Search
  • Than Min Htike

နှုတ်ကပတ်တော်(၅)

“ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို​လွှတ်​သ​ဖြင့်၊ သူ​တို့​အ​နာ​ကို ငြိမ်း​စေ၍၊ ဖျက်​ဆီး​ခြင်း​အ​ရာ​များ​ထဲ​က နုတ်​ယူ​တော်​မူ၏။” (ဆာ ၁၀၇:၁၉-၂၀)


နှုတ်ကပတ်တော်ကိုစေလွှတ်

အခက်အခဲတွေက တခါတရံမှာမျက်စိလည်လမ်း မှားပြီးတော့ ကျွန်တော်တို့ဆီကိုအလည်လာတတ်တယ်။ ဖြစ်နိုင်ရင်တော့ ကောင်းကောင်းဧည့်မခံမိဖို့ပါပဲ။ ဧည့် သည်ဆိုတာ အိမ်ရှင်ကောင်းရင် တော်ရုံနဲ့ပြန်လေ့မရှိဘူး။ ဒီလိုပဲ ဆင်းရဲခြင်းတွေ၊ အနာရောဂါတွေကလည်းအဲ့ဒီအတိုင်းပဲ။ ကျွန်တော်တို့က သူတို့က ဧည့်ဝတ်ပြုနေမယ်၊ သေချာလေး အသိအမှတ်ပြုနေမယ်ဆိုရင်တော့ တော်ရုံနဲ့သင့်ဘ၀ထဲက ထွက်သွားမှာမဟုတ်ဘူး။ လူတချို့က အခက်အခဲတွေနဲ့ အနာရောဂါတွေကြုံတာကို အထူးအဆန်းမဟုတ်တော့သလိုကိုယဉ်ပါးနေကြပြီ။ တကယ်တော့ အဲ့ဒါကတကယ်ကို မှားတယ်။ ယေရှုလော ကကိုလာတာက အဲ့ဒီအရာတွေကနေသင့်ကိုလွတ်မြောက် စေချင်လို့ပါ၊ တသက်လုံးမကြုံရဖူးတော့မဟုတ်ပေမယ့်ဘ၀မှာ ကြုံလာတဲ့အရာတိုင်းကို ဘုရားရဲ့နှုတ်ကပတ်တော်နဲ့သေချာကိုင်တွယ်ဖို့လိုတယ်။ အရာရာအတွက်နှုတ်ကပတ်တော်မှာနည်းလမ်းရှိပါတယ်။ ယုံကြည်သူတစ်ယောက်ရဲ့အောင်မြင်စွာအသက်ရှင်လျှောက်လှမ်းနိုင်ဖို့အတွက် လမ်းညွှန်စာအုပ်ကတော့ နှုတ်ကပတ်တော်ပဲမဟုတ်လား။ ဒါကြောင့် အဲ့ဒီနှုတ်ကပတ်တော်ကို ဘုရားက ကျွန်တော်တို့ ကိုပေးထားတာပေါ့။ အခက်အခဲတွေ၊ ဆင်းရဲခြင်းတွေကြုံတဲ့အခါမှာ ကျွန်တော်တို့ လုပ်သင့်တဲ့အရာကတော့ ဘုရားကိုခေါ်ဖို့ပါပဲ။ တချို့အရာတွေက ဘာလို့ကြုံသလည်းဆိုတာကျွန်တော်တို့နားမလည်သလို ပြဿနာက ကျွန်တော်တို့ဆီက မစပဲ ဘိုးဘေးတွေဆီကနေ စတဲ့အရာတွေလည်းရှိတယ်။ တချို့အရာကတော့ ကျွန်တော်တို့အားနည်းချက်တွေဆီကနေလည်းလာတတ်တယ်။ ဘယ်လိုပဲလာလာ အရေးမကြီးဘူး။ အရေးကြီးတာကတော့ နှုတ်ကပတ်တော်က ပြဿနာရဲ့အရင်းအမြစ်ကိုရော ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုရော ရှင်းလင်းစွာဖေါ်ပြထားပြီးသားပါ။ ဒါကြောင့်ဘုရားက သင်ခေါ်တဲ့အခါမှာ အခြေအနေအရပ်ရပ်ကို ရှင်းလင်းစွာမြင်ရဖို့အတွက် သူ့ရဲ့နှုတ်ကပတ်တော်ကိုစေလွှတ်ပေးတာပါ။ အဲ့ဒီအခါမှပဲ အခြေအနေအရပ်ရပ်ကို ရှင်းလင်းစွာမြင်တွေ့ရပြီး ဘယ်လိုကိုင်တွယ်ရမလည်းဆိုတာကိုသိမြင်နိုင်မယ်။ အခုကာလနဲ့ဆိုင်တဲ့ သင့်အတွက်လိုအပ်တဲ့ နှုတ်ကပတ်တော် ရှိတယ် ဘုရားနဲ့အချိန်ယူတဲ့အခါမှာ ဘုရားက သင့်အသက်တာထဲကိုစေလွှတ်ပါလိမ့်မယ်။ အဲ့ဒီနှုတ်ကပတ်တော်က သင့်အသက်တာရဲ့လိုအပ်နေတဲ့အရာကို ဖေါ်ပြမှာဖြစ်သလို ဘယ်လို ကိုင်တွယ်ရမလည်းဆိုတာကိုပါ

