- Than Min Htike
နိမိတ်လက္ခဏာ
မာကု၅:၂၂-၄၃
အလိုလိုသင့်အိမ်ရောက်လာမှာမဟုတ်ဘူး
သင့်ဘဝအတွက်လိုအပ်နေတဲ့ နိမိတ်လက္ခ
ဏာတွေက အလိုလို သင့်အိမ်မှာတံခါးလာခေါက်မှာ
မဟုတ်ဘူး။ လူတွေ တွေးတာ လွဲနေတယ်။ နိမိတ်
လက္ခဏာမှာအလှည့်ကျဝေတဲ့ စနစ်မရှိဘူး။ တ
ယောက်ပြီးရင်နောက်တယောက် အလှည့်ကျ
သွားနေမှာ မဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။ ယာဣရု
ဆိုတဲ့ တရားဇရပ်မှူး မျှော်လင့်စရာ မရှိတဲ့သူ့သမီး
အတွက်လိုအပ်တဲ့ နိမိတ်လက္ခဏာကို ထိုင်စောင့်
နေလို့ မရဘူးဆိုတာ သူသိသွားတယ်။ ဒါနဲ့ နိမိတ်
လက္ခဏာဖြစ်စေမယ့် အရင်းအမြစ်ဖြစ်တဲ့ ယေရှုဆီ
ကိုလှမ်းလာတယ်။ ဒီနေ့ နိမိတ်လက္ခရဲ့ အဓိကအရင်း
အမြစ်က ယေရှုပဲ။ ယေရှုသာ သင့်အိမ်မှာ ခေါ်ဖိတ်
ရင် သင့်အိမ်ဟာ နိမိတ်လက္ခဏာတွေနဲ့လွှမ်းခြုံသွား
မှာ။ ယေရှုဟာ သူရောက်တဲ့နေရာတိုင်းမှာ နိမိတ်လက္ခ
ဏာပြုတယ်။ မုန်တိုင်းအလယ်မှာလည်း နိမိတ်လက္ခဏာ
ပြုတယ်။ လူသေအိမ်မှာလည်းနိမိတ်လက္ခဏာပြုတယ်။
သူသာ သင့်အိမ်မှာ ရောက်လာပြီး အုပ်စိုးရင် သင့်အိမ်က
နိမိတ်လက္ခဏာတွေ လွှမ်းခြုံသွားမှာ သေချာတယ်။
ခေါ်ဖိတ်ပါ
ယာဣရုဟာတရားစရပ်မှူးပါ။ ငွေကြေးလည်းအသင့်အတင့်တတ်နိုင်သူတစ်ဦး။ သူ့ရာထူး၊ သူ့စည်းစိမ်ဟာသူ့သမီး အသက်က်ိုမကယ်နိုင်ပါဘူး။ တကယ်တော့ သူ့လိုတရားဇရပ်မှူးတစ်ယောက်အနေနဲ့ ကျမ်းစာတွေသိကျွမ်းတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမယ့်ဘာသာရေးဟာ သိသာသိပြီး ဘာတစ်ခုမှ နိမိတ်လက္ခဏာ မသယ်ဆောင်လာဘူး။ ဒီနေ့ သိပဲသိပြီး ဘာနိမိတ်လက္ခဏာမှ မခံစားရတဲ့ ဘာသာရေးထဲမှာ ပိတ်မိနေတဲ့ လူတွေအများကြီး။ ယေရှုက အပြောပဲရှိပြီး လက်တွေ့ မရှိတဲ့ သူမဟုတ်ဘူး။ သင့်ဘဝရဲ့ မျှော်လင့်ချက်တွေက်ို ပြည့်စေမယ့် နိမိတ်လက္ခဏာတွေကိုဆောင်ယူပေးချင်တဲ့သူပါ။ တရားဇရပ်မှူးယေရှုက်ိုခေါ်ပြီး အပြန် အိမ်မရောက်ခင်မှာ သူ့သမီး သေသွားပါတယ်။ ဒါပေမယ့်နိမိတ်လက္ခဏာ ဖြစ်စေတဲ့ အရှင်အနားမှာ ရှိနေပြီဖြစ်တဲ့အတွက် သူ့အိမ်ဟာ အသုဘအိမ်ကနေ နိမိတ်လက္ခဏာတွေ ခံစားတဲ့ အိမ်အဖြစ်ချက်ခြင်းပြောင်းသွားတယ်။ ဘုရားပြုမဲ့ နိမိတ်လက္ခဏာက သင့်ရဲ့မျှော်လင့်ခြင်းတွေက်ို ယူဆောင်လာပြီး၊ သင့်အိမ်က်ို ငိုကြွေးခြင်းတွေကနေ ရယ်မောခြင်းတွေဆီ ခေါ်ဆောင်ပေးမှာပါ။

Zawgyi
နိမိတ္လကၡဏာ
မာကု၅:၂၂-၄၃
အလိုလိုသင့္အိမ္ေရာက္လာမွာမဟုတ္ဘူး
သင့္ဘဝအတြက္လိုအပ္ေနတဲ့ နိမိတ္လကၡ
ဏာေတြက အလိုလို သင့္အိမ္မွာတံခါးလာေခါက္မွာ
မဟုတ္ဘူး။ လူေတြ ေတြးတာ လြဲေနတယ္။ နိမိတ္
လကၡဏာမွာအလွည့္က်ေဝတဲ့ စနစ္မ႐ွိဘူး။ တ
ေယာက္ၿပီးရင္ေနာက္တေယာက္ အလွည့္က်
သြားေနမွာ မဟုတ္ဘူးဆိုတာ သိဖို႔လိုတယ္။ ယာဣ႐ု
ဆိုတဲ့ တရားဇရပ္မႉး ေမွ်ာ္လင့္စရာ မ႐ွိတဲ့သူ႕သမီး
အတြက္လိုအပ္တဲ့ နိမိတ္လကၡဏာကို ထိုင္ေစာင့္
ေနလို႔ မရဘူးဆိုတာ သူသိသြားတယ္။ ဒါနဲ႔ နိမိတ္
လကၡဏာျဖစ္ေစမယ့္ အရင္းအျမစ္ျဖစ္တဲ့ ေယ႐ႈဆီ
ကိုလွမ္းလာတယ္။ ဒီေန႔ နိမိတ္လကၡရဲ႕ အဓိကအရင္း
အျမစ္က ေယ႐ႈပဲ။ ေယ႐ႈသာ သင့္အိမ္မွာ ေခၚဖိတ္
ရင္ သင့္အိမ္ဟာ နိမိတ္လကၡဏာေတြနဲ႔လႊမ္းျခဳံသြား
မွာ။ ေယ႐ႈဟာ သူေရာက္တဲ့ေနရာတိုင္းမွာ နိမိတ္လကၡ
ဏာျပဳတယ္။ မုန္တိုင္းအလယ္မွာလည္း နိမိတ္လကၡဏာ
ျပဳတယ္။ လူေသအိမ္မွာလည္းနိမိတ္လကၡဏာျပဳတယ္။
သူသာ သင့္အိမ္မွာ ေရာက္လာၿပီး အုပ္စိုးရင္ သင့္အိမ္က
နိမိတ္လကၡဏာေတြ လႊမ္းျခဳံသြားမွာ ေသခ်ာတယ္။
ေခၚဖိတ္ပါ
ယာဣ႐ုဟာတရားစရပ္မႉးပါ။ ေငြေၾကးလည္းအသင့္အတင့္တတ္ႏိုင္သူတစ္ဦး။ သူ႕ရာထူး၊ သူ႕စည္းစိမ္ဟာသူ႕သမီး အသက္က္ိဳမကယ္ႏိုင္ပါဘူး။ တကယ္ေတာ့ သူ႕လိုတရားဇရပ္မႉးတစ္ေယာက္အေနနဲ႔ က်မ္းစာေတြသိကြၽမ္းတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။ဒါေပမယ့္ဘာသာေရးဟာ သိသာသိၿပီး ဘာတစ္ခုမွ နိမိတ္လကၡဏာ မသယ္ေဆာင္လာဘူး။ ဒီေန႔ သိပဲသိၿပီး ဘာနိမိတ္လကၡဏာမွ မခံစားရတဲ့ ဘာသာေရးထဲမွာ ပိတ္မိေနတဲ့ လူေတြအမ်ားႀကီး။ ေယ႐ႈက အေျပာပဲ႐ွိၿပီး လက္ေတြ႕ မ႐ွိတဲ့ သူမဟုတ္ဘူး။ သင့္ဘဝရဲ႕ ေမွ်ာ္လင့္ခ်က္ေတြက္ိဳ ျပည့္ေစမယ့္ နိမိတ္လကၡဏာေတြကိုေဆာင္ယူေပးခ်င္တဲ့သူပါ။ တရားဇရပ္မႉးေယ႐ႈက္ိဳေခၚၿပီး အျပန္ အိမ္မေရာက္ခင္မွာ သူ႕သမီး ေသသြားပါတယ္။ ဒါေပမယ့္နိမိတ္လကၡဏာ ျဖစ္ေစတဲ့ အ႐ွင္အနားမွာ ႐ွိေနၿပီျဖစ္တဲ့အတြက္ သူ႕အိမ္ဟာ အသုဘအိမ္ကေန နိမိတ္လကၡဏာေတြ ခံစားတဲ့ အိမ္အျဖစ္ခ်က္ျခင္းေျပာင္းသြားတယ္။ ဘုရားျပဳမဲ့ နိမိတ္လကၡဏာက သင့္ရဲ႕ေမွ်ာ္လင့္ျခင္းေတြက္ိဳ ယူေဆာင္လာၿပီး၊ သင့္အိမ္က္ိဳ ငိုေႂကြးျခင္းေတြကေန ရယ္ေမာျခင္းေတြဆီ ေခၚေဆာင္ေပးမွာပါ။