Search
  • Than Min Htike

နှုတ်ကပတ်တော်(၄)

“တ​ရား​တော်၌ အံ့​ဖွယ်​သော​အ​ရာ​တို့​ကို မြင်​နိုင်​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​မျက်​စိ​တို့​ကိုဖွင့်​တော်​မူပါ။” (ဆာ ၁၁၉:၁၈)


အံ့ဩဖွယ်ရာများနှင့်ပြည့်

ဘုရားရဲ့စကားဟာ ဘာသာရေး ကျင့်ဝတ်တွေ၊ လူတွေလိုက်နာဖို့ စည်းကမ်းတွေနဲ့ပဲ ပြည့်နှက်နေမယ်လို့အရင်က ထင်ခဲ့ဖူးတယ်။ ကယ်တင်ခြင်းမရခင်ဆို တစ်ခါမှ ကျမ်းစာကို ယောင်လို့တောင် မကိုင်ကြည့်ဖူးဘူး။ တရား ဟောချက်တွေနားထောင်ရင်လည်းအရမ်းကိုပျင်းစရာ၊ ငြီးငွေ့စရာလို့ပဲ ခံစားရတယ်။ တကယ်တော့လုံး၀မဟုတ်ပါဘူး။ ကျမ်းစာဟာ ဘာသာရေးတွေနဲ့ပြည့်နှက်နေတာမဟုတ်ပဲ ဘာသာရေးဆန်ဆန်အသုံးပြုနေလို့သာ လူအများအထင်လွဲခြင်းကိုခံနေရတာပါ။ တကယ်တော့ ဘုရားစကားက အံ့ဩဖွယ်ရာများနှင့် ပြည့်နှက်နေတဲ့ ဘုရားစကားပါ။ အရာခပ်သိမ်းနှင့်လူသားတွေရဲ့အစကို ဘယ်သူကမှ၊ ဘယ်စာအုပ်ကမှ ပြည့်ပြည့်စုံစုံ တိတိကျကျ မဖေါ်ပြနိုင်ခဲ့ပါ။ ခန့်မှန်းရေးသားခြင်းများသာရှိပါတယ်။ နှုတ်ကပတ်တော်ကတော့ လောက လူ့သားတွေရဲ့ အစကိုအတိအကျ ဖေါ်ပြနိုင်တဲ့ အံ့ဩဖွယ်ရာ စာအုပ်ပင်။ လူသားကျဆင်းခြင်းနှင့် ဘုရားသခင်ရဲ့ရွေးနုတ်ကယ် တင်ခြင်းစတဲ့ လူသာမန်တွေမသိနိုင် မြင့်မြတ်တဲ့ဘုရားရဲ့ ချစ်ခြင်းမေတ္တာ။ နောက် လူ့အနေနဲ့ မဖြစ်နိုင်၊ မလုပ်နိုင်၊ မကြံစည်နိုင်သော အရာများကို ဘုရားအားဖြင့် လျှောက်လှမ်းလုပ်ဆောင်နိုင်ခဲ့တဲ့ သမိုင်းတလျှောက် ယုံကြည်ခြင်း ဖခင်များအကြောင်းပါ။ ဒါကလည်း ဒီနေ့အထိ စိန်ခေါ်မှုတစ်ခုအနေနဲ့ ကျွန်တော်တို့ကိုစကားပြောနေတုန်းပါ။ လူသားတွေမပြည့်စုံပေမယ့် တဖက်သတ်ဘုရားရဲ့ချစ်ခြင်းနဲ့ လုပ်ဆောင်ပေးခြင်းတွေကလည်း အံ့ဩဖွယ်ရာအပြည့်ပဲ။ ဒီထက်အံ့ဩဖို့ ကောင်းတာကတော့ ဒီလောကကြီး ဘယ်လိုအဆုံးသတ်သွားမလည်းဆိုတဲ့ မဖြစ်လာသေးတဲ့ အရာတွေကို မှတ်တမ်းတင်ထားခြင်းပါ။ အစနဲ့အဆုံးကို တစ်နေရာထဲမှာ တွေ့နိုင်တဲ့ စာအုပ်ဆိုရင် ဘယ်မှားမလဲ။ နှုတ်ကပတ်တော်ကိုဖတ်ပြီးတော့ အံ့ဩဖွယ်ရာတွေကိုမမြင်ရဖူးဆိုရင်သေချာပြီဆာလံဆရာဆုတောင်းသလို ဆုတောင်းရတော့မယ်၊ မျက်စိပွင့်လာဖို့ ဘုရားမစပါ။ မဟုတ်ရင်တော့ ကျမ်းစာဖတ်တာ ဘာသာရေးပုံစံအတိုင်းပဲမြင်နေအုံးမှာပဲ၊၊


အံ့ဩဖွယ်ရာ မြင်လာမယ်

အံ့ဩဖွယ်ရာနဲ့ ပြည့်နေတဲ့ ကျမ်းစာကိုဖွင့်လိုက်ရင် သင့်အသက်တာမှာလည်း အံ့ဩလို့မဆုံးတဲ့ ကောင်းတဲ့အရာတွေနဲ့ဆိုင်တဲ့ တံခါးတွေလည်းပွင့်လာလိမ့်မယ်။ကျမ်းစာကပဲအံ့ဩဖွယ်ရာတွေနဲ့ ပြည့်နေတာမဟုတ်ပါဘူး။ ကျမ်းစာကိုနှလုံးသားနဲ့ ဖတ်တဲ့လူတွေ၊ လက်တွေ့အသက်ရှင်လျောက်လှမ်းတဲ့လူတွေလည်းအံ့ဩဖွယ်ရာတွေနဲ့ပြည့်နှက်လာလိမ့်မယ်။ တစ်ချို့ကထင်တယ် ကျမ်းစာကပဲအံ့ဩဖွယ်ရာနဲ့ပြည့်နေတယ်လို့။ မဟုတ်ဘူး သူ့ကို ဖတ်ရူဆင်ခြင်လိုက်နာတဲ့သူရဲ့အသက်တာမှာလည်း ကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ကလူတွေပါ အံ့ဩစရာတွေအသက်တာထဲမှာ ဖြစ်ပျက်လာမယ်။ ကျွန်တော် အသက်တာပြောင်းလဲပြီးနေ့စဉ် ကျမ်းစာဖတ်ခဲ့တယ်။ အရင်ကထင်တာ လုပ်ရိုးလုပ်စဉ် အနေနဲ့ လုပ်ရမယ်လို့။ နေ့တိုင်းဖတ်ဖို့ဆိုတာ လွယ်ပါ့မလားပေါ့။ တကယ်တော့ ဖတ်လေလေ ပိုဖတ်ချင်လေလေ ဖြစ်လာပြီးတော့ အသက်တာမှာလည်း ကျမ်စာထဲကလူတွေမှာပဲ ရှိတဲ့ ထူးခြားတဲ့ အရာတွေကိုမြင်တွေ့လာရမယ်။ အထူးသဖြင့်အံ့ဩဖွယ်ရာတွေကိုဖြစ်စေတဲ့ယုံကြည်ခြင်းပေါ့။ နောက် တွေးတဲ့အတွေးတွေက မတူတော့ဘူး။ အခြားသူတွေနဲ့စကားပြောတဲ့အခါမှာ သူတို့တွေက အရမ်းကိုအံ့ဩတယ် ဒီလို အတွေးမျိုးဘယ်လိုရလာလလည်းလို့ ခဏ ခဏမေးတာခံရတယ်။ တကယ်တော့ မဟုတ်ပါဘူး အံ့ဩဖွယ်ရာနဲ့ပြည့်နှက်တဲ့ ကျမ်းစာကိုဖွင့်တဲ့အတွက် အခြားသူတွေ မတွေးမိတဲ့ အရာတွေက အံ့ဩဖွယ် နေရာယူလာတာပါပဲ။ ဒါကြောင့် ကျမ်းစာကပဲ အံ့ဩဖွယ်ရာတွေနဲ့ပဲပြည့်နေတာမဟုတ်ပဲ ဖတ်ရှုဆင်ခြင်ပြီးလက်တွေ့အသက်ရှင်တဲ့သူတွေအသက်တာမှာလည်း အံ့ဩဖွယ်ရာတွေနဲ့ ပြည့်နှက် လာတယ်။ ဒါကတကယ့်အံ့ဩဖွယ်များစွာထဲကတစ်ခုပါပဲ။



Zawgyi

ႏႈတ္ကပတ္ေတာ္(၄)

“တ​ရား​ေတာ္၌ အံ့​ဖြယ္​ေသာ​အ​ရာ​တို႔​ကို ျမင္​ႏိုင္​ပါ​မည္​အ​ေၾကာင္း၊ အ​ကြၽႏ္ုပ္၏​မ်က္​စိ​တို႔​ကိုဖြင့္​ေတာ္​မူပါ။” (ဆာ ၁၁၉:၁၈)


အံ့ဩဖြယ္ရာမ်ားႏွင့္ျပည့္

ဘုရားရဲ႕စကားဟာ ဘာသာေရး က်င့္ဝတ္ေတြ၊ လူေတြလိုက္နာဖို႔ စည္းကမ္းေတြနဲ႔ပဲ ျပည့္ႏွက္ေနမယ္လို႔အရင္က ထင္ခဲ့ဖူးတယ္။ ကယ္တင္ျခင္းမရခင္ဆို တစ္ခါမွ က်မ္းစာကို ေယာင္လို႔ေတာင္ မကိုင္ၾကည့္ဖူးဘူး။ တရား ေဟာခ်က္ေတြနားေထာင္ရင္လည္းအရမ္းကိုပ်င္းစရာ၊ ၿငီးေငြ႕စရာလို႔ပဲ ခံစားရတယ္။ တကယ္ေတာ့လုံး၀မဟုတ္ပါဘူး။ က်မ္းစာဟာ ဘာသာေရးေတြနဲ႔ျပည့္ႏွက္ေနတာမဟုတ္ပဲ ဘာသာေရးဆန္ဆန္အသုံးျပဳေနလို႔သာ လူအမ်ားအထင္လြဲျခင္းကိုခံေနရတာပါ။ တကယ္ေတာ့ ဘုရားစကားက အံ့ဩဖြယ္ရာမ်ားႏွင့္ ျပည့္ႏွက္ေနတဲ့ ဘုရားစကားပါ။ အရာခပ္သိမ္းႏွင့္လူသားေတြရဲ႕အစကို ဘယ္သူကမွ၊ ဘယ္စာအုပ္ကမွ ျပည့္ျပည့္စုံစုံ တိတိက်က် မေဖၚျပႏိုင္ခဲ့ပါ။ ခန္႔မွန္းေရးသားျခင္းမ်ားသာ႐ွိပါတယ္။ ႏႈတ္ကပတ္ေတာ္ကေတာ့ ေလာက လူ႕သားေတြရဲ႕ အစကိုအတိအက် ေဖၚျပႏိုင္တဲ့ အံ့ဩဖြယ္ရာ စာအုပ္ပင္။ လူသားက်ဆင္းျခင္းႏွင့္ ဘုရားသခင္ရဲ႕ေ႐ြးႏုတ္ကယ္ တင္ျခင္းစတဲ့ လူသာမန္ေတြမသိႏိုင္ ျမင့္ျမတ္တဲ့ဘုရားရဲ႕ ခ်စ္ျခင္းေမတၱာ။ ေနာက္ လူ႕အေနနဲ႔ မျဖစ္ႏိုင္၊ မလုပ္ႏိုင္၊ မၾကံစည္ႏိုင္ေသာ အရာမ်ားကို ဘုရားအားျဖင့္ ေလွ်ာက္လွမ္းလုပ္ေဆာင္ႏိုင္ခဲ့တဲ့ သမိုင္းတေလွ်ာက္ ယုံၾကည္ျခင္း ဖခင္မ်ားအေၾကာင္းပါ။ ဒါကလည္း ဒီေန႔အထိ စိန္ေခၚမႈတစ္ခုအေနနဲ႔ ကြၽန္ေတာ္တို႔ကိုစကားေျပာေနတုန္းပါ။ လူသားေတြမျပည့္စုံေပမယ့္ တဖက္သတ္ဘုရားရဲ႕ခ်စ္ျခင္းနဲ႔ လုပ္ေဆာင္ေပးျခင္းေတြကလည္း အံ့ဩဖြယ္ရာအျပည့္ပဲ။ ဒီထက္အံ့ဩဖို႔ ေကာင္းတာကေတာ့ ဒီေလာကႀကီး ဘယ္လိုအဆုံးသတ္သြားမလည္းဆိုတဲ့ မျဖစ္လာေသးတဲ့ အရာေတြကို မွတ္တမ္းတင္ထားျခင္းပါ။ အစနဲ႔အဆုံးကို တစ္ေနရာထဲမွာ ေတြ႕ႏိုင္တဲ့ စာအုပ္ဆိုရင္ ဘယ္မွားမလဲ။ ႏႈတ္ကပတ္ေတာ္ကိုဖတ္ၿပီးေတာ့ အံ့ဩဖြယ္ရာေတြကိုမျမင္ရဖူးဆိုရင္ေသခ်ာၿပီဆာလံဆရာဆုေတာင္းသလို ဆုေတာင္းရေတာ့မယ္၊ မ်က္စိပြင့္လာဖို႔ ဘုရားမစပါ။ မဟုတ္ရင္ေတာ့ က်မ္းစာဖတ္တာ ဘာသာေရးပုံစံအတိုင္းပဲျမင္ေနအုံးမွာပဲ၊၊


အံ့ဩဖြယ္ရာ ျမင္လာမယ္

အံ့ဩဖြယ္ရာနဲ႔ ျပည့္ေနတဲ့ က်မ္းစာကိုဖြင့္လိုက္ရင္ သင့္အသက္တာမွာလည္း အံ့ဩလို႔မဆုံးတဲ့ ေကာင္းတဲ့အရာေတြနဲ႔ဆိုင္တဲ့ တံခါးေတြလည္းပြင့္လာလိမ့္မယ္။က်မ္းစာကပဲအံ့ဩဖြယ္ရာေတြနဲ႔ ျပည့္ေနတာမဟုတ္ပါဘူး။ က်မ္းစာကိုႏွလုံးသားနဲ႔ ဖတ္တဲ့လူေတြ၊ လက္ေတြ႕အသက္႐ွင္ေလ်ာက္လွမ္းတဲ့လူေတြလည္းအံ့ဩဖြယ္ရာေတြနဲ႔ျပည့္ႏွက္လာလိမ့္မယ္။ တစ္ခ်ိဳ႕ကထင္တယ္ က်မ္းစာကပဲအံ့ဩဖြယ္ရာနဲ႔ျပည့္ေနတယ္လို႔။ မဟုတ္ဘူး သူ႕ကို ဖတ္႐ူဆင္ျခင္လိုက္နာတဲ့သူရဲ႕အသက္တာမွာလည္း ကိုယ္တိုင္ေရာ၊ ပတ္ဝန္းက်င္ကလူေတြပါ အံ့ဩစရာေတြအသက္တာထဲမွာ ျဖစ္ပ်က္လာမယ္။ ကြၽန္ေတာ္ အသက္တာေျပာင္းလဲၿပီးေန႔စဥ္ က်မ္းစာဖတ္ခဲ့တယ္။ အရင္ကထင္တာ လုပ္႐ိုးလုပ္စဥ္ အေနနဲ႔ လုပ္ရမယ္လို႔။ ေန႔တိုင္းဖတ္ဖို႔ဆိုတာ လြယ္ပါ့မလားေပါ့။ တကယ္ေတာ့ ဖတ္ေလေလ ပိုဖတ္ခ်င္ေလေလ ျဖစ္လာၿပီးေတာ့ အသက္တာမွာလည္း က်မ္စာထဲကလူေတြမွာပဲ ႐ွိတဲ့ ထူးျခားတဲ့ အရာေတြကိုျမင္ေတြ႕လာရမယ္။ အထူးသျဖင့္အံ့ဩဖြယ္ရာေတြကိုျဖစ္ေစတဲ့ယုံၾကည္ျခင္းေပါ့။ ေနာက္ ေတြးတဲ့အေတြးေတြက မတူေတာ့ဘူး။ အျခားသူေတြနဲ႔စကားေျပာတဲ့အခါမွာ သူတို႔ေတြက အရမ္းကိုအံ့ဩတယ္ ဒီလို အေတြးမ်ိဳးဘယ္လိုရလာလလည္းလို႔ ခဏ ခဏေမးတာခံရတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး အံ့ဩဖြယ္ရာနဲ႔ျပည့္ႏွက္တဲ့ က်မ္းစာကိုဖြင့္တဲ့အတြက္ အျခားသူေတြ မေတြးမိတဲ့ အရာေတြက အံ့ဩဖြယ္ ေနရာယူလာတာပါပဲ။ ဒါေၾကာင့္ က်မ္းစာကပဲ အံ့ဩဖြယ္ရာေတြနဲ႔ပဲျပည့္ေနတာမဟုတ္ပဲ ဖတ္႐ႈဆင္ျခင္ၿပီးလက္ေတြ႕အသက္႐ွင္တဲ့သူေတြအသက္တာမွာလည္း အံ့ဩဖြယ္ရာေတြနဲ႔ ျပည့္ႏွက္ လာတယ္။ ဒါကတကယ့္အံ့ဩဖြယ္မ်ားစြာထဲကတစ္ခုပါပဲ။

6 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube