Search
  • Than Min Htike

နှလုံးသားရဲ့ဝင်ပေါက်


နှလုံးသားဟာ အသက်ရဲ့ အခြေအမြစ်ဆိုတာသင်သိမှာပါ။ ဒါကြောင့် ဘုရားကအထူးစောင့်ရှောက်ခိုင်းတယ်။ နှလုံးသားကောင်း စားရင် အရာရာကောင်းစားမယ်ဆိုတာမမေ့နဲ့။ ဘာပဲလုပ်လုပ် ဘာပဲစစ နှလုံးသားကနေစရတယ်။ ဒါကြောင့် နှလုံးသား ကောင်းဖို့စောင့်ရှောက်မယ်ဆိုရင် နှလုံးသားထဲကိုဝင်တဲ့ဝင်ပေါက်တွေကိုသတိထားဖို့ သိပ်အရေးကြီးတယ် ။ နှလုံးသားကိုဒုက္ခပေးတဲ့ တော်တော်များများဟာ အဲ့ဒီ အပေါက်တွေကနေ ဝင်လာပြီးတော့ လူရဲ့ ဘဝတစ်ခုလုံးကို ဆွဲချပစ်တော့တာပဲ။


၁။ အမြင် (မဿဲ ၆:၂၂)

သင့်ရဲ့မျက်စိကြည်လင်ရင် တကိုယ်လုံးကြည်

လင်မယ်။ ဘာကြောင့်လည်း မျက်စိကမြင်တဲ့အမြင်အ

တိုင်းနှလုံးသားကို ဝင်ရောက်တာဖြစ်ပြီး နှလုံးသားက

နေဘဝတစ်ခုလုံးကို ထိန်းချုပ်လိုက်တယ်။ ဒါကြောင့်

အမြင်ကျဉ်းမြောင်းတဲ့သူတွေဟာ နှလုံးသားကိုကျဉ်း

မြောင်းခြင်း ဖြစ်စေတယ်။ ဘုရားက အာဗြဟံကို

ကောင်းကြီးပေးတဲ့ အခါမှာ ဒီလိုပြောတယ်၊ သင်မြင်

သလောက် ငါအပိုင်ပေးမယ်။ လက်ခံရရှိဖို့ ဘာလုပ်ရ

သလဲ များများမြင်နိုင်ဖို့လိုတယ်။ သင်မြင်တဲ့အမြင်

ဟာ သင့်ဘဝတစ်ခုလုံးအတွက်သိပ်ကို အရေးကြီး

လွန်းတယ်။ မကောင်းမြင်တတ်တဲ့ အကျင့်ဟာလည်း

ဘယ်သူကိုမှ မထိခိုက်ဘူး ကိုယ့်ဟာကိုပဲ ထိခိုက်တယ်။

သင်လူတွေကိုမြင်တဲ့ အမြင်အတိုင်း သင့်ဘဝကိုပဲ အကျိုးသက်ရောက်စေတယ်။


၂။ အကြား (ရောမ ၁၀:၁၇)

ဘုရားရဲ့စိတ်တော်တွေ့ပြီး အရာရာပြောင်း

လဲစေတဲ့ ယုံကြည်ခြင်း ဘယ်လ်ို နှလုံးသားထဲဝင်

ရောက်လာသလဲ။ နှုတ်ကပတ်တော်ကိုကြားနာ

ခြင်းမဟုတ်လား။ နှလုံးသားထဲဝင်ရောက်တဲ့ဝင်ပေါက်

တစ်ခုဖြစ်တဲ့ နားဟာ သိပ်အရေးကြီးတယ်။ အတင်း

အဖျင်းတွေ သူများမကောင်းကြောင်းတွေ အမြဲကြား

နာတာ ဘယ်သူအတွက်မှ မထိခိုက်ပေမယ့် ကိုယ့်အတွက်

ကတော့ နှလုံးသားမှာ အမှိုက်ပုံခံရတာပဲ။ ဒါကြောင့်

ယုံကြည်ခြင်းဖြစ်စေမယ့် စကားများများကြားနာရင်

သင့်နှလုံးသားဟာ အားနဲ့ပြည့်နေပြီး ဘုရားအလ်ိုတော်

ဆီကိုခြေလှမ်း လှမ်းနိုင်မှာ သေချာတယ်။ ဘဝတစ်ခု

လုံးရဲ့ အဓိကဖြစ်တဲ့ နှလုံးသားကို ကောင်းစားချင်ရင်

တော့ ဝင်ပေါက်တွေကို သတိထားပေါ့။



Zawgyi

ႏွလုံးသားရဲ႕ဝင္ေပါက္

ႏွလုံးသားဟာ အသက္ရဲ႕ အေျခအျမစ္ဆိုတာသင္သိမွာပါ။ ဒါေၾကာင့္ ဘုရားကအထူးေစာင့္ေ႐ွာက္ခိုင္းတယ္။ ႏွလုံးသားေကာင္း စားရင္ အရာရာေကာင္းစားမယ္ဆိုတာမေမ့နဲ႔။ ဘာပဲလုပ္လုပ္ ဘာပဲစစ ႏွလုံးသားကေနစရတယ္။ ဒါေၾကာင့္ ႏွလုံးသား ေကာင္းဖို႔ေစာင့္ေ႐ွာက္မယ္ဆိုရင္ ႏွလုံးသားထဲကိုဝင္တဲ့ဝင္ေပါက္ေတြကိုသတိထားဖို႔ သိပ္အေရးႀကီးတယ္ ။ ႏွလုံးသားကိုဒုကၡေပးတဲ့ ေတာ္ေတာ္မ်ားမ်ားဟာ အဲ့ဒီ အေပါက္ေတြကေန ဝင္လာၿပီးေတာ့ လူရဲ႕ ဘဝတစ္ခုလုံးကို ဆြဲခ်ပစ္ေတာ့တာပဲ။


၁။ အျမင္ (မႆဲ ၆:၂၂)

သင့္ရဲ႕မ်က္စိၾကည္လင္ရင္ တကိုယ္လုံးၾကည္

လင္မယ္။ ဘာေၾကာင့္လည္း မ်က္စိကျမင္တဲ့အျမင္အ

တိုင္းႏွလုံးသားကို ဝင္ေရာက္တာျဖစ္ၿပီး ႏွလုံးသားက

ေနဘဝတစ္ခုလုံးကို ထိန္းခ်ဳပ္လိုက္တယ္။ ဒါေၾကာင့္

အျမင္က်ဥ္းေျမာင္းတဲ့သူေတြဟာ ႏွလုံးသားကိုက်ဥ္း

ေျမာင္းျခင္း ျဖစ္ေစတယ္။ ဘုရားက အာျဗဟံကို

ေကာင္းႀကီးေပးတဲ့ အခါမွာ ဒီလိုေျပာတယ္၊ သင္ျမင္

သေလာက္ ငါအပိုင္ေပးမယ္။ လက္ခံရ႐ွိဖို႔ ဘာလုပ္ရ

သလဲ မ်ားမ်ားျမင္ႏိုင္ဖို႔လိုတယ္။ သင္ျမင္တဲ့အျမင္

ဟာ သင့္ဘဝတစ္ခုလုံးအတြက္သိပ္ကို အေရးႀကီး

လြန္းတယ္။ မေကာင္းျမင္တတ္တဲ့ အက်င့္ဟာလည္း

ဘယ္သူကိုမွ မထိခိုက္ဘူး ကိုယ့္ဟာကိုပဲ ထိခိုက္တယ္။

သင္လူေတြကိုျမင္တဲ့ အျမင္အတိုင္း သင့္ဘဝကိုပဲ အက်ိဳးသက္ေရာက္ေစတယ္။


၂။ အၾကား (ေရာမ ၁၀:၁၇)

ဘုရားရဲ႕စိတ္ေတာ္ေတြ႕ၿပီး အရာရာေျပာင္း

လဲေစတဲ့ ယုံၾကည္ျခင္း ဘယ္လ္ိဳ ႏွလုံးသားထဲဝင္

ေရာက္လာသလဲ။ ႏႈတ္ကပတ္ေတာ္ကိုၾကားနာ

ျခင္းမဟုတ္လား။ ႏွလုံးသားထဲဝင္ေရာက္တဲ့ဝင္ေပါက္

တစ္ခုျဖစ္တဲ့ နားဟာ သိပ္အေရးႀကီးတယ္။ အတင္း

အဖ်င္းေတြ သူမ်ားမေကာင္းေၾကာင္းေတြ အၿမဲၾကား

နာတာ ဘယ္သူအတြက္မွ မထိခိုက္ေပမယ့္ ကိုယ့္အတြက္

ကေတာ့ ႏွလုံးသားမွာ အမိႈက္ပုံခံရတာပဲ။ ဒါေၾကာင့္

ယုံၾကည္ျခင္းျဖစ္ေစမယ့္ စကားမ်ားမ်ားၾကားနာရင္

သင့္ႏွလုံးသားဟာ အားနဲ႔ျပည့္ေနၿပီး ဘုရားအလ္ိဳေတာ္

ဆီကိုေျခလွမ္း လွမ္းႏိုင္မွာ ေသခ်ာတယ္။ ဘဝတစ္ခု

လုံးရဲ႕ အဓိကျဖစ္တဲ့ ႏွလုံးသားကို ေကာင္းစားခ်င္ရင္

ေတာ့ ဝင္ေပါက္ေတြကို သတိထားေပါ့။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube