တချိန်က သိပ်ကို ခေတ်မှီပါတယ်ဆိုတဲ့ နည်းပညာပစည်းတွေကလည်း အခုအလကားပေးရင်တောင် လိုချင်တဲ့သူတွေ သိပ်ရှားသွားပြီ။ဒါက ဘာကို ညွှန်ပြနေသလဲဆိုရင် အခုသင့်အတွက်အရမ်းကို အရေးပါပါတယ်ဆိုတဲ့အရာတွေကလည်းနောင်တချိန်မှာ အဲ့ဒီအတိုင်းပဲဖြစ်လာမယ်ဆိုတာကို သတိပေးနေလေရဲ့။ တချိန်တုန်းက ကမ္ဘာကြီးက ပြားတယ်လို့ လက်ခံထားကြပြီးတော့တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ဒီခံယူချက်ကမှား တယ်ဆိုတာကို လူတွေသဘောပေါက်လာကြတယ်။ အရင်က ပြားတယ်ဆိုတဲ့ခံယူချက်ကို လက်ခံထားတဲ့သူတွေအတွက်တကယ့်ကိုယုံဖို့ခက်ခဲတဲ့ အရာဖြစ်ပေမယ့် မတတ်နိုင်ဘူး သိတဲ့အသိတွေကပြောင်းကုန်ပြီ။ ဒီလိုပဲ ဒီနေ့ကျွန်တော်တို့ မှန်တယ်ထင်ပြီးဆုပ်ကိုင်ထားတဲ့အရာတွေကလည်း အနာဂတ်မှာ အမှားဖြစ်ချင်ဖြစ်နေလိမ့်မယ်။ လွန်ခဲ့တဲ့ (၅)နှစ်ကျော်က လူမှုကွန်ယက်တွေ ပေါ်မှာကျွန်တော်နှုတ်ကပတ်တော်ကို စတင်ရေးသားတဲ့အခါမှာ လူတော်တော်များများရဲ့ဝေဖန်မှုကိုခံရတယ်။ အဲ့ဒီအထဲမှာ အမှုတော်ဆောင်တွေတောင်ပါတယ်။ ဒီလိုလုပ်တာ မှားတယ်လို့မြင်တဲ့သူတွေတော်တော်များများက အခုတော့ သူတို့ကိုယ်တိုင်ရွေးချယ်စရာမရှိတော့ပဲ လုပ်နေရတယ်။ အရင်တုန်းက ဘယ်တော့မှ မလုပ်ဘူးလို့ကြွေးကြော်ခဲ့တဲ့အရာတွေလည်း အခုတော့ ဘယ်လိုမှ မလုပ်လို့မရတော့တဲ့အခြေအနေကိုရောက်ကုန်တယ်။ ဒါက လောကကြီးရဲ့ပြောင်းလဲနေတဲ့ အခြေနေတွေကို ထင်ဟပ်တဲ့အရာတွေပါ။


ဘုရားစကားကတော့ ဘယ်တော့မှ မပြောင်းဘူး

လောကကြီး တဖြည်းဖြည်းပြောင်းလဲ ခြင်းကို ဦးတည်နေတာဟာ နှုတ်ကပတ်ဘုရားစကားရဲ့ပြည့်စုံခြင်းဆီကိုဦးတည်နေတာပါ။ နှုတ်ကပတ်တော်ကတော့ ဘယ်တော့မှ ဘယ်အခြေအနေမှာမှ မပြောင်းသွားဘူး။ တနေ့ ကျောင်း တစ်ကျောင်းမှာ ဆရာကြီး ရိန်းဟဒ်ဘွန်းကီးတရားဟောတော့ ကျောင်းသားလေးတစ်ယောက်က မေးခွန်းမေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်နဲ့ချီတဲ့ စာအုပ်တစ်အုပ်ထဲက စကားတွေက ဒီနေ့အတွက် မှန်ပါ့အုံးမလားတဲ့။ အရင်က အသုံးပြုခဲ့တဲ့ သိပ္ပံစာအုပ်တွေတောင် ဒီနေ့အတွက်တော့ မလိုအပ်တော့ဘူး။ အရင်ကတွေးခေါ်ပညာတွေရဲ့အတွေးအခေါ်တွေလည်း အခုအတွက်အသုံးမဝင်တော့ဘူးဆိုတော့လို့ ထမေးတယ်။ ဒါနဲ့ဆရာကြီးက ဖြေတယ်။ နေ့တိုင်း မိုးလင်းရင် ထွက်လာတဲ့ နေမင်းကြီးက နှစ်ပေါင်းကြာသွားလို့ အိုမင်းသွားတယ်ဆိုတာရှိလားတဲ့။ အိုသွားလို့ မနက် နေထွက်တာနောက်ကျ သွားတယ်ဆိုတာ၊ နောက် အရမ်းကိုအသက်ကြီးသွားလို့ မပူတော့ဘူးဆိုတာရှိသလားတဲ့။ ဒါနဲ့လူငယ်လေးက မရှိပါဘူး။ ဒါတောင် ဘုရားက ဖြစ်စေဆိုတဲ့ နှုတ်ထွက်စကားနဲ့ဖန်ဆင်းထားတာပဲရှိသေးတယ်။ ဘုရားစကားက နေမင်းကြီးလိုပဲ အသက်ကြီးသွားတယ် မမှန်တော့ဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ နေမင်းက အချိန်တန်ရင် ထွက်လာသလို သူ့အပူရှိန်က အရင်ထက်မလျော့သွားသလိုပဲ ဘုရားစကားကလည်း ဘယ်တော့မှ ရွေ့လျော့ အားနည်းသွားတယ် မမှန်တော့ဘူးဆိုတာ မရှိဘူး။ ဒါကြောင့် လောကကြီးတစ်ခုလုံး ပြောင်းလဲသွားရင်တောင် ဘုရားစကားက ပြည့်စုံလာအုံးမှာသေချာတယ်။ မတည်မြဲတဲ့ လောကထဲမှာ ဘ၀ကိုမတည်ဆောက်ပဲ ဘယ်တော့မှ မပြောင်းလဲတတ်တဲ့ နှုတ်ကပတ်တော်ဘုရားစကားမှာပဲ ဘ၀ကိုတည်ဆောက်ထားရင် ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်ဘ၀က အတတ်အကျ အပြောင်းအလဲရှိမှာမဟုတ်ဘူး ၊တည်ငြိမ်နေလိမ့်မယ်။



Zawgyi

ႏႈတ္ကပတ္ေတာ္(၃)

“ေကာင္း​ကင္​ႏွင့္ ေျမ​ႀကီး​မ​တည္​ေသာ္​လည္း ငါ့​စ​ကား တည္​လိမ့္​မည္။-” (မႆဲ ၂၄:၃၅)


ယခင္ ႏွင့္ ယခု

ေလာကႀကီးမွာ တည္ၿမဲတယ္ဆိုတာ ဘာတစ္ခုမွမ႐ွိပါဘူး။ အၿမဲတမ္း ေျပာင္းလဲေနတယ္။ လူေတြရဲ႕ လိုခ်င္ေတာင့္တတဲ့စိတ္ကလည္းအဲ့ဒီအတိုင္းပဲ အၿမဲတမ္း အေျခအေနနဲ႔ အခ်ိန္အခါေပၚမူတည္ၿပီးေတာ့ ေျပာင္းလဲေနတယ္။ အဲ့ဒီလိုမတည္ၿမဲတဲ့ အရာေတြအေပၚမွာ ဘ၀ကို သြားမတည္ေဆာက္မိဖို႔ အရမ္းကိုအေရးႀကီးတယ္။ မတည္ၿမဲတဲ့အရာေပၚမွာ ဘ၀ကိုတည္ေဆာက္မိတဲ့သူေတြက ကိုယ္တည္ေဆာက္ထားတဲ့ အရာက ၿပိဳက်ပ်က္ဆီးရင္ ကိုယ္လည္း အလိုလိုေနရင္းနဲ႔ အဲ့ဒီအထဲမွာ ပါသြားမယ္။ တခ်ိန္ကအ႐ူးအမူးႀကိဳက္ခဲ့တဲ့အဝတ္ အစားပုံစံေတြ အခု အထိ ဘယ္သူကမ်ား ဆက္ႀကိဳက္ေနေသးလို႔လဲ။အဲ့ဒီအတိုင္းပဲ အရင္က အရမ္းကို လိုခ်င္လြန္းလို႔ မရမက လိုခ်င္ခဲ့တဲ့ ပစၥည္းေတြအခုေတာ့အမိႈက္ပုံးထဲမွာေနရာယူေန႐ွာၿပီ။ တခ်ိန္က သိပ္ကို ေခတ္မွီပါတယ္ဆိုတဲ့ နည္းပညာပစည္းေတြကလည္း အခုအလကားေပးရင္ေတာင္ လိုခ်င္တဲ့သူေတြ သိပ္႐ွားသြားၿပီ။ဒါက ဘာကို ၫႊန္ျပေနသလဲဆိုရင္ အခုသင့္အတြက္အရမ္းကို အေရးပါပါတယ္ဆိုတဲ့အရာေတြကလည္းေနာင္တခ်ိန္မွာ အဲ့ဒီအတိုင္းပဲျဖစ္လာမယ္ဆိုတာကို သတိေပးေနေလရဲ႕။ တခ်ိန္တုန္းက ကမ႓ာႀကီးက ျပားတယ္လို႔ လက္ခံထားၾကၿပီးေတာ့တိုးတက္ေျပာင္းလဲလာတာနဲ႔အမွ် ဒီခံယူခ်က္ကမွား တယ္ဆိုတာကို လူေတြသေဘာေပါက္လာၾကတယ္။ အရင္က ျပားတယ္ဆိုတဲ့ခံယူခ်က္ကို လက္ခံထားတဲ့သူေတြအတြက္တကယ့္ကိုယုံဖို႔ခက္ခဲတဲ့ အရာျဖစ္ေပမယ့္ မတတ္ႏိုင္ဘူး သိတဲ့အသိေတြကေျပာင္းကုန္ၿပီ။ ဒီလိုပဲ ဒီေန႔ကြၽန္ေတာ္တို႔ မွန္တယ္ထင္ၿပီးဆုပ္ကိုင္ထားတဲ့အရာေတြကလည္း အနာဂတ္မွာ အမွားျဖစ္ခ်င္ျဖစ္ေနလိမ့္မယ္။ လြန္ခဲ့တဲ့ (၅)ႏွစ္ေက်ာ္က လူမႈကြန္ယက္ေတြ ေပၚမွာကြၽန္ေတာ္ႏႈတ္ကပတ္ေတာ္ကို စတင္ေရးသားတဲ့အခါမွာ လူေတာ္ေတာ္မ်ားမ်ားရဲ႕ေဝဖန္မႈကိုခံရတယ္။ အဲ့ဒီအထဲမွာ အမႈေတာ္ေဆာင္ေတြေတာင္ပါတယ္။ ဒီလိုလုပ္တာ မွားတယ္လို႔ျမင္တဲ့သူေတြေတာ္ေတာ္မ်ားမ်ားက အခုေတာ့ သူတို႔ကိုယ္တိုင္ေ႐ြးခ်ယ္စရာမ႐ွိေတာ့ပဲ လုပ္ေနရတယ္။ အရင္တုန္းက ဘယ္ေတာ့မွ မလုပ္ဘူးလို႔ေႂကြးေၾကာ္ခဲ့တဲ့အရာေတြလည္း အခုေတာ့ ဘယ္လိုမွ မလုပ္လို႔မရေတာ့တဲ့အေျခအေနကိုေရာက္ကုန္တယ္။ ဒါက ေလာကႀကီးရဲ႕ေျပာင္းလဲေနတဲ့ အေျခေနေတြကို ထင္ဟပ္တဲ့အရာေတြပါ။


ဘုရားစကားကေတာ့ ဘယ္ေတာ့မွ မေျပာင္းဘူး

ေလာကႀကီး တျဖည္းျဖည္းေျပာင္းလဲ ျခင္းကို ဦးတည္ေနတာဟာ ႏႈတ္ကပတ္ဘုရားစကားရဲ႕ျပည့္စုံျခင္းဆီကိုဦးတည္ေနတာပါ။ ႏႈတ္ကပတ္ေတာ္ကေတာ့ ဘယ္ေတာ့မွ ဘယ္အေျခအေနမွာမွ မေျပာင္းသြားဘူး။ တေန႔ ေက်ာင္း တစ္ေက်ာင္းမွာ ဆရာႀကီး ရိန္းဟဒ္ဘြန္းကီးတရားေဟာေတာ့ ေက်ာင္းသားေလးတစ္ေယာက္က ေမးခြန္းေမးတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ေထာင္နဲ႔ခ်ီတဲ့ စာအုပ္တစ္အုပ္ထဲက စကားေတြက ဒီေန႔အတြက္ မွန္ပါ့အုံးမလားတဲ့။ အရင္က အသုံးျပဳခဲ့တဲ့ သိပၸံစာအုပ္ေတြေတာင္ ဒီေန႔အတြက္ေတာ့ မလိုအပ္ေတာ့ဘူး။ အရင္ကေတြးေခၚပညာေတြရဲ႕အေတြးအေခၚေတြလည္း အခုအတြက္အသုံးမဝင္ေတာ့ဘူးဆိုေတာ့လို႔ ထေမးတယ္။ ဒါနဲ႔ဆရာႀကီးက ေျဖတယ္။ ေန႔တိုင္း မိုးလင္းရင္ ထြက္လာတဲ့ ေနမင္းႀကီးက ႏွစ္ေပါင္းၾကာသြားလို႔ အိုမင္းသြားတယ္ဆိုတာ႐ွိလားတဲ့။ အိုသြားလို႔ မနက္ ေနထြက္တာေနာက္က် သြားတယ္ဆိုတာ၊ ေနာက္ အရမ္းကိုအသက္ႀကီးသြားလို႔ မပူေတာ့ဘူးဆိုတာ႐ွိသလားတဲ့။ ဒါနဲ႔လူငယ္ေလးက မ႐ွိပါဘူး။ ဒါေတာင္ ဘုရားက ျဖစ္ေစဆိုတဲ့ ႏႈတ္ထြက္စကားနဲ႔ဖန္ဆင္းထားတာပဲ႐ွိေသးတယ္။ ဘုရားစကားက ေနမင္းႀကီးလိုပဲ အသက္ႀကီးသြားတယ္ မမွန္ေတာ့ဘူးဆိုတာ ဘယ္ေတာ့မွမ႐ွိဘူး။ ေနမင္းက အခ်ိန္တန္ရင္ ထြက္လာသလို သူ႕အပူ႐ွိန္က အရင္ထက္မေလ်ာ့သြားသလိုပဲ ဘုရားစကားကလည္း ဘယ္ေတာ့မွ ေ႐ြ႕ေလ်ာ့ အားနည္းသြားတယ္ မမွန္ေတာ့ဘူးဆိုတာ မ႐ွိဘူး။ ဒါေၾကာင့္ ေလာကႀကီးတစ္ခုလုံး ေျပာင္းလဲသြားရင္ေတာင္ ဘုရားစကားက ျပည့္စုံလာအုံးမွာေသခ်ာတယ္။ မတည္ၿမဲတဲ့ ေလာကထဲမွာ ဘ၀ကိုမတည္ေဆာက္ပဲ ဘယ္ေတာ့မွ မေျပာင္းလဲတတ္တဲ့ ႏႈတ္ကပတ္ေတာ္ဘုရားစကားမွာပဲ ဘ၀ကိုတည္ေဆာက္ထားရင္ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို သင့္ဘ၀က အတတ္အက် အေျပာင္းအလဲ႐ွိမွာမဟုတ္ဘူး ၊တည္ၿငိမ္ေနလိမ့္မယ္။

3 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube