- Than Min Htike
နှုတ်ကပတ်တော်(၆)
“အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ်ကို အောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။-”(၁ယော ၂:၁၄)
မှီဝဲဆည်းကပ်သဖြင့်
ခန္ဓာကိုယ်ကြီးထွားဖို့အစာလိုအပ်သလိုပဲ ဝိညာဉ်ပိုင်းဆိုင်ရာကြီးထွားဖို့လည်းလိုပါတယ်။ အစာဟာ လူတစ်ယောက်ကိုယ်ခန္ဓာ ကျန်းမာခြင်းအပေါ်မှာ အများကြီးသက်ရောက်မှုရှိတယ်။ ဒီလိုပါပဲ နှုတ်ကပတ်တော်ဟာ ဝိညာဉ်အတွက် အဓိက လိုအပ်တဲ့အစာဖြစ်ပြီးတော့ကြီးထွားဖို့အတွက် မရှိမဖြစ်ပါပဲ။ တမန်တော်ကြီးရှင်ပေတရုကတော့ ဒီလိုဆိုတယ်၊-"ကယ်တင်ခြင်းအလိုငှာ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊- ဖွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။-”(၁ပေ ၂:၂-၃)
မွေးကာစကလေးတစ်ယောက်အတွက် အဓိက လိုအပ်တဲ့အစာက မိခင်နို့မဟုတ်လား။ အခြားအရာတွေ သူကြီးထွားဖို့အတွက်မလိုအပ်ဘူး။ တစ်ခုတည်းသောလိုအပ်တာကအမေရဲ့နို့ပဲ။ အမေရဲ့နို့က သူ့အတွက် ဆေးလည်းဖြစ်သလို အစာလည်းဖြစ်တယ်။ ကြီးထွားဖို့အတွက် လောကကြီးမှာ ရှင်သန်ရပ်တည်ဖို့အတွက် လုံး၀ကိုမရှိမဖြစ်ပဲ။ ဒီလိုပဲ နှုတ်ကပတ်တော်က ဝိညာဉ်ပိုင်းရှင်သန်ကြီးထွားရေးအတွက် မရှိလို့ကိုမဖြစ်ဘူး။ မိခင်နို့ ကောင်းကောင်းရတဲ့ကလေးတွေက ကိုယ်ခံအား ကောင်းမွန်ပြီး ရောဂါတွေကိုခံနိုင်ရည်ရှိတယ်။ မဟုတ်ရင်တော့ ရောဂါပိုးမွှားတွေရဲ့ တိုက်ခိုက်မှုကိုခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ နှုတ်ကပတ်တော်က သင့်ဝိညာဉ်အတွက်လိုအပ်တဲ့ ခံနိုင်ရည်နဲ့ ကြီးထွားမှုအတွက်သာမကပဲ
စာတန်ရဲ့ပရိယာယ်တွေ၊ တိုက်ခိုက်မှုတွေကို တွန်းလှန်နိုင်တဲ့ တစ်ခုတည်းသောအရာပါ။ နှုတ်ကပတ်တော်ကိုသာမမှီဝဲဘူးဆိုရင် ဘယ်လိုမှ ဘယ်တော့မှ မာရ်နတ်ကိုအောင် မြင်မှာမဟုတ်ဘူး။ လူတွေက မာရ်နတ်ရဲ့စုံစမ်းနှောင့် ယှက်ခြင်းတွေ၊ တိုက်ခိုက်မှုတွေကိုပဲ ပြောနေကြတယ်။ အဲ့ဒါတွေကိုကျော်လွှားဖို့ ဘုရားနည်းလမ်းပေးထားတာကျတော့ စိတ်မဝင်စားကြဘူး။ တကယ်တော့ သင်သာနှုတ်ကပတ်တော်ကို မှီဝဲဆည်းကပ်မယ်ဆိုရင် မာရ် နတ်ရဲ့ တိုက်ခိုက်မှုတွေကို ဘာမှကြောက်နေစရာတောင်မလိုဘူး။ မာရ်နတ်ကတော့သူ့အလုပ်သူလုပ်မှာပဲ၊ ကိုယ်ကသာ ခံနိုင်ရည်နဲ့အောင်မြင်ဖို့အတွက် ကိုယ်လုပ်ရမယ့်
နှုတ်ကပတ်တော်ကိုမှီဝဲဆည်းကပ်ခြင်းကို အာရုံစိုက်ဖို့လိုတယ်။
မာရ်နတ်ကိုအောင်မြင်ခြင်း
ယေရှု မာရ်နတ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘာလုပ်ခဲ့သလဲကိုမှတ်မိတယ်မဟုတ်လား။ မာရ်နတ်က ကဏ္ဍသုံးခုမှာ ယေရှုကိုစုံစမ်းဖို့ကြိုးစားတယ်။ ပထမ ခန္ဓာနဲ့ဆိုင်တဲ့လိုအပ်ချက် ဖြစ်တဲ့အစာနဲ့စုံစမ်းတယ်။ ဒါနဲ့ယေရှုက နှုတ်ကပတ်တော်နဲ့ပဲပြန်ရင်ဆိုင်တယ်။ သူ့အတွက် အဓိ ကအရာက ခန္ဓာအတွက်အစာမဟုတ်ပဲ ဝိညာဉ်အတွက် အစာဖြစ်ကြောင်း ပြန်လည်တုန့်ပြန်တယ်။ ခန္ဓာရှိလို့ရှင်သန်တာမဟုတ်ပဲ ဝိညာဉ်ရှိလို့သာရှင်သန်တာဖြစ်ပြီးတော့ ဝိညာဉ်သေရင် ခန္ဓာဟာ ဘာမှ သုံးစားလို့ မရတဲ့အကြောင်းကို ယေရှုက မီးမောင်းထိုးပြတယ်။ အာဒံနဲ့ဧ၀ကတော့ ခန္ဓာအစာနဲ့ပဲ ဘုရားထံကနေ ရွေ့လျော့သွားပြီးတော့ ကျဆင်းသွားတယ်မဟုတ်လား။ နောက်ပြီး ယေရှုကို စိတ်ပိုင်းဆိုင်ရာ စုံစမ်းခြင်းအတွက် ကျမ်းစာတစ်ပိုဒ်ကို စာတန်က ရွတ်ပြတယ်။ အဲ့ဒါက ဆာလံ ၉၁ ထဲကပါ။ စာတန်လဲ ကျမ်းစာကို ပိုင်နိုင်တယ်ဆိုတာ ဒီမှာတွေ့ရတယ်။ ဒါပေမယ့် သူက လက်တွေ့အသုံးပြုဖို့မဟုတ်ပဲ သူတစ်ပါးကို တိုက်ခိုက်ဖို့အတွက် အသုံးချတာပါ။ ဒါကိုလည်း ယေရှုက နှုတ်ကပတ်တော်နဲ့ပဲရင်ဆိုင်ခဲ့တယ်။ နောက်ဆုံး ဝိညာဉ်ပိုင်းဆိုင်ရာ ကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့ စာတန်က ယေရှုကို စုံစမ်းပြန်ပေမယ့် ယေရှုက နှုတ်ကပတ်တော်နဲ့ပဲ ပြန် ချေပခဲ့တယ်။ ဒီနေ ရာမှာ ကြည့်ရင်ယေရှုက စာတန်ကို အခြားအရာတွေ၊တန်ခိုးတွေနဲ့ ပြန်မရင်ဆိုင်ပဲ နှုတ်ကပတ်တော်တစ်ခုတည်းနဲ့ ဘာကြောင့်အသုံးပြုခဲ့လည်းဆိုရင် မာရ်နတ်ကိုအောင်မြင်ဖို့တစ်ခုတည်းသော လက်နက်က နှုတ်ကပတ်တော်ဖြစ်နေလို့ပါပဲ။ နှုတ်ကပတ်တော်ကိုဆည်းကပ်တဲ့ ကျွန်တော်တို့လည်းမာရ်နတ်တိုက်ခိုက်မှုတွေ၊သွေးဆောင် မှုတွေကိုကြောက်ရွံစိုးရိမ်နေဖို့မဟုတ်ပဲ နှုတ်ကပတ်တော် ကိုသာ ပုံမှန်မှီဝဲဆည်းကပ်ဖို့ လိုတာပါ။

Zawgyi
ႏႈတ္ကပတ္ေတာ္(၆)
“အဘတို႔၊ သင္တို႔သည္ ေ႐ွ႕ဦးစြာကပင္ ႐ွိေတာ္မူေသာသူကို သိေသာေၾကာင့္၊ သင္တို႔အား ငါေရး၍ ေပးလိုက္ခဲ့ၿပီ။ လူပ်ိဳတို႔၊ သင္တို႔သည္ ခြန္အားႏွင့္ျပည့္စုံ၍၊ ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္၌ မွီဝဲဆည္းကပ္သျဖင့္ မာရ္နတ္ကို ေအာင္ေသာေၾကာင့္၊ သင္တို႔အား ငါေရး၍ ေပးလိုက္ခဲ့ၿပီ။-”(၁ေယာ ၂:၁၄)
မွီဝဲဆည္းကပ္သျဖင့္
ခႏၶာကိုယ္ႀကီးထြားဖို႔အစာလိုအပ္သလိုပဲ ဝိညာဥ္ပိုင္းဆိုင္ရာႀကီးထြားဖို႔လည္းလိုပါတယ္။ အစာဟာ လူတစ္ေယာက္ကိုယ္ခႏၶာ က်န္းမာျခင္းအေပၚမွာ အမ်ားႀကီးသက္ေရာက္မႈ႐ွိတယ္။ ဒီလိုပါပဲ ႏႈတ္ကပတ္ေတာ္ဟာ ဝိညာဥ္အတြက္ အဓိက လိုအပ္တဲ့အစာျဖစ္ၿပီးေတာ့ႀကီးထြားဖို႔အတြက္ မ႐ွိမျဖစ္ပါပဲ။ တမန္ေတာ္ႀကီး႐ွင္ေပတ႐ုကေတာ့ ဒီလိုဆိုတယ္၊-"ကယ္တင္ျခင္းအလိုငွာ ႏႈတ္ကပတ္တရား၏ ႏို႔စစ္အားျဖင့္ ႀကီးပြားမည္အေၾကာင္း၊- ဖြားစေသာသူငယ္ကဲ့သို႔၊ ထိုတရားႏို႔ကို အလြန္ လိုခ်င္ေသာ စိတ္႐ွိၾကေလာ့။-”(၁ေပ ၂:၂-၃)
ေမြးကာစကေလးတစ္ေယာက္အတြက္ အဓိက လိုအပ္တဲ့အစာက မိခင္ႏို႔မဟုတ္လား။ အျခားအရာေတြ သူႀကီးထြားဖို႔အတြက္မလိုအပ္ဘူး။ တစ္ခုတည္းေသာလိုအပ္တာကအေမရဲ႕ႏို႔ပဲ။ အေမရဲ႕ႏို႔က သူ႕အတြက္ ေဆးလည္းျဖစ္သလို အစာလည္းျဖစ္တယ္။ ႀကီးထြားဖို႔အတြက္ ေလာကႀကီးမွာ ႐ွင္သန္ရပ္တည္ဖို႔အတြက္ လုံး၀ကိုမ႐ွိမျဖစ္ပဲ။ ဒီလိုပဲ ႏႈတ္ကပတ္ေတာ္က ဝိညာဥ္ပိုင္း႐ွင္သန္ႀကီးထြားေရးအတြက္ မ႐ွိလို႔ကိုမျဖစ္ဘူး။ မိခင္ႏို႔ ေကာင္းေကာင္းရတဲ့ကေလးေတြက ကိုယ္ခံအား ေကာင္းမြန္ၿပီး ေရာဂါေတြကိုခံႏိုင္ရည္႐ွိတယ္။ မဟုတ္ရင္ေတာ့ ေရာဂါပိုးမႊားေတြရဲ႕ တိုက္ခိုက္မႈကိုခံႏိုင္ရည္႐ွိမွာမဟုတ္ဘူး။ ႏႈတ္ကပတ္ေတာ္က သင့္ဝိညာဥ္အတြက္လိုအပ္တဲ့ ခံႏိုင္ရည္နဲ႔ ႀကီးထြားမႈအတြက္သာမကပဲ
စာတန္ရဲ႕ပရိယာယ္ေတြ၊ တိုက္ခိုက္မႈေတြကို တြန္းလွန္ႏိုင္တဲ့ တစ္ခုတည္းေသာအရာပါ။ ႏႈတ္ကပတ္ေတာ္ကိုသာမမွီဝဲဘူးဆိုရင္ ဘယ္လိုမွ ဘယ္ေတာ့မွ မာရ္နတ္ကိုေအာင္ ျမင္မွာမဟုတ္ဘူး။ လူေတြက မာရ္နတ္ရဲ႕စုံစမ္းေႏွာင့္ ယွက္ျခင္းေတြ၊ တိုက္ခိုက္မႈေတြကိုပဲ ေျပာေနၾကတယ္။ အဲ့ဒါေတြကိုေက်ာ္လႊားဖို႔ ဘုရားနည္းလမ္းေပးထားတာက်ေတာ့ စိတ္မဝင္စားၾကဘူး။ တကယ္ေတာ့ သင္သာႏႈတ္ကပတ္ေတာ္ကို မွီဝဲဆည္းကပ္မယ္ဆိုရင္ မာရ္ နတ္ရဲ႕ တိုက္ခိုက္မႈေတြကို ဘာမွေၾကာက္ေနစရာေတာင္မလိုဘူး။ မာရ္နတ္ကေတာ့သူ႕အလုပ္သူလုပ္မွာပဲ၊ ကိုယ္ကသာ ခံႏိုင္ရည္နဲ႔ေအာင္ျမင္ဖို႔အတြက္ ကိုယ္လုပ္ရမယ့္
ႏႈတ္ကပတ္ေတာ္ကိုမွီဝဲဆည္းကပ္ျခင္းကို အာ႐ုံစိုက္ဖို႔လိုတယ္။
မာရ္နတ္ကိုေအာင္ျမင္ျခင္း
ေယ႐ႈ မာရ္နတ္နဲ႔ ရင္ဆိုင္ရတဲ့အခါမွာ ဘာလုပ္ခဲ့သလဲကိုမွတ္မိတယ္မဟုတ္လား။ မာရ္နတ္က က႑သုံးခုမွာ ေယ႐ႈကိုစုံစမ္းဖို႔ႀကိဳးစားတယ္။ ပထမ ခႏၶာနဲ႔ဆိုင္တဲ့လိုအပ္ခ်က္ ျဖစ္တဲ့အစာနဲ႔စုံစမ္းတယ္။ ဒါနဲ႔ေယ႐ႈက ႏႈတ္ကပတ္ေတာ္နဲ႔ပဲျပန္ရင္ဆိုင္တယ္။ သူ႕အတြက္ အဓိ ကအရာက ခႏၶာအတြက္အစာမဟုတ္ပဲ ဝိညာဥ္အတြက္ အစာျဖစ္ေၾကာင္း ျပန္လည္တုန္႔ျပန္တယ္။ ခႏၶာ႐ွိလို႔႐ွင္သန္တာမဟုတ္ပဲ ဝိညာဥ္႐ွိလို႔သာ႐ွင္သန္တာျဖစ္ၿပီးေတာ့ ဝိညာဥ္ေသရင္ ခႏၶာဟာ ဘာမွ သုံးစားလို႔ မရတဲ့အေၾကာင္းကို ေယ႐ႈက မီးေမာင္းထိုးျပတယ္။ အာဒံနဲ႔ဧ၀ကေတာ့ ခႏၶာအစာနဲ႔ပဲ ဘုရားထံကေန ေ႐ြ႕ေလ်ာ့သြားၿပီးေတာ့ က်ဆင္းသြားတယ္မဟုတ္လား။ ေနာက္ၿပီး ေယ႐ႈကို စိတ္ပိုင္းဆိုင္ရာ စုံစမ္းျခင္းအတြက္ က်မ္းစာတစ္ပိုဒ္ကို စာတန္က ႐ြတ္ျပတယ္။ အဲ့ဒါက ဆာလံ ၉၁ ထဲကပါ။ စာတန္လဲ က်မ္းစာကို ပိုင္ႏိုင္တယ္ဆိုတာ ဒီမွာေတြ႕ရတယ္။ ဒါေပမယ့္ သူက လက္ေတြ႕အသုံးျပဳဖို႔မဟုတ္ပဲ သူတစ္ပါးကို တိုက္ခိုက္ဖို႔အတြက္ အသုံးခ်တာပါ။ ဒါကိုလည္း ေယ႐ႈက ႏႈတ္ကပတ္ေတာ္နဲ႔ပဲရင္ဆိုင္ခဲ့တယ္။ ေနာက္ဆုံး ဝိညာဥ္ပိုင္းဆိုင္ရာ ကိုးကြယ္ျခင္းနဲ႔ပတ္သက္ၿပီးေတာ့ စာတန္က ေယ႐ႈကို စုံစမ္းျပန္ေပမယ့္ ေယ႐ႈက ႏႈတ္ကပတ္ေတာ္နဲ႔ပဲ ျပန္ ေခ်ပခဲ့တယ္။ ဒီေန ရာမွာ ၾကည့္ရင္ေယ႐ႈက စာတန္ကို အျခားအရာေတြ၊တန္ခိုးေတြနဲ႔ ျပန္မရင္ဆိုင္ပဲ ႏႈတ္ကပတ္ေတာ္တစ္ခုတည္းနဲ႔ ဘာေၾကာင့္အသုံးျပဳခဲ့လည္းဆိုရင္ မာရ္နတ္ကိုေအာင္ျမင္ဖို႔တစ္ခုတည္းေသာ လက္နက္က ႏႈတ္ကပတ္ေတာ္ျဖစ္ေနလို႔ပါပဲ။ ႏႈတ္ကပတ္ေတာ္ကိုဆည္းကပ္တဲ့ ကြၽန္ေတာ္တို႔လည္းမာရ္နတ္တိုက္ခိုက္မႈေတြ၊ေသြးေဆာင္ မႈေတြကိုေၾကာက္႐ြံစိုးရိမ္ေနဖို႔မဟုတ္ပဲ ႏႈတ္ကပတ္ေတာ္ ကိုသာ ပုံမွန္မွီဝဲဆည္းကပ္ဖို႔ လိုတာပါ။