လမ်းပြလိမ့်မယ်။


နှုတ်ကပတ်တော်နဲ့အတူ

ဒီအခြေအနေအတွက် လိုအပ်တဲ့နှုတ်ကပတ်တော်ရောက်လာပြီဆိုရင် သေချာတယ် အဲ့ဒီနှုတ်ကပတ်တော်က ရောက်လာရင် အချည်းအနှီး ရောက်လာမှာလုံး၀မ ဟုတ်ဘူး။ ဟေရှာယက ဒီလိုဆိုတယ်။“မိုး​ရေ​နှင့် မိုး​ပွင့်​တို့​သည် မိုး​ကောင်း​ကင်​မှ ဆင်း​သက်၍ နောက်​တစ်​ဖန် မ​ပြန်၊ မြေ​သည် မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​စား​သော​သူ​အား အ​စာ​ကို​လည်း​ကောင်း​ပေး​မည်​အ​ကြောင်း၊ မြေ​ကို​စို​စေ​သ​ဖြင့်၊ အ​ပင်​ပေါက်​စေ၍၊ အ​သီး​ကို သီး​စေ​သ​ကဲ့​သို့၊ ထို​အ​တူ ငါ၏​နှုတ်​က​ပတ်​စ​ကား​သည် ဖြစ်​လိမ့်​မည်။ အ​ကျိုး​မ​ရှိ​ဘဲ ငါ့​ထံ​သို့​မ​ပြန်​ရ။ ငါ့​အ​လို​ကို ပြည့်​စုံ​စေ​မည်။ ငါ​စေ​ခိုင်း​သော​အ​မှု၌ အောင်​လိမ့်​မည်။” (ဟေ ၅၅:၁၀-၁၁)။ ဘုရားရဲ့နှုတ်က ပတ်တော်က ရောက်လာတာနဲ့ သင့်လက်ရှိအခြေအနေကိုမြင်စေရုံ သာမကပဲ မျိုးစေ့တစ်ခုလိုပဲ တဆင့်ပြီးတဆင့်သင့်ဘ၀ကို ပို့ဆောင် ကောင်းကြီးပေးလိမ့်မယ်။ သင့်ဘ၀ရဲ့လိုအပ်ချက်တွေ ကိုလည်း ဖြည့်ဆည်းပေးရုံသာမက ဘုရား အလိုကိုပါသင့်အသက်တာထဲမှာ ပြည့်စုံစေပြီး ဘုရားဂတိတော် များစွာသင့်အသက်တာမှာခံစားဖို့ကူညီဆောင်မပါလိမ့်မယ်။ နှုတ်ကပတ်တော် နဲ့အတူ သင်ဟာလက်ရှိအခြေအနေ ဆိုးကနေ ကယ်တင်ခြင်းခံရမှာ ဖြစ်ပြီးတော့ အနာရောဂါငြိမ်းခြင်း နှင့် ဖျက်ဆီးခြင်းထဲကပါ ရွေးနုတ်ခြင်းကိုခံရအုံးမှာပါ။ ဒါကြောင့် ဘုရားထံကနေ လက်ရှိအခြေအနေအတွက်လိုအပ်တဲ့နှုတ်က ပတ်တော်ကို အခုအချိန်မှာ ရဖို့ ပဲလိုပါတယ်။



Zawgyi

ႏႈတ္ကပတ္ေတာ္(၅)

“ဆင္း​ရဲ​ခံ​ရ​ေသာ​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​ေအာ္​ဟစ္၍၊ ဆင္း​ရဲ​ဒု​ကၡ​ထဲ​က ကယ္​တင္​ေတာ္​မူ၏။ ႏႈတ္​က​ပတ္​ေတာ္​ကို​လႊတ္​သ​ျဖင့္၊ သူ​တို႔​အ​နာ​ကို ၿငိမ္း​ေစ၍၊ ဖ်က္​ဆီး​ျခင္း​အ​ရာ​မ်ား​ထဲ​က ႏုတ္​ယူ​ေတာ္​မူ၏။” (ဆာ ၁၀၇:၁၉-၂၀)


ႏႈတ္ကပတ္ေတာ္ကိုေစလႊတ္

အခက္အခဲေတြက တခါတရံမွာမ်က္စိလည္လမ္း မွားၿပီးေတာ့ ကြၽန္ေတာ္တို႔ဆီကိုအလည္လာတတ္တယ္။ ျဖစ္ႏိုင္ရင္ေတာ့ ေကာင္းေကာင္းဧည့္မခံမိဖို႔ပါပဲ။ ဧည့္ သည္ဆိုတာ အိမ္႐ွင္ေကာင္းရင္ ေတာ္႐ုံနဲ႔ျပန္ေလ့မ႐ွိဘူး။ ဒီလိုပဲ ဆင္းရဲျခင္းေတြ၊ အနာေရာဂါေတြကလည္းအဲ့ဒီအတိုင္းပဲ။ ကြၽန္ေတာ္တို႔က သူတို႔က ဧည့္ဝတ္ျပဳေနမယ္၊ ေသခ်ာေလး အသိအမွတ္ျပဳေနမယ္ဆိုရင္ေတာ့ ေတာ္႐ုံနဲ႔သင့္ဘ၀ထဲက ထြက္သြားမွာမဟုတ္ဘူး။ လူတခ်ိဳ႕က အခက္အခဲေတြနဲ႔ အနာေရာဂါေတြၾကဳံတာကို အထူးအဆန္းမဟုတ္ေတာ့သလိုကိုယဥ္ပါးေနၾကၿပီ။ တကယ္ေတာ့ အဲ့ဒါကတကယ္ကို မွားတယ္။ ေယ႐ႈေလာ ကကိုလာတာက အဲ့ဒီအရာေတြကေနသင့္ကိုလြတ္ေျမာက္ ေစခ်င္လို႔ပါ၊ တသက္လုံးမၾကဳံရဖူးေတာ့မဟုတ္ေပမယ့္ဘ၀မွာ ၾကဳံလာတဲ့အရာတိုင္းကို ဘုရားရဲ႕ႏႈတ္ကပတ္ေတာ္နဲ႔ေသခ်ာကိုင္တြယ္ဖို႔လိုတယ္။ အရာရာအတြက္ႏႈတ္ကပတ္ေတာ္မွာနည္းလမ္း႐ွိပါတယ္။ ယုံၾကည္သူတစ္ေယာက္ရဲ႕ေအာင္ျမင္စြာအသက္႐ွင္ေလွ်ာက္လွမ္းႏိုင္ဖို႔အတြက္ လမ္းၫႊန္စာအုပ္ကေတာ့ ႏႈတ္ကပတ္ေတာ္ပဲမဟုတ္လား။ ဒါေၾကာင့္ အဲ့ဒီႏႈတ္ကပတ္ေတာ္ကို ဘုရားက ကြၽန္ေတာ္တို႔ ကိုေပးထားတာေပါ့။ အခက္အခဲေတြ၊ ဆင္းရဲျခင္းေတြၾကဳံတဲ့အခါမွာ ကြၽန္ေတာ္တို႔ လုပ္သင့္တဲ့အရာကေတာ့ ဘုရားကိုေခၚဖို႔ပါပဲ။ တခ်ိဳ႕အရာေတြက ဘာလို႔ၾကဳံသလည္းဆိုတာကြၽန္ေတာ္တို႔နားမလည္သလို ျပႆနာက ကြၽန္ေတာ္တို႔ဆီက မစပဲ ဘိုးေဘးေတြဆီကေန စတဲ့အရာေတြလည္း႐ွိတယ္။ တခ်ိဳ႕အရာကေတာ့ ကြၽန္ေတာ္တို႔အားနည္းခ်က္ေတြဆီကေနလည္းလာတတ္တယ္။ ဘယ္လိုပဲလာလာ အေရးမႀကီးဘူး။ အေရးႀကီးတာကေတာ့ ႏႈတ္ကပတ္ေတာ္က ျပႆနာရဲ႕အရင္းအျမစ္ကိုေရာ ဘယ္လိုကိုင္တြယ္ရမလဲဆိုတာကိုေရာ ႐ွင္းလင္းစြာေဖၚျပထားၿပီးသားပါ။ ဒါေၾကာင့္ဘုရားက သင္ေခၚတဲ့အခါမွာ အေျခအေနအရပ္ရပ္ကို ႐ွင္းလင္းစြာျမင္ရဖို႔အတြက္ သူ႕ရဲ႕ႏႈတ္ကပတ္ေတာ္ကိုေစလႊတ္ေပးတာပါ။ အဲ့ဒီအခါမွပဲ အေျခအေနအရပ္ရပ္ကို ႐ွင္းလင္းစြာျမင္ေတြ႕ရၿပီး ဘယ္လိုကိုင္တြယ္ရမလည္းဆိုတာကိုသိျမင္ႏိုင္မယ္။ အခုကာလနဲ႔ဆိုင္တဲ့ သင့္အတြက္လိုအပ္တဲ့ ႏႈတ္ကပတ္ေတာ္ ႐ွိတယ္ ဘုရားနဲ႔အခ်ိန္ယူတဲ့အခါမွာ ဘုရားက သင့္အသက္တာထဲကိုေစလႊတ္ပါလိမ့္မယ္။ အဲ့ဒီႏႈတ္ကပတ္ေတာ္က သင့္အသက္တာရဲ႕လိုအပ္ေနတဲ့အရာကို ေဖၚျပမွာျဖစ္သလို ဘယ္လို ကိုင္တြယ္ရမလည္းဆိုတာကိုပါ

လမ္းျပလိမ့္မယ္။


ႏႈတ္ကပတ္ေတာ္နဲ႔အတူ

ဒီအေျခအေနအတြက္ လိုအပ္တဲ့ႏႈတ္ကပတ္ေတာ္ေရာက္လာၿပီဆိုရင္ ေသခ်ာတယ္ အဲ့ဒီႏႈတ္ကပတ္ေတာ္က ေရာက္လာရင္ အခ်ည္းအႏွီး ေရာက္လာမွာလုံး၀မ ဟုတ္ဘူး။ ေဟ႐ွာယက ဒီလိုဆိုတယ္။“မိုး​ေရ​ႏွင့္ မိုး​ပြင့္​တို႔​သည္ မိုး​ေကာင္း​ကင္​မွ ဆင္း​သက္၍ ေနာက္​တစ္​ဖန္ မ​ျပန္၊ ေျမ​သည္ မ်ိဳး​ေစ့​ႀကဲ​ေသာ​သူ​အား မ်ိဳး​ေစ့​ကို​လည္း​ေကာင္း၊ အ​စာ​စား​ေသာ​သူ​အား အ​စာ​ကို​လည္း​ေကာင္း​ေပး​မည္​အ​ေၾကာင္း၊ ေျမ​ကို​စို​ေစ​သ​ျဖင့္၊ အ​ပင္​ေပါက္​ေစ၍၊ အ​သီး​ကို သီး​ေစ​သ​ကဲ့​သို႔၊ ထို​အ​တူ ငါ၏​ႏႈတ္​က​ပတ္​စ​ကား​သည္ ျဖစ္​လိမ့္​မည္။ အ​က်ိဳး​မ​႐ွိ​ဘဲ ငါ့​ထံ​သို႔​မ​ျပန္​ရ။ ငါ့​အ​လို​ကို ျပည့္​စုံ​ေစ​မည္။ ငါ​ေစ​ခိုင္း​ေသာ​အ​မႈ၌ ေအာင္​လိမ့္​မည္။” (ေဟ ၅၅:၁၀-၁၁)။ ဘုရားရဲ႕ႏႈတ္က ပတ္ေတာ္က ေရာက္လာတာနဲ႔ သင့္လက္႐ွိအေျခအေနကိုျမင္ေစ႐ုံ သာမကပဲ မ်ိဳးေစ့တစ္ခုလိုပဲ တဆင့္ၿပီးတဆင့္သင့္ဘ၀ကို ပို႔ေဆာင္ ေကာင္းႀကီးေပးလိမ့္မယ္။ သင့္ဘ၀ရဲ႕လိုအပ္ခ်က္ေတြ ကိုလည္း ျဖည့္ဆည္းေပး႐ုံသာမက ဘုရား အလိုကိုပါသင့္အသက္တာထဲမွာ ျပည့္စုံေစၿပီး ဘုရားဂတိေတာ္ မ်ားစြာသင့္အသက္တာမွာခံစားဖို႔ကူညီေဆာင္မပါလိမ့္မယ္။ ႏႈတ္ကပတ္ေတာ္ နဲ႔အတူ သင္ဟာလက္႐ွိအေျခအေန ဆိုးကေန ကယ္တင္ျခင္းခံရမွာ ျဖစ္ၿပီးေတာ့ အနာေရာဂါၿငိမ္းျခင္း ႏွင့္ ဖ်က္ဆီးျခင္းထဲကပါ ေ႐ြးႏုတ္ျခင္းကိုခံရအုံးမွာပါ။ ဒါေၾကာင့္ ဘုရားထံကေန လက္႐ွိအေျခအေနအတြက္လိုအပ္တဲ့ႏႈတ္က ပတ္ေတာ္ကို အခုအခ်ိန္မွာ ရဖို႔ ပဲလိုပါတယ္။

6 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